ပန်းချီ … နှစ်

October 21, 2012

ကမာပုလဲ
အောက်တိုဘာ ၂၁၊ ၂၀၁၂
ကိုယ့်ရင်ဘတ်တောင်
စွယ်တော်ရွက်လို နှစ်မွှာချိတ်ဆက်ထားရသေးတာ
တဖက်နဲ့ တဖက် မေ့မယ်ကြံရင် ပြန်ပြန် ငဲ့ကြည့်နေရတာမျိုး … ။

စိတ်မချလို့ မဟုတ်ပါဘူး
ဒဏ်ရာနဲ့ စားနေကျ ၀မ်းစာ
ချစ်သူနဲ့ မုန်းသူ
အလွမ်းနဲ့ ဥပေက္ခာ
တလှေတည်း စီးခဲ့ကြပေမဲ့
လမ်းခွဲသွားတဲ့ လားရာကိုယ်စီများ …။

နီးခြင်းနဲ့ ဝေးခြင်းကို
မျက်ဝန်းရဲ့ ကြည့်နိုင်စွမ်းနဲ့ တိုင်းတာလို့ ရနိုင်တာမျိုးမှမဟုတ်တာ …
ပြည်သူကို သိချင်တယ်
တိုင်းနိုင်ငံတွေ အကြောင်းကိုသိချင်တယ်
ဘ၀ကို သိချင်တယ်
အနုပညာကို သိချင်တယ်
ချစ်ချင်းမေတ္တာတရားကို အသေအချာသိချင်တယ် …။

အမေက ညည မအိပ်ခင် စာတွေပဲ ဖတ်ခိုင်းခဲ့တယ်
အဖေကတော့ မအိပ်ခင် တိတ်တိတ်ကလေး ပြောရှာပါတယ်
“သား … စာဖတ်တယ်ဆိုတာ စိတ်နဲ့ ပန်းချီဆွဲရတာတဲ့”
အဲဒီပန်းချီကား မျက်ရည်စတွေနဲ့ အတိပြီးတယ် …။ ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ကဗျာ, ကမာပုလဲ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ မိုးမခစာအုပ်စင်၊...

Read more »

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ

By

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ (မိုးမခစာအုပ်စင်) ဇန်န၀ါရီ ၃၁၊ ၂၀၁၉...

Read more »

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ်

By

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ် (မိုးမခစာအုပ်စင်) ဒီဇင်ဘာ ၂၆၊ ၂၀၁၈...

Read more »

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)