ဇာဂနာနဲ့ Home အဖွဲ့ Motion Magazine ထုတ်မည်

October 23, 2012

မိုးမခ၊ အောက်တိုဘာ ၂၂၊ ၂၀၁၂

ယမန်နေ့က ရန်ကုန်မြို့မှာ အထူးပွဲပြပြီး Home Entertainment အဖွဲ့ရဲ့ မြန်မာပြည်၏ ပထမဦးဆုံး မိုးရှင်းမဂ္ဂဇင်းဆိုတာကို ထုတ်လုပ်ခြင်း မိတ်ဆက်ပွဲ ကျင်းပခဲ့ပါတယ်။  အရုပ်တွေနဲ့ ဖော်ထားတဲ့ မဂ္ဂဇင်း (ဒီဗီဒီအခွေ) ဖြစ်ပြီး ဆင်ဆာပြုလုပ်ခြင်း မရှိဘဲ ရုပ်ရှင်မဟုတ်တဲ့ အနုပညာတွေကို ရုပ်ရှင်ရိုက်ထားတာလို့ စီစဉ်သူတဦးဖြစ်တဲ့ (ကို) ဇာဂနာက မိုးမခကို ပြောပါတယ်။

          ကဗျာကို ရုပ်ရှင်ရိုက်တယ်၊ Animation လုပ်တယ်။ လက်ပံတောင်းတောင်အကြောင်း မှတ်တမ်း၊ ညီပုလေးရဲ့ ၀တ္ထုတို၊ ဖန်ငရောက် မြန်မာလုပ်သားများက Travelogue၊ လက်ရှိအကျဉ်းကျဆဲ နိုင်ငံရေးအကျဉ်းသား လကျာ်ထွန်းရဲ့ အမေနဲ့ အင်တာဗျူး၊ ပြီးတော့ မျိုးဆက်သစ်လူပြက် ဆူးဆူးရဲ့ တကိုယ်တော်ပြက်လုံးကွက်စိတ် (standup comedy) စတာတွေ ပါတယ် လို့ သူက ပြောပါတယ်။

          မြန်မာပြည်တွင်းမှာ မြန်မာကျပ်ငွေ ၃ထောင်ခန့်နဲ့ အများပြည်သူ ခံစားနိုင်ဖို့ နိုဝင်ဘာလဆန်းမှာ ဖြန့်ချိမယ်လို့ သိရပါတယ်။ လက်ရှိ ရုပ်မြင်သံကြားအစီအစဉ်တွေ အမြောက်အများ ပေါ်ထွန်းနေချိန်မှာ သီးသန့် အခွေထိုးပြီး ကြည့်ရှုခံစားနိုင်ဖို့ motion magazine ဆိုတာကို ထုတ်လုပ်တာကလည်း ထူးခြားတဲ့ အတွေးလို့ ဆိုနိုင်ပါတယ်။

          ” မြန်မာပြည်မှာက broadcasting station တွေ၊ relaying station တွေ၊ ထုတ်လွှင့်သူတွေ၊ ထပ်ဆင့် ဖြန့်ချိသူတွေ ပေါတယ်။ production group တွေ၊ စတူဒီယိုတွေ များများလိုအပ်နေသေးတယ်။ Home Entertainment က ဘာတွေလုပ်မလဲဆိုတာ စောင့်ကြည့်ရတာပေါ့” လို့ ရုပ်ရှင်သမားတဦးက မှတ်ချက်ပေးပါတယ်။

          အမေရိကန်ပြည်ထောင်စုက ရုပ်ရှင်ကြည့်ပရိသတ်အနက် နယူးယောက်မှာ လူရွှင်တော်စုတ်ဖွားကတဆင့် မှာယူနိုင်တယ်လို့ ပြောပါတယ်။ ဆန်ဖရန်စစ္စကိုဘေးဧရိယာအတွက်ကိုလည်း မြန်မာကွန်မြူနီတီမိသားစုတွေထဲက Organizers တွေကနေ ဖြန့်ချိနိုင်လိမ့်မယ်လို့ မျှော်လင့်တယ်လို့ သူက ပြောကြားပါတယ်။

          မိုးမခက လမ်းကြုံလို့ မေးမိတဲ့တာကတော့ စင်္ကာပူမြို့ပတ်ရထားမှာ ကိုဇာဂနာနဲ့ နယ်ခံ ကိုဘိုဘိုဝင်းတို့ စကားလက်ဆုံပြောဆိုနေတာကို အသံဖမ်းပြီး အင်တာနက်ပေါ်ထုတ်လွှင့်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး မေးကြည့်ရာမှာ ဘာလို့ချောင်းပြီး ဖမ်းမှန်း မသိပါဘူးဗျာ။ လူငယ်တဦးပါ။ နံမယ်တော့ မပြောပါရစေနဲ့ လို့ ပြောသွားပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ကြော်ငြာကဏ္ဍ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …


MoeMaKa Monthly MARCH 2017 ထွက်ပြန်ဘီ တဲ့..

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ

By

  မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ (မတ် ၉ ၊ ၂၀၁၇)...

Read more »

မိုးမခ ဖေဖော်ဝါရီကို အိမ်အရောက် မှာယူနိုင်ပါပြီ

By

မိုးမခ ဖေဖော်ဝါရီကို အိမ်အရောက် မှာယူနိုင်ပါပြီ (မိုးမခ) ဇန်နဝါရီ ၄၊ ၂၀၁၇ တရားမျှတဖို့ အတွက်...

Read more »

မိုးမခမဂ္ဂဇင်းကို မြန်မာပြည်အနှံ့ အိမ်အရောက် ပို့ဆောင်ပေးနေပါတယ်

By

မိုးမခမဂ္ဂဇင်းကို မြန်မာပြည်အနှံ့  အိမ်အရောက် ပို့ဆောင်ပေးနေပါတယ် (မိုးမခ) ဇန်နဝါရီ ၆၊ ၂၀၁၇ ၂၀၁၆...

Read more »

မိုးမခ နိုဝင်ဘာကို အိမ်အရောက် မှာယူပါ

By

” ကဗျာဖတ်ချင်ရင် မိုးမခမှာဖတ်ပါ စာဖတ်ချင်ရင် မိုးမခမှာဖတ်ပါ တရွေ့ရွေ့နဲ့ ရှေ့တန်းရောက်လာတဲ့ မဂ္ဂဇင်း .....

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကာတွန်း Joker ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး ချမ်းမြ စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သင်းလဲ့ဝင်း (Myanmar Now) သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်