ေ သြ း စု တ် ဖု တ်ေ ကာ င်

October 23, 2012

ခင်လွန်း
အောက်တိုဘာ ၂၃၊ ၂၀၁၂
 

လေထဲမှာသွေးညှီနံ့
နားထဲမှာ တော်လဲသံ
ငါတို့ကမ္ဘာ ဂြိုဟ်ပြာကြီးဟာ
ရန်ဂြိုဟ်ထဲက ရုန်းမထွက်နိုင်တော့ဘူး။

သေနတ်ကိုပိုက်ရင်း သူပုံပြော
စစ်ပွဲများရပ်ဖို့လိုပြီ
စစ်ပွဲများချက်ချင်းရပ်
စစ်ပွဲများအလိုမရှိ
သေနတ်မောင်းခလုပ်ပေါ်က လက်ညှိုးမကွေးလိုက်ခင်

သူပုံပြော
စစ်ဆန့်ကျင်ရေး
လက်ညှိုးတကွေး မောင်းခလုပ်ပေါ်က လက်ညှိုးတကွေး
ငြိမ်းချမ်းရေး
စစ်ဥဿုံကင်းမဲ့တဲ့ငြိမ်းချမ်းရေး
ထာဝရငြိမ်းချမ်းရေးတဲ့..။

ငြိမ်းချမ်းရေး
ဒါဟာ မက်လုံးလား ပျက်လုံးလား
စစ်ဟာ ရပ်တန့်မသွားခဲ့ဘူး
စစ်ဟာ တိုးပွားရင်းသာ တိုးပွားလာခဲ့
အဲဒီ့သွေးစုတ်ဖုတ်ကောင်ကြီးဟာ
ကမ္ဘာတခွင်လုံး လျှောက်သွားနေပြီ
ထိန်းမနိုင်သိမ်းမနိုင်လျှောက်ပြေးနေပြီ

ဆီးရီးယားမှာ
လက်ဘနွန်မှာ
အာဖဂန်မှာ
ဆူဒန်မှာ
မာလာလာရဲ့
ဦးခေါင်းခွံထဲမှာ
ငါတို့အိမ်ခေါင်းရင်းမှာ
ငါတို့ထမင်းအိုးထဲမှာ
သွေးသံတရဲရဲ ငါတို့ခြောက်အိပ်မက်ထဲမှာ
အဲဒီ့ သွေးညှီနံ့ဟာ
ပွက်ခနဲကျလာတဲ့ ငါ့နှလုံးသားကလား
ရင်ဘတ်ဟာ ပွင့်ထွက်နေတယ်
ဦးနှောက်တွေ ပွင့်ထွက်လွင့်စင်ကျနေတယ်
မျက်လုံးတွေပြူးအန်ထွက်ကျနေတယ်
လူသေတွေအထပ်ထပ်
တချို့က
အလောင်းကောင်တွေကိုရေတွက်ရင်း
ကုန်သည်များလို အရှုံးအမြတ်တွက်ချက်ကြ

သူတို့အရေးသာနေသတဲ့
စစ်ဆန့်ကျင့်ရေးသမားက
တဖက်က အားလုံးပြုတ်ရင်
ငြိမ်းချမ်းပါပြီတဲ့

အားလုံးသေမှ ငြိမ်းချမ်းကြမှာလား
ငြိမ်းချမ်းကြဖို့ စစ်တိုက်ကြ လူသေကြ
မနုဿတဲ့ ဒုလ္လဘတဲ့
ဗုဒ္ဓရှင်တော်ဘုရား
ကျည်ဆံတွေက ဈေးကြီးသလောက်
လူ့အသက်တွေက ဈေးပေါလွန်း
လူ့အသက်တွေဟာ လက်နက်ဈေးကွက်ကြီးအတွက်
ထိုးကျွေးရတဲ့လောင်စာတမျိုးပေါ့
လူ့အသက်တွေကို
ကျွန်ုပ်တို့အသက်တွေကို
အာဏာရမ္မက်အတွက်
ဖက်နဲ့သာ ထုပ်ထားကြပေတော့
လက်နက်ဈေးကွက်အတွက်
ဖက်နဲ့သာ ထုပ်ထားကြပေတော့
ကမ္ဘာ့အကြီးဆုံးဈေးကွက်နယ်မှာ
စစ်ပွဲတွေရှာကြမှဖြစ်မယ်
ငါတို့ဟာ အင်္ဂါဂြိုဟ်ပေါ်တက်ပြီး
စစ်တိုက်ကြဦးတော့မှာပဲ။

အော် သွေးအလိမ်းလိမ်းငြိမ်းချမ်းရေး
လူ့အဖြစ်ကိုပျက်ရယ်ပြုနေတဲ့ငြိမ်းချမ်းရေး
လူ့ယဉ်ကျေးမှုသမိုင်းရေချိန်ကို မေးငေါ့နေတဲ့ငြိမ်းချမ်းရေး
အရွက်တွေအသင်ခံထားရတဲ့ သံလွင်ကိုင်းခြောက်လေး
အမွှေးအတောင်နုတ်သင်ခံထားရတဲ့ ချိုးဖြူငှက်ကလေး
ကျွန်ုပ်တို့ကမ္ဘာရဲ့ငြိမ်းချမ်းရေးဟာ
သွေးအိုင်ထဲမှာ တုံးလုံးပက်လက်။

ခင်လွန်း
အောက်တိုဘာ ၂၂၊ ၂၀၁၂
နံနက် – ၁၀း၄၅ နာရီ

သရုပ်ဖော်ပုံကို ဒီနေရာက ယူပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ကဗျာ

One Response toေ သွး စု တ် ဖု တ်ေ ကာ င်

  1. ဘုရင် on October 23, 2012 at 2:50 pm

    ငြိမ်းချမ်းရေးအတွက်စပ်ဆိုတဲ့ကဗျာကောင်းပါတယ်။မြန်မာတစ်နိုင်ငံလုံးငြိမ်းငြိမ်းချမ်းချမ်းသာသာယာယာရှိစေချင် ပါတယ်။ စစ်ပွဲတွေရပ်ဖို့ဆိုတာ ကချင်လက်နက်ကိုင်တွေရဲ့ ရင်ထဲကိုဝင်ကြည့်မှ နီးစပ်မှာပါ။ အပြစ်ပြောမယ်ဆိုရင် နှစ်ဘက်စလုံးအသုံးမကျလို့ စစ်ပွဲတွေဖြစ်နေတာပါ။ နှစ်ဘက်အောက်ခြေကကောင်တွေအနေ နဲ့သေနတ်တွေကိုယ်စီကိုင်ထားပေမယ့် မပစ်ခတ်ဘဲနေကြပါလား။တစ်ဦးနဲ့တစ်ဦးရယ်ရယ်မောမောဆက်ဆံကြပါလား။
    တကယ်သေတော့ ကချင်ခေါင်းဆောင်တွေလဲမဟုတ်၊ဗမာခေါင်းဆောင်တွေလဲမဟုတ်၊ အောက်ကကောင်တွေ။

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း စက်တင်ဘာ ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်