သမတကြီးဖတ်ဖို့စာ

October 23, 2012

အရှင်ပညာနန္ဒ
အောက်တိုဘာ ၂၃၊ ၂၀၁၂
၁၉၈၀ နှစ်များအလွန် မန္တလေးမှာနေစဉ်အခါက မစိုးရိမ်ကျောင်းတိုက် (တိုက်ဟောင်း) နားမှာ ထူးဆန်းတဲ့ ဆိုက်ကားဆရာတယောက်ကို တွေ့ဘူးတယ်။ သူ့အသက်က (၃၀) ၀န်းကျင်ခန့်၊ ဆိုက်ကားဆရာရဲ့ဝတ်စားပြင်ဆင်ပုံက အများနဲ့မတူ တမူထုးခြားတယ်ဆိုရမလားဘဲ။ တခါသား နံနက်ပိုင်းဆွမ်းခံအထွက်မှာ လဘက်ရည်ဆိုင်မှာထိုင်နေတဲ့ဆိုက်ကားဆရာတယောက် ထူးထူးဆန်းဆန်း ၀တ်စားဆင်ယင် ထားတာကိုတွေ့ရတယ်။ ဆိုက်ကားဆရာက ဆံရှည်ထားတယ်။ လျောင်းထုံး ထုံးထားတယ်။ ပင်နီတိုက်ပုံဝတ်ထားတယ်။ အတော်လေး စမတ်ကျတာ တွေ့ရတယ်။
ဒီလိုခေတ်ကြီးထဲမှာ ရှေးစတိုင်နဲ့မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်ကိုထိန်းသိမ်းထားတဲ့သူလည်း ရှိသေးပါလားလို့ လေးစားလို့မှမဆုံးသေးခင် လဘက်ရည်ဆိုင်ကနေ ဆိုက်ကားပေါ်အတက်မှာ မြင်လိုက်ရတဲ့သူ့ပုံစံကြောင့် အတော်လေးစိတ်ပျက်သွား မိ တယ်။အပေါ်ကတိုက်ပုံ၊ အောက်က၀တ်ထားတာကဂျင်းဘောင်းဘီ၊ အတော်လေး အစပ်အဟပ်မတည့်လိုက်လေခြင်းလို့ မှက်ချက်ပြုမိပါတယ်။ သူကတော့ ဘယ်သူ့မှဂရုစိုက်ပုံမရ၊ ခရီးသည်တင်ပြီး သွက်သွက်လက်လက် ဆိုက်ကားနင်းပြီး ထွက်သွားလေရဲ့ ။

ဒီမြင်းကွင်းကိုမြင်တွေ့ခဲ့တာ နှစ် (၂၀) ကျော်ပြီ။ သတိရစရာ ဘာအကြောင်းမှမရှိ။ ဒါပေမဲ့ ခုတလောမှာတော့ သတင်းတွေဖတ်ရတိုင်း တမင်တကာ မစဉ်းစားရဘဲ အဲဒီဆိုက်ကားဆရာကိုဘဲ မျက်စေ့ထဲမှာပြန်မြင်ယောင်နေမိတယ်။ နှစ်နှစ်ဆယ်ကျောက်ကမြင်ကွင်းကို သတိ ရစရာအကြောင်းတွေကလည်း နေ့စဉ်ဆိုသလို သတင်းတွေနားထောင်ရ သတင်းတွေဖတ်နေရလို့ထင်ပါရဲ့ ။

၂၀၁၀ ကြားဖြတ်ရွေးကောက်ပွဲကျင်းပပြီးစီးကတည်းကစလို့ ဦးသိန်းစိန်အစိုးရဟာ အကောင်းဘက်ကိုပြောင်းလဲနေပါပြီလို့ ပြောသူတွေရှိ သလို သိသာထင်ရှားတဲ့အပြောင်းအလဲဘာမှမတွေ့ရသေးဘူးလို့ ဝေဖန်သံတွေလည်း အဆက်မပြတ်ကြားနေရဆဲပါ။

အလုပ်သမား လယ်သားတွေဆန္ဒပြခွင့်ရတာ၊ မီဒီယာမဆိုစလောက်လွတ်လပ်ခွင့်ရတာ၊ ဒါမှမဟုတ် ထူထုရဲ့လယ်ယာမြေတွေကို ဥပဒေမဲ့ ပြောင်ပြောင်တင်းတင်းသိမ်းနေတာတွေကို ပြုပြင်ပြောင်းလဲမှုလို့ခေါ်တာလားဆိုတာ မေးခွန်းထုတ်စရာဖြစ်နေပါပြီ။ ဒီအထဲ ဘုန်းကြီး ကျောင်းတွေမီးရှို့တာတောင်ပါသေးတယ်။

အဆိုးဆုံးကတော့ စစ်တပ်ကိုယ်တိုင်က လက်နက်အားကိုးနဲ့ခြိမ်းခြောက်ပြီး “တပ်ပိုင်မြေ မကျူးကျော်ရ” ဆိုင်းဘုတ်ထောင်ပြီး ဘိုးဘွားပိုင် လယ်ယာမြေတွေကို နေရာအနှံ့အပြားမှာ မောင်ပိုင်စီးနေတာတွေဟာ လူထုကိုဘ၀ပျက်အောင် စားဝတ်နေရေး အခက်အခဲဖြစ်အောင်လုပ် နေသလိုဖြစ်နေပါတယ်။

ခုတလော ထင်ရှားရှားဖြစ်နေတဲ့ လက်ပတောင်းတောင်ကြေးနီးစီမံကိန်းကိုကြည့်ပါ။ လူထုသဘောမတူ ကန့်ကွက်နေတဲ့ကြားထဲက စီမံ ကိန်းတွေကို ဆက်လက်လုပ်ဆောင်ဘို့ပြင်ဆင်နေတာတွေဟာ အတော်ကိုဆိုးဝါးလှပါတယ်။ လူထုမလိုလားရင် မလုပ်ပါဘူးဆိုတဲ့ သမတ ရဲ့ ပြောတဲ့စကားနဲ့လည်း ဆန့်ကျင်နေပါတယ်။

သမတကြီးအနေနဲ့ အမှန်တကယ်ပြုပြင်ပြောင်းလည်းတဲ့ဘက်ကိုသွားမယ် ဆိုရင် အောက်ခြေပိုင်းကဖြစ်ပျက်နေတာတွေကိုလည်း လစ် လျူရှုမထားသင့်ပါ။ လူထုအမှန်တကယ်မလိုလားတာတွေက ဘာတွေလဲ။ ပြည်သူလူထုက ဘာတွေပြောနေလဲဆိုတာ သေချာလေ့လာ သင့်ပါတယ်။ တကယ့်လက်တွေ့ အောက်ခြေမှာမှာဖြစ်ပျက်နေတာတွေထိထိရောက်ရောက်မပြုပြင်နိုင်သေးသရွေ့ ပြည်တွေရဲ့ဘ၀တွေ မ လုံခြုံသေးသရွေ့တော့ ဆိုက်ကားဆရာအ၀တ်အစားဝတ်သလို အချိုးမပြေဖြစ်နေအုံးမှာဖြစ်ကြောင်းပါ။ ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:အတွေးအမြင်

4 Responses to သမတကြီးဖတ်ဖို့စာ

  1. Htwe Htwe on October 24, 2012 at 4:25 am

    Dear Ahshin Pyinnyar Nanda
    I agree with you very strongly. Military won’t change their attitude although still very cunning, and cruel.

  2. ဘုရင် on October 24, 2012 at 10:24 am

    ကြေးနီစီမံကိန်းကိစ္စသည် အမှိုက်ကစပြဿဒ်မီးလောင်နိုင်သောကိစ္စဖြစ်ပါသည်။ကျေးရွာလူထုနှင့် စီမံကိန်းလုပ်ကိုင် နေသူတို့ မျက်နှာချင်းဆိုင်တွေ့ဆုံဖြေရှင်းပြီး အတိုးအလျှော့ ညှိုနှိုင်းမှုလုပ်သင့်ပါသည်။ မြန်မာနိုင်ငံ တွင်ညှိနှိုင်းဖြေရှင်းသည့် အစဉ်အလာနည်းပါးနေ၍ ယခုလိုမျိုးပြဿနာပေါ်ပေါက်နေခြင်းဖြစ်ပါသည်။ ပြေ လည်အောင် ဖြေရှင်းပေးနိုင်မည့်ကြားခံအဖွဲ့အစည်းတစ်ဖွဲ့လိုအပ်ပါသည်။ ကျယ်ကျယ်ပြန့်ပြန်လုပ်ဆောင်ရန် လိုအပ်နေပြီဟု ထင်မြင်ယူဆပါသည်။

  3. lambo on October 24, 2012 at 10:59 am

    Phone Phone,”sidecar sayar” wore jean for riding easy and he can not buy a western jacket.So,”Tite Pone” is the best for him and suit for MDY weather.Lu alo nat ma lite naing par buu bayar.

  4. mgoogyaw on October 24, 2012 at 4:26 pm

    I also appreciate your article,U Zinn,Till now, as you have mentioned,there is no good sign of changing,only, the generals and their Cronies,were easily taken out,their Billion Dollars in Abroad, which were freeze for long time. The U.S., E.U. ,and Japanese Governments,never thinks or imagine their tricks.Now,our Burmese poor people,suffers more than before.Only they and their groups are getting more and more richer day by day.Still this Government,occupied the civilian lands,still fighting civil war in Northern Burma,nothing can solve or no action can be taken in Yakhine, Area.Where are the developments for sign of Democracy???

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း သြဂတ်စ် ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ

By

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ (မိုးမခစာအုပ်စင်) ဇွန် ၉၊ ၂၀၁၇...

Read more »

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်