စိတ်ဝင်စားမှုနဲ့အတူ စိုးရိမ်နေရတဲ့ တရားဥပဒေစိုးမိုးရေး (Tu Maung Nyo)

October 25, 2012

စိတ်ဝင်စားမှုနဲ့အတူ စိုးရိမ်နေရတဲ့ တရားဥပဒေစိုးမိုးရေး

တူမောင်ညို ။ ၂၀၁၂ ခုနှစ်၊ အောက်တိုဘာ ၂၄

            “တရားဥပဒေစိုးမိုးရေး၊ ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး”  ဒီအကြောင်းတွေ ကြားရတဲ့အခါ ဖတ်ရတဲ့ အခါ စိတ်ဝင်စားမှုနဲ့အတူ စိုးရိမ်စိတ်လည်း တွဲပြီးပေါ်ပေါက်လာတတ်ပါတယ်။

            စိတ်ဝင်စားမှုကို အထွေအထူးရှင်းပြစရာမလိုပေမဲ့၊ စိတ်ဝင်စားမှုအတူ ယှဉ်တွဲဖြစ်ပေါ်လာတဲ့ စိုးရိမ်မှုကိုတော့ ရှင်းပြရမယ်နဲ့ တူပါတယ်။ ဒီလိုပါ၊ ဒီကိစ္စတွေဟာ ကိစ္စကြီးတွေဖြစ်နေလို့တင် စိုးရိမ်တာမဟုတ်ပါဘူး။ အုပ်စိုးသူအစိုးရအဆက်ဆက် မဖြေရှင်းနိုင်ခဲ့တဲ့ ကိစ္စကြီးတွေဖြစ်နေလို့ပါပဲ။

 အုပ်စိုးသူအဆက်ဆက် ကိုင်တွယ်ဖြေရှင်းနိုင်ခြင်းမရှိခဲ့တဲ့ကိစ္စကြီးတွေကို လက်ရှိသမ္မတဦးသိန်းစိန် အစိုးရကရော ကိုင်တွယ် ဖြေရှင်းနိုင်ပါ့မလား။ ဒါ့အပြင်လွှတ်တော်ထဲမှာ အနည်းစုဖြစ်တဲ့ ဒီချုပ်အမတ်တွေကရော အများစုဖြစ်တဲ့ကြံ့ဖွံ့ပါတီကိုစည်းရုံးပြီး ဒီကိစ္စကြီး တွေကို ပြေလည်အောင်ဖြေရှင်းနိုင်ပါ့မလား။ ဒီကိစ္စကြီးတွေကို ကိုင်တွယ်ဖြေရှင်းရတာကလည်း “ရေမှာအရုပ်ရေးပြ” ရတာနဲ့ တူနေလိမ့် မယ်လို့ထင်ပါတယ်။  လွယ်တဲ့ကိစ္စကြီးတွေမဟုတ်ဘူးလေ။

            အဲဒီအထဲက ပထမဆုံးကိစ္စကြီးဖြစ်တဲ့ “တရားဥပဒေစိုးမိုးရေး”ကိစ္စကိုပဲ ဒီဆောင်းပါးမှာတင်ပြပါရစေ။

            တရားဥပဒေစိုးမိုးရေး လို့ပြောလိုက်တာနဲ့ လူတိုင်းစိတ်ထဲမှာ ဘယ်လို တရားဥပဒေရဲ့ စိုးမိုးမှုလဲဆိုတဲ့မေးခွန်းက လူတိုင်း ပါးစပ်ဖျားကို အလိုအလျောက်ရောက်ရှိလာမယ့် ပထမဆုံးမေးခွန်းဖြစ်ပါလိမ့်မယ်။ ဆက်တိုက်ပေါ်လာတာကတော့ “တည်ဆဲဥပဒေများ” ကိုစိစစ်ရေးကိစ္စ၊ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ တရားရုံးများ၊ တရားသူကြီးများ၊ ရှေ့နေများ၊ လက်တွေ့ တရားစီရင်မှု ဆိုင်ရာကိစ္စများစသဖြင့် စီကာစဉ်ကာပေါ်ထွက်လာပါတယ်။

            လက်တွေ့ပိုင်းအရပြောရင် တိုင်းပြည်မှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အပါအဝင် တည်ဆဲဥပဒေ ပေါင်း  ၃၉၇ ခု ရှိတယ်လို့ သိရပါတယ်။ အဆိုပါ တည်ဆဲဥပဒေများကို ဘယ်လိုစိစစ်ကြမလဲ။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဟာ (နဝတ-နအဖ) စစ်အစိုးရ စိတ် ကြိုက်ရေးဆွဲခဲ့ပြီး၊ အတင်းအဓမ္မတအတည်ပြုခဲ့တာကို တိုင်းပြည်နဲ့လူထုက သိရှိပြီးဖြစ်ပါတယ်။ ဒါ့အပြင် (နဝတ-နအဖ)စစ်အစိုးရ ရဲ့ အဓိက လက်သုံးတော် ဖိနှိပ်ရေးဥပဒေများ၊ ပုဒ်မများဖြစ်တဲ့ “ပုဒ်မ ၁၀ (က) နဲ့ (ခ)၊ ၁၉၅၀ အရေးပေါ်စီမံမှု အက်ဥပဒေ ပုဒ်မ ၅၊ ပုဒ်မ ၁၇၊ မတရားသင်းအက်ဥပဒေ ” စတဲ့ ဥပဒေများဟာ တည်ဆဲဥပဒေများ အဖြစ်တည် ရှိနေပါတယ်။

            ဒါ့အပြင် “ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး နဲ့ ခုံရုံးဥက္ကဋ္ဌ အပါအဝင် ခုံအဖွဲ့ဝင်အားလုံး ထုတ်ပယ်ခံရမှု” ကလည်း တရား ဥပဒေစိုးမိုးရေး အတွက် လက်တွေ့အကျဆုံး ထင်သာမြင်သာအရှိဆုံး စိန်ခေါ်မှုကြီးဖြစ်နေပါတယ်။

            အကျဉ်းထောင်အသီးသီးမှာ အကျဉ်းကျခံနေရဆဲ နိုင်ငံရေးအကျဉ်းသားတွေ၊ အကျဉ်းထောင်မှ လွတ်မြောက်လာသော်ငြား လည်း ပုဒ်မ ၄၀၁ နဲ့ ဆက်လက် နှောင်ကြိုးတဲခြင်းခံထားရတဲ့ နိုင်ငံရေးသမားများအရေးကိစ္စတွေကလည်း တရားဥပဒေစိုးမိုးရေးလုပ်ငန်းနဲ့ တိုက်ရိုက်သက်ဆိုင်နေတဲ့ ကိစ္စတွေပဲ ဖြစ်ပါတယ်။

 တိုင်းပြည်အနှံ့အပြားမှာ လယ်မြေယာမြေ၊ ဥယျာဉ်ခြံမြေတွေ မတရားသိမ်းပိုက်ခံရမှုကလည်း ဥပဒေစိုးမိုးမှုမရှိတဲ့ပြဿနာရဲ့ ဖေါ်ပြချက် မဟုတ်ပါလား။

            လောလောဆယ်ကာလမှာ ငြိမ်းချမ်းရေးနေ့ဆန္ဒထုတ်ဖေါ်သူများဟာ “ပုဒ်မ ၁၈” နဲ့တရားစွဲခံနေရပြီး တစ်လအတွင်းရုံးချိန်း ပေါင်း ၂၆ ခုနဲ့ရင်ဆိုင်နေရတယ်လို့ဆိုပါတယ်။

            ကော့မှူးမြို့နယ်လွှတ်တော်ကိုယ်စားလှယ်၊ ဒီချုပ်ဥက္ကဋ္ဌဦးစီးတဲ့ “တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီ” က  ကွင်းဆင်းလေ့လာနေပါတယ်။ တိုင်ကြားစာတွေလည်း ထောင်သောင်းချီပြီး ရောက်ရှိနေတယ်လို့ကြားသိနေရပါတယ်။

            တည်ဆဲဥပဒေပေါင်း ၃၉၇ ခုထဲကနေ လုံးဝပယ်ဖျက်ရုပ်သိမ်းရမယ့်ဥပဒေ၊ ပြုပြင်ဖာထေးရမယ့်ဥပဒေ၊ အသစ်ပြဋ္ဌာန်း ရမယ့်ဥပဒေ  စသဖြင့် ဘယ်လိုစိစစ်ခွဲခြားကြမလဲ။

            အဲဒီလို ပယ်ဖျက်၊ ပြုပြင်၊ အသစ်ပြဋ္ဌာန်းရမယ့်ဥပဒေတွေနဲ့ပတ်သက်ပြီး လွှတ်တော်အသီးသီးမှာတင်ပြတဲ့အခါ အနည်းစုသာ ဖြစ်တဲ့ ဒီချုပ်အမတ်များအနေနဲ့  လွှတ်တော်အတွင်းမှာ ဘယ်လိုအကောင်အထည်ပေါ်လာအောင် ဆောင်ရွက်မလဲ။

            အတွေ့အကြုံဘက်ကပြောရင် (နဝတ-နအဖ) စစ်အစိုးရလက်ထက်မှာ ဒီချုပ်က “ဥပဒေအကူအဖွဲ့” ဖွဲ့ပြီးဆောင်ရွက်ခဲ့ဖူးတယ်။ “ဥပဒေအကူအဖွဲ့” က ကိုင်တွယ်ခဲ့တဲ့ အမှုပေါင်း တစ်ထောင်ကျော်အနက် တစ်မှုသာ အနိုင်ရဖူးတယ်လို့လည်း ဝန်ခံထားပါတယ်။ ဒီလို အနိုင်ရခဲ့ပေမယ့်  အဲဒီ အမှုကိုစီရင်ဆုံးဖြတ်တဲ့တရားသူကြီး( အမျိုးသမီး) ဟာ (နအဖ) စစ်အစိုးရရဲ့နယ်ပြောင်းတဲ့ အပြစ်ဒဏ်ပေးမှု ကို ခံခဲ့ရတယ်လို့ဆိုပါတယ်။

“တရားဥပဒေစိုးမိုးရေး” ဆိုတာ ဒီချုပ်ရဲ့ တာဝန်ကြီး ၃ ရပ်ထဲက ပထမဆုံးတာဝန်ကြီးဖြစ်ပါတယ်။ ဒီတာဝန်ကို ဒီချုပ် နဲ့ ဒီချုပ် လွှတ်တော်အမတ်တွေ ဘယ်လိုဖြစ်မြောက်အောင်ဆောင်ရွက်မလဲဆိုတာနဲ့ပတ်သက်ပြီးကျနော်အပါအဝင်ပြည်သူအများကစိတ်ဝင်စား နေကြတာပါ။

 ဒါကြောင့် “တရားဥပဒေစိုးမိုးရေး”ကို ဦးတည်ချက်ထားပြီး လွှတ်တော်အစည်းအဝေးတွေမှာ ဒီချုပ် အမတ်တွေ က ဘယ်လို မေးခွန်းတွေထုတ်မှာလဲ၊ ဘယ်လိုအဆိုတွေတင်မှာလဲ၊ ဘယ်လိုဥပဒေမူကြမ်းတွေတင်ပြမှာလဲ ဆိုတာတွေနဲ့ပတ်သက်ပြီး မျက်စေ့ဖွင့် နားစွင့်ထားကြပါတယ်။

အဲဒီလို မျက်စေ့ဖွင့်နားစွင့်နေစဉ်မှာ ဒီချုပ် ဥက္ကဋ္ဌ အမေရိကခရီးစဉ်အတွင်း “ယေးလ်တက္ကသိုလ်” ပြောခဲ့တဲ့ မိန့်ခွန်း အပြည့် အစုံကို “ဒီလှိုင်းစာစောင်” မှာ ဖတ်လိုက်ရပါတယ်။

ဒီမိန့်ခွန်းဟာ (နဝတ-နအဖ) စစ်အစိုးရအုပ်စိုးမှုကာလအတွင်း ဒီချုပ်အပါအဝင်အခြားသော ဒီမိုကရေစီလိုလားသူ နိုင်ငံရေး သမားအားလုံးရဲ့ အသက်၊ သွေး၊ ချွေး၊ ဘဝတွေနဲ့ ရင်းနှီးခဲ့ရတဲ့ ဖြစ်ရပ်မှန်တွေကို ထင်ဟပ်ထားတာဖြစ်ပါတယ်။ ဒါ့အပြင် ဒီချုပ်ဥက္ကဋ္ဌ ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ ဖြစ်စဉ်ဖြစ်ရပ်တွေကိုပါ ဖြည့်စွက်ထားတာဖြစ်လို့ ပိုပြီး အသက်ဝင်နေပါတယ်။

ဘယ်သူမဆို ဒီမိန့်ခွန်းကို ဖတ်ပြီးတဲ့အခါမှာ  အောက်ပါ ထူးခြားချက် ၄  ခုကို ထင်ထင်ရှားရှားသတိပြုမိကြပါလိမ့်မယ်။

 ၁။ (နဝတ-နအဖ) စစ်အစိုးရလက်ထက်မှာ တရားဥပဒေစိုးမိုးမှုမရှိဘူးဆိုတဲ့အချက်

၂။ (နဝတ-နအဖ) စစ်အစိုးရလက်ထက် (၁၉၈၈ မှ ၂၀၁၀) အထိ ဒီချုပ်အပါအဝင်၊ ဒီမိုကရေစီလိုလားသူ နိုင်ငံရေးသမားတွေ ရင်ဆိုင်ခဲ့ရတဲ့ ဖြစ်ရပ်မှန်တွေကိုဖေါ်ထုတ်ထားတဲ့အချက်။

၃။ လောလောဆယ်မှာ တရားရေးမဏ္ဍိုင် ရှိကို မရှိဘူးဆိုတဲ့အချက်

၎။ အထက်ပါ အချက် ၃ ချက် အပေါ်  ဒီချုပ်နဲ့ဒီချုပ်ဥက္ကဋ္ဌရဲ့ သဘောထားအမြင်တွေ ဖေါ်ပြထားတဲ့အချက် တွေပဲဖြစ်ပါတယ်။

 

ယေးလ်တက္ကသိုလ်မိန့်ခွန်းထဲက အောက်ပါကောက်နုတ်ချက်နဲ့ပဲ နိဂုံးချုပ်ပေးလိုက်ပါတယ်။

            “(၂၀၀၈)အခြေခံဥပဒေက စစ်တပ်ကို လွန်လွန်ကဲကဲ အာဏာတွေအပ်နှင်းထားတယ်၊ စစ်တပ်က ဒီအာဏာတွေ ပိုင်ဆိုင်နေ သမျှ ဒီမိုကရေစီလမ်းကြောင်းမှန်ပေါ်ကို ရောက်တယ်လို့ ကျွန်မတို့ပြောလို့မရပါဘူး၊၊ ဒါကြောင့်ပဲ ကျွန်မတို့က တရားဥပဒေ စိုးမိုးရေး ရယ်၊ တိုင်းရင်းသားပဋိပက္ခတွေအဆုံးသတ်ရေးရယ်၊ အခြေခံဥပဒေကိုပြင်ဆင်ရေးရယ် သုံးချက်ကို ဒွန်တွဲထားတာပါ။ ဒါတွေ အားလုံး ဆက်စပ်နေပါတယ်။  ဒီမိုကရေစီကိုပြန်လည်ရချင်တယ်ဆိုရင် ဒီသုံးခု ရကိုရမှ ဖြစ်မယ်။ ဒီသုံးခုမှာ တစ်ခုမရှိရင် နောက် နှစ်ခု လည်း အလုပ်မဖြစ်ပါဘူး။ အခြေခံဥပဒေကိုမပြင်ဘဲ ဥပဒေစိုးမိုးရေးနဲ့ တိုင်းရင်းသားငြိမ်းချမ်းရေး ဆိုတာမရနိုင်သလို ဥပဒေစိုးမိုးမှုမရှိဘဲနဲ့ တခြားနှစ်ခုကိုလည်း မရနိုင်ပါဘူး” 

            ကျနော်သည် စိတ်ဝင်စားမှုနဲ့အတူ စိုးရိမ်နေဆဲ။

ညွန်း

 – ဒီလှိုင်းစာစောင်  အတွဲ ၁။ အမှတ် ၃၈၊ (၈- ၁၀ – ၂၀၁၂)

                       


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:တူမောင်ညို, သူတို့အာဘော်

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ မိုးမခစာအုပ်စင်၊...

Read more »

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ

By

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ (မိုးမခစာအုပ်စင်) ဇန်န၀ါရီ ၃၁၊ ၂၀၁၉...

Read more »

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ်

By

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ် (မိုးမခစာအုပ်စင်) ဒီဇင်ဘာ ၂၆၊ ၂၀၁၈...

Read more »

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)