မြ၀တီမြို့က ယာဉ်စည်းကမ်း

October 27, 2012

မဲဆောက်သားလေး
အောက်တိုဘာ ၂၆၊ ၂၀၁၂
ကျနော်တို့ မြ၀တီမြို့က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာဖို့အတွက် အများကြီးလိုပါသေးတယ်။ ဒီမိုကရေစီဆိုတာကို မဲဆောက် သားလေးတို့ နားလည်တာကတော့ လွတ်လပ်တယ်ဆိုပေမယ့် သူတပါးကိုတော့ မထိခိုက်ရဘူးလို့ သိထားတာပါ။ အခုတော့ မြ၀တိမှာ ကားတန်းအဆင်းနေ့ဆိုရင် မနက်ပိုင်း ဧရာဝတီဘဏ်နဲ့ ကမ္ဘောဇဘဏ်ရှေ့မှာ ကား (၃) ထပ်လောက်နဲ့ ဟိုက၀င် ဒီကထွက်နဲ့၊ ဒီကြားထဲ ဆိုင်ကယ်တွေကလည်း သူ့ထက်ငါ အပြိုင်ချဲနေကြလေတော့ မြင်ဖူး ကြုံဖူးမှသိမှာပါ။
တော်ရုံကားမောင်းတတ်ရုံလောက်နဲ့ ဒီနေရာကိုလာတိုးဖို့ မစဉ်းစားနဲ့။ မလွယ်ဘူး။ ၁၂ ဘီးကားကြီးတွေကလည်း ဒီ (၃) ထပ်ရပ်ထားတဲ့ကြား ထဲကနေ သွားလာနေကြတာပါပဲ။ ဒီလို ယာဉ်တွေ စည်းမဲ့ကမ်းမဲ့ ယာဉ်တွေရပ်နားနေတာကို တာဝန်ရှိတဲ့ ယာဉ်ထိန်းတွေကလည်း အရေး ယူဆောင်ရွက်ဖို့နေနေသာသာ တွေ့တောင် မတွေ့ရဘူးခင်ဗျ။ (အိပ်ယာက မနိုးသေးဘူးထင်ပါတယ်)
ယခုကဲ့သို့ မြ၀တီမြို့ရဲ့ ယာဉ်စည်းကမ်းအခြေအနေကို တာဝန်ရှိသူတွေအနေနဲ့ အမြန်ဆုံး စည်းစနစ်ကျအောင် အရေးယူ ဆောင်ရွက်ပေး နိုင်အောင် တင်ပြပေးလိုက်ပါတယ်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:မိုးမခကို ပေးတဲ့စာ

3 Responses to မြ၀တီမြို့က ယာဉ်စည်းကမ်း

  1. kyaw on October 28, 2012 at 6:53 pm

    ဒီပုံတွေက ဘာဟုတ်သေးလို့လည်း တစ်ကယ်လာကြည့် မြ၀တီညဈေးနားမှာ လာကြည့်ပါ ဒီထက်အဆများစွာဆိုးပါတယ်

  2. ကောင်းအောင် on October 28, 2012 at 7:01 pm

    ဟုတ်ပါတယ်ခင်ဗျာ..မြန်မာနိုင်ငံကယာဉ်စည်းကမ်းအဖောက်ဆုံးမြို့တော်ကိုပြရမယ်ဆိုရင်မြဝတီမြို့ကိုပြရမှာဖြစ်ပါတယ်..

  3. minko on October 29, 2012 at 10:34 am

    ကျွန်တော်တို့ ချစ်ကြည်ရေးတံတာထိပ်မှာဆိုပိုဆိုပေါ့ဗျာ

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ် ထွက်ပြီ

By

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ်...

Read more »

မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊ အချိန်မီ ထွက်ပါပြီ

By

  မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊...

Read more »

ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ

By

  ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ  (မိုးမခစာအုပ်စင်) မေ ၃၊ ၂၀၁၈ ခေါင်းစဉ်...

Read more »

မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ

By

  မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်