fbpx

ပန်းသီးတကိုယ်တော် ပဒေသာကပွဲကြီး နိုဝင်ဘာ ၅ ကျင်းပမည်

October 31, 2012

 ပန်းသီးတကိုယ်တော် ပဒေသာကပွဲကြီး နိုဝင်ဘာ ၅ ကျင်းပမည်

မိုးမခအထောက်တော် (အလုံလမ်း)၊ အောက်တိုဘာ ၃၁၊ ၂၀၁၂

ထင်ရှားသော လူရွှင်တော်တဦးဖြစ်သည့် ပန်းသီး၏ တကိုယ်တော်ဟာသတင်ဆက်မှုနှင့်ပဒေသာကပွဲကြီးကိုနိုဝင်ဘာ ရက်နေ့တွင် ရန်ကုန်မြို့၊ အမျိုးသားကဇာတ်ရုံတွင်ကပြတင်ဆက်မည်ဖြစ်သည်။ ၎င်းကပွဲကြီးတွင်လူရွှင်တော်ပန်းသီးကတနာရီကျော်ကြာတကိုယ်တော်ဟာသတင်ဆက်မှုနှင့် လူရွင်တော်ကြယ်သီးက သီတာချစ်တဲ့ မင်းဒဿ၊ ရာဝဏဒီလူအော်ပရာပြဇာတ်ကြီးတို့ကို တင်ဆက်မှာဖြစ်သည်။

အငြိမ့်အစီစဉ်တွင်မန္တလေးလူရွှင်တော်သပြေဂျာအေး၊ စူပါဘဲတောဂွတ်ရှယ် နှင့် ပွန်ပွန်၊ ချစ်ချော၊ မင်းသမီးဝင်းသပြေထွန်းသဲချစ်တို့က ဖျော်ဖြေမည်ဖြစ်သည်။ အငြိမ့်ခွင်တွင် လူရွှင်တော်ပန်းသီးမှပန်းစကားဝါအဖြစ်ကပြမည်ဟု ဆိုသည်။

နှစ်ပါးသဘင်တွင်လူရွင်တော်ဧရာဗေဒါ၊တိုင်းကျော်၊ပြည်ကျော်၊၀ိုင်းကျော်၊တိုးကျော်။ပိုးလေးတို့ ပါဝင်တင်ဆက်ကြမည်ဖြစ်သည်ဟု သိရသည်။့ မြန်မာပြည်ကြီးငြိမ်းချမ်းရေးကို ရည်မျော်၍ ငြိမ်းချမ်းရေးတေးသရုပ်ဖော်အစီစဉ်ကိုလည်းအထူးတင်ဆက်မည်ဖြစ်သည်။

မြန်မာပြည်အနှံ့ စင်တင်ဇာတ်သဘင်ပွဲများ၊ ပဒေသာကပွဲများ တကျော့ပြန်လာမည် ဖြစ်ပါက မြန်မာပြည်က အလွှာအသီးသီးက အနုပညာရှင်များ၏ သရုပ်ဖော်တင်ဆက်မှုများကို ပြည်သူတို့သည် ၎င်းတို့နေထိုင်ရာ နေရာဒေသအသီးသီးတွင် တိုက်ရိုက် ကြည့်ရှုအားပေးနိုင်ကြမည် ဖြစ်သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:သတင်းပဒေသာ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ

By

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၈ မိုးမခစာပေက ထုတ်ဝေပြီး...

Read more »

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)