fbpx

ကြံ့ဖွံ့အစိုးရ သမ္မတရုံးက အကြမ်းဖက်သည့် ဘက်၂ဘက်ရှိကြောင်း ထုတ်ပြန်၊

November 1, 2012

ကြံ့ဖွံ့အစိုးရ သမ္မတရုံးက အကြမ်းဖက်သည့် ဘက်၂ဘက်ရှိကြောင်း ထုတ်ပြန်၊

ဘင်ဂါလီတို့ဘက်က မီးစတင်ရှို့ခဲ့သည်ဟု ၀န်ခံကြောင်း Coral သတင်းက ရေးခဲ့

မိုးမခသတင်းကောက်နုတ်ချက်၊ နိုဝင်ဘာ ၁၊ ၂၀၁၂

          အောက်တိုဘာ ၃၁ နေ့စွဲဖြင့် ထုတ်ပြန်သော မြန်မာနိုင်ငံတော်၊ သမ္မတရုံး ထုတ်ပြန်ချက် ၂/၂၀၁၂ တွင် ဒေသအကြမ်းဖက်မှုများနှင့် ပတ်သက်ပြီး ၎င်းတို့သဘောထားကို ထုတ်ပြန်ရာတွင် အောက်ပါအတိုင်း “တဖက်အဖွဲ့အစည်း၏ ပြင်ဆင်မှုများ၊ လှုပ်ရှားမှုများ” အပြင် “နိုင်ငံရေးအဖွဲ့အစည်းနှင့် ငြိမ်းချမ်းရေးယူထားသော အဖွဲ့အစည်းများ” ပါဝင်ပတ်သက်နေသည်ဟု ရေးသားထားသည်ကို အောက်ပါအတိုင်း တွေ့ရသည်။ တိကျ ရှင်းလင်းသော သတင်းထုတ်ပြန်ချက်တခု မဟုတ်သည်ကို တွေ့ရသည်။

” …ယခုကဲ့သို့ လူစုလူဝေးဖြင့် ခြိမ်းခြောက်ခြင်း၊ အကြမ်းဖက်ခြင်း၊ တိုက်ခိုက်ခြင်း၊ မီးရှို့ဖျက်ဆီး ခြင်းကိစ္စများတွင် တစ်ဖက်အဖွဲ့အစည်းမှာ ကြိုတင်ပြင်ဆင်ခြင်း၊ အသေးစိတ်စီစဉ်ခြင်း၊ ဒေသန္တရလုပ် လက်နက်များဖြင့် အချိန်ကိုက် ပူးပေါင်းလှုပ်ရှားဆောင်ရွက်ခြင်းများ တွေ့ရှိရသည့်အပြင်၊ နိုင်ငံရေးအဖွဲ့ အစည်းနှင့် ငြိမ်းချမ်းရေးယူထားသော အဖွဲ့အစည်းများပါ ပါဝင်ပတ်သက်မှု ရှိနေသကဲ့သို့၊ အခြား တစ်ဖက်အဖွဲ့အစည်းမှလည်း အချို့သော ပြည်တွင်းပြည်ပအဖွဲ့အစည်းများ ပါဝင်ပတ်သက်နေသည့် အထောက်အထားများကို တွေ့ရှိရပါသည်။ …”

တဆက်တည်း အခြားသတင်းကောက်နုတ်ချက်တခုကို ဖော်ပြရာသော Coral Arrakan News Agency က “မြေပုံဘင်္ဂလီများက မီးရှို့တိုက်ခိုက်မှုကို စတင်ခဲ့သည်ဟုဝန်ခံ” ကြောင်း ဒေသတွင်းဆိုင်ရာ အကြမ်းဖက်မှုများ အစကို ဖော်ထုတ်ထားသည်ကို တွေ့ရသည်။ အောက်ပါအတိုင်း ရေးသားထားသည်။

၃၀၊ အောက်တိုဘာ၊ ၂၀၁၂၊ Coral Arakan News (သတင်း)
သောင်းကြွယ်ရေးသည်

မြေပုံမြို့ခေါင်းဆောင်တို့က ယနေ့နံနက်၈နာရီခွဲခန့်က မြို့မိမြို့ဘများ၊ ဒေသဆိုင်ရာအာဏာပိုင်များနှင့် တွေ့ဆုံစဉ် မီးရှို့တိုက်ခိုက်မှုကို မိမိတို့စတင်ခဲ့သည်ဟု ၀န်ခံပြောကြားလိုက်သည်။

မြို့မိမြို့ဘများ၊ဒေသဆိုင်ရာအာဏာပိုင်များနှင့် ဘင်္ဂလီလူမျိုးခေါင်းဆောင်များဖြစ်ကြသော (၁)စံ သိန်း (၂)ကျော်သိန်း (၃)တင်ရွှေ (၄)အောင်လွင် (၅)ဘကျော်တို့နှင့် တွေ့ဆုံစဉ် ထိုသို့ဝန်ခံပြောကြားလိုက်ခြင်းဖြစ်သည်။

ယခုကဲ့သို့ဝန်ခံ ပြောကြားခြင်းကို ရခိုင်ပြည်နယ် အစိုးရ၀န်ကြီးတဦးဖြစ်သူ ဦးကျော်သိန်း၊ မြေပုံမြို့ရှိ ရခိုင်ခေါင်းဆောင်များ နှင့် တွေ့ဆုံစဉ်ကလည်း ၀န်ခံခဲဖူးသည်ဟု ယင်းတွေ့ဆုံပွဲကို တက်ရောက်ခဲသူတဦးက
Coral Arakan အားပြောကြားခဲ့သည်။ ဘင်္ဂလီခေါင်းဆောင်တွေက “ကျွန်တော်တို့တားခဲပါသေးတယ်” ဟုပြောကြောင်း အဆိုပါပုဂ္ဂိုလ်ကပြောသည်။

(၂၅အောက်တိုဘာ) နေ့တွင် ဘင်္ဂလီများက ကံသာရပ်ရှိ ရခိုင်လူမျိုး တဦးဖြစ်သူ ဦးသိန်းမောင် (ခ) ဇော်ဇော်၏ အိမ်ကို စ၍မီးရှို့ရန် ကြိုးစားရာ ရခိုင်လူမျိုးများက ၀ိုင်းဝန်းငြိမ်းသတ်နေစဉ် ယင်းနေရာနှင့် အလှမ်းဝေးကွာသော မြို့ဈေးတန်းရှိ မောင်ဆန်းဝင်းနှင့် မောင်ဘုကြီး တို့၏နေအိမ်ကိုမီးရှို့ ခဲ့ကြသည်။ ထို့နောက် အပြန်အလှန် မီးရှို့မှုများဖြစ်ပွားပြီး ရခိုင်လူမျိုးပိုင်အိမ် ၄၂ ဆောင်မီးလောင်ခဲ့ပြီး မီးဘေးသင့်အိမ်ထောင်စုပေါင်း ၄၄စု (ကျား၁၂၀၊ မ ၁၄၇)ရှိခဲ့သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags: ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:သတင်းပဒေသာ

3 Responses to ကြံ့ဖွံ့အစိုးရ သမ္မတရုံးက အကြမ်းဖက်သည့် ဘက်၂ဘက်ရှိကြောင်း ထုတ်ပြန်၊

  1. တာတေ on November 1, 2012 at 7:12 pm

    ရခိုင်လူမျိုးတို့သည်ခောတ်အဆက်ဆက်တွင်သူတပါးများကိုကျူးကျော်ရန်စတတ်သောလူမျိုးမဟုတ်ပေ။
    မလွဲသာမရှောင်သာသောအခြေနေတွင်မှသာခုခံကြလေတော့သည်။မကျူးကျော်ကြ။အပြောတမျိုးအလုပ်တမျိုး
    မဟုတ်။ကိုယ်ချင်းစာတရားရှိကြသည်။ကမ္ဘာကသိတော်မူကြပါသည်။

  2. mintunt on November 2, 2012 at 7:48 pm

    ဘင်္ဂါလီ ကုလာ တွေဟာ နေရာရချင်း လုချင်းလို့ဒီလိုလုပ်တာ ဘာသာရေးတစ်ခု သူတို့ နေရာရချင်တာ နောက် သူတို့ဘယ်က၀င်လာလဲ ဒီပြည်နယ် ဒီနေရာထည့် ဘယ်လိုခိုးဝင်လာလဲ သူတို့နဲ့ဘာမဆိုင်ဘူး အခု ငါတို့ ပြည်နယ် ငါတို့ လူမျိုးရေး တရားဥပဒေ ထုတ်ပိုင်ရှိတယ်လို့ထင်ပါတယ် ငါတို့လူမျိုးရေး ဘာသာရေး ကာကွယ်သင်ပါတယ် ဥပဒေ စည်းကမ်းအတွက်နဲ့ ရခိုင်အမျိုးသား အားလုံး စည်းရုံပြီး စည်းဝေးလိုက်ပါ မဲဆန္ဒနဲ့ ပြည်သူလူထူးထည့် ကိုယ်စားကောက်လိုက်ပါ နောက် လူမူကြီးကြမ်ရေးရုံထားလိုက်ပါ သတ်မှတ်လိုက်ပါ ယာယီမှတ်တင်တွေလုပ်ပေးလိုက်ပါ နိုင်ငံသား မပေးတဲ့သူတွေေ နချင်းတဲ့သူတွေ တရားဥပဒေစည်းကမ်းနဲ့အညီပေါ စီးစစ်လိုက်ပါလူမျိုးရေးနဲပတ်သက်ပြီး နိင်ငံပြည်နယ်ထည့်မှာ နောက်ဆိုရင်
    နိုင်ငံခြားရင်နှီးမျြပ်တွေဝင်လာမယ်

  3. mraunggyimraung on November 3, 2012 at 12:00 am

    ကမာရွတ်မြိုနယ်ရဲမှုးဝင်းအောင်နီ၏သမိုင်းတချို.

    ရွှေဝါရောင်တော်လှန်ရေးအတွင်းတောင်ကုတ်မြို.သို.ပြောင်းရွှေ.တာဝန်ယူစဉ်
    နိုင်ငံရေးသမားများနှင်.ဘုန်းတော်ကြီးများကိုဖမ်းဆီးနှိပ်ကွပ်ခဲ့။ထင်ရှားခဲ့သောအကြောင်းမှာတောင်ကုတ်nldမှကိုမင်းအောင်ကိုရန်ကုန်မှတောင်ကုတ်ကိုေ၇ာက်ေ၇ာက်ခြင်းဖမ်းသောအမှု.nldလွှတ်တော်အမတ်ဦးကျော်ခိုင်ကိုဂွင်ဆင်ထောင်ဖမ်းသောအမှုတို.တွင်ထင်ရှားခဲ.သည်။
    မိန်းမများနှင်.ပတ်သက်ပြီးထင်ရှားသည်များမ
ှာ တောင်ကုတ်မြို.မှသစ်မှောင်ခိုလုပ်ငန်းဖြင်.ကျော်ကြားနေသောဒေါ်လှလှရီ(ယခုရက်ပိုင်းအတွင်းကုလားများတောင်ကုတ်ကိုခိုးသွင်းနေသူအဖြစ်facebookတွင်နာမည်ကြီးနေသူ)မှမြို.တော်စတိုးတွင်စာရင်းဖွင်.ပေးပြီးအောက်ခံဘောင်းဘီမှအစဦးထုပ်အဆုံးအထောက်အပံ.ရရှိခဲ.သူ တောင်ကုတ်မြိုနယ်ကားဝန်းအနီးပြည်.တန်ဆာခေါင်းဆောင်ဒေါ်မေလေးအိမ်ကိုသူကိုယ်တိုင်ဆက်ဆံရန်သွားစဉ်သူ.တပည်.ရဲတပ်သားများဆက်ဆံနေသည်ကိုဒေါ်သထွက်ပြီးဖမ်းဆီးအမှူဖွင်.ခဲ.သူ…..
    ဒေါ်မေလေးအား ထိုအမှူဖြစ်နေစဉ်အတွင်းသူကိုယ်တိုင်ငွေကြေးထောက်ပံ့ပေးခဲ.ရသူ
    တောင်ကုတ်မြိုယ်ရဲစခန်းဘေးဆိုင်ခန်းများမှလင်ရှိမိန်းမ လင်မရှိမိန်းမများအားတနေကုန်လိုက်ဗူးနေသူမျက်နှာရူးအဖြစ်သတ်မှတ်ခြင်းခံရသူ

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

http://moemaka.com/archives/57845

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ

By

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၈ မိုးမခစာပေက ထုတ်ဝေပြီး...

Read more »

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)