မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုအခြေအနေ အစီရင်ခံစာထွက်ရှိ

November 1, 2012

မိုးမခ
နိုဝင်ဘာ ၁၊ ၂၀၁၂

၂၀၁၂ ခုနှစ်၊ ဧပြီလမှ စက်တင်ဘာလအတွင်း ကောက်ယူရရှိထားသည့် မြန်မာနိုင်ငံအတွင်း လူ့အခွင့်ချိုးဖောက်မှုများအပါအ၀င် မြေယာ သိမ်းဆည်းမှုအခြေအနေတို့ကို သုံးသပ်တင်ပြထားသည့် စစ်တမ်းတစောင်ကို လူ့အခွင့်ရေးမှတ်တမ်းကွန်ယက် (မြန်မာနိုင်ငံ) မှ ယနေ့ဖြန်ချိ လိုက်ပါတယ်။

ကာလအပိုင်းအခြားအလိုက် ဖော်ပြထားသည့် အဆိုပါအစီအရင်ခံစာတွင် ပြည်နယ်နှင့်တိုင်းဒေသကြီး ၁၄ ခုတို့အတွင်းရှိ အစိုးရနှင့် ၎င်းတို့ အား ထောက်ခံသူတို့ ကျူးလွန်ခဲ့သည့် လူ့အခွင့်ချိုးဖောက်မှု ၁၁၄ ခုကို မှတ်တမ်းတင်ဖော်ပြထားပါတယ်။

အတင်းအဓမ္မလုပ်အားပေးခိုင်းစေမှု ၂၇ ခု၊ မြေယာသိမ်းဆည်းမှု ၂၆ ခုနှင့် ညှဉ်းပန်းနှိပ်စက်မှု ၂၁ ခုတို့ပါဝင်သည်ကိုတွေ့ရှိရပြီး အဆိုပါအခြေအနေတွေကိုဖြစ်ပေါ်စေတာကတော့ လက်ရှိဖြစ်ပေါ်နေသော လက်နက်ကိုင်တိုက်ပွဲများ၊ အစိုးရစစ်တပ်နှင့် စီးပွားရေးလုပ်ငန်းတွေကြောင့် ဖြစ်သည်ကို လေ့လာတွေ့ရှိရတယ်လို့ စစ်တမ်းကဖော်ပြထားပါတယ်။ ထို့ပြင် လယ်ယာမြေဥပဒေအားနည်းသည့်အတွက် အစိုးရနှင့် နီးစပ်သည့် စီးပွားရေးအုပ်စုတို့မှ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကျူးလွန်ခွင့်ရရနေခြင်းဖြစ်တယ်လို့လည်း စစ်တမ်းကဖော်ပြထား ပါတယ်။

ထို့ပြင် အဆိုပါစစ်တမ်းအနေဖြင့် လူ့အခွင့်အရေးချိုးဖောက်မှုအခြေအနေအား တနိုင်ငံလုံးအတိုင်းအတာဖြင့် ကိုယ်စားပြုနိုင်ခြင်းမရှိသော်လည်း လတ်တလော ဖြစ်ရပ်မှန်လေ့လာချက်များအရ မြန်မာနိုင်ငံအ၀ှမ်း မိသားစု (သို့မဟုတ်) ရွာလုံးကျွတ် အသက်မွေးဝမ်းကျောင်းမှုအခြေအနေများ ဆုံးရှုံးနေရသည်ဟု ဖော်ပြထားပါသည်။

အဆိုပါစစ်တမ်းနှင့် ပတ်သက်၍ ပိုမိုသိရှိလိုပါက ဤနေရာတွင် သွားရောက်ဖတ်ရှုနိုင်ပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:သတင်းပဒေသာ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း စက်တင်ဘာ ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်