မျောနေတဲ့ … မြို့

November 14, 2012

ကမာပုလဲ
နိုဝင်ဘာ ၁၄၊ ၂၀၁၂
အရိပ်ပြင်းပြင်း တခွက် သောက်ချင်ပါတယ်
ဆည်းဆာရီမှာ ကျောက်ပေါက်ခွက်ထဲ လမင်းသာလို့
လမ်းတွေ လမ်းလျှောက်နေပုံက သေလုမျောပါး
တံတားတွေ မအိပ်အောင် မျက်ခုံးနဲ့ထောက်ထားရတယ်
ဒဏ်ရာတွေနဲ့ ရောင်စုံပြက်လုံးတွေနဲ့ မြွေပွေးကို လည်ပင်းပတ်ထားတဲ့ အပြုံးတွေနဲ့
မနက်ဖြန်ကို ဖြတ်ကြမယ်တဲ့ … လှည်းကျိုးကြီးရဲ့ ထမ်းပိုးမှာ နံ့သာပါရီရေမွှေးတွေနဲ့
စိဉ္စမာနကြီး အတောင်ပေါက်
ကြယ်မပွင့်တဲ့ မိုးကောင်းကင်ကနေ ခုန်ချလာမယ် …။လက်ဘက်ရည်တွေ ဈေးမကျခင် အဲဒီကဗျာ နိုင်ငံတကာလှည့်တယ်
လက်မှတ်ကို ဒူးခေါင်းနဲ့လိုက်ထိုးနေတဲ့ သူရဲကောင်းကြီးများ
မကြောက်ဘူးပြောနေတဲ့ သွေးပျက်ဖွယ်ထုပ္ပတ်
သူ့ခြေ ယိုင်နေပုံက သိုးတွေကတောင် သနား … သားသတ်ရုံဝမှာ
ပရိတ်တရားတွေ … မေတ္တာသုတ်တွေ … နီတိတွေ … ကျမ်းဂန်လာ အဆုံးအမတွေ
သူရူးတွေထုတ်ဝေတဲ့ ဟောစာတမ်းတွေထဲ ရင်းစားရင် မြတ်မယ့် ဂုဏ်သိက္ခာပစ္စည်းတွေ
ပြောချင်ရာပြော … ပြောပြီး … ပြီးပြီးပျောက်ပျောက်
ဖျက်ခဲ့တဲ့ ကတိတွေက ရှယ်ရွှန်စတုံးရဲ့ ဂျူရီလူကြီး မျက်လုံးများပေါ် ရီဝေေ၀ တွားတက်
မနေ့က အစာငတ်ခံ ကောင်မလေးများ စတိုင်
မော်ဒယ် အခမ်းအနားတွေဟာ ဘယ်အချိတ်ထမီနဲ့ လိုက်လေမလဲ
အကျဉ်းအကျပ်ထဲမှာ နှစ်ဘ၀ တွေ့ကြတာတောင် သွေးအေးခဲ့ကြ
ပြန်တွေ့တော့ သဘင်သည်တွေရဲ့ မျက်လုံးလိုအကြည့်များ …။

မင့် ဇာတိအိမ်ကလေးဟာ အရင်တုန်းကလို ဓနိမိုးပဲ
ပြောင်းလဲလာတာဆိုလို့ သူ့ညာဘေးဘက်က ကပ်လျက်
ဝံ့ဝံ့စားစား ရပ်နေတဲ့ မိုးထိ ပုဂ္ဂလိက ဘဏ်တိုက်သစ်ကြီး
ကဖေးဆိုင်တွေလား …. မင်းရှိတုန်းကလိုပဲ
မင်းမရှိတော့မှ … ရပ်ကွက်ထဲ သေတဲ့လူတွေ များလာတယ် …
ပျမ်းမျှတွက်ကြည့်တော့ ၃၅ နဲ့ ၄၀ တွေချည်း
ဟုတ်လား … အေးငါ့ကိုယ်စား အဖေ့ကို တခွန်းလောက် မေးပေးစမ်းကွာ
ဘာလို့ အဖေ့အသက်က ကိုးဆယ်ကျော် တရာနီးနေရတာလဲလို့။ ။

သရုပ်ဖော်ပုံအား ဤနေရာမှ ရယူပါသည်။ 

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ကဗျာ, ကမာပုလဲ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ မိုးမခစာအုပ်စင်၊...

Read more »

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ

By

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ (မိုးမခစာအုပ်စင်) ဇန်န၀ါရီ ၃၁၊ ၂၀၁၉...

Read more »

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ်

By

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ် (မိုးမခစာအုပ်စင်) ဒီဇင်ဘာ ၂၆၊ ၂၀၁၈...

Read more »

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)