ဇေယျာတို့ခေတ်

November 16, 2012

ဇော်ထက် (ပျဉ်းမနား)
နိုဝင်ဘာ ၁၆၊ ၂၀၁၂
 
လာ၊ လာ၊ လာ……..
သွားကြမယ်လာ
ရွှေမြန်မာ
နယ်သစ်ဆီသို့
အသေအချာ
တကယ်ဖြစ်စေဖို့
သမီးဇေယျာရယ်
သားဇေယျာရယ်
မေလည်းလိုက်ကွယ်
မောင်လည်းလိုက်ကွယ်
ဇေယျာတို့ခေတ်ရယ်
ရောက်တော့မယ်။

သမီးဇေယျာ…….
ဟိုပြည်တစ်ရွာ
မနီးအဝေးက
အိုကီနာဝါ
ခရီးအပြေှးနှင်လေကာ……
ခင်ဇေယျာ
သမီးကညာက
အလှစုံသနော်
အယဉ်ဆင့်ပါလို့
မြန်မာ့ဂုဏ်ဖော်
အမြင်တင့်တယ်ကွဲ့
ကမ္ဘာ့ခုံပေါ်
သခင်အကျင့်တွေနဲ့
အလှပုံဖော်
သဇင်တစ်ပွင့်လိုဝေခဲ့တယ်။

သားဇေယျာရေ…….
မရေမရာနောင်
တစ်ပြည်မဖြစ်စေဖို့တဲ့
ဇေယျာမောင်
အမွေခံ
သူ့တစ်ခေတ်တည်ပေရော့ဟဲ့လို့
ရေရာအောင်
အခြေခံ
ဥပဒေသစ်တွေနဲ့
အမေမှာတာနောင်
အနှစ်နှစ်တွေ
မမေ့စေနဲ့၊
အမေ့ခြေရာ
နင်းလေကွဲ့
တစ်ကွေ့ပြည်မြန်မာမှာ
မင်းတို့သာ
ကျန်မှာပေါ့၊
ကံကြမ္မာ
မဆင်းခင်မှာ
မြန်မြန်သာ
အတင်းနှင်ကြစို့လေကွယ်။

လာ၊ လာ၊ လာ……..
သွားကြမယ်လာ
ရွှေမြန်မာ
နယ်သစ်ဆီသို့
အသေအချာ
တကယ်ဖြစ်စေဖို့
သမီးဇေယျာရယ်
သားဇေယျာရယ်
မေလည်းလိုက်ကွယ်
မောင်လည်းလိုက်ကွယ်
ဇေယျာတို့ခေတ်ရယ်
ရောက်ပေါ့ကွယ်။ ။

(ကျွန်တော်တို့၏ မျိုးဆက်အသစ်များ ခေတ်မှီသောမြန်မာနိုင်ငံ တည်ထောင်နိုင်ပါစေဟု ဆုမွန်တောင်းလျှက်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ကဗျာ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း စက်တင်ဘာ ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်