အားလုံးကောင်းပါသည် အိုဘာမား

November 18, 2012

နိုင်ဦးညို (ဖိုးဇီးရိုး)
နိုဝင်ဘာ ၁၈၊ ၂၀၁၂
ကျေးဇူးပါ အိုဘာမား
ကြိုဆိုပါတယ် အိုဘာမား
ခင်ဗျားလာမယ်ဆိုတဲ့
ရန်ကုန်တက္ကသိုလ်ဆိုတာ
ကျုပ်တို့သိပ်ချစ်ခဲ့တဲ့နေရာ …။

ခုတော့ တစပြင်လိုဖြစ်နေတဲ့နေရာမှာ
ခင်ဗျားလာမယ်ဆိုတော့
ဆေးတွေတောင်သုတ်လို့တဲ့
ဆေးတွေသုတ်တာကောင်းပါတယ်
သန့်ရှင်းရေးလုပ်တော့ကောင်းတာပေါ့ …။

ပိုပြီးကောင်းသွားအောင်တော့
ခတ်ထားတဲ့သော့တွေ
ကာထားတဲ့သံတိုင်စည်းရိုးတွေ
ခင်ဗျားရိုက်ချိုးနိုင်ခဲ့ရင်တော့
ကျေးဇူးပါအိုဘာမား …။

ကျုပ်တို့ရဲ့မဟာတက္ကသိုလ်ကို
ခင်ဗျားတို့ဆီက မဟာ့မဟာတက္ကသိုလ်ဆိုတာတွေနဲ့
ချိတ်ဆက်ပြီး အဆင့်တွေမြှင့်ကြတော့မယ်တဲ့
ကောင်းတာပေါ့အိုဘာမားရေ
ခင်ဗျားတို့ဆီက အဆင့်မြင့်ပညာတွေကို
ခင်ဗျားတို့ဆီက အဆင့်မြင့်ပညာရှင်တွေနဲ့
ကျုပ်တို့ဆီက အဆင့်မြင့်သားသမီးတွေအတွက်သာဆိုရင်တော့
ဒါလည်းကောင်းတာပါဘဲ အိုဘာမားရေ၊

ကျုပ်တို့တိုင်းပြည် ကျုပ်တို့လူမျိုးရဲ့
၈၀ ရာခိုင်နူန်းက လယ်သမားတောင်သူတွေလို့
စာတွေထဲမှာ ဖတ်ဖူးခဲ့ပါတယ်
ဒါလောက်တော့ ခင်ဗျားပိုသိမှာပါ
လယ်သမားသားသမီးတွေအတွက်
အသစ်ဆောက်ထားတဲ့လယ်ကွင်းတွေနားက
ယိုင်နဲ့နဲ့ တက္ကသိုလ်အသစ်တွေကိုလည်း
မြွေပါးကင်းပါး ကင်းအောင်လေးတော့
ကြိုးစားအဆင့်မြှင့်နိုင်ဖို့
အကြံလေးများပေးခဲ့ပါအုံး အိုဘာမား …။

တခုတော့ခွင့်လွှတ်ပါအိုဘာမားရေ
တကယ်တော့ခင်ဗျားကိုဧည့်ခံချင်တာ
ဦးချစ်လက်ဘက်ရည်ကျကျ တခွက်နဲ့ပါ
ခုတော့သမိုင်းဝင်ဦးချစ်လည်း
သမိုင်းထဲမှာဘဲထားခဲ့ရပြီးပြီမို့
ဗဲးရီးဆောရီးဘဲ အိုဘာမားရာ …။

ဒါပေမဲ့ ပြောနေကြအတိုင်း
အားလုံးကောင်းပါသည်ပေါ့ …
………
……
……

အိုဘာမားခင်ဗျား …။   ။

သရုပ်ဖော်ပုံအား ဤနေရာမှ ရယူပါသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ကဗျာ

One Response to အားလုံးကောင်းပါသည် အိုဘာမား

  1. myo khaing on November 19, 2012 at 10:18 am

    great poem, direct hit,some one can translate & tweet to O”BURMA.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ မိုးမခစာအုပ်စင်၊...

Read more »

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ

By

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ (မိုးမခစာအုပ်စင်) ဇန်န၀ါရီ ၃၁၊ ၂၀၁၉...

Read more »

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ်

By

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ် (မိုးမခစာအုပ်စင်) ဒီဇင်ဘာ ၂၆၊ ၂၀၁၈...

Read more »

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)