သပိတ်မပိုသည့်……. အမာရီလို

November 22, 2012

အရှင်နန္ဒ၀ံသ
နိုဝင်ဘာ ၂၂၊ ၂၀၁၂
ဟို…ရှေးထုံစံ တယူသန်တို့
အမေရိကန်ဆိုရင် မြတ်ရှင်သာသနာ မထွန်းပါ၍
ရှစ်ဖြာရပ်ပြစ် ပစ္စန္တရစ်မှာ
တခုပါဝင်၊စိတ်စွဲထင်ခဲ့….. ဆိုတုံခဲ့၏….

ချမ်းသာပြည့်စုံ၊ နတ်တို့ဘုံသို့  ပေါ..ဂုဏ်ဓန၊ ကြွယ်ဝကြလို့
သွားချင်ကြသူ နေချင်သူတွေ …ရာကုဋေလေ ..
ကမ္ဘာ့ထိပ်သီးနိုင်ငံကြီးမို့ ဘုန်းမီးနေလ လွန်တောက်ပသလို၊
မှီခိုနေသူ၊ များဗိုလ်လူတို့ ကမ္ဘာ့ပြင်ထွက်..ဂြိုလ်ထက်အရောက်
ခရီးပေါက်အောင် စွမ်းဆောင်ခဲ့ဘိ..သမိုင်းအရှိ ..

ပြည့်ဝသည့် ပညာ…လောကမှာထိပ်.. တကဲ့ဒိပ်ပါ…အင်္ဂါဂြိုလ်တိုင် တက်ရောက်နိုင်ခဲ့…
ချမ်းသာသည်မှာ…ကမ္ဘာထိပ်သီး နိုင်ငံကြီးပါ..  ရွှေငွေဥစ္စာ ရတနာ ..ဟူသမျှ …ရနိုင်စွ..ခဲ့
သို့သော်လည်းလေ …အမိ မြန်ပြည်လို .. သုံးထွေရတနာ ..မထွန်းပါ၍…
အထက်ကကဲ့ …..ဆိုတုံခဲ့ထင်… ယခုလျှင်မူ…

လာ လယ်ကြည့်စမ်း… ရှု့လှည့်စမ်း အဆွေ…။
အမေရိကန်မြေ၏ ပြည်နယ်ထိုထို…
မြို့တိုင်းလိုမှာ.. မှီခိုတည်နေ ..မြန်မာပြည်ဖွား မြန်မာများက
ဘုရားစေတီ ကျောင်းတွေတည်၍ မြတ်ထေရ် သံဃာ မြောက်များစွာကို

ကြည်ညိုလေးမြတ် ပင့်ဖိတ်လတ်ပြီး ဆည်းကပ်ဝတ်တွား
ဟောတရားနာ ကျင့်နိုင်လာသမို့… တရားလဲမြင် ဘုရားမြင်…
မြတ်ရှင်သာသနာ ..ထွန်းပါပြီ… ရပ်ပြစ် (၈) ပါး  လွတ်ပါပြီ

သာသနာကို ၊ ကြည်ညိုလေးမြတ် ၊ ဆည်းကပ်သူပေါင်း ၊ရာထောင်သောင်းကြောင့် …
ကျောင်း..ကန်..ဘုရား သံဃာများတို့ တိုးပွားအစဉ် …
အမေရိကန်တွင်.. ဆွမ်းခံလို့လဲ ရသည်ပင် ကုသိုလ်တိုးလို့ ပြုံးပျော်ရွှင်…။

အမေရိကန်မှာ ရဟန်း ပရိက္ခရာ သပိတ်ဆိုတာလဲ အပိုပဲလျှင် တွေးမ၀င်နဲ့…
တက္ကဆက်ပြည်  တောင်ပိုင်းဆီက ၊ အမာရီလိုမြို့ မှီခိုလို့နေမြန်မာတွေက
ပြည့်ဝသဒ္ဓါ စေတနာနှင့် ပိဏ္ဍပါတ်ဆွမ်း၊  လောင်းလှူဒါန်းပြီ..
ရဟန်းတို့လဲ ဆွမ်းခံပြီ ..သပိတ်တွေလဲ မပိုပြီ ။

အရှင်နန္ဒ၀ံသ
ဇေယျသုခ ဓမ္မရိပ်သာ
Amarillo,Tx ,U.S.A


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ကဗျာ

One Response to သပိတ်မပိုသည့်……. အမာရီလို

  1. အောင်ဝင်းလတ်-သင်းသင်းမြတ် မိသားစု မလေး၇ှား on November 22, 2012 at 10:56 am

    အ၇ှင်ဘု၇ားကိုမဖူး၇တာကြာပြီမိုတပည့်တော်မအခုပုံကိုဘဲ၇ှိခိုးကန်တော့လိုက်ပါတယ်ဘု၇ား။အ၇ှင်ဘု၇ားကျန်းမာပါစေ။သာသနာအကိုးပိုပြီးဆောင်၇ွက်နိင်ပါစေဘု၇ား

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ

By

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ (မိုးမခ)...

Read more »

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

Junior Win ၏ My Life will go on (အင်္ဂလိပ်ဘာသာ၊ ရုပ်စုံ) စာအုပ် ထွက်ပါပြီ

By

  Junior Win ၏ My Life will go on...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ

By

  ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ (မိုးမခ) ဇူလိုင်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်