အယူသီးမှုကိုချိုးဖောက်မည့် ၂၀၁၃ ကျော်သူ့ပြက္ခဒိန်

ကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်)
နိုဝင်ဘာ ၂၈၊ ၂၀၁၂

နှစ်ဟောင်းထားရစ်ခဲ့ကာ နှစ်သစ်ကို ကျော်ဖြတ်တော့မည်ဖြစ်သည်။ နိုင်ငံတော်အတွက်၊ အများ ပြည်သူအတွက်၊ မိသားစုအတွက် မည်မျှပေးဆပ်မှုများ ရှိစေကာမူ ယခုနှစ်သစ် 2013 ခုနှစ်အတွက် မည်တွင်မည်မျှ ပေးဆပ်ရဦးမည်ကို ကြိုတင်သတိနှင့် သိရှိဖို့လိုသည်။
အတိတ်ကဖြစ်ရပ်သည် ယခုပစ္စုပ္ပန်တွင် (တာ)သွားခြင်း (၀ါ) သမိုင်းမှတ်တိုင်ထူခဲ့ ခြင်းတို့ကိုယူခဲ့ ရပြန်သည်။ ထိုသို့သော အတိတ်မှဖြစ်ရပ်များ၊ အတိတ်မှအာဇာနည်ကြီးများ၊  အတိတ်မှပညာရှင်ကြီးများ၊ အတိတ်မှစာပေ၊ ဂီတ၊ ရုပ်ရှင်နှင့် သဘင်သည်ကြီးများ၊ အတိတ်မှ နိုင်ငံ့အာဇာနည်ကြီးများ၊ နိုင်ငံရေး သမားကြီးများ၏ ကမ္ဘာမြေပြင်မှ ထွက်ခွါသွားခဲ့ကြသည့် နောက်ဆုံးနေ့ရက်များကို ယခုပစ္စုပ္ပန်တွင် အမှတ်တရရှိနေစေရန်၊ ဂုဏ်ပြုပွဲများ ပြုလုပ်နိုင်ရန်ရည်ရွယ်ပြီး ယခု Kyaw Thu First Breakout 2013 Calendar အား ကျွန်တော်ထုက်ဝေ လိုက်ပါတော့သည်။

ဆရာတော်ကြီးများ၏ သြဝါဒအဆိုအမိန့် စကားရပ်များ၊ တိုင်းပြည်ခေါင်းဆောင် လူမှုရေးသမား များ၏ လက်စွဲဆောင်ပုဒ်များဖြင့် ဖိုးချို (ခ) မောင်မောင် (ခ) ကျော်ဝင်း (ခ) ရုပ်ရှင်သရုပ်ဆောင်မင်းသား/ ဒါရိုက်တာ ကျော်သူ (ခ) လူမှုရေးသမားကျော်သူ၏ ဘဝဖြတ်သန်းမှု ပေးဆပ်မှုပုံရိပ်လွှာများဖြင့် ဖော်ကျူး ရိုက်နှိပ်ထားသော (17 x 25) လက်မဆိုဒ် ၂ဝ၁၃ ခုနှစ် ပြက္ခဒိန်ဖြစ်လေသည်။

မြန်မာနိုင်ငံတွင်သာမက  ကမ္ဘာ့နိုင်ငံအသီးသီးရှိ မြန်လူမျိုးများအတွက် သိမ်းဆည်းထားသင့်သော တိုင်းပြည်နိုင်ငံအကျိုးကို စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ကြသည့် ရဟန်းသံဃာ၊ လူပုဂ္ဂိုလ်ကြီးများ၏ နောက် ဆုံးကမ္ဘာမြေပြင်မှ ထွက်ခွါသွားသော နေ့ရက်များကို လက်လှမ်းမှီသလောက် မှတ်သားဖော်ကျုးထား၍ ထူးခြားသည့် ပြက္ခဒိန်လည်းဖြစ်သည်။ သို့သော် ကျွန်တော်၏ ပြက္ခဒိန်တွင် ရက်ရာဇာ၊ ပြဿဒါးနေ့ ဟူ၍ မပါရှိပေ။ “ကုလိုလ်လုပ်သည့်နေ့သည်ကား … ရက်ရာဇာ။ အကုသိုလ်လုပ်သည့် နေ့သည်ကား … ပြဿဒါး” မဟုတ်ပါလား။

 

အယူသီးခြင်းကို လက်မခံသူများ၊ အယူသီးမှုကို ချိုးဖောက်မည့်သူများအနေဖြင့် မှာကြားလိုပါက နာရေးကူညီမှုအသင်း(ရန်ကုန်) တယ်လီဖုန်း – ၅၈ဝ၁၃၃၊ ဝ၉ ၈၆ ၄ဝ၂၂ဝ၊ ဝ၉ ၇၃ဝ ၃၁၁၈၂  (သို့) အီးမေးလ် info@ffssyangon.org သို့တိုက်ရိုက်ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါသည်။ ရရှိသည့် အကျိုး အမြတ်များအား လူမှုရေးလုပ်ငန်းများအတွက် အသုံးပြုသွားမည်ဖြစ်ပါ၍ 2013 Year Kyaw Thu’s First Breakout Calendar အားဝယ်ယူအားပေးခြင်းဖြင့် ကုသိုလ်ပါဝင်နိုင်ကြပါရန် နှိုးဆော်လိုက်ရပါသည်။

ယင်းပြက္ခဒိန်၌ ဖော်ပြထားရှိသော ရဟန်းသံဃာများ၊ လူပုဂ္ဂိုလ်ကြီးများ၏ ကမ္ဘာမြေမှ နောက်ဆုံး ထွက်ခွာသွားကြသော နေ့ရက်များအား အချိန်ပေး၍ ဝိုင်းဝန်းကူညီ ရှာဖွေပေးခဲ့ကြသော ဦးဝင်းငြိမ်း (အလင်းတန်း၊ ရွှေအမြုတေ)၊ ကိုမျိုး(မြန်မာစာ)၊ ဦးချစ်သန်းမြင့်၊ အလင်းဆက်(IR)၊ ကိုကျော်ဝဏ္ဏ (မာကျူရီ)၊ ပန်းချီမင်းကျော်ခိုင်(NewYork)၊ ဦးစန်းအောင်(USA)၊ မင်းခန့်ကျော်(A.M.S)၊ ကျော်ဟိန်း (F.F.S.S)၊ ဇွဲမဟိဏ်ခ (F.F.S.S)၊ ရောဘတ်အောင်(F.F.S.S)၊ ဇာနည်ထက်(F.F.S.S)၊ ဝေယျာအောင်မြင့် (F.F.S.S) တို့အား အထူးကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်လိုက်ရပါသည်။

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ကျော်သူ နဲ့ နာရေးကူညီမှုအသင်း

Comments are closed.

MOney Transfer to Burma with Western Union

Sponsored Ads

မိုးမခမှာ ကြော်ငြာပါ

မိုးမခနေ့စဉ် အီးမေးသတင်းလွှာ ရယူပါ

Subscribing to Moemakadaily
Your email address:

Your name (optional):

You may enter a privacy password below.
Create your PASSWORD here

Reenter password to confirm:


မိုးမခမှာ အသစ်တင်တိုင်း သင့်အီးမေးထဲကို အရောက်ပို့မယ်။

Join 531 other subscribers

မိုးမခမာတိကာစဉ်

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

စာဖတ်သူတွေ ကူတာ၊ လှူတာနဲ့ မိုးမခ ရပ်တည်ပါတယ်



$

Twitter: moemaka