တရုတ်ကျေးဇူး မြင့်မိုရ်ဦး (သျှိုးလိုက်ရတု)

ကယ်ပါတိုင်းသား
နိုဝင်ဘာ ၂၈၊ ၂၀၁၂

တရုတ်ကျေးဇူးမြင့်မိုရ်ဦး အထူးသိတတ်စွာ။
ကျွန်တော်အောင်မင်း၊ အဆိုသွင်းသည်၊ ပြည်နှင်းဆပ်ကြပါဟု… သျှိုး။

လက်ပံတောင်းနှင့် တောင်ပေါင်းများစွာ။
ရှင်တော်ရွှေဘုန်း၊ တောင်ခေါင်းအုံးကာသာ။
ထုံးဖွေးဖွေးနှင့် အေးအေးလူလူ၊ စံတော်မမူကြပါနှင့်။ သျှိုး ။

ရွှေပြောင်ပြောင်နှင့် တောင်ပေါ်ဘုရားတို့လေ။
တောင်အောက်သင့်ရာ၊ ရွှေ့ကြပါဟုမိန့်စာပို့ပြီ ငါတို့ကျေးဇူးရှင်တွေဖို့ …သျှိုး။

ဓာတ်ငွေ့လှိုင်ကြွယ်၊ ရခိုင်ရယ်တဲ့ရွှေနယ်။
ဓာတ်ငွေ့မသုံး၊ ပြည်လုံးမှောင်ကြီးကွယ်။
ကျေးဇူးရှင်များ၊တန်ခိုးထွားအောင် ပိုက်များသွယ်ကြီးသွယ်၍ … သျှိုး။

ကချင့်ကျောက်စိမ်း၊ ကမ္ဘာဟိန်း။
ဟိန်းပါသော်လဲ၊ ဒို့ငမွဲနှင့်၊ တန်လဲတန်နိုင်ပါ။
ကျေးဇူးရှင်တို့၊ ဆင်ကြပါစေ၊ ကျောက်စိမ်းသွေးနှင့်၊ အေးပါစေဟု … သျှိုး။

ချင်းတွင်းရယ်တဲ့သံလွင်
ဧရာဝတီလဲ ပါမည်ပင်
မြစ်မှန်သမျှ ဘတ်ကြိုးစင်
လျှပ်စစ်ထွက်ရင် တရုတ်ပြည်ပို့
သူ့ကုန်ချောမှ ဝယ်ကြစို့။
ကျေးဇူးရှင်တို့၊ ကြွေးဆပ်ဖို့… သျှိုး။

ရွှေတွေထွက်ပြီ တရုတ်ဆီ။
သစ်တွေထွက်ပြီ၊ တရုတ်ဆီ။
ဆန်တွေထွက်ပြီ၊ တရုတ်ဆီ။
သရက်တွေသီးပြီ၊ တရုတ်ဆီ။
ဖရဲတွေသီးပြီ၊ တရုတ်ဆီ။
ပဲတွေထွက်ပြီ၊ တရုတ်ဆီ။
ပြည်ကိုလဲယူ၊ လူလဲယူ၊ ကြည်ဖြူပါသည်၊ ကြည်ဖြူသည်ဗျ .. သျှိုး။

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ကဗျာ

3 Responses to တရုတ်ကျေးဇူး မြင့်မိုရ်ဦး (သျှိုးလိုက်ရတု)

  1. mgoogyaw on November 28, 2012 at 11:19 pm

    very very good. Burma is become one of the China division.We have to thank Chinese as our Thaye Zu Shin. Wan swe Wan swe,Par Par, Ar Shu, Ah Tae …doe yay.

  2. မောင်ပျာလောင် on November 29, 2012 at 5:02 am

    ကယ်ပါတိုင်းသားရဲ့ တရုတ်ကျေးဇူး မြင့်မိုရ်ဦး (သျှိုးလိုက်ရတု) ကို အားကြပြီး ကျနော်ဖတ်ဖူးတဲ့ စာဆိုရှင်ကြီးဦးပုည ရဲ့ စေတီယဖွားဖက်တော် (စစ်ဗိုလ်ကြီးများ ကလိန်ဖွဲ့ တေးထပ်ခလေး) ကူးပေးလိုက်ပါတယ်၊ မလိန်တပ်တဲ့စစ်ဗိုလ်များ ဖတ်ကြည့်ပါ – - – စေတီယ လက်ထက်က၊ ဖွားဖက်တော်ရဲဗိုလ်၊ မဟုတ်မှသူဆိုတယ်၊ တကိုယ်လုံးမုသား၊ အလွဲမျာ့း ဘုရင်ငယ်၊ အလိမ်တွင်မင်းတရာ့ဖျား၊ အမှားမျာ့းဥသျှောင်ငယ်၊ အကောက်တောင်ပိုင်စား၊ သင်္ဘောပါ မှန်ကုန်များကို၊ မှားခေါ်လို့ ရောင်းစေ၊ မှန်ဆိုလျှင်အာကိုဖဲ့စေဟု၊ မောင်းလှည့်မယ့်လူစားပါပေတစ်မိုး၊ အောက်လူ့ ပြေမှာ သည်တဖေတပါးသာဖြင့်၊ မုသားစောင်ဖြူခြုံ၊ ပိန်းပိတ်လို့ မှုန်၊ မျက်လှည့်ကြီးညာဏ်စုံတယ်၊ လှည့်စားပုံဆန်းပေငဲ့လေး – -
    (စာမျက်နှာ ၉၆၊ ဦးပုည၏ စာပန်းကုံးများ – ဒုတိယတွဲမှ)။
    စစ်ဗိုလ်ကီးများ လိမ်တာလေ၊ ၀တို့ လိမ်တာမဟုတ်ဖူး၊
    စစ်ဗိုလ်ကီးများ ရောင်းတာကြောင့် ၀တို့ ဝယ်တာလေ၊
    စစ်ဗိုလ်ကီးများ အတွက် စုဘူးကို ၀တိုစောင့်ရှောက်ပေးထားတာလေ၊
    ဥပိုင်က သူ့ မှာရှိတဲ့ ဥတွေရောင်းတာလေ၊ ၀တို့ တန်ရာတန်ဘိုးပေးဝယ်တာဘဲ၊
    စစ်ဗိုလ်ကီးတွေ လာရောင်းတဲ့ကုန်တွေက သူခိုးဈေးကလာတာ ၀တို့ ဘယ်သိမလည်း၊
    ၀တို့ ကိုဘဲ အပစ်ပုံချနေတယ်၊ လု့ တို့ စစ်ဗိုလ်ကီးတွေကိုတော့ ချိုမိုင်မိုင်လတု ကပြနေတုံးဘဲလား – - -

  3. min thein kyaw on November 29, 2012 at 8:29 am

    တရုပ်ကြီးက ဗိုလ်ချုပ်တွေရဲ့ကျေးဇူးရှင်နံပါတ် ၁။ ဒါပေမဲ့ ပြည်သူ့ရန်သူနံပါတ် ၁။

MOney Transfer to Burma with Western Union

Sponsored Ads

616524_WATER WALKERS

မိုးမခမှာ ကြော်ငြာပါ

MOney Transfer to Burma with Western Union

မိုးမခနေ့စဉ် အီးမေးသတင်းလွှာ ရယူပါ

Subscribing to Moemakadaily
Your email address:

Your name (optional):

You may enter a privacy password below.
Create your PASSWORD here

Reenter password to confirm:


မိုးမခမှာ အသစ်တင်တိုင်း သင့်အီးမေးထဲကို အရောက်ပို့မယ်။

Join 531 other subscribers

မိုးမခမာတိကာစဉ်

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

စာဖတ်သူတွေ ကူတာ၊ လှူတာနဲ့ မိုးမခ ရပ်တည်ပါတယ်



$

Twitter: moemaka