လယ်သမား၊ အလုပ်သမားဘ၀ ..

ဇော်အောင် (မုံရွာ)
နိုဝင်ဘာ ၂၈၊ ၂၀၁၂

 

ဦးမောင်လှ၊ဒေါ်ခင်ကြီးတို့ကတော့ တိုက်ကြီး၊ကားကြီးနဲ့ကွာ..။ သားသမီးတွေကလည်း ပညာတတ်၊ နိုင်ငံခြားပြန်၊ လှုဒါန်းနိုင်တယ်။ ငွေကြေးချမ်းသာတယ်။ စီးပွားရေးလုပ်ငန်းရှင်ကြီး..လို့ ပြောကြတယ်။ ဦးမေတ္တာနဲ့ဒေါ်ခင်နှောင်းတို့ကတော့ ရတာလေးနဲ့ဝအောင်စား၊ ရှိတာလေးနဲ့လှအောင်ဝတ်၊ သားသမီးတွေလည်း သာမန်အတန်းစား၊ မလှုနိုင်ပေမဲ့ လူကိုယ်တိုင် ကူညီ၊အားပေးလေ့ရှိပါတယ်။

ဦးမောင်လှဘ၀လိုချင်သလား၊ ဦးမေတ္တာဘ၀ လိုချင်သလား..မေးကြည့်ရင်၊ လူငယ်တိုင်းနီးပါးရဲ့ အဖြေကတော့ ..ရှင်းပါတယ်။ ဦးမောင်လှ ကိုပဲ အားကျပါတယ်။

ဒီတော့ ဦးမောင်လှအကြောင်း နည်းနည်းရေးပါမယ်။ ငွေကြေးဓနကြွယ်ဝသောနိုင်ငံအကြောင်းပါ။

လယ်ယာလုပ်ငန်းလုပ်သူများဟာ ဟိုး..ကမ္ဘာဦးကတည်းက ဆင်းရဲသားအဆင့်မှာပဲရှိပါတယ်။ အခုခေတ်  စီးပွားရေးပညာရှင်များ သတ် မှတ်တဲ့ ကဏ္ဍ(၃)ရပ် ခွဲခြားစိတ်ဖြာနည်းအရဆိုရင် ဆင်းရဲနိုင်ငံများဟာ လယ်ယာလုပ်ငန်းလုပ်သူများပါတယ်။ ချမ်းသာနိုင်ငံများဟာ ၀န်ဆောင်မှု (Services) လုပ်တဲ့လူ များပါတယ်။

အောက်ပါ ဇယား (CIA Facts) ကနေ နှိုင်းယှဉ်ကြည့်ရင်  .. မြန်မာနိုင်ငံဟာ လယ်ယာစိုက်ပျိုးတဲ့လူ အများဆုံးဖြစ်နေပါတယ်။ စက်မှုလယ် ယာအဆင့်ကို ကိုးရီးယား၊ အမေရိကန်တို့ လုပ်ဆောင်နေပေမဲ့ မြန်မာ၊ ဗီယက်နမ်၊ တရုပ်တွေမှာတော့ နွားနဲ့ထွန်တဲ့ခေတ် ရှိနေဆဲ့၊ အများဆုံးသုံးနေဆဲဖြစ်တာတွေ့ရပါတယ်။ တကယ်တော့ လယ်သမား၊ အလုပ်သမားဘ၀ဟာ အဆင်းရဲဆုံးဖြစ်ပြီး၊ ကြိုးစားသူ ၁၀ယောက်၊ တစ်ယောက်ပဲ လယ်ပိုင်ရှင်၊ အလုပ်ရုံပိုင်ရှင် ဖြစ်လာလေ့ရှိပါတယ်။

အထက်ပါဇယားကို သုံးသပ်ရရင်
၁။ တဦးချင်းဝင်ငွေ အများဆုံးမှာ စင်ကာပူနှင့်အမေရိကန်တို့ဖြစ်သည်။ စင်ကာပူသည် အစိုးရကချမ်းသာနေပြီး၊လူထုမှာ မချမ်းသာပါ။ အမေရိကားသည် တကယ်ကြွယ်ဝသော်လည်း အလုပ်လက်မဲ့ပေါလှပါသည်။

၂။ ချမ်းသာနိုင်ငံအဆင့်သို့ တက်လှမ်းလာသော ကိုးရီးယားသည် တဦးချင်းဝင်ငွေတွင်၊ ထိုင်းနိုင်ငံထက်ပင် ၃ဆ မြင့်မားနေပါသည်။ လယ်ယာလုပ်ငန်း ၆%မျှသာ လုပ်ကိုင်ကြပြီး၊ ၀န်ဆောင်မှုကို ၆၉%လုပ်ကိုင်ကြပါသည်။

၃။ အနိုမ့်ဆုံးနိုင်ငံတွင် မြန်မာပြည်ပါနေပါသည်။ ဗိယက်နမ်ပင်လျှင် ၀င်ငွေ၂ဆခွဲခန့် မြန်မာထက်များနေပါသည်။ မြန်မာလယ်သမားများ မြို့တက်အလုပ်လုပ်ရန် ..စက်မှုလုပ်ငန်းမဖွဲ့ဖြိုးသေးပါ (စက်ရုံလာရောက်ရင်းနှီးမည့် ကုမ္ပဏီများစွာ လိုနေပါသည်)

၎။ ထိုင်းနိုင်ငံသည် အလုပ်လက်မဲ့ အနည်းဆုံးဖြစ်သည်။ ၀.၇% ဆိုသည်မှာ အံ့ဖွယ်ဖြစ်သည်။ အလွန်အလုပ်ပေါသောကြောင့် မြန်မာများစွာ သွားရောက်လုပ်ကိုင်နေခြင်းဖြစ်သည်။

● ငွေလား၊ စိတ်ချမ်းသာမှုလား..
တိုင်းပြည်တိုးတက်ဖို့ဆိုရင် ရောင့်ရဲတင်းတိန်စိတ်ပျော်ရွှင်တဲ့ (စိတ်၊၀ိညာဉ်ပိုင်းဆိုင်ရာ) ကို အဓိကထားမလား၊ ငွေကြေးနဲ့စိတ်ပျော်ရွင်စေတဲ့ (ရုပ်ဝတ္တုပိုင်းဆိုင်ရာ) ကို အဓိကထားမလား မေးခွန်းကောင်းတခုပါပဲ။

တကယ်တန်းရေးချင်တာကတော့ စိတ်ဝိညာဉ်၊ ကြွယ်ဝရေးကို အဓိကထားရေးချင်ပါတယ်။ စိတ်ဝိညာဉ်ပိုင်းဆိုင်ရာ ကျေနပ်သူများတဲ့ ဘရာဇီး၊ ဖိလစ်ပိုင်၊ ဗိယက်နမ် လူမျိုးတွေကို အတုယူမလား၊ ငွေကြွယ်ဝချမ်းသာတဲ့ ဂျပန်၊အမေရိကန်၊ စင်္ကာပူတွေကို  နမူနာယူမလား၊ ထိုင်းနိုင်ငံလို ဘ၀မျိုးကို ကြိုက်နှစ်သက်သလား…။ Happy Planet Index (HPI) ဆိုတဲ့ အပျော်ရွှင်ဆုံးနိုင်ငံများကို နှစ်စဉ်ရွေးချယ်တဲ့အခါ အလယ်ပိုင်းအမေရိကားတိုက်က နိုင်ငံများဟာ ထိပ်ဆုံးမှာရပ်တည်ပါတယ်။ ကိုစတာရီကာ၊ ကိုလံဗီယာ၊ အယ်ဆာဗေဒို၊ ဂျာမေကာ၊ ပနားမား၊ နီကွာရာဂါ စတဲ့နိုင်ငံများကြားမှာ ဗီယက်နမ်နိုင်ငံဟာ ဒုတိယအဆင့်ကို တက်လာတာလည်း အံ့သြစရာတစ်ခုပါ။ ပိုက်ဆံချမ်း သာပါတယ်ဆိုတဲ့ စင်ကာပူနိုင်ငံသားများဟာ စိတ်မချမ်းသာဘူးဆိုပဲ..အဆင့်၉၀မှာ ရှိနေတာတွေ့ရပါတယ်။ အမေရိကန်က အဆင့် ၁၀၆ ၊ မြန်မာပြည်က အဆင့် ၆၀။ HPI အပျော်ရွှင်ဆုံးနိုင်ငံသား ရွေးချယ်မှုအရဆိုရင် မြန်မာပြည်မှာနေထိုင်သူများက အမေရိကန်၊စင်ကာပူမှာ နေထိုင်သူများထက် စိတ်ချမ်းသာတယ်..တဲ့။ http://www.happyplanetindex.org/assets/happy-planet-index-report.pdf

လူတွေက နှစ်သိမ့်ပေမှုမှာ၊ ငွေကြေးပေးမှုကို သဘောကျပါတယ်။ ခရစ်ယာန်ကျမ်းစာမှာတော့ နိုင်ငံတော်နဲ့ဖြောင့်မတ်ခြင်းကို ရှေးဦးစွာရှာပါ။ ကျန်တဲ့ ထိုအရာ ဆိုတဲ့ ငွေကြေး၊ပစ္စည်းပိုင်ဆိုင်မှုများကို နောက်မှပေးတော်မူလတ္တံ့  လို့ရေးထားပါတယ်။

 
 ● အခြေခံ၊ အလုပ်သမား၊ လယ်သမားများအတွက် ကွန်မြူနစ်ပါတီတံဆိပ်
အမှန်တကယ်မလုပ်နိုင်ခဲ့ပါ။ Ideal ၀ါဒ (စိတ်ကူးယဉ်ဝါဒ) ဟုပြောနိုင်ပေမဲ့ ရာစုနှစ်တ၀က်လောက် ထိ အံ့သြဘွယ် ကွန်မြူနစ်စနစ်အောင်မြင်ခဲ့ပါတယ်။ ၁၉၉၀ နောက်ပိုင်းမှာ ကွန်မြူနစ်ဝါဒ ကျဆုံးသွားခဲ့ပါတယ်။ မြန်မာနဲ့အိမ်နီးချင်း ထိုင်းနိုင်ငံမှာ လယ်သမားများကို အမြဲအားပေးတဲ့ သူဌေးကြီးတာဆင်..၀န်ကြီးချုပ်ဘ၀ထိ တက်လှမ်းခဲ့ဖူးပါတယ်။

● လယ်သမားများအတွက် အလိုအပ်ဆုံးအရာ
လိုအပ်တဲ့ ချေးငွေကို ထုတ်ပေးဖို့ အစိုးရက ဆောင်ရွက်ပေးပါတယ်။ အထူးသဖြင့် လယ်သမား အမျိုးသမီးများကိုပဲ ငွေထုတ်ချေးတဲ့ ဘင်္ဂလားဒေ့ခ်ျနိုင်ငံက Muhammad Yunus ဆိုသူ၊ ပါမောက္ခတစ်ဦးဟာ ၂၀၀၆ ငြိမ်းချမ်းရေးနိုဘယ်ဆုကို ရရှိသွားခဲ့ပါတယ်။ သူတည် ထောင်ခဲ့တဲ့ Grameen ဘဏ်ဟာ လယ်သမားများဘ၀ကို မြှင့်တင်တဲ့ ကောင်းမွန်တဲ့ရည်ရွယ်ချက်ပါပဲ။ အခု ၁၀နှစ်မကြာမီ အဲဒီဘဏ် ကြီးဟာ ထုံးစံအတိုင်း၊ အမြက်များများရတဲ့ စက်မှု၊လုပ်ငန်းရှင်၊ ငွေရှင်များရဲ့ ဘဏ်ဘ၀ကို ရောက်သွားပါပြီ။ လယ်သမား အကျိုးလုပ် တယ်ဆိုတာ .. ရေရှည်တောင့်ခံဖို့ မလွယ်လှပါဘူး။

ဒါကြောင့် လယ်သမားအရေးလုပ်ဖို့ဆိုတာ သူတို့ဘ၀ကို စာနာ၊သွားရောက်တွေ့ဆုံ၊ စာအုပ်တွေရေး၊ ရုပ်ရှင်တွေရိုက်၊ နှစ်စဉ်သွား ရောက်တွေ့ဆုံ.. ဟိုးရှေးဘုရင်များ လယ်ထွန်မင်္ဂလာတောင် နှစ်စဉ်လုပ်ရပါတယ်။..လူတိုင်း စာနာထောက်ထားရမဲ့ လယ်သမားတွေရဲ့ဘ၀ပါ။

တကယ်တော့ လယ်သမားများ စိတ်ဝိညာဉ် ကြွယ်ဝချမ်းသာကြပါတယ်..။

Burma Village - Burmese Food Catering

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:အတွေးအမြင်

Comments are closed.

MOney Transfer to Burma with Western Union

Sponsored Ads

Costumes

မိုးမခမှာ ကြော်ငြာပါ

မိုးမခနေ့စဉ် အီးမေးသတင်းလွှာ ရယူပါ

Subscribing to Moemakadaily
Your email address:

Your name (optional):

You may enter a privacy password below.
Create your PASSWORD here

Reenter password to confirm:


မိုးမခမှာ အသစ်တင်တိုင်း သင့်အီးမေးထဲကို အရောက်ပို့မယ်။

Join 531 other subscribers

မိုးမခမာတိကာစဉ်

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

စာဖတ်သူတွေ ကူတာ၊ လှူတာနဲ့ မိုးမခ ရပ်တည်ပါတယ်



$

Twitter: moemaka