အချစ်ဆုံးသူမ အလှဆုံးသူမ

ဇော်မျိုးထက်
နိုဝင်ဘာ ၂၉၊ ၂၀၁၂
ချစ်ရတဲ့
သူမ
သူ့အလှက
ဥရောပက
ကိုယ်ဟန်မယ်မလေးအလား
ခါးသေးရင်ချီ
ဘယ်ပန်းချီ
ရေးလို့မမှီခဲ့……………….။ဗိုင်းကောင်းကျောက်ဖိဘ၀နဲ့
လုံးကြီးပေါက်လှ
သူမက
ယဉ်စစနဲ့
အလှကြီးလှ
မြောက်ပိုင်းကလူ
သူ မျက်စေ့ကျခဲ့ပေါ့။

အိမ်တွင်းပုန်းခဲ့ရတဲ့
သူမဟာ
မျက်လွှာကိုချ
မျက်နှာချိုပြခဲ့ပေမဲ့
အရှက်သာပိုရ
သူမဘ၀က
သူပြုသမျှ
နုရပေတာလား။

ခြေတော်တင်ဖို့ကြံ
ခံခဲ့ရပေမဲ့
သူမက
သဘာဝအလှနဲ့
လှဆဲပဲ
သူမကိုသာ
မှုံနံသာ
ချယ်ကာသ
အလှပြင်ကာ
မြင်လိုက်ရရင်တော့
ဘ၀င်မှာစွဲ
ကမ္ဘာပေါ်မှာ
သူမသာ
အလှဆုံးဖြစ်မှာပဲ။

ကျားကြောက်လို့ရှင်ကြီးကိုး
သူကျားထက်ဆိုး
သူ့ကျားကွက်အမျိုးမျိုးနဲ့ပေါ့
သူ့အချိုးတွေက
သူ့တန်ခိုးတွေက
သြချလောက်ရဲ့ ။

ကျောက်ဖြူမှာ
နောက်လူမရအောင်
သူမရဲ့ သွေး
သူမနှေးစုပ်လို့
ငါ့ဖို့သာ
ငါ့ဖို့သာပဲတဲ့။

ချက်ကောင်းတစ်ခါ
လက်ပံတောင်းမှာ
သူဟာမရမက
လှပလွန်းတဲ့
သူမရဲ့ ရင်သား
ထွားထွားစို့စို့တွေ
သူနင်းချေရက်ခဲ့ပေါ့။

ဖြစ်ပုံအခက်ဟာ
မြစ်ဆုံတစ်ဘက်မှာ
သူရက်စက်တာများ
လက်တစ်လုံးခြား
ရမက်ဖုံးထားသမို့
အပျိုရည်ဖျက်ဖို့ကြံ
ကံသီနေလို့ပေါ့ ။

သူမအတွက်
တစ်သက်ခြုံစရာ
အရှက်လုံရုံသာ
ကျန်ပါတော့တဲ့
မြစိမ်းရောင်ကတ္တီပါ
ခြုံလွှာယဲ့ယဲ့
သူချွတ်ဖို့ကြံတယ်တဲ့။

ချောက်ကမ်းပါးက
သူမ
အကြိမ်ကြိမ်ကျကာနီး
ဆိုပြီးတော့
ဆိုပြီးတော့
အကိုကြီး
အကိုကြီးတို့လည်း
ဝင်ဝင်ပြီးတော့
ကယ်ခဲ့ကြပေါ့။

ချစ်ရတဲ့
သူမ
သူ့အလှက
ဥရောပက
ကိုယ်ဟန်မယ်မလေးအလား
ခါးသေးရင်ချီ
ဘယ်ပန်းချီ
ရေးလို့မမှီ
တကယ်ကိုမမှီိုခဲ့……………….။

ကျားကြောက်လို့ရှင်ကြီးကိုး
သူကျားထက်ဆိုး
သူ့ကျားကွက်အမျိုးမျိုးနဲ့ပေါ့
သူ့အချိုးတွေက
သူ့တန်ခိုးတွေက
သြချလောက်ဆိုရဲ့ 
အကိုကြီးတို့လည်း
ဒီအိမ်တော်ထဲက
ထွက်ခဲ့ကြပါတော့
သူမကိုသာ
တကယ်ချစ်ကြရင်ပေါ့။

ချောက်ကမ်းပါးက
သူမ
ကျကာနီး
ဆိုပြီးတော့
ဆိုပြီးတော့
အကိုကြီး
အကိုကြီးတို့လည်း
ဝင်ဝင်ပြီးတော့
မကယ်ကြပါနဲ့တော့။

ခြေတော်တင်ဖို့ကြံ
ခံခဲ့ရပေမဲ့
သဘာဝအလှနဲ့
သူမက
လှပဆဲပဲ…………
သူမကိုသာ
မှုံနံသာ
ချယ်ကာသ
အလှပြင်ကာ
မြင်လိုက်ရရင်တော့
ဘ၀င်မှာစွဲ
ကမ္ဘာပေါ်မှာ
သူမသာ
အလှဆုံးဖြစ်မှာပဲမို့
မယ်တို့
မောင်တို့
သုမကို အလှပြင်ကြစို့
မောင်တို့
မယ်တို့
သူမဘ၀ကို အလှဆင်ကြစို့။      ။

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ကဗျာ

Comments are closed.

MOney Transfer to Burma with Western Union

Sponsored Ads

မိုးမခမှာ ကြော်ငြာပါ

Interview with U Win Tin

မိုးမခနေ့စဉ် အီးမေးသတင်းလွှာ ရယူပါ

Subscribing to Moemakadaily
Your email address:

Your name (optional):

You may enter a privacy password below.
Create your PASSWORD here

Reenter password to confirm:


မိုးမခမှာ အသစ်တင်တိုင်း သင့်အီးမေးထဲကို အရောက်ပို့မယ်။

Join 531 other subscribers

မိုးမခမာတိကာစဉ်

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

စာဖတ်သူတွေ ကူတာ၊ လှူတာနဲ့ မိုးမခ ရပ်တည်ပါတယ်



$

Twitter: moemaka