လက်ပံတောင်းတောင်သပိတ်စခန်းများ အကြမ်းဖက်ဖြိုခွဲမှုကို ကန့်ကွက်ကြရန် မြန်မာတို့ တိုက်တွန်း


လက်ပံတောင်းတောင်သပိတ်စခန်းများ အကြမ်းဖက်ဖြိုခွဲမှုကို ကန့်ကွက်ကြရန် မြန်မာတို့ တိုက်တွန်း

မိုးမခအထောက်တော် ၀၀၂၊ နိုဝင်ဘာ ၂၉ ၊ ၂၀၁၂

မြန်မာပြည်အလယ်ပိုင်းရှိ လက်ပံတောင်းတောင် စီမံကိန်းကို ကန့်ကွက်သည့် ဒေသခံမြန်မာများ၏ သပိတ်စခန်းများကို ကြံ့ဖွံ့အစိုးရလုံခြုံရေးတပ်ဖွဲ့ဝင်များက ယနေ့နံနက်ခင်း  အကြမ်းဖက်ဖြိုခွဲခြင်းကို ပြည်တွင်း ပြည်ပရှိ မြန်မာမိသားစုများနှင့် အသိုင်းအ၀ိုင်းတို့က ၀ိုင်းဝန်း ကန့်ကွက်ရှုံချကြပါရန် ဆန်ဖရန်ဘေးဧရိယာရောက် မြန်မာ့အရေးလှုပ်ရှားသူများက  တိုက်တွန်းလိုက်သည်။

မြန်မာတပ်မတော်၏ ဦးပိုင်ကုမ္ဗဏီနှင့် တရုတ်နိုင်ငံက ၀မ်ပေါင်ကုမ္ဗဏီတို့ ဖက်စပ်ချုပ်ဆိုထားသည့် လက်ပံတောင်းတောင် ကြေးနီသတ္တုစီမံကိန်းကြောင့် ဒေသခံတို့၏ လူနေမှုဘ၀နှင့် သဘာဝပတ်ဝန်းကျင်များ ထိခိုက်ပျက်စီးခြင်း၊ အခွင့်အရေးများ ချိုးဖောက်ခံရခြင်း၊ ဆန္ဒထုတ်ဖော်မှုများကို ကန့်သတ်ဖိနှိပ်ခြင်းတို့ ဖြစ်ပွားလျက်ရှိရာမှ ဒေသခံပြည်သူတို့က သပိတ်စခန်းများ ဖွင့်လှစ်ပြီး ဆန္ဒထုတ်ဖော်ပြသနေခြင်းကို ကြံ့ဖွံ့အစိုးရက ယခုလို အကြမ်းဖက်နှိမ်နှင်းမှုများကို ဒေသခံများနှင့်အတူ ပြည်တွင်း ပြည်ပရှိ မြန်မာမိသားစုများ မိတ်ဆွေများက အတူတကွ ရပ်တည်ပြီး ဆန့်ကျင်ကြရန်၊ ကန့်ကွက်ရှုံချကြရန်၊ တရားဥပဒေစိုးမိုးမှု မျှတစေရေး တောင်းဆိုကြရန် တိုက်တွန်းပါကြောင်း ဆန်ဖရန်ဘေးဧရိယာဒေသခံ မြန်မာ့အရေးလှုပ်ရှားသူ ကိုညီညီသန်းက ပြောကြားသည်။

ငြိမ်းချမ်းစွာ ဆန္ဒပြထုတ်ဖော်သူများအပေါ် မြန်မာအစိုးရ၏ တရားဥပဒေမဲ့ အကြမ်းဖက်ဖြိုခွဲခြင်းကို ကန့်ကွက် ရှုံ့ချကြရန်

မြန်မာပြည်နှင့် ပြည်သူတို့၏ အကျိုးနှင့် တိုးတက်ရေးကို ကာကွယ်စောင့်ရှောက်ပြီး နှစ်ဦးနှစ်ဖက် တရားမျှတသည့်၊ ပွင့်လင်းမြင်သာမှုရှိသည့် စီမံကိန်းများအဖြစ် ပြုပြင်ဖော်ဆောင်ရေးကို မြန်မာအစိုးရနှင့် တရုတ်နိုင်ငံတို့ကို တိုက်တွန်းကြရန်

နိုင်ငံတကာရှိ အစိုးရများ အဖွဲ့အစည်းများ၊ အသိုင်းအ၀ိုင်းကလည်း မြန်မာပြည်သူများ၏ လူ့အခွင့်အရေး ချိုးဖောက်ခံနေရမှုများ၊ ဥပဒေမဲ့ ဖိနှိပ်ခံနေရမှုများကို ၀ိုင်းဝန်း ကာကွယ်ပေးရေး၊ မြန်မာအစိုးရကိုယ်တိုင် ဥပဒေစိုးမိုးရေးကို လိုက်နာဆောင်ရွက်ရန် ဖိအားပေး တောင်းဆိုကြရန်

ပြည်တွင်း ပြည်ပရှိ မြန်မာမိသားစုများ အသိုင်းအ၀ိုင်းအသီးသီးက ညီညီညွတ်ညွတ် လက်တွဲ ချိတ်ဆက်ပြီး ထိခိုက်နစ်နာသော ဒေသခံပြည်သူများနှင့် အတူ ရပ်တည်ကြရေး၊ အားပေးကူညီမှုများ တယောက်တလက် ဆောင်ရွက်ကြရေး ထုတ်ဖော်ကြရန်

စသည့် သဘောထားများရှိပါကြောင်း ဆန်ဖရန်ဘေးဧရိယာ မြန်မာ့အရေး လှုပ်ရှားသူတဦးဖြစ်သူ ကိုထွန်းမြတ်ဦးက မိုးမခသို့ ပြောကြားသည်။

နီးစပ်ရာ မြန်မာသံရုံး၊ ကုလသမဂ္ဂရုံး၊ တရုတ်သံရုံးများတွင် ကန့်ကွက်ဆန္ဒပြပွဲများကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်ကြရန် အဆင်သင့်ပြင်ထားရမည်ဟုလည်း တိုက်တွန်းလိုကြောင်း ကိုမိုးကျော်ကလည်း ထုတ်ဖော်ပြောဆိုလိုက်သည်။

http://moemaka.com/?s=%E1%80%9C%E1%80%80%E1%80%B9%E1%80%95%E1%80%B6%E1%80%B1%E1%80%90%E1%80%AC%E1%80%84%E1%80%B9%E1%80%B8%E1%80%B1%E1%80%90%E1%80%AC%E1%80%84%E1%80%B9&paged=2  (မိုးမခ၏ လက်ပံတောင်းတောင်ဆိုင်ရာ စာများ)

            http://moemaka.com/?s=%E1%80%9C%E1%80%80%E1%80%B9%E1%80%95%E1%80%94%E1%80%B9%E1%80%B1%E1%80%90%E1%80%AC%E1%80%84%E1%80%B9%E1%80%B8%E1%80%B1%E1%80%90%E1%80%AC%E1%80%84%E1%80%B9 (မိုးမခ၏ လက်ပန်တောင်းတောင်ဆိုင်ရာ စာများ)

http://moemaka.com/?s=%E1%80%9C%E1%80%80%E1%80%B9%E1%80%95%E1%80%B1%E1%80%90%E1%80%AC%E1%80%84%E1%80%B9%E1%80%B8 (မိုးမခ၏ လက်ပတောင်းတောင် ဆိုင်ရာ စာများ)

        (ဓာတ်ပုံ – သလ္လာဝတီသတင်းစာမျက်နှာ၊ အစိုးရ၏ မီးလောင်ဗုံးဖြင့် အတိုက်ခံရသူ သံဃာတော်တပါး)

အခြားဖတ်ချင်စရာ မိုးမခမီဒီယာ ...

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:သတင်းပဒေသာ

6 Responses to လက်ပံတောင်းတောင်သပိတ်စခန်းများ အကြမ်းဖက်ဖြိုခွဲမှုကို ကန့်ကွက်ကြရန် မြန်မာတို့ တိုက်တွန်း

  1. မောင်ပျာလောင် on November 29, 2012 at 12:49 pm

    မောင်ပျာလောင် ဒီတခါတော့တကယ်ဘဲ ၀မ်းနည်းတယ်၊ စာပြောင်တွေရေးပြီး ရယ်ရအောင်ကလိခဲ့ပေမဲ့ ဒီတခါတော့ စစ်ခွေးတွေ၊ လုံထိန်းတွေ၊ ကြံ့ဖွတ်တွေကို ကလိခြင်တယ်။ ကလိခြင်တာမှ သံလျှင်မှာ ငဇင်ကာနဲ့  နတ်သျှင်နောင်တို့ ကို အနောက်ဖက်လွန်မင်းတရားကြီး တံကျင်လျှိုပြီး ကလိသလို ကလိပြီးကားစဉ်တင်ထားခြင်တယ်။ ငြိမ်းချမ်းစွာ ဆန္ဒပြထုတ်ဖော်သူများအပေါ် မြန်မာအစိုးရ၏ တရားဥပဒေမဲ့ အကြမ်းဖက်ဖြိုခွဲခြင်းကို ကန့်ကွက် ရှုံ့ချတာ လုံးဝမှန်တယ်၊
    အကြမ်းဖက်သူ ဘယ်သူ့ ကိုမှလူမထင်ဘူး၊ ခွေးဝဲစား ချီးစားခွေး အဆင့်ကနေ နင်တို့ ဘယ်တော့မှမတက်ဖူး။ ရဟန်းရှင်ပြည်သူများ ကျနော့ ရင်ဖွင့်ချက်ကို နားနှင့်မနာ ဖ၀ါးနှင့်သာနာပါတော့ ဘုရား။ စိတ်မှာခံစားရလွန်းလို့ ပါ။

  2. aung htoo on November 30, 2012 at 12:35 am

    စိတ်မကောင်းဖြစ်မိပါတယ်

  3. Htwe on November 30, 2012 at 4:46 am

    Military – never changed their f…… attitude. Thein Sein and his military have changed whatever they had to show and for their benefits, it did not mean they wanted to change. That is showing they do not change, still cruel and selfish. Thein Sein will not change as still needs to protect himself what he had done in his black history.

  4. bala on November 30, 2012 at 6:43 am

    ပြည်ထောင်စု မြန်မာနိုင်ငံတော်။ တိုင်း၇င်းသားပေါင်းစုံနဲ့ဗမာလူမျိုးတွေသာပိုင်တဲ့ နိုင်ငံတော်တခုသာဖြစ်တယ်။
    စစ်တပ်တစ်ခုတည်းကပိုင်တဲ့နိုင်ငံမဟုတ်ဘူး။ တရုတ်ပိုင်တဲ့နိုင်ငံမဟုတ်ဘူး။ တရုတ်နိုင်ငံအတွက်တို့ နိုင်ငံ၊တို့ လူမျိုး တို့ ကိုးကွယ်တဲ့ သံဃာတွေကိုသတ်ဖြတ် စော်ကားနေတာတွေကို လက်ပိုက်မကြည့် နိုင်ဘူး။။တွန်းလှန်ကြမယ်။

  5. သာထွန်း on November 30, 2012 at 9:39 am

    ဘင်္ဂလီတွေကျတော့ ကိုယ်ရှေ့မှာအကြမ်းဖက်နေတာတောင် မပစ်ရဲဘူး။ကိုယ်ဘာသာဝင်ဘုရား သားတော်တွေ
    ငြိမ်းချမ်းစွာ ဆန္ဒပြတာကြတော့ လက်ပစ်ဗုံးနင့်ခွင်းတယ်။တူသောအကျူိးပေးပါလိမ်မေ။မင်းတိုလည်းတိရစ္ဆာန်အဆင့်
    က ဘယ်တော့မှ တက်ကြမှာမဟုတ်ဘူး။လူမိုက်တွေကို ၀န်ကြီးရာထူးပေးထားကြတယ်။

  6. တရုတ်လေး on December 2, 2012 at 1:52 am

    တကယ်ဘဲ ၀မ်းနည်းတယ်။ဒီမိုကရေစီနိုင်ငံဖြစ်ဖို့အများကြီးလိုအပ်သေးတယ်။အခုထိ အာဏာကို လက်ကိုင်သုံး နေတုန်းပဲ.။

MOney Transfer to Burma with Western Union

Sponsored Ads

616524_WATER WALKERS

မိုးမခမှာ ကြော်ငြာပါ

U Thaung Article Book

မိုးမခနေ့စဉ် အီးမေးသတင်းလွှာ ရယူပါ

Subscribing to Moemakadaily
Your email address:

Your name (optional):

You may enter a privacy password below.
Create your PASSWORD here

Reenter password to confirm:


မိုးမခမှာ အသစ်တင်တိုင်း သင့်အီးမေးထဲကို အရောက်ပို့မယ်။

Join 531 other subscribers

မိုးမခမာတိကာစဉ်

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

စာဖတ်သူတွေ ကူတာ၊ လှူတာနဲ့ မိုးမခ ရပ်တည်ပါတယ်



$

Twitter: moemaka