ထိုင်း PTT နဲ့ မြန်မာ့ရေနံ၊ ဓါတ်ငွေ့ ဘာလဲ၊ ဘယ်လဲ (Zaw Aung)

December 7, 2012

 ထိုင်း PTT နဲ့ မြန်မာ့ရေနံ၊ ဓါတ်ငွေ့ ဘာလဲ၊ ဘယ်လဲ

ဇော်အောင် (မုံရွာ)၊ ဒီဇင်ဘာ ၇၊ ၂၀၁၂

Petroleum AuThority of Thailand ထိုင်းနိုင်ငံအစိုးရပိုင် ရေနံကုမ္ပဏီဖြစ်ပါတယ်။ Fortune 500 မှာတော့ ကမ္ဘာ့အဆင့် ပိုင်ဆိုင်မှု ၇၉.၆ဘီလျှံနဲ့ ကမ္ဘာ့မှာ အဆင့် ၉၅၊  ၂၀၁၂မှာ သတ်မှတ်ထားပါတယ်။   မြန်မာနိုင်ငံနဲ့အထူး ပတ်သက်နဲ့ ကုမ္ပဏီကြီးဖြစ်ပြီး၊ မြန်မာကမ်းလွန် (ရတနာဓါတ်ငွေ့) ပိုက်လိုင်းအားဖြင့် မြန်မာနိုင်ငံအတွက် နိုင်ငံခြားငွေ အမြောက်အများ စတင်ရရှိစေတဲ့ ကုမ္ပဏီဖြစ်ပါတယ်။ လက်ရှိ ထားဝယ်ရေနက်ဆိပ်ကမ်းမှာလည်း ပါဝင်ပတ်သက်ပါတယ်။ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုမှာ ထိုင်းနိုင်ငံကုမ္ပဏီများဟာ နောက်ကွယ်က အကြီးမားဆုံး ရင်းနှီးမြှတ်နှံမဲ့ နိုင်ငံဖြစ်နေပါတယ်။

ဗီယက်နမ်နိုင်ငံရဲ့ အကြီးမားဆုံး ရေနံချက်စက်ရုံ $28.7 billion oil refinery in central Vietnam ဆောက်လုပ်ဖို့ စီစဉ်နေတယ်လို့ ဗီယက်နမ်အစိုးရသတင်းဌာန  Tuoi Tre newspaper မှာ ဖေါ်ပြထားပါတယ်။

 ဗီယက်နမ်အစိုးရဟာ ထိုင်း PPT ကို ရေနံချက်လုပ်ငန်းအတွက် ရင်းနှီးမြုတ်နှံမှုလုပ်ဖို့ ဖြစ်နိုင်ချေရှိမရှိ လေ့လာရေးအတွက် ငှားရမ်းလုပ်ကိုင်စေပါတယ်။ အလွန်အရေးကြီးတဲ့ ရင်းနှီးမြှတ်နှံမှုဖြစ်ပြီး အရေးကြီးတဲ့ ရင်းနှီးမြှတ်နှံမှုကို ဗီယက်နမ်ဟာ အနောက်နိုင်ငံ၊ တရုပ်၊ဂျပန်များကို မငှားရမ်းပဲ ဘာကြောင့် ထိုင်း PTT ပညာရှင်များကို ငှားရမ်းရသလဲ၊ ပြီးတော့ ထိုင်း PTT ကုမ္ပဏီနဲ့ လုပ်ချင်နေသလဲဆိုတာ မြန်မာများအတွက် အထူးစဉ်းစားစရာဖြစ်ပါ။

 ဗီယက်နမ်ဟာ နှစ်ပေါင်း၂၀နီးပါး ပြုပြင်ပြောင်းလဲမှုလုပ်ခဲ့ပြီးတဲ့အခါမှာ သူတို့ကို အကျိုးအမြတ် အများဆုံးလုပ်ပေးသူဟာ ထိုင်းကုမ္ပဏီများဖြစ်တယ် ဆိုတာကို သဘောပေါက်ပြီး ဖြစ်ပါတယ်။  မြန်မာအစိုးရကလည်း မြန်မာနိုင်ငံမှာ ရေနံချက်စက်ရုံဆောက်ဖို့ PPT ကို ကမ်းလှမ်းထားပါတယ်။

ဗီယက်နမ်ရေနံလုပ်ငန်း

ပြည်တွင်းသုံးစွဲဖို့ ဓါတ်ဆီ၊ဒီဇယ်များကို ထိုင်း၊မလေးရှား ရေနံချက်စက်ရုံများက တင်သွင်းရပါတယ်။ ဒါကြောင့် ရေနံချက်လုပ်ငန်းကို ပြည်တွင်းမှာတည်ဆောက်နိုင်ရင် အကောင်းဆုံးဖြစ်ပေမဲ့ နည်းပညာလိုအပ်ပါတယ်။ ကုန်ချောထုတ်လိုရင် နည်းပညာပိုင်းဆိုင်ရာကို တိုးတက်တဲ့နိုင်ငံကြီးများထံမှာ ၀ယ်ယူရပါတယ်။

လက်ရှိ  Dung Quat ဒေသမှာ 135,000 bpd ကနေ ၂၀၁၇မှာ ၂ဆ ထုတ်ဖို့ လုပ်နေပါတယ်။  မလုံလောက်တဲ့အတွက် ဗီယက်နမ်မှာ အကြီးဆုံး $7.5 billion တခု 200,000 bpd Nghi Son refinery Project လုပ်နေပါတယ်။ Nghi Son Project ဟာ ကူဝိတ်၊ဂျပန်  Petrovietnam, Kuwait Petroleum International, Japan’s Idemitsu Kosan Co Ltd and Mitsui Chemicals Inc. တို့နဲ့ ဖက်စပ်ဖြစ်ပါတယ်။ အခု ထိုင်း PTT နဲ့ လုပ်ဖို့စီမံနေတဲ့ $28 billion Refinery Project ဆိုတာ အလွန်ကြီးမားတဲ့ စီမံကိန်းကြီးဖြစ်ပါတယ်။ မလေးရှား Petronas ကလည်း ပြည်တွင်းမှာပဲ ရင်းနှီးမြှတ်နှံတဲ့ $20 billion refinery, 300,000 bpd Project ကို ဂျဟိုးပြည်နယ်မှာ တည်ဆောက်ဖို့ စီမံလျှက်ရှိပါတယ်။

အရှေ့တောင်အာရှရေနံလုပ်ငန်းများ

ရေနံနဲ့ဓါတ်ငွေဟာ အခုခေတ် ရေပန်းအစားဆုံး စီးပွားရေးလုပ်ငန်းကြီးဖြစ်တဲ့အတွက် အရှေ့တောင်အာရှမှာ ရေနံအထွက်ဆုံး၊ အင်ဒိုနီးရှား၊ မလေးရှားနိုင်ငံများကို မှီပြီး ရေနံချက်လုပ်ငန်းများလည်း တိုးတက်ကြီးပွားနေပါတယ်။ နည်းပညာလိုအပ်တဲ့အတွက် ကမ္ဘာထိတ်တန်း Shell, Exxon Mobile, BP British Petro, Chevron စတဲ့ ရေနံကုမ္ပဏီများပဲ ဦးဆောင်နေပါတယ်။ အခုတော့ တရုပ်ရေနံကုမ္ပဏီများ ထိပ်တန်းရောက်လာပါပြီ။ ဒီကြားထဲမှာ အရှေ့တောင်အာရှ မလေးရှား၊စင်ကာပူ၊ထိုင်း အစိုရပိုင် ရေနံကုမ္ပဏီများက ကိုယ့်ဖာသာလုပ်ဖို့ကြိုးစားရပါတယ်။ အမြက်စွန်းအများဆုံးလုပ်ငန်းဖြစ်တော့ ကိုယ့်ဖာသာကိုယ် ရင်းနှီးမြှတ်နှံ လုပ်ချင်တာ မဆန်းပါ။ သို့သော် နည်းပညာနဲ့ ဈေးကွက်အတွက် အနောက်နိုင်ငံနဲ့ အခုတရုပ်ကုမ္ပဏီများက ဦးဆောင်နေဆဲဆိုတာ သတိပြုရပါတယ်။ နောက်ဆုံးတော့ အရှေ့တောင်အာရှ နိုင်ငံအချင်းချင်းပဲ ခေါင်းပုံဖြက်မှု အနည်းဆုံး၊ ညှိနှိုင်းလုပ်ကိုင်ဖို့ ဆိုတာ နားလည်ရပါတယ်။ ကိုယ့်ပြည်တွင်းမှာပဲ နည်းပညာ Refinery များလုပ်ဆောင်နေပါတယ်။


Fortune 500  ကမ္ဘာ့အကြီးဆုံး ကုမ္ပဏီပေါင်း ၅၀၀

မလေးရှားနိုင်ငံ Patronas က ပိုင်ဆိုင်မှု ၉၇.၃ ဘီလျှံ၊ အဆင့် ၆၈။ အရှေ့တောင်အာရှမှာ အကြီးဆုံးကုမ္ပဏီဖြစ်ပါတယ်။  ထိုင်းနိုင်ငံ PPT Thailand ဟာ ဒုတိယအကြီးဆုံးဖြစ်ပါတယ်။  ရေနံလုပ်ငန်း၊ ဘဏ်လုပ်ငန်း၊ အရှေ့တောင်အာရှမှာ အရင်က စင်ကာပူဘဏ်လုပ်ငန်းများ DBS, UOB, OCBC များ ဒီနှစ် Fortune 500 စာရင်းမှာ မပါတော့ပါဘူး။ စင်ကာပူအခြေစိုက် Wilma International (Rank 222) စိုက်ပျိုးရေးစက်မှု, Flextronics (Rank 372) အထွေထွေစက်မှု ဒီလုပ်ငန်း၂ခုပဲ ပါဝင်ပါတယ်။

အမေရိကန်က ကုမ္ပဏီပေါင်း ၁၃၂ခုနဲ့ ထိပ်ဆုံးမှာ အပြတ်အသတ် ရှိနေဆဲမှာ တရုပ်က ၇၃ခု၊ ဂျပန်က ၆၈ခု နဲ့ရှိနေပါတယ်။ အာရှတိုက်က တောင်ကိုးရီးယား၊ အိန္နိယ၊ တိုင်ဝမ်တို့လည်း ထိပ်ဆုံးအဆင့်များမှာ ရှိနေပါတယ်။ ၂၀၁၂ ထိပ်တန်း ကုမ္ပဏီ ၅၀၀စာရင်းမှာ စင်ကာပူက ၂ခု၊ ထိုင်း၊မလေးရှား တခုစီပဲ ပါဝင်နေပါတယ်။ ထိုင်းနီုင်ငံ PPT နဲ့ မလေးရှားနိုင်ငံ Patronas ၂ခုကို မှတ်တမ်းတင်ဂုဏ်ပြုရမှာ ဖြစ်ပါတယ်။


မြန်မာ့ရေနံနဲ့ဓါတ်ငွေ့ 

အခုခေတ် မြန်မာအစိုးရအတွက် အဓိက၀င်ငွေဖြစ်နေပါတယ်။ MOGE Myanma Oil and Gas Enterprise အဖြစ် မြန်မာအစိုးရက ဦးစီးလုပ်ဆောင်နေပါတယ်။ လက်ရှိ ရတနာဓါတ်ငွေပိုက်လိုင်း၊ ရွှေဓါတ်ငွေပိုက်လိုင်းများက ၀င်ငွေအဓိကရယူတဲ့လုပ်ငန်းများမှာ မြန်မာအစိုးရ MOGE အဖြစ် ဖက်စပ်လုပ်ကိုင်လျှက်ရှိပါတယ်။

ကျွန်တော် မြန်မာပြည်ရောက်ရှိစဉ်က မြန်မာရေနံတနိုင်လုပ်ငန်းများကို လေ့လာမိပါတယ်။ လက်တွင်းများက ရေနံ တနေ့ တစည်၊ ၂စည်လောက် ထွက်တာလေးကို သယ်ယူတယ်။ မုံရွာမြို့မှာ တနိုင်ရေနံချက်လုပ်ငန်းများလုပ်ကြတယ်။ အစိုးရနဲ့ပိုင်တဲ့ပြည်တွင်းက ရေနံကုမ္ပဏီများက ကြီးနိုင်ငယ်ညှင်းလုပ်ရင်း၊ ဘုမသိဘမသိ ရေနံဟေ့ဆိုပြီး၊ လက်တွင်းကလေးများ တူးကြတဲ့လူများ ခွက်ခွက်လန် ရှုံးနှိမ့်ပျက်စီးရတဲ့ ၀ိသမရေနံလုပ်ငန်းရှင်များရဲ့ ကြီးစိုးမှုကို မျက်မြင်တွေ့ခဲ့ဖူးပါတယ်။

အခု လက်ပတောင်းတောင် ကြေးနီစီမံကိနုးလိုပဲ မြေယာများကို ကုမ္ပဏီများက မတရားဈေးနှုန်းနဲ့ ၀ယ်ယူ၊ရင်းနှီးရင်း ကုမ္ပဏီအကြီးက၊ အသေးကို ၀ါးမြို၊ ငွေအနည်းငယ်ရှိသူများမိမိအိမ်မြေကို ရောင်းပြီး၊ ရင်းနှီးမြှတ်နှံလို့ အရှုံးကြီးရှုံးသွားတဲ့ လူများစွာ တွေ့ခဲ့ရပါတယ်။

ဒါက ပြည်တွင်းက တနိုင်လုပ်ငန်း SME Small & Median Oil & Gas business လုပ်ငန်းလေးများကို ကာကွယ်၊မျြှင့်တင်ပေးဖို့ ဥပဒေမရှိသေးပါဘူး။ မြန်မာအစိုးရက အရှေ့တောင်အာရှနိုင်ငံများနဲ့ အတူ လုပ်ဆောင်လျှက်ရှိပါတယ်။ SME တွေကပဲ နိုင်ငံစီးပွားရေးရဲ့ ၇၀ရာနှုန်းလောက်ကို ဖြည့်ဆည်းနေချိန် SME တွေကို ၀ိသမစီးပွားကုမ္ပဏီကြီးများက ၀ါးမျိုခြင်းဟာ မြန်မာ့ရေနံလုပ်ငန်းမှာ အရုပ်ဆိုးလှတဲ့ဖြစ်ရပ်ပါ။

အရှေ့တောင်အာရှ သယံဇာတကြွယ်ဝမှုကို နှိုင်းယှဉ်ရင် ဓာတ်ငွေ့ထွက်နှုန်းမှာ အိမ်နီးချင်းထိုင်းက 20 billion cu m, မလေးရှားက 66 billion cu m နဲ့ ဗီယက်နမ်က 7.8 billion cu m ထွက်ပါတယ်။ မြန်မာပြည်က တနှစ်မှာ ဓာတ်ငွေ့ 11 billion cu m ထွက်တဲ့အတွက် ဗီယက်နမ်ထက်တော့ သာပါတယ်။

ရေနံဘယ်လောက်ထွက်သလဲ ယှဉ်ကြည့်ရင် ထိုင်းက တနှစ်ကို ရေနံစည်ပေါင်း 406,000 barrels, မလေးရှားက တနေ့ကို ရေနံစည် 716,000 barrels , ဗီယက်နမ်က 304,000 barrels ထွက်ပြီး၊ ကျနော်တို့က 21,000 barrels ပါ။ နည်းနည်းပဲ ထွက်ပါတယ်။

ရေနံ၊ ဓာတ်ငွေ့ သယံဇာတထွက်မှုကို ကြည့်ရင် မြန်မာပြည်ဟာ ထိုင်း၊ မလေးရှားနဲ့ ဗီယက်နမ်ကို မမီပါဘူး။ သို့သော်လည်း ကုန်ကြမ်းထွက်သမျှကို နိုင်ငံခြား တရုပ်၊ထိုင်းနိုင်ငံများကိုပဲ ရောင်းချပြီး၊ အဲဒီနိုင်ငံများက ဓါတ်ဆီ၊ဒီဇယ်ဆီများကို ပြန်လည်ဝယ်ယူနေရတဲ့ ဗိယက်နမ်နိုင်ငံရဲ့ အားနည်းချက်က နည်းပညာမလိုက်နိုင်ခြင်းဖြစ်ပါတယ်။

 မြန်မာနိုင်ငံလည်း ကုန်ကြမ်း (ရေနံဓါတ်ငွေ့) ရောင်းချတဲ့နိုင်ငံကနေ ကုန်ချော (ဓါတ်ဆီ၊ဒီဇယ်ဆီ) ပြည်တွင်းမှာပဲ ထုတ်လုပ်ဖို့ အရေးကြီးဆုံးဖြစ်တဲ့ ကျွမ်းကျင်သူ၊ မြန်မာပညာရှင်များ၊ ကမ္ဘာအရပ်ရပ်က ပြန်လာကြဖို့အချိန်ကို မျှော်လင့်လျက် ထိုင်းနိုင်ငံ PPT ရေနံကုမ္ပဏီအကြောင်း အကျဉ်းရေးလိုက်ပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:သတင်းဆောင်းပါး, ဇော်အောင် (မုံရွာ)

One Response to ထိုင်း PTT နဲ့ မြန်မာ့ရေနံ၊ ဓါတ်ငွေ့ ဘာလဲ၊ ဘယ်လဲ (Zaw Aung)

  1. Olone on December 8, 2012 at 11:45 am

    “PTT” or “ปตท.” (as pronounced : “Por-Tor-Tor” in Thai).

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း

By

  မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း ထွက်တော့မယ် (မိုးမခ) စက်တင်ဘာ...

Read more »

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ

By

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ (မိုးမခ) သြဂုတ် ၂၄၊ ၂၀၁၈ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်...

Read more »

ဂီတအနုပညာရှင်ကြီး မာမာအေး စိန်ရတုမွေးနေ့ အမှတ်တရ မိုးမခစာအုပ်ထုတ်

By

ဂီတအနုပညာရှင်ကြီး မာမာအေး စိန်ရတုမွေးနေ့ အမှတ်တရ မိုးမခစာအုပ်ထုတ် (မိုးမခစာအုပ်စင်) သြဂုတ် ၁၇၊ ၂၀၁၈...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments