Western Union ကနေ မြန်မာပြည်ကို ငွေလွှဲမယ်၊ မနေ့က အွန်လိုင်းဈေး ၈၄၅ ကျပ်

December 7, 2012

Western Union ကနေ မြန်မာပြည်ကို ငွေလွှဲမယ်၊ မနေ့က အွန်လိုင်းဈေး ၈၄၅ ကျပ်

News Watch Weekly ကောက်နုတ်ချက်၊ ဒီဇင်ဘာ ၇၊ ၂၀၁၂

မြန်မာနိုင်ငံနှင့် အမေရိကန်နိုင်ငံတို့ကြား ငွေလွှဲလုပ်ငန်းများ ပထမဦးဆုံး စတင်ဆောင်ရွက် ပြီဟု ဆိုသည်။ အမေရိကန်အခြေစိုက် Western Union Company နှင့် မြန်မာအရှေ့တိုင်းဘဏ် (MOB) တို့ ချိတ်ဆက်ကာ ကမ္ဘာအနှံ့ ငွေလွှဲလုပ်ငန်းများကို စတင်နေပြီဖြစ်ကြောင်း သိရသည်။

အမေရိကန်အခြေစိုက် Western Union Company သည် နိုင်ငံပေါင်း ၂၀၀ ကျော်တွင် ငွေပေးချေမှု လုပ်ငန်းများကို ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ငွေလွှဲနှုန်း ထားများကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ နှုန်းများကို အခြေခံကာ သတ်မှတ်ထားကြောင်း သိရသည်။

လက်ရှိ ရန်ကုန်တွင်ရှိသော မြန်မာအရှေ့တိုင်းဘဏ် ရှစ်ခုတွင် စတင်လုပ်ကိုင်နေပြီဖြစ်ပြီး မြန်မာတစ်နိုင်ငံလုံးတွင် ၁၉ နေရာ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

နိုင်ငံခြား ငွေလွှဲလုပ်ငန်းများကို လုပ်ကိုင်ခွင့်ရခဲ့သော ဘဏ်များမှာ သမဝါယမဘဏ်၊ ကမ္ဘောဇဘဏ်၊ ဧရာဝတီဘဏ်၊ အာရှစိမ်းလမ်းမှု ဖွံ့ဖြိုးရေးဘဏ်၊ မြန်မာအရှေ့တိုင်းဘဏ် စသည်တို့ဖြစ်ကြရာ သမဝါယမဘဏ်၊ ကမ္ဘောဇဘဏ်၊ ဧရာဝတီဘဏ်နှင့် အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ်တို့မှာ ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံ၊ စင်ကာပူနိုင်ငံတို့နှင့် အပြန်အလှန် ငွေလွှဲလုပ်ငန်းများကို လွန်ခဲ့သောလများတွင် စတင်လုပ်ကိုင်ခဲ့ကြခြင်း ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၁၁ ရက်နေ့ထုတ် News Watch Weekly ဂျာနယ်တွင် ဖော်ပြထားပါသည်။ “

အမေရိကန်မှ ၀က်ဆိုက်ပေါ်တွင် တွက်ချက်ရာတွင် ယမန်နေ့ အွန်လိုင်းဈေးနှုန်းမှာ ၈၄၅ ကျပ် ကို ၁ ဒေါ်လာဖြင့် ညီသည်ဟု ဆိုသည်။ သို့သော်လည်း လွှဲရန်အတွက် ခလုပ်မှာ နည်းပညာအခက်အခဲများကြောင့် နှိပ်၍ မရပေ။ (မိုးမခဖြည့်စွက်ချက်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:နိုင်ငံတကာရေးရာ

3 Responses to Western Union ကနေ မြန်မာပြည်ကို ငွေလွှဲမယ်၊ မနေ့က အွန်လိုင်းဈေး ၈၄၅ ကျပ်

  1. heinhtet on December 7, 2012 at 9:50 pm

    website လိပ်စာလေးပေးပါခင်ဗျာ ကျေးဇူးပါ

  2. Hla Maung on December 9, 2012 at 4:59 am
  3. pawz lungmaungthang on December 10, 2012 at 10:19 am

    can i send kalay myot money

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ်

By

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ် (မိုးမခစာအုပ်စင်) ဒီဇင်ဘာ ၂၆၊ ၂၀၁၈...

Read more »

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ

By

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၈ မိုးမခစာပေက ထုတ်ဝေပြီး...

Read more »

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)