သယံဇာတ ကျိန်စာမှ လွတ်မြောက်ဖို့ (ဖေမြင့်)
December 8, 2012
သယံဇာတ ကျိန်စာမှ လွတ်မြောက်ဖို့ (ဖေမြင့်)
(by ပြည်သူ့ခေတ် on Wednesday, 5 December 2012 at 23:20 )
မြန်မာပြည်သည် သယံဇာတ ပေါကြွယ်ဝသော နိုင်ငံဟုဆိုသည့်အခါ ကျွန်တော်တို့ ၀မ်းသာ ကြသည်။
          သည်စကားကို သူတစ်ပါးက တကယ် ပြောတာလား၊ ကိုယ့်ဘာသာ ကိုယ် ဂုဏ်ဖော် ပြောဆို ၀မ်းမြောက်နေခဲ့  ကြသည်လား၊ ကျွန်တော်မသိ။
          သို့သော် ပြီးခဲ့သည့် နှစ်များအတွင်း သယံဇာတ ကျိန်စာဟူသော စကားကို မကြာခဏ ကြားလာရသည့်အခါ ကျွန်တော်တို့ စိတ်မသက်မသာ ဖြစ်ရသည်။
          သယံဇာတကျိန်စာတဲ့။
          မညှာမတာ ပြောလိုက်သည့်စကား။
          သယံဇာတပုံ ပေါ်ထိုင်ကာ ဆင်းရဲမွဲတေနေကြသည့် ကျွန်တော်တို့ အပါအ၀င် နိုင်ငံ တချို့ကို ညွှန်းဆိုခဲ့သော စကားဖြစ်သည်။
          အဲသည် တိုင်းပြည်တွေမှာ အစိုးရနှင့် ပြည်သူက မသင့်တင့်။ အုပ်စိုးသူတွေက စီမံခန့်ခွဲပုံ နေရာမကျ။ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေ မလုပ်တတ် မကိုင်တတ်။ တလွဲ တချော်တွေကြားမှာ အလွဲသုံးမှုတွေကလည်း များပြားသည်။ သည့်အပြင် များသောအားဖြင့်  ပြည်သူတင်မြှောက်တာ မဟုတ်ဘဲ အင်အားဖြင့် တက်နေသော အစိုးရများဖြစ်ရာ ပြည်သူ အပေါ် တာဝန်ယူမှုမရှိ၊ လေးစားသိမှတ်မှု မရှိ၊ မိမိ လုပ်တာကိုင်တာ ပြည်သူကို  တင်ပြစရာ လိုသည်ဟု မယူဆ။ ပြည်သူ ကလည်း ၎င်းင်းတို့နှင့် မဆက်ဆံ မပူးပေါင်း။ တိုင်းပြည် မဖွံ့ဖြိုး မတိုးတက်သည့်အခါ  ပြည်သူတွေမှာ လုပ်ငန်းကိုင်ငန်းမရှိ၊ ၀င်ငွေမရှိသဖြင့် ပြည်သူ့ထံမှ အခွန်အတုပ် ဘယ်လို ကောက်သော်လည်း  များများမရ။ သို့သော် အဲဒါကို အုပ်စိုးသူတွေ မပူ။ တိုင်းပြည်မှာ မြေပေါ်မြေအောက် သယံဇာတတွေ ရှိသည်။ အဲဒါတွေ ရောင်းချစားကာ အဲသည်က ငွေဖြင့် အုပ်ချုပ်ရေး ယန္တရား လည်ပတ်ကြသည်။ အုပ်ချုပ်သူ အသိုင်းအ၀ိုင်း ချမ်းသာကြွယ်ဝကြသည်။ လူထုက မွဲမြဲမွဲ၊ တိုင်းပြည်က နုံချာမြဲ နုံချာ။ မကျေနပ်လျှင်လည်း ဘာမှ မတတ်နိုင်။ အုပ်စိုးသူက သယံဇာတ ရောင်းချငွေဖြင့် ဖိနှိပ်ရေး ယန္တရား အင်အား ကောင်းသထက် ကောင်းအောင် မွမ်းမံ ဖြည့်တင်းထားသည်။
          အဲသလိုဖြင့် သယံဇာတတွေရှိလျက် ဆင်းရဲတွင်းထဲက မတက်နိုင်သည့် နိုင်ငံများကို သယံဇာတ ကျိန်စာမိနေသူများဟု ဆိုကြခြင်း ဖြစ်သည်။ အဲသည် အထဲမှာ ကျွန်တော်တို့လည်း ပါခဲ့သည်။
          ယခုတော့ ကျွန်တော်တို့ဆီမှာ ပွင့်လင်းစ ပြုလာပါပြီ။
          သည်အခါ ယခင်က မသိရ မမြင်ရတာတွေ တစ်စွန်းတစ်စ မြင်လာရသည်။  ယခင်က မဖွင့်မဟနိုင်တာတွေ တစ်စွန်းတစ်စ ဖွင့်ဟနိုင်လာသည်။
          ကျွန်တော်တို့မှာ ကြွယ်ဝလှပါသည်ဆိုသော သယံဇာတများ ကိစ္စကိုလည်းသည် သယံဇာတများကို အမှန်တကယ် ပိုင်ဆိုင်သည့် ကျွန်တော်တို့ နိုင်ငံသားများစ၍ ပြောနိုင်ဆိုနိုင် လာကြပါပြီ။
          ကျွန်တော်တို့ရဲ့ သယံဇာတတွေသည် ဘယ်ရွေ့ဘယ်မျှ တန်ဖိုးရှိသလဲ။ အဲဒါတွေကို ဘယ်သူတွေက ဘယ်လို ရောင်းချထားသလဲ။
          ရောင်းချ ပြီးစီးခဲ့တာတွေမဟုတ်။  ရောင်းလက်စ ၀ယ်လက်စ တန်းလန်းကိစ္စများ။
          ရောင်းသည့် ပစ္စည်းများကလည်း ရော့ ပတ္တမြား၊ ရော့ နဂါးဆိုပြီး လက်ပြောင်းလက်လွှဲ လုပ်လိုက်တာနှင့် ချက်ချင်း ပြီးသွားတာမျိုး မဟုတ်။
          နှစ်ရှည်လများ ထုတ်ယူနေ၊ နှစ်ရှည်လများ ပေးချေနေဆိုသော အရောင်းအ၀ယ်မျိုး။
          လက်ရှိ နိုင်ငံသားများ သာမက နောင်လာနောက်သားများ၏ သက်တမ်းအထိ ဆက်လက် ရောင်းဝယ်နေရမည့် ကိစ္စမျိုး။
          အဲသည်တော့ အားလုံးနှင့် ဆိုင်နေပြီ။
          ပြီး၊ ရောင်းရာဝယ်ရာမှာ၊ ပစ္စည်း အရွှေ့အပြောင်း အထုတ်အယူမှာ မလွတ်မလပ်၍ ရွှေ့ပြောင်း ဖယ်ရှားပေးရသည့် ကိစ္စအပါအ၀င် ထိခိုက် ပျက်ယွင်းတာတွေလည်း ပါနေသည်။
          အဲသည်တော့ ပြောလာရသည်ပေါ့။
          သည်အခါ ပြဿနာတွေ ရှိလာသည်။
          ယခု လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှ စတင်ပြီး ယခင်မြုံထားတာတွေ ပွင့်ထွက်လာသည်။ အားလုံးသိပြီး ဖြစ်၍ အကျယ် မပြောတော့။
          ယခု စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ပြီ။ သည်ကော်မရှင်က ဘာလုပ်မည်လဲ။ သူ့ကို ဘာတာဝန်တွေ ပေးထားသလဲ။
          ဆန္ဒဖော်ထုတ်သည့် ကိစ္စနှင့် ထိန်းသိမ်း ဆောင်ရွက်ရာတွင် သံဃာတော်များ ထိခိုက် သည့် ကိစ္စက သီးခြားတစ်ပိုင်းဖြစ်၍၊ ၎င်းကို ချန်လှပ်ကာ စီးပွားရေးအပိုင်း သယံဇာတ ရောင်းချမှု အပိုင်းကို ကြည့်လျှင်၊ အဓိကက
          ကြေးနီ စီမံကိန်းကြောင့် လူမှုပတ်ဝန်းကျင်နှင့် သဘာဝ ပတ်ဝန်းကျင်မှာ ဘယ်လောက် ထိခိုက်သလဲ။
          သည် စီမံကိန်းကြောင့် တိုင်းပြည်မှာ အကျိုးရှိ မရှိ။
          သည်စီမံကိန်းကို ဆက်လက် ဆောင်ရွက်ရန် သင့်မသင့်၊ (နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုအား ရပ်ဆိုင်းရန် သင့်မသင့်)
          အဲဒါတွေ စုံစမ်း စစ်ဆေးပြီး သုံးသပ်ဖော်ပြ အကြံပြုရန်ဟူ၍ ဖြစ်သည်။
          ယခင် လုပ်ခဲ့သည့် သယံဇာတ ရောင်းဝယ်မှုကိစ္စ၊ ယင်းနှင့် စပ်လျဉ်း၍ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လက်ခံထားခဲ့သည့် ကိစ္စ။ အဲဒါကို ပြန်လည် သုံးသပ်ခိုင်းခြင်း ဖြစ်သည်။
          မသင့်တော်ကြောင်း တွေ့ရှိလျှင်  ရပ်ဆိုင်းမည်ဟူသော သဘောပါသည်။
          သယံဇာတကိစ္စတွင် ပြန်လည် အဖတ်ဆယ်လိုသော သဘောကို မြင်ရသဖြင့် နိုင်ငံသား တစ်ဦးအနေနှင့် ၀မ်းသာသည်။
          ပြီးခဲ့သည့်နှစ် စက်တင်ဘာတုန်းက မြစ်ဆုံဆည် ရေအားလျှပ်စစ် စီမံကိန်းကို  မိမိ ရာထူးသက်တမ်းအတွင်း ရပ်ဆိုင်းထားရန် နိုင်ငံတော်သမ္မတက ထုတ်ပြန် ကြေညာခဲ့ခြင်းကို အမှတ်ရသည်။
          အဲသည်တုန်းက ပြဿနာသည်လောက် ပွင့်ထွက်မလာသော်လည်း အရောင်းအ၀ယ် ကိစ္စမှာ နောက်ခံ အနေအထားက သဘောချင်း ဆင်တူဖြစ်လိမ့် မည်ဟု ယူဆရသည်။
သည်တွင် ပြောစရာတစ်ခု ရှိလာသည်။
          အဲဒါက တစ်ပါးသော နိုင်ငံများနှင့် သဘောတူထားသည့် ကိစ္စရပ်များကို အလွယ်တကူ ဖျက်၍ ဖြစ်မည်လားဆိုသည့် ကိစ္စ။
          တိုင်းပြည် တစ်ပြည်တွင် အစိုးရတစ်ရပ်က တစ်ပါးသူနှင့် ကတိက၀တ် ပြုထားခဲ့သည့် ကိစ္စကို၊ နောက်တက်လာသည့် အစိုးရတို့က ဆက်လက် အသိအမှတ်ပြုကာ ကတိက၀တ် အတိုင်းဆောင်ရွက်ရန် တာဝန်ရှိသည် ဆိုသည့်ကိစ္စ။
          ဒါသည်လည်း တစ်စိတ်တစ်ပိုင်း မှန်ပါသည်။
          နိုင်ငံတကာ ဓလေ့ထုံးစံများ၊ ဆက်ဆံရေးစံများကို အလေးဂရု ပြုရပါလိမ့်မည်။ သို့သော် အဲဒါသည်ပင် အလုံးစုံ ဟူ၍တော့ မယူဆ။
          တိုင်းပြည်များမှာ နိုင်ငံရေးစနစ် စီးပွားရေး စနစ်တွေပြောင်းလျှင် ပြောင်းလဲသည့် စနစ်နှင့်အညီ ဆောင်ရွက်ကြတာ၊ ဆောင်ရွက်ရတာတွေလည်း ရှိပါသည်။ ဥပမာ- ဈေးကွက် စီးပွားရေးမှ ဆိုရှယ်လစ် စီးပွားရေးသို့ ပြောင်းသည့်အခါ ပုဂ္ဂလိကပိုင် ပစ္စည်းများကို ပြည်သူပိုင် သိမ်းကြသည်။ ဆိုရှယ်လစ်မှ ဈေးကွက်သို့ ပြောင်းသည့် အခါကျတော့ ပြည်သူပိုင်ကို ပုဂ်္ဂလိကပိုင် ပြုလုပ်ကြပြန်သည်။
          သည်လိုပဲ၊ ကျွန်တော်တို့ တိုင်းပြည်မှာ ယခုအခါ  နိုင်ငံရေးစနစ် ပြောင်းလာပြီ၊ ယခင် အာဏာပိုင်စနစ်၊ အလုံပိတ်စနစ်၊  လူထုကို ဘာမှမပြော လူထုကလည်း ဘာမှမပြောနိုင်သည့် စနစ်မှ၊ ဒီမိုကရေစီ စနစ်၊ ပွင့်လင်းမြင်သာသည့်စနစ်၊ လူထုကို အစီရင်ခံ၍ လူထုကလည်း မိမိသဘော ဆန္ဒကို ဖွင့်ဟပြောဆိုသည့် စနစ်ဘက်သို့ ပြောင်းလာပြီဆိုတော့၊ ယခုမှ မြင်တွေ့လာရသည့် အရောင်းအ၀ယ် ကိစ္စတွေ၊ အထူးသဖြင့် တိုင်းပြည်အပေါ် ကြီးကြီးမားမား သက်ရောက်မှုရှိသည့် ကိစ္စတွေကို လူထုရော လူထုကိုယ်စားလှယ်များပါ ပြန်လည် စိစစ် သုံးသပ်ချင်လာကြမည် ဖြစ်သည်။
          လိုအပ်လျှင် ထောက်ပြ ဝေဖန်မည်၊ သင့်တင့် လျောက်ပတ်အောင် ပြင်ဆင်ဖို့၊ ပြောင်းလဲဖို့၊ ရပ်ဆိုင်းဖို့ အကြံပြုလာကြလိမ့်မည်။
          မပွင့်လင်းသော ယခင်ကာလများ အတွင်းက လုပ်ကိုင် ဆောင်ရွက်ခဲ့ပြီး  ယင်း၏ သက်ရောက်မှုတွေက ယခုအခါတွင်မှ သို့မဟုတ် နောက်နှစ်များတွင်မှ ထင်ရှားလာမည့် အရာ တွေ ရှိပါလိမ့်ဦးမည်။
          လောလောဆယ်တွင် ကြီးကြီး မားမား မြင်နေရတာတွေက
          မြစ်ဆုံရေကာတာ စီမံကိန်း၊
          ကြေးနီတောင် စီမံကိန်း၊
          ထို့နောက်
          မိုင် ၇၀၀ နီးပါး ရှည်လျားသည့်  မြန်မာပြည်ဖြစ် ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း များ စီမံကိန်း၊
          အရင်းအနှီးကြီး၊ အကျိုးအမြတ်ကြီး၊ လူမှုဝန်းကျင်နှင့် သဘာဝ ပတ်ဝန်းကျင်တို့အပေါ် သက်ရောက်မှုကြီးသည့် မဟာလုပ်ငန်းကြီးများ ဖြစ်သည်။ သို့သော် ရိုးရိုးပြောလျှင်တော့ သယံဇာတ ရောင်းချတာတွေပါပဲ။
          စွမ်းအင် သယံဇာတနှင့် တွင်းထွက် သယံဇာတ၊
          ယခုအထိ နိုင်ငံခြား ရင်းနှီးမြှုပ်နှံ သူတွေသည် မြန်မာနိုင်ငံ၌ အဆိုပါ စွမ်းအင်နှင့် တွင်းထွက်ပစ္စည်း ထုတ်လုပ်ရေး ကဏ္ဍများတွင်သာ လုပ်ကိုင်နေကြသည်။ နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှု စုစုပေါင်း၏ ၉၈ ရာခိုင်နှုန်းကျော် (အားလုံးနီးပါးပဲ ဆိုပါစို့) သည် အဲသည် ထုတ်ယူရေး လုပ်ငန်းများထဲမှာသာ ရှိနေသည်ဟု သုတေသန စာတမ်းတစ်ခုက ဆိုသည်။
          သို့သော် အရောင်းအ၀ယ် ကိစ္စဟုပဲ ဆိုလိုက်ကြပါစို့။
          ကျွန်တော်တို့မှာရှိသည့် ပစ္စည်းကို ကိုယ့်ဘာသာ မတူးဖော်နိုင်၊ မထုတ်ယူနိုင်၊ တစ်ဝက် တစ်ပျက် ကုန်ချော၊ အပြီးသတ် ကုန်ချောများအဖြစ် မရောင်းနိုင်။
          သည်အချိန်တစ်ဖက် လူက တူးဖော်နိုင်သည်၊ ထုတ်ယူနိုင်သည်၊ သူ့ဘာသာ တူးဖော် မည်၊ ထုတ်ယူမည်၊ သင့်တော်သော ငွေကြေးပေးမည်ဆိုလျှင် မရောင်းချနိုင်စရာ ဘာရှိသလဲ။
          အရေးကြီးသည်က
          တိုင်းပြည်အနေနှင့် တန်ရာတန်ဖိုး  ရရှိဖို့၊
          တူးဖော်ထုတ်လုပ် ယူငင်ရာမှာ လူမှုပတ်ဝန်းကျင်၊ သဘာဝ ပတ်ဝန်းကျင်များအတွက် ထိခိုက်မှု အနည်းဆုံး နည်းလမ်းဖြင့် လုပ်ကိုင်ဖို့၊
          ထိခိုက်နစ်နာသူများအား ထိုက်တန်သော နစ်နာကြေးများ ပေးဖို့ဖြစ်သည်။
          အဲဒါတွေက သည်ကိစ္စမျိုးမှာ အရေးတကြီး အနီးကပ် စဉ်းစားစရာတွေ ဖြစ်သည်။
          သည့်အပြင်၊ စောစောစီးစီး ကြိုကြိုတင်တင်ကာလမှာ ရေရှည်အတွက် စဉ်းစား ချင့်ချိန်ရမည့် အရာတွေရှိသည်။ အဲဒါက၊
          သယံဇာတ တစ်စုံတစ်ရာမှ တိုင်းပြည်အတွက် အကျိုးအမြတ် အများဆုံးရအောင် ဘယ်သို့ဆောင်ရွက်မည်လဲ။
          ထို့နောက်
          အဲသည် အကျိုးအမြတ်ကို တိုင်းပြည်အတွက် တန်ဖိုးအရှိဆုံး ဖြစ်အောင်မည်သို့ အသုံးပြုမည်လဲ။
          အဲဒါက အမြော်အမြင်ရှိသော စီးပွားရေး ပညာရှင်များ၊ နိုင်ငံရေးသမားများ၊ ပြည်သူ့ ကိုယ်စားလှယ်များ၊ နိုင်ငံ့အရေးတွေးတော ပူပင်တတ်သည့်၊ တက်ကြွသော နိုင်ငံသားများ စဉ်းစားရမည့် အရာများ ဖြစ်သည်။
          သည်ကိစ္စများကို အများသူငါ ကြားမှာ ပွင့်လင်းလွတ်လပ်စွာ ဆွေးနွေးညှိနှိုင်း  အဖြေ ရှာလျှင် သယံဇာတကျိန်စာမှ လွတ်မြောက်ကာ သဘာဝပေးသော အရင်းအနှီးများကို ထိရောက်စွာ အသုံးချရင်း ဖွံ့ဖြိုးတိုးတက်၍ ဂုဏ်ကျက်သရေ ပြည့်ဝသောနိုင်ငံကို ထူထောင် နိုင်ကြ လိမ့်မည်ဟု ရှုမြင်ကြောင်း တင်ပြလိုပါသည်။
သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.
အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:သူတို့အာဘော်
4 Responses to သယံဇာတ ကျိန်စာမှ လွတ်မြောက်ဖို့ (ဖေမြင့်)
  1. U Aye on December 8, 2012 at 8:30 am
    THANKS SAYA PHE MYINT. IT CONCERN TO ALL PEOPLE IN MYANMAR. PLEASE PARTICIPATE EVERYBODY WHO IS SKILLED AND EXPERIENCED IN THIS FIELD. BETTER DISCUSS IN MRTV-4.
  2. Emerald Mya Twhay Aung Myint on December 8, 2012 at 1:50 pm
    anybody lost their land, should have penison for the rest of their life from the companies who took over their life for definite years by the companeis who took over and benefit their lands???????????????
  3. Thit Htoolwin on December 8, 2012 at 4:21 pm
    Thanks for your “Natural Resources Curse” Saya Phe Myint.
    I think it is especially linked with EHS (Environmental, Health & Safety)
    of not only Myanmar but also Globe.
    All CEO, MD, DG, MP, Ministers & Dy. Ministers should have immensely
    knowledgeable about EHS due to all those people are going to sign the
    FDI contract with foreign firms.
    Thanks,
  4. Dr.Thiha Maung on December 10, 2012 at 7:03 pm
    Well done! My Dear Friend Dr.Pe Myint(1973). We should have interests in ENVIRONMENT which is related to Health and also interconnected with Politics.Our Golden Land is not specifically belongs to Tyrants & cronies,but also belongs to all of us(People of BURMA with Multi- ethnic groups). They have “No Rights” whatever they want to do as they like.It is not their Grandpa’s Land. We have “RIGHTS” to protect it.
    Dr. Maung(1973)- a pseudo name
ကြော်ငြာ … ကြော်ငြာ …
စာအုပ်မြင် ချစ်ခင်ကြပါစေ …
မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း စက်တင်ဘာ ၂၀၁၇ ထွက်ပြီ
မိုးမခမှာ ကြော်ငြာပါ
မိုးမခကို အိမ်အရောက် ပို့ပေးမည်
Help MoeMaKa
မိုးမခမာတိကာစဉ်
%d bloggers like this:
ကြော်ငြာရန် …
မိုးမခနဲ့ ပတ်သက်သမျှ
မိုးမခ သြဂတ်စ် ထွက်ပြီ
By
မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...
Read more »
မိုးမခ ဇူလိုင် ထွက်ပါပြီ …
By
မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...
Read more »
မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ
By
မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ (မိုးမခစာအုပ်စင်) ဇွန် ၉၊ ၂၀၁၇...
Read more »
မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ
By
    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...
Read more »
သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ
Recent Comments
ကဏ္ဍများအလိုက်
Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်