ဝါရင့်နိုင်ငံရေးသမားကြီး ဦးထွေးမြင့် ဆေးရုံတက် ခွဲစိတ်

December 17, 2012

ဝါရင့်နိုင်ငံရေးသမားကြီး ဦးထွေးမြင့် ဆေးရုံတက် ခွဲစိတ်
ဓာတ်ပုံကောက်နုတ်ချက်၊ စုစုနွေးဖေ့စ်ဘွတ်၊ ဒီဇင်ဘာ ၁၇၊ ၂၀၁၂

ဒီဇင်ဘာ ၁၆ ရက်နေ့က တွေ့ရတဲ့ ဓာတ်ပုံဖြစ်ပါတယ်။ စုစုနွေးရဲ့ ဖေ့စ်ဘွတ်မှာ တင်ဆက်ထားတာကို ကူးယူတင်ပြလိုက်ပါတယ်။

ရန်ကုန်ပြည်သူ့ဆေးရုံသစ်ကြီး(ဂျပန်ဆေးရုံ)မှာ ဆေးရုံတင်ထားရတဲ့ ဝါရင့်နိုင်ငံရေးသမားကြီး ဘဘဦးထွေးမြင့်(ပြည်ပြေးထွေးမြင့်) ဆီကို ဒီနေ့ ညနေစောင်းလေးမှာပဲ သွားရောက်ခဲ့ပါတယ်။ ဆေးရုံသစ်ကြီးရဲ့ ပထမထပ်၊အမျိုးသားခွဲစိတ်ဆောင်(၁) အစွန်ဆုံးအခန်းမှာပါ။

ပြင်းထန်တဲ့ ဆီးကျောက်ကပ်ရောဂါကြောင့် မနက်ဖြန်မနက်မှာ ခွဲစိတ်ခန်း ဝင်ရတော့မယ်လို့ သိရပါတယ်။ လွန်ခဲ့တဲ့ (၅)နှစ်လောက်က ဘဘကို နောက်ဆုံးမြင်ခဲ့ရတာ ဆိုတော့ဇရာကြောင့်ပဲလားမသိ ရုပ်ကတော့ အတော်လေး ကျသွားပါပြီ။ခြေထောက်တွေလည်း ဖောရောင်နေ ပါတယ်။ ဒါပေမယ့် စိတ်ကတော့ ထက်နေဆဲပါ။

ကျမတို့ ရောက်သွားချိန်မှာတောင် ကုတင်ပေါ်ထိုင်နေလျက်က ဖုန်းတစ်လုံးနဲ့ နိုင်ငံရေးတွေ ဆွေးနွေး၊အကြံပေး၊ လှမ်းလုပ်နေပါသေးတယ်။ အာဂ ဘဘပါပဲ။ဘဘ အမြန်ဆုံး ပြန်လည် ကျန်းမာပါစေ …. (စုစုနွေး)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ဓာတ်ပုံသတင်း

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ 

By

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ  မိုးမခစာပေက ထွက်ပါပြီ။...

Read more »

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်