သတိရပါတယ် ဂျီးဇက်ရယ်

December 23, 2012

ဦးနန္ဒဝံသ (ကာရိုလိုင်းနား)
ဒီဇင်ဘာ ၂၃၊ ၂၀၁၂

ဂျီးဇက် (Jesus) အရှင်ရယ်
သင့်ရဲ့ (God) ဘုရားသခင်ကို
ကျုပ်ရဲ့ ဖန်ဆင်းရှင်ပါလို့ 
မယုံကြည်နိုင်ပေမဲ့
ကျေးဇူးတော် အနန္တပါလို့ 
ပြောပေးပါနော်။

ကျုပ်တို့ ဘာသာဝင် အချင်းချင်းကြား
မထားနိုင်ကြတဲ့ မေတ္တာတရားများ
အသင့်ရဲ့ တပည့်တွေ ရင်မှာ
ပြည့်နက်ကာ ပွားနေကြတာ တွေ့ တော့
အလွန့် အလွန်ကို လေးစားမိတယ်။

ကျုပ်နေတဲ့ အမေရိကန်နိုင်ငံက
ပြည်သူတွေဆိုရင်
ဒုက္ခအထွေထွေ ပင်လယ်ဝေနေတဲ့
ကျုပ်တို့ တတွေကို
နွေးထွေးစွာ ကြိုဆိုရင်း
နေရာထိုင်ခင်းများ စီမံပေး
စားဝတ်နေရေးတွေ တာဝန်ယူ
ဘာမှကို ပူပင်ကြောင့်ကြကာ
ကြောက်စရာမလိုတဲ့
လွတ်လပ်သော ဘဝကို အပြည့်ပေး

ပညာရေးက အစ
အနာဂတ်အတွက် အိမ်မက်လှလှလေးတွေ
မက်လို့ ကောင်းအောင်တောင်
လုပ်ဆောင်ကာ ပေးနေကြသေးတယ်။
ဒါတွေဟာ သင့်မေတ္တာ ရှိန်အဝါတွေပေါ့။

၂ဝ၁၂ ခရစ်စမတ်ကာလမှာ
လျှပ်စစ်မီးရောင်စုံတွေ ဖြာဝေနေအောင်
ကျုပ်ဗုဒ္ဓဘာသာကျောင်းတော်မှာ

ထွန်းညှိကာ မပူဇော် မပသပေမဲ့
တကယ်ပါ
အရှင့်ရဲ့ ကျေးဇူးတော် အဝဝကို
အထူး သတိရနေမိပါရဲ့။

(၂၀၁၂-ခရစ်စမတ် အမှတ်တရ)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ကဗျာ

2 Responses to သတိရပါတယ် ဂျီးဇက်ရယ်

  1. Lawt on December 24, 2012 at 2:27 am

    Very good perspective and thought! Greatly respect and thank you for your good encouragement for all Burmese.

  2. angel on December 24, 2012 at 3:29 pm

    ဦးနဒ္ဒဝန်သကိုလည်းလေးစားမိပါတယ်။ အကောင်းမြင်ဝါဒနဲ့ဘာသာခြားများကိုမြင်အောင်ကြည့်ပေးနိုင်တဲံ
    အတွက်ကြောင့်ပါ။ဘုန်းဘုန်းလိုလူများမြန်မာပြည်နဲ့ကမ္ဘာပေါ်မှာပြည့်နေခဲ့ရင်ကမ္ဘာကြီးမှာစစ်ဆိုတာမရှိတော့ပါဘူး။ကျေးဇူးတင်ပါတယ်ကျွန်မတို့လိုဘာသာခြားတွေကိုနားလည်ပေးနိုင်လို့ပါ။

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ မိုးမခစာအုပ်စင်၊...

Read more »

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ

By

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ (မိုးမခစာအုပ်စင်) ဇန်န၀ါရီ ၃၁၊ ၂၀၁၉...

Read more »

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ်

By

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ် (မိုးမခစာအုပ်စင်) ဒီဇင်ဘာ ၂၆၊ ၂၀၁၈...

Read more »

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)