ကြံ့ဖွံ့လွှတ်တော်၏ ၂၀၁၂ တက္ကသိုလ်ပညာရေး ဥပဒေ ဝေဖန်စာတမ်း (၂)

January 3, 2013

ကြံ့ဖွံ့လွှတ်တော်၏ ၂၀၁၂ တက္ကသိုလ်ပညာရေး ဥပဒေ ဝေဖန်စာတမ်း (၂)

ဦးမျိုး (ဥပဒေ)၊ ဇန်န၀ါရီ ၃၊ ၂၀၁၃

အပိုင်း (၂)

            မြန်မာနိုင်ငံ ပညာရေးလှုပ်ရှားမှုသမိုင်းတွင် ၁၉၅၄-၅၅ ခုနှစ်က စပြီး လက်ရှိ ပညာရေးစနစ်ကို ပြုပြင်ပြောင်းလဲပေးဖို့ တောင်းဆိုခဲ့ကြသည်။ ၁၉၅၆ – ၅၇ ခုနှစ် တွင် တက္ကသိုလ်ကျောင်းသားသမဂ္ဂ အမှုဆောင်အဖွဲ့က တက္ကသိုလ်ပညာရေးကို ပြုပြင် ပြောင်းလဲဖို့တင်ပြခဲ့ကြသည်။ ၁၉၅၇ ခုနှစ်မှာ နိုင်ငံတော် ၀န်ကြီးချုပ် ဦးနု က သဘာ ပတိ အဖြစ်ဆောင်ရွက်ပြီး ပညာရေး စုံစမ်းမှုကော်မတီကို ဖွဲ့စည်းခဲ့သည်။ ၁၉၅၇ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ – ၂၉ ရက်နေ့တွင် မော်လမြိုင်မြို့မှာ ကျင်းပခဲ့သည့် တက္ကသိုလ်၊ ကော လိပ်ပေါင်းစုံ ဆွေးနွေးပွဲမှာ ပညာရေး နှီးနှောဖလှယ်ပွဲကြီး တရပ် ကျင်းပဖို့ ဆုံးဖြတ် ခဲ့ကြသည်။ မြန်မာနိုင်ငံသမိုင်းမှာ ပထမဆုံးအကြိမ် ကျောင်းသားများ ပညာရေး နှီးနှော ဖလှယ်ပွဲကြီးကို ၁၉၅၈ ခုနှစ် သြဂုတ်လ ၉ – ရက်မှ ၁၃ – ရက်နေ့နံနက်ပိုင်းအထိ ၅ ရက်တိုင်တိုင် ရန်ကုန် တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပခဲ့သည့် သမိုင်းအစဉ် အလာ ကြီးမားမှုကို သင်ခန်းစာယူသင့်ပါသည်။ နှီးနှောဖလှယ်ပွဲကြီးတွင်-

၁။ ပညာရေး ၀ါဒ တင်ပြချက်စာတမ်း

၂။ သင်ကြားမှု မဏ္ဍိုင်ဘာသာရပ်နှင့် ပတ်သက်၍ သဘောထား တင်ပြချက်

၃။ မူလတန်း၊ မူလတန်းလွန် ပညာရေးနှင့် အလွတ်ပညာသင်ကျောင်း စာတမ်း

၎။ အတန်းလွန် ပညာရေး စာတမ်း

၅။ စက်မှု လက်မှု အသက်မွေး ၀မ်းကျောင်းပညာရေး စာတမ်း

၆။ လူမျိုးစု ပညာရေး စာတမ်း

၇။ ပညာရေး လွတ်လပ်ခွင့်နှင့် သမဂ္ဂ ဖွဲ့စည်းခွင့် စာတမ်း

၈။ လူထု ပညာရေးနှင့် သက်ကြီးပညာရေး စာတမ်း

-ဟူ၍ စာတမ်းပေါင်း (၁၃) ခုရေးသား တင်ပြခဲ့သည်။ ကော်မရှင် ၈ စုခွဲကာ ဆွေးနွေး ခဲ့ကြသည်ကို တွေ့ရပါသည်။ ပညာရေး လွတ်လပ်ခွင့် စာတမ်းတွင် ဒီမိုကရေစီကျသော ပညာရေး၌ ပညာရေး လွတ်လပ်ခွင့်သည် ဤသို့ရှိရမည်။

(က) ကျောင်း၏ လုပ်ငန်းတွင် လွတ်လပ်ခွင့်၊ လုပ်ကိုင်ဆောင်ရွက်နိုင်ခွင့် သဘောရှိရ မည်။ ဤကဲ့သို့ လုပ်ကိုင်ရာ၌ ကျောင်းသား၊ မိဘ၊ ဆရာ သုံးပွင့်ဆိုင် ချိန်ခွင်သဖွယ် (Balanced Participation) ပူးတွဲ ဆောင်ရွက်ရမည်။

(ခ) ကျောင်းတိုးတက်ရာ တိုးတက်ကြောင်း လုပ်ငန်းမှန်သမျှ လုပ်ရာတွင် မနှောင့် ယှက်သည့်ပြင် မိမိတို့၏ မူမမှန်သော သဘောတရပ်ကို ကျောင်းထဲတွင် မသွတ်သွင်း စေရန် ဆောင်ရွက်ရမည်။

(ဂ) စီးပွားရေးနှင့် ဥပဒေ လွတ်လပ်ခွင့် အာမခံချက် ရှိရမည်။ တချိန်တည်းတွင် လောကဓာတ်သိပ္ပံနှင့် ယဉ်ကျေးမှုပညာ တိုးတက်ရာ တိုးတက်ကြောင်း လေ့လာလိုက် စားခွင့် ရှိစေရမည်။

(ဃ) ပညာသင်ကြားစနစ် ခေတ်မီရမည်။ ဆိုလိုသည်မှာ ပညာသင်ကြားရေးနှင့် လူ့ လောက အဆက်အစပ်ရှိရမည်။ အမျိုးဘာသာ အသွင်ဆောင်၍ ၀ိဇ္ဇာနည်းကျသော ကျောင်းသုံးစာအုပ်များ ပြဋ္ဌာန်းရမည်။

            ကျောင်းသားများအား တက္ကသိုလ်နှင့် အထက်တန်းကျောင်း အုပ်ချုပ်ရေးတွင် ပါဝင်ခွင့် ရှိရမည်။ တက္ကသိုလ်သို့ ပေးအပ်ထားသည့် အခွင့်အရေးကို ရိုသေကြရမည်။

(င) ပညာရေး၏ ဆန့်ကျင်ဘက် ဖြစ်သော စစ်သားစုဆောင်းခြင်းကို မရှိစေရ။

(စ) အမျိုးသမီးတိုင်း အမျိုးသားနှင့် တန်းတူ ပညာသင်ကြားခွင့် ရှိရမည်။

(ဆ) ဆရာများခန့်ထားရာ၌ ပညာအရည်အချင်းအရ ဖြစ်ရမည်။ နိုင်ငံရေး ခွဲခြားမှု မပါ ၀င်ရ။ ၎င်းပြင် ဆရာများသည် မိမိတို့ ကြိုက်နှစ်သက်ရာ နိုင်ငံရေးဝါဒကို လေ့လာ ပိုင်ခွင့် ရှိရမည်။

(ဇ) အောင်မြင်ပြီးသော ကျောင်းသားများအား မိမိတို့ အရည်အချင်းအရ အလုပ်လုပ် ပိုင်ခွင့် ရှိရမည်။

ဟူ၍ ဆွေးနွေးတင်ပြခဲ့သည်များကို တွေ့ရပါသည်။ ဤနှီးနှောဖလှယ်ပွဲကြီးမှ ပညာရေး လွတ်လပ်ခွင့်ကို ထိန်းသိမ်းကာကွယ်နိုင်သော အောက်ပါလုပ်ရပ်များကို လုပ်ထိုက် ကြောင်း ရည်ညွန်းလိုသည်။

(က) ဒီမိုကရေစီ ကျသော ပညာရေးစနစ် ပြုပြင်ခြင်း၊

(ခ) တက္ကသိုလ်ကျောင်းများတွင် ပညာရေးလုပ်ငန်းများ၌ သီးခြားကိုယ်ပိုင်ပြဋ္ဌာန်း ဆောင်ရွက်နိုင်ခွင့် ရှိခြင်း၊

(ဂ) တက္ကသိုလ်ကျောင်းများတွင် ချုပ်ချယ်ထားသော ဥပဒေများနှင့် စည်းကမ်း (Unilateral Discipline) များကို ရုပ်သိမ်းခြင်း၊

(ဃ) ကျောင်းဆရာများကို နိုင်ငံရေးအရမဟုတ်ဘဲ အရည်အချင်းအလိုက် ခန့်ထား ခြင်း၊

(င) ဆရာ၊ ကျောင်းသား ပူးတွဲကာကွယ်သင့်ခြင်း၊

(စ) ကျောင်းသား သမဂ္ဂများ ဖွဲ့စည်းခွင့် ပေးလျက် ကျောင်းအုပ်ချုပ်ရေးတွင် ပူးတွဲ တာဝန် ယူနိုင်ခြင်းဖြင့် ပညာရေး လွတ်လပ်ခွင့်ကို ထိန်းသိမ်းနိုင်ခြင်း၊

– စသည်တို့ကို အဓိကသဘောအရ ဆောင်ရွင်သင့်ကြောင်း ဤနှီးနှောဖလှယ်ပွဲကြီးမှ တင်ပြအပ်ပါသည်၊ဟု အထင်အရှား ဖော်ပြထားသည်များကို တွေ့ရှိရပါသည်။

            မြန်မာ့သမိုင်းတွင် ၁၉၂၀ ခုနှစ်က ကျောင်းသားသပိတ် အရေးတော်ပုံသည်  အင်္ဂလိပ်နယ်ချဲ့သမား၏ ကိုလိုနီကျွန်ပညာရေးစနစ်ကို ဖျက်သိမ်းပြီး မျိုးချစ်စိတ်ဓါတ် ပေါက်ဖွားလာဖို့လှုံ့ဆော်ခဲ့သည့် အမျိုးသားပညာရေး ကြွေးကြော်သံသည် ပညာရေး ကိုပြုပြင်ဖို့ အမျိုးသားပညာရေးကို  အစားထိုးဖို့ ကြိုးစားခဲ့ကြခြင်းဖြစ်သည်။

         ၁၉၅၈ ခုနှစ်မှာတော့ နိုင်ငံတော်အစိုးရကိုယ်တိုင်က ပညာရေး စုံစမ်းမှု ကော်မတီကို ဖွဲ့ကာ ကျောင်းသားများ၏ ပညာရေး ပြုပြင်ပြောင်းလဲဖို့ တောင်းဆိုချက်ကို ပညာရေး နှီးနှော ဖလှယ်ပွဲမျိုး ကျင်းပပေးခြင်းဖြင့် ဒုတိယအကြိမ် ကြိုးပမ်းချက်အဖြစ် မှတ်တမ်းမှတ်ရာ အရ တွေ့ရှိရပါသည်။

          ထိုစဉ်က ရှိခဲ့သည့် ၁၉၅၇ ခုနှစ်၊ မန္တလေး တက္ကသိုလ် အက်ဥပဒေ နှင့် The University of Rangoon Act. (Burma Act IX , 1920.) (1st July,1924) တို့ကိုလည်း အလေးအနက်ထား လေ့လာရန် လိုပါသည်။ ၎င်းဥပဒေများမှ အဓိက ထောက်ပြလိုသည်မှာ ပညာရေးတွင် အုပ်ချုပ်ရေးပိုင်းက ၀င်ရောက်စွက်ဖက် ပါဝင်မှု နည်းခဲ့သည်ကို ဖော်ညွန်းလိုပါသည်။

         ကိုလိုနီခေတ်ကလောက်မှ ယခုအခါ ပညာရေးလောကသားများ ပညာရေးတွင် ပါဝင်ခွင့်မရှိအောင် ပြဋ္ဌာန်းလာသည့် ဥပဒေ များမှာ အောချစရာကြီး ဖြစ်နေပါသည်။ ပညာရေးလောကတွင် ထင်ရှားသည့် အင်္ဂ လိပ်ပညာရှင်ကြီး ဘာထရန် ရပ်ဆယ် က “ပညာရေး လောကတွင် ကျောင်းသားရော ဆရာပါ လွတ်လပ်စွာ တွေးခေါ်ခွင့်၊ ဆောင်ရွက်ခွင့်၊ သင်ကြားခွင့် ပေးရမည်။” ဟု ဆိုထားခဲ့သည်။

       ကျောင်းဆရာများ အသင်းအဖွဲ့၊ သမဂ္ဂများကို၊ ကျောင်းသားများ သမဂ္ဂများကို ပိတ်ပင်တားမြစ်သည့်၊ ပညာရေးနယ်ပယ်တွင် ပါဝင်ခွင့်မပြုသည့် မည် သည့် ဥပဒေများကိုမဆို ပယ်ဖျက်ပစ်သင့်ပါသည်။ ပညာရေးလောကတွင် အတား အဆီး ဖြစ်စေမည့် အနှောင့်အယှက်အမျိုးမျိုး၊ ပညာရေး လွတ်လပ်ခွင့်ကို ပိတ်ပင်သည့် ချုပ်ချယ်ခြင်း၊ လွတ်လပ်စွာ တွေးခေါ်ခွင့် ပိတ်ပင်ခြင်း၊ ဆရာများ လုပ်ငန်းတွင် ၀င် ရောက်နှောင့်ယှက်ခြင်း၊ ကျောင်းသားများ၏ ပညာရေးလောကတွင် ၀င်ရောက် ခြယ် လှယ်ခြင်း၊ ပညာရေး မျက်နှာလိုက်မှု ပြုလုပ်ခြင်း၊ ပညာရေးလောကတွင် စစ်စုံထောက် ပါဝင်စုံထောက်ခွင့် စသည့် အာဏာပိုင်အစိုးရတို့၏ ခြိမ်းခြောက်သည့် အသွင်ဆောင် သည့် အမှုထမ်းများ သွတ်သွင်းခြင်းတို့ကို ပြုလုပ်နေခြင်းတို့သည် ပညာရေးလွတ် လပ်ခွင့်(၀ါ) ပညာရေးလောက၏ ဒီမိုကရေစီစနစ်ကို လုံးဝ ဖျက်ဆီး ပိတ်ပင် ခြင်းဖြစ်ပေ သည်။ ဒီမိုကရေစီ ပညာရေးစနစ်ကို ပြတ်ပြတ်သားသား တောင်းဆို တည်ထောင်သင့် ပါသည်။

            ၁၉၅၇ ခုနှစ်၊ မန္တလေးတက္ကသိုလ် အက်ဥပဒေ ပုဒ်မ ၇ တွင်“အောက်ပါတို့သည် တက္ကသိုလ် အာဏာပိုင်များ ဖြစ်ရမည်၊

(က) ကောင်စီ၊

(ခ) ပါမောက္ခ အဖွဲ့၊

ဤဥပဒေ ပုဒ်မ ၁၁ ၌ (၁) ကောင်စီတွင် အောက်ပါပုဂ္ဂိုလ်များ ပါဝင်ရမည်။

(ဋ) မန္တလေး တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ၏ အမှုဆောင်အဖွဲ့က အမည်တင်သွင်းသော တက္ကသိုလ်ရာထမ်းမှုထမ်းလည်းမဟုတ်၊ တက္ကသိုလ်ကျောင်း သား လည်းမဟုတ်သော တက္ကသိုလ် ဘွဲ့ရသူတဦး။ ထိုသူသည် ရာထူး၌ တနှစ်ကာလ အပိုင်းအခြားအတွက် ထမ်းရွက်ရမည့်အပြင် ထပ်မံခန့်ထားခြင်း ခံနိုင်ခွင့် ရရှိစေရမည်။

(ဌ) မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းဆရာများ အသင်းက ရွေးကောက်တင် မြှောက်သော တက္ကသိုလ် ရာထမ်းမှုထမ်းလည်းမဟုတ် ၊ တက္ကသိုလ် ကျောင်းသား လည်း မဟုတ်သော အသင်းဝင်တဦး၊

            (၂) ကောင်စီလူကြီးများကို တက္ကသိုလ် အုပ်ချုပ်ရေး အဖွဲ့ဝင် လူကြီးများဟု ခေါ်တွင်စေရမည်။

-ဟုပြဋ္ဌာန်းထားပါသဖြင့် ကျောင်းသားများ သမဂ္ဂ အမှုဆောင်အဖွဲ့က အမည်တင်သွင် သူတဦးနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းဆရာများ အသင်းက ရွေးကောက်တင် မြှောက်သော အသင်းဝင် တဦးတို့ တက္ကသိုလ် အုပ်ချုပ်ရေး အဖွဲ့ဝင် လူကြီးများအဖြစ် ပါဝင်ခွင့် ရရှိခဲ့သည့် ဥပဒေ အထောက်အထားများကို အထင်အရှား တွေ့ရှိရပါသည်။

            မြန်မာနိုင်ငံ မလွတ်လပ်မီ ၁၉၂၄ ခုနှစ် ရန်ကုန်တက္ကသိုလ် အက်ဥပဒေ ကိုပြင်ဆင်သည့် ဥပဒေ ၌လည်း ပုဒ်မ ၇ – တက္ကသိုလ် အာဏာပိုင်များတွင် (က) ကောင်စီ ပါရှိပါသည်။ တက္ကသိုလ် ကောင်စီ ဖွဲ့စည်းရာ၌ ပုဒ်မ ၁၁  (၁) (ည) တွင် ရန်ကုန် တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ မှ ရွေးကောက် တင်မြှောက်သူတဦး နှင့် ပုဒ်မ  ၁၁(၁) (ဎ) တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းဆရာများ အသင်းက ရွေးကောက်တင်မြှောက်သူတဦး တို့ကို ပါဝင်ဖွဲ့စည်းထားကြောင်းတွေ့ရပါသည်။ ဆရာနှင့် ကျောင်းသားများ ပါဝင်ခွင့် ရရှိခဲ့သည့် မှတ်တမ်းကို အထင်အရှားတွေ့ရှိရပါ သည်။

            ၁၉၆၂ ခုနှစ် တက္ကသိုလ် ကျောင်းသား တရာကျော်ကို ဇူလိုင် ၇ ရက်တွင် သတ်ဖြတ်ပြီး နောက်ပိုင်း ပြဋ္ဌာန်းလာသည့် တက္ကသိုလ် ပညာရေး ဥပဒေများအား လုံးတွင် (အခန်း(၅) တက္ကသိုလ်များ ကြီးကြပ်ရေး အခန်းပါ တက္ကသိုလ်များ ဗဟို ကောင်စီတွင်) ပညာရေးဝန်ကြီး၊ ၀န်ကြီးဌာနများမှ ၀န်ကြီးများ၊ ဒုဝန်ကြီးများနှင့် အစိုးရက တာဝန်ပေးသည့်ပုဂ္ဂိုလ် များကို သာ ထည့်သွင်းထားပြီး ကျောင်းသားများနှင့် ဆရာများ မပါရှိသည်ကို ၀မ်းနည်းစွာ တွေ့ရှိရပါသည်။ ဒီမိုကရေစီ စနစ်ကိုသွားရာလမ်းတွင် ဒီမိုကရေစီပညာ ရေးနှင့် အံဝင်ခွင်ကျ ကိုက်ညီမည့် ဖွဲ့စည်းပုံများသာ ဖြစ်ရပါမည်။ လေးဒေါင့်နှင့် အ၀ိုင်းလို စစ်အာဏာရှင်စနစ်ဥပဒေများနှင့် ဒီမိုကရေစီပညာရေးစနစ်တို့မကိုက်ညီသကဲ့သို့ ဖြစ်တည်နေသည်ကို လွှတ်တော်တွင်း ရပ်ဆိုင်းထားရသည့် တက္ကသိုလ် ပညာရေး ဥပဒေ (၂၀၁၂)မူကြမ်းကို လယ်ပြင်မှာ ဆင်သွားသလို မြင်တွေ့ကြရပါသည်။

ဦးမျိုး (ဥပဒေ)

၇ – ၇ – ၂၀၁၂

(ဆက်လက်ဖော်ပြပါမည်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:မှတ်စုမှတ်တမ်း, သတင်းဆောင်းပါး, အခန်းဆက်များ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း သြဂတ်စ် ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ

By

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ (မိုးမခစာအုပ်စင်) ဇွန် ၉၊ ၂၀၁၇...

Read more »

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်