သတ္တုတွင်း၊ရေအရင်းအမြစ်နှင့် လက်ပံတောင်းတောင် (Maung Kyay Yay)

January 5, 2013

သတ္တုတွင်း၊ရေအရင်းအမြစ်နှင့် လက်ပံတောင်းတောင်                     

မောင်ကျေးရေ  ကယ်လီဖိုးနီယား

ဇန္န၀ါရ်ီလ ၅၊၂၀၁၃။

စကားဦး     

သတ္တုတွင်းမျာ၏ ဘေးထွက်ဆိုးကျိုးများသည် လူနှင့်သဘာဝပတ်ဝန်းကျင်အများစုကို နှစ်ကာလ၊ ဆယ်စုနှစ်များစွာ ဆိုးကျိုးများသက် ရောက်စေပါသည်။ ဤစာစောင်တွင် သတ္တုတွင်းများ၏ ရေအရင်းအမြစ်များအပေါ် ဆိုးကျိုးသက်ရောက်ခြင်းနှင့် ထိုဆိုးကျိုးများသက်ရောက်မှု အနည်းဆုံး ဖြစ်အောင်ပြုလုပ်နည်းများကို အဓိကထား ရေးသားထားခြင်းဖြစ်ပါသည်။

သတ္တုတွင်း

တ္တုတွင်းဆိုသည်မှာ တန်ဘိုးရှိသောဓါတ်သတ္တုများ Minerals  (ရွှေ၊ ငွေ၊ ကြေး၊ ရွေဖြူ၊ ခဲမဖြူ၊ အဖြိုက်နက်၊ ကျောက်သံပတ္တမြား စသည့်) (Gold, Silver, Copper, Platinum, Lead & Zinc and Precious Stone) နှင့် အဆိုပါဓါတ်သတ္တုများ ပါဝင်နေသော သတ္တုရိုင်း၊ မြေသားကျောက်သားများ (Ore mineral; Soil, Rocks & Rocks’ fragments) မြေသား၊ ကျောက်သားများကို စီးပွားရေးအရ အမြတ်အစွန်းများစွာရရှိသဖြင့် တူးဖေါ် ထုပ်ယူသည့် လုပ်ငန်းဆောင်နေသည့်နေရာကို ဆိုလိုပါသည်။

အဆိုပါဓါတ်သတ္တုနှင့် ဓါတ်သတ္တုများပါဝင်နေသော မြေသား၊ ကျောက်သားများကို တူးဖေါ်ထုပ်ယူရာတွင် မိမိအလိုရှိသော တန်ဘိုးများစွာရှိ ဓါတ်သတ္တုပစ္စည်းများရရှိစေရန် ထိုဓါတ်သတ္တု ပါဝင်နေသည့်မြေသားနှင့် ကျောက်သားများကို  ထုတ်ယူသန့်စင်ရပါသည်၊ထိုသို့ပြုလုပ်ပြီှး ထွက်ရှိလာသော ဓါတ်သတ္တုပစ္စည်းများနှင့် ဘေးထွက်ပစ္စည်းများကို စနစ်တကျသိမ်းဆည်းခြင်း၊ စွန့်ပစ်ခြင်း စသည့် အခြေခံလုပ်ငန်းသည် သတ္တုတွင်းထုတ်လုပ်သူများ၏ အဓိက အရေးအကြီးဆုံးဖြစ်ပေသည်။ သို့သော်ထုတ်လုပ်သူအများစုသည် မိမိအလိုရှိသော ဓါတ်သတ္တုရရှိရေးကိုသာ ဦးစားပေးလုပ်ကြသည်က များပါသည်။

အဘယ်ကြောင့်နည်း၊ ဘေးထွက်ပစ္စည်းများ စနစ်တကျစွန့်ပစ်စရိတ်ကြီးမားခြင်း၊ သတ္တုတွင်းတခု၏ ထုတ်လုပ်မှု သက်တမ်းကာလ ကြာမြင့်ခြင်း၊ စွန့်ပစ်ပစ္စည်းများ၏ ဘူမိဗေဒဆိုင်ရာ၊ ဇလဘူမိဗေဒဆိုင်ရာ၊ ဓာတုဗေဒဆိုင်ရာ၊ ဘူမိဓာတုဗေဒ ဆိုင်ရာ ကြိုတင်စူးစမ်းလေ့လာရေး၊ (Geological, Geo-chemical, Hydro-Geological, Chemical Investigation) လုပ်ငန်းများ၏ အစီရင်ခံစာအရ စည်းစနစ်ကျနစွာဖြင့်၊ လူနှင့်သ

ဘာဝ ပတ်ဝန်းကျင်၊ ဘူမိရပ်ဝန်းနှင့် ရေအရင်းအမြစ်များကို မထိခိုက်စေသော စွန့်ပစ်နည်းများကို အသုံးပြုရမည်ဖြစ်ခြင်း၊ ထိုအခါ စရိတ်စကများ ပိုမိုကုန်ကျခြင်း၊ သက်ဆိုင်ရာနှိင်ငံအစီုးရ၏ အားနည်းသော စည်းမျဉ်းစည်းကမ်း ဥပဒေများကို ထုတ်လုပ်သူများက နားလည်သိရှိထားခြင်း၊ စသည်တို့ကြောင့် မ

ဖြစ်မနေ ပြုလုပ်မှဖြစ်မည်ဆိုသည့် အချိန်ရောက်မှ ပြုလုပ်ကြသည်က  များပါသည်။ ထိုကဲ့သိုလုပ်ဆောင်းခြင်းများကို သယံဇာတပေါများသည့် ဖွံဖြိုးစ၊ ဖွံဖြိုးဆဲနှိင်ငံတွင် ဖြစ်လေ့ဖြစ်ထ ရှိကြပါသည်။


         

   ရွှေ၊ ကြေးစသည့် တန်ဘိုးရှိ သတ္တု Mineral (၁) တန် ရရန်အတွက် အကြမ်းအားဖြင့် (၉၉) တန်သော စွန့်ပစ်ပစ္စည်းများ ထွက်ရှိသည်ဟု ဆိုပါသည်။ ထိုစွန့်ပစ်ပစ္စည်းများ စုပုံနေုသည့်နေရာကို အမြီး (Large amounts of waste; called tailings) ဟုခေါ်ပါသည်။ ထိုနေရာကို စနစ်တကျ ဆည် တာဘောင် တည်ဆောက်သကဲ့သို့  တည်ဆောက်ရပါသည်။ အောက်ခံမြေသား  (Based Soil)သည်လည်း ရေစိမ့်မ၀င်နှိင်သောမြေသား (Impervious

soil layer) ဖြစ်ရပါမည်။ ထိုစွန့်ပစ်ပစ္စည်းများထဲတွင်  ရေနှင့်မြေကို ပျက်စီးယိုယွင်းစေသော အဆိပ်အတောက် (toxic /Poison) များ ပါဝင်သောကြောင့် ဖြစ်ပါသည်။ တာဘောင်သည်လည်း ဓါတုရေဆိုးများ (Chemical waste water) စိမ်းမှု အနည်းဆုံးဖြစ်အောင် တည်ဆောက်ရပါသည်။ ထိုစွန့်ပစ်ပစ္စည်းများကိုလည်း စနစ်တကျ ဖယ်ထုတ်ရပါသည်။

(ထိုသို့ စနစ်တကျ ပြုလုပ်ထားသည့်တိုင်အောင်၊ သာဓကတခုအနေနှင့် လွန်ခဲ့သောဆယ်နှစ်ကျော်က

(သက္ကရာစ် ၂၀၀၀)၊ အမေရိကတိုက် အလယ်ပိုင်းရှိ(Mar Copper Mine) ကြေးနီသတ္တုတွင်းမှ စွန့်ပစ်ပစ္စည်းတန်ပေါင်း (၂) သန်းကျော် သိုလှောင်ထားသည့်ဆည်(Large amounts of Toxic Waste; Tailings) ကျိုးပေါက်သွားပြီး၊ အများပြည်သူသုံး မြစ်ချောင်းများဆီသို့ စီးဆင်းသွားပြီး ပြည်သူများ ဘေးဒုက္ခရောက်ခဲ့ကြပါသည်။)

တိုးတက်သော နှိင်ငံများသည် သတ္တုတွင်းဆိုင်ရာ ဆွေးနွေးပွဲများကို စုပေါင်းပြုလုပ်ကြပြီး ပိုမိုကောင်းမွန်သော၊ လူနှင့် သဘာဝပတ်ဝန်းကျင်၊ ဘူမိပတ်ဝန်းကျင်ကို ထိခိုက် ပျက်စီးယိုယွင်းမှု အနည်းဆုံးသော မြေပေါ်မြေအောက်ရေ အရည်အသွေး ပျက်စီးယိုယွင်းမှု အနည်းဆုံးသော၊ သတ္တုထုတ်လုပ်ရာတွင် ရေသုံးစွဲမှု အနည်းဆုံးသော၊ သတ္တုဆေးကြောသန့်စင်ပြီး စွန့်ပစ်ရေဆိုးများ စိမ့်ဝင်မှု၊ စီးဆင်းမှု အနည်းဆုံးသော နည်းလမ်းများကို အသုံးပြုကြပါသည်။

ထိုအပြင် သတ္တုတွင်းထုတ်လုပ်သည့် လုပ်ငန်းအနီး ပတ်ဝန်းကျင်ရှိ မြေပေါ်၊ မြေအောက်ရေများကို အမြဲစမ်းသပ် စစ်ဆေးသော နည်းစနစ်များ အသုံးပြုရေး၊ သက်ဆိုင်ရာ နိုင်ငံ၏ တင်းကြပ်သောဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း စည်းကမ်းများကို လိုက်နာရေး၊ စသည့်အချက်များအပေါ် အခြေခံလုပ်ကိုင်ကြရန်ဖြစ်ကြပါသည်။

သတ္တုထုတ်လုပ်သည့် လုပ်ငန်းလုပ်ကိုင်သူများ၏ အဓိကလုပ်ငန်းကြီး ၅ ရပ်

 (၁) သတ္တုတွင်းတွင် အသုံးပြုနေသည့် မြေပေါ်ရေ၊ ရေစီးရေလာ စနစ်။ (Mining Surface water drainage System) နှင့် သတ္တုတွင်းထုတ်လုပ်သည့်နေရာ၊အနီးပတ်ဝန်းကျင်ရှိမြေပေါ်၊မြေအောက်ရေစီးဆင်းစနစ်။ (Surface and Sub-surface Water System near mining area)။

(၂) သတ္တုသန့်စင်သည့် ရေစွန့်ပစ်ကန်။ (Containment ponds) ။

(၃) မြေအောက်ရေ အသုံးပြုပါက မြေအောက်ရေ ထုတ်ယူသည့်စနစ်။ (Groundwater discharge System if use)။ (၄)သတ္တုတွင်းမှ အသုံးပြုပြီးရေဆိုးများ (Chemical Waste Water Disposal) ကိုမြေအောက်သို့ စိမ့်ဝင်မသွားအောင်၊ မြေပေါ်မှ မလိုအပ်သည့်နေရာ (လူတို့အသုံးပြုနေသည့်မြစ်၊ ချောင်း၊ အင်းအိုင်) ဆီသို့ စီးဆင်းမသွားအောင်၊ (Surface / Subsurface Impervious barriers) ရေမစီမ့်နှိင်သည့် အတားအစီးထားရှိသည့်စနစ်။

(၅) အက်စစ်ရေဆိုးများ (Acid Water) စွန့်ပစ်ရာတွင်လည်း လိုအပ်သည့်သန့်စင်မှုများ ပြုလုပ်ပြီးမှသာ စွန့်ပစ် (Drain after Treatment) ရန်တို့ဖြစ်ပါသည်။

သတ္တုတွင်းများကြောင့် ရေထုညစ်ညမ်းစေခြင်း အမျိုးအစား ၄ မျိုး

၁) သတ္တုတွင်းများမှ သုံးစွဲပြီးအက်စစ်ရေများ ဖောက်ထုတ်စီးဆင်းစေခြင်း။ (Acid Mine Drainage)

ဆလ်ဖိုက် (Sulfite) ဓါတ်သတ္တုဝင်နေသည့် မြေသားနှင့်ကျောက်သား(သတ္တုရိုင်း) (Soil & Rocks’ Fragment) များကို စက်အင်အားဖြင့် တူးထုတ်ပြီး ရေဖြင့်ဆေးကြောသန့်စဉ်စေသောအခါ ဆလ်ဖိုက်သည် လေ၊ရေနှင့် တွေ့ထိဓါတ်ပြုပြီး ဆလ်ဖြူရစ်အက်စစ် ဖြစ်သွားပါသည်။ ထိုအခါ အသုံးပြုသည့် ရေသည်လည်း ဆလ်ဖြူရစ်အက်စစ် ပျော်ဝင်နေသော ရေဖြစ်သွားပါသည်။ ထိုအက်စစ်ပါဝင်နေသည့် မြေသား၊ကျောက်စကျောက်နများ နှင့်ရေဆိုးများသည် မိုးရေစီးကြောင်းများမှသော်လည်ကောင်း၊ မြေပေါ်ရေဆင်းမြောင်းများမှသော်လည်းကောင်း မြစ်ချောင်းအင်းအိုင်များသို့ စီးဝင်သွားခြင်း၊ မြေအောက်ရေသို့ စိမ့်ဝင်သွားခြင်းဖြင့် ရေအရည်အသွေးယိုယွင်းလာစေပါသည်။ နှစ်ပေါင်းရာစုနှစ်များစွာ ကြာလာသည့်အခါ သောက်သုံး၍ မရသည့် အခြေအနေသို့ ရောက်ရှိပြီး ရေနေသတ္တ၀ါများနှင့် ရေစပ်နေသတ္တ၀ါများပါ မျိုးတုံးပျောက်ဆုံးနှိင်ပါသည်။

၂) သိပ်သည်းဆများပြီးအဆိပ်အတောက်ဖြစ်စေသောဓါတ်သတ္တုများဆေးကြောခြင်း။ (Heavy & Toxic Metal Contamination & Leaching)

            သိပ်သည်းဆများပြီးအဆိပ်အတောက်ဖြစ်စေသောဓါတ်သတ္တုများ(အာစင်နစ်၊ ကိုဘော့၊ ကြေးနီ၊ ကက်မိဒီယံ။ ခဲ၊ငွေ၊ဇင့်စသည့်) Heavy & Toxic Metal (Arsenic, Cobol, Copper, Cadmium, Lead, Zinc and etc.) ပါဝင်သည့်ကျောက်သား၊ မြေစီလွာများကို ရေဖြင့်ဆေးကြောပြီး သည့်အခါထိုဆေးကြောရေများသည်အထက်အပိုဒ် ၁ ပါနည်းများအတိုင်း မြေပေါ်ရေနှင့်မြေအောက်ရေများစီသို့ စီးဝင်သွားရာ ဓါတ်သတ္တုပျော်ဝင် နှုန်းများလာသည်နှင့်  အတူ အချိန်ကာလကြာလာသည့်အခါ pH အဆင့်နဲလာပြီးအထက်အပိုဒ် ၁ ကဲသို့ Acid Mine Drainage ပုံစံဖြစ်သွားပါသည်

၃) ဓာတုပစ္စည်းများ အသုံးပြုခြင်းကြောင့်ရေထုညစ်ညမ်းစေခြင်း။ (processing Chemicals pollution to water)

            သတ္တုထုတ်လုပ်သည့် သတ္တုတွင်းများတွင် သတ္တုရိုင်းများမှ ရယူလိုသည့် သတ္တုကို သီးခြားခွဲထုတ်၍ရအောင် ဓာတုအကူပစ္စည်းအဖြစ့် ဆိုင်ယာနှိဒ်(သို့) ဆလ်ဖြူရစ်အက်စစ် (Cyanide OR Sulfuric acid) ကို အသုံးပြုကြပါသည်။ ထိုသို့အသုံးပြုသည့် ပျော်ရည်များ အနီးပတ်ဝန်းကျင်ရှိ မြေပေါ်ရေနှင့် (သို့) မြေအောက်ရေများဆီသို့ လျံကျ၊စိမ့်ဝင်၊စီးဆင်းခြင်းဖြင့် ရေထုညစ်ညမ်းစေပြီး သောက်သုံးသူများ(လူနှင့်ရေနေသတ္တ၀ါများ)ကို အဆိပ်

အတောက်ဖြစ်စေပါသည်။ မျိုးတုန်းပြောက်ကွယ်စေပါသည်။

၎) မြေဆီလွာတိုက်စားခြင်းနှင့်အနယ်ပို့ချခြင်း။ (Erosion and Sedimentation)

            ဓါတ်သတ္တုများထုတ်လုပ်သည့် သတ္တုတွင်းများမှ ထွက်လာသောမြေသားနှင့် ကျောက်သား၊ ကျောက်စကျောက်နများတို့ သည်စနစ်တကျ

ကြိုတင်ကာကွယ်ထိန်သိမ်းထားခြင်း မရှိပါက မိုး၊လေ၊ရာသီဥတုတိုက်စားမှု့ကြောင့် အနီးအနားပတ်ဝန်ကျင်ရှိ မြစ်ချောင်းအင်းအိုင်၊ကန်များဆီသို့စီးဝင်၊ အနယ်ပို့ချကြပါသည်။ ထိုသို့ပို့ချမှု့များပြားလာသောအခါ မြစ်ချောင်းအင်းအိုင်ကန်များ၏ ကြမ်းပြင်များ၊ ရေစီးဆင်းရာလမ်းကြောင်းများ၊ ပိတ်ဆို့ခြင်း၊ ရေနေသတ္တ၀ါများနှင့် ရေစပ်နေသတ္တ၀ါများ တဖြေးဖြေးမျိုးတုန်းသွားခြင်း၊ စသည်ဆိုးကျိုးများကိုဖြစ်ပေါ်စေပါသည်။

သတ္တုတွင်းနှင့် ဘူမိပတ်ဝန်းကျင်ဆိုင်ရာ ပညာရှင်များ၏အဆိုအမိန့်

အမေရိကန်နှိင်ငံ၊ ၀ါရှင်တန်ဒီစီရှိ ဓါတ်သတ္တုများဆိုင်ရာပေါ်လစီဗဟိုက မိန့်ဆိုထားသည့် ဆိုလိုရင်းအချက်မှာ

“သတ္တူတွင်းတခု စတင်ထုတ်လုပ်ပြီဆိုကတည်းက သတ္တုထုတ်လုပ်သူ(ကုမ္မဏီ)၏အမြင့်ဆုံးသော တာဝန်တရပ်အနေနှင့် ရေအရင်းအမြစ်များ ကြိုတင်ကာကွယ်ခြင်း၊ လုပ်ငန်းပင်ဖြစ်သည်” ဟုဆိုထားပါသည်။ ဆိုလိုရင်းအသေးစိတ်မှာ …

[(“Once the mine is operation water protection must remain the highest goal of the Company, even if it means reduced mineral productivity. Adopting this common-sense ethic is the only way can ensure that the golden dreams of mining do not turn into the nightmare of poisoned streams” ) ( Carlos De Roas & James Lyon, Golden Dreams, Poisoned Streams, Mineral

Policy Center, Washington DC, 1997]

သတ္တုတွင်းများကြောင့်အဓိကပြောင်းလွဲမှု့ကြီး ၃ု၊          

(၁) သဘာဝမြေမျက်နှာသွင်ပြင် (Changes in the Natural Topography)။

(၂) ဇလဘူမိဗေ ဆိုင်ရာအခြေအနေများနှင့် အတူမြေပေါ်ရေနှင့် မြေအောက်ရေ အပြင် ကျောက်လွာများ၏ ဘူမိနည်းပညာဆိုင်ရာ အခြေအနေများ ပြောင်းလွဲလာခြင်း (Changes in the hydro-geological conditions with consequences for both groundwater and surface water and finally changes in the geotechnical conditions of the rock)။

(၃) မတူကွဲပြားခြားနားသောဘူမိပတ်ဝန်ကျင်းများအပေါ်အကျိုးအပြစ်များပိုမိုလာခြင်း (Rise to

various impacts on the geo-environment) (Aswathanaryana 2003)


လက်ပန်တောင်းတောင်သတ္တုတွင်းနှင့် သောက်သုံးရေအရင်းအမြစ်

တည်နေရာနှင့်လုပ်ငန်းပမာဏ

မုံရွာကြေးနီသတ္တုတွင်းသည် အရှေ့ တောင်အာရှတွင် ဒုတိယအကြီးဆုံးဖြစ်ပါသည်။ မုံရွာကြေးနီသတ္တုတွင်း (စပယ်တောင်၊ကြေးစင်တောင်နှင့်လက်ပန်တောင်းတောင်) မှသတ္တုရိုင်းတန်ချိန်(၂) ဘီလံခန့်ထွက်ရှိမှာဖြစ်ပြီး ကြေးနီသတ္တုတန်ချိန်(၇ )သန်းခန့် ရရှိမှာ ဖြစ်ကြောင်း၊ အိုင်ဗင်ဟိုး ဘူမိဗေဒ စူစမ်းလေ့လာရေး အစီရင်ခံစာမှာပါရှိပါသည်။ မုံရွာကြေးနီသတ္တုသိုက်သည် ကမ္ဘာပေါ်တွင် အကောင်းဆုံးသော ကြေးနီထွက်ရှိသည့် အမြတ်အစွန်းအများဆုံး ရရှိသော သတ္တုတွင်းဖြစ်ကြောင်း အင်္ဂလိပ်ဘာသာနှင့်ထုတ်လွင့်သော ရိုးမအင်တာနက်စာမျက်နှာတွင် ဖတ်လိုက်ရပါသည်။ (ကမ္ဘာပေါ်မှာ အကြီးဆုံးသော ကြေးနီသတ္တုမိုင်းသည် ချီလီနှိင်ငံမှာရှိပါသည်။)

လက်ပန်တောင်းတောင်သတ္တုတွင်းသည်မုံရွာခရိုင်၊ ချင်းတွင်းမြစ်တဖက်ကမ်း၊ ချင်းတွင်းမြစ်မှ ၁၅ ကီလိုမီတာ၊( ၉ မိုင်)်အကွာ၊ ပင်လယ် ရေမျက်နှာပြင် အထက်အမြင့်ပေ ၂၄၀ မှ ၃၂၀ အတွင်း ရှိပါသည်၊ လက်ပန်တောင်းတောင်သတ္တုသိုက် တခုတည်း၏ ဧရိယာအကျယ်အ၀န်းမှာ ၂.၄၃ စတု ရန်းမိုင်ခန့်ရှိပါသည်။ မုံရွာကြေးနီသတ္တုတွင်း၊ ဘူမိဗေဒစမ်းသပ်တွင်းတူ မှတ်တမ်းများအရ စမ်းသပ်တွင်းပေါင်း(၃၀၀)ကျော်ကို အနက်ပေ(၉၀၀) ကျော်အထိ တူးဖေါ်ခဲ့သဖြင့် သတ္တုထုတ်လုပ်မှု့သည်လည်း အဆိုပါအနက် ထိရောက်ရှိနှိင်ပါသည်။ အဆိုပါသတ္တုထုတ်လုပ်ခြင်းလုပ်ငန်းအတွက် လုပ်ငန်းသုံး မြေအကျယ်အ၀န်းမှာ(၄) မိုင်ခန့်ရှိပါသည်။

            လက်ပန်တောင်းတောင်သတ္တုတွင်းမှ ကြေးနီသတ္တုရိုင်း တန်ချိန်ပေါင်းသန်းရာထောင်ခန့် ထုတ်ယူရရှိနှိင်မည်ဟုဆိုပါသည်။ ကြေးနီပါဝင်နှန်းများသော သတ္တုသိုက်တခုဖြစ်ပါသည်။ တနှစ်သတ္တုရိုင်းတန် ၅၀၀၀၀ မှ တန် ၁၂၅၀၀၀ ထိထုတ်လုပ်နှိင်မည်ဖြစ်ရာ ပဌမ ၅ နှစ်တွင်တနှစ်တန် ၆၃၅၀၀ နှန်း၊ နောက်အနှစ်၂၀ တွင်၂ ဆ တိုး၍ တနှစ်တန် ၁၂၅၀၀၀ နှန်းထုတ်လုပ်ရန် ရာထားပါသည်။ ထိုသို့ဆိုပါက ဤစီမံကိန်းသည် ၂၅ နှစ်စီမံ

ကိန်းဖြစ်ပေမည်။ ကြေးနီသတ္တု (Copper Mineral) တန်မည်မျှတွက် မည်ဟုမဆိုထားသော် လည်း ထိုသတ္တုထုတ်လုပ်မှု့မှ အမြတ်အစွန်း၊ အမေရိကန် ဒေါ်လာသန်းချီပါမည်ဟုလည်း အိုင်ဗင်ဟိုး ဘူမိဗေဒစူးစမ်းလေ့လာရေး အစီရင်ခံစါအရသိရှိရပါသည်။ ယခုအခါ် လက်ပန်တောင်းတောင် သတ္တုထုတ်လုပ်ခြင်း လုပ်ငန်းများကို စီးပွားရေ ဦးပိုင်လီမီတက်နှင့် မြန်မာဝန်ပေါင်လီမီတက်တို့ လုပ်ကိုင်လျှက်ရှိပါသည်။ လက်ပန်တောင်းတောင် ပြည်သူ့အကျိုးစီပွား ကာကွယ်ကော်မတီ- သဘာဝပတ်ဝန်ကျင် ထိန်းသိမ်းရေး အစီရင်ခံစာ အရ ထုတ်လုပ်မှု့ သက်တမ်းးသည်နှစ်(၆၀)ဟုဖတ်ရှုရပါသည်။ မည်သို့ပင်ဆိုဆို ဤလက်ပန်တောင်းတောင် သတ္တုတွင်းရှိ သတ္တုထုတ်ယူမှု့ကာလသည်အနဲဆုံးရာစုနှစ် ၃ – ၄ ခုမျှကြာမြင့်နှိင်ပါသည်။

လက်ရှိအခြေအနေလေ့လာချက

            ကမ္ဘာ့သတ္တုထုတ်လုပ်သည့် သတ္တုတွင်းကုမ္မဏီနှင့် ပညာရှင်များ တွက်ချက်ထားချက်အရ သတ္တု(၁)တန်ရရှိရန် (၉၉)တန်သောဘေးထွက်ပစ္စည်းများကို စွန့်ပြစ်ရသည်ဟုဆိုပါသည်။ သိုဆိုပါက ဘေးထွက်ပစ္စည်း တန်ချိန်ပေါင်း သန်းရာထောင် ကျော်သွားမည်ဖြစ်ပါသည်။ 

        သို့ဆိုပါကသတ္တုတွင်း မှထွက်ရှိလာသော စွန့်ပြစ်ပစ္စည်း (မြေဆီလွာ၊ ဆင့်နိမ်ပယ်သတ္တုရောမြေသား နှင့်ကျောက်သား၊ကျောက်နများနှင့် အက်စစ်ရောရေဆိုးများ) (Waste Materials; Soil & rock mixed with low grade trace Metal and acid waste water) ပြန့်ကြဲနေသောဧရိယာအကျယ်အ၀န်းမှာ လုပ်ငန်းသုံး မြေနေရာ အကျယ်အ၀န်းထက် (၁၀)ဆမက ကျယ်ပြန့်လာနှိင်ပါသည်။ 

          (သတ္တုတွင်းလုပ်ငန်း၏ ဆိုးကျိုးများ သက်ရောက်နှိင်သည့် ဧရိယာအကျယ်အ၀န်းမှာလည်း လုပ်ငန်းသုံး မြေနေရာ အကျယ်အ၀န်းထက် (၁၀)ဆမက ဖြစ်လာနှိင်ပါသည်။ ထိုဆိုးကျိုးများသက်ရောက်နှိင်သည့် ဧရိယာအကျယ်အ၀န်း၊ အတိမ်အနက်မှာ နေရာဒေသ၏ ဘူမိဗေဒ၊ ဇလဘူမိဗေဒ၊ မိုးရွာသွန်းမှု့၊ ဒေသအပူချိန်၊ မြေမျက်နှာသွင်ပြင်တို့ အပေါ်များစွာတည်ပါသည်)

သတ္တုတွင်းနှင့် အနီဆုံးသော ရေပေါ်ရေအရင်းအမြစ်မှာ ချင်းတွင်းမြစ်နှင့်ယာမချောင်းတို့ဖြစ်ပါသည်။ သတ္တုတွင်းဧရိယာနှင့် အနီးပတ်ဝန်းကျင်ဒေသတ၀ှမ်း၏ မြေအောက်ရေအောင်းလွှာသည် တဆက်တကျောတည်း ရှိသည်ဟု အိုင်ဗင်ဟိုး၏ ဘူမိဗေဒလေ့လာရေး အစီရင်ခံစာမှာပါရှိပါ သည်။ ထိုအပြင်အိုင်ဗင်ဟိုး၏ စီမံကိန်းလေ့လာမှု့အစီရင်ခံစာ- အရ သတ္တုများ  အကုန်အစင်ထုတ်ယူပြီးသည့် အခါ ထိုနေရာသည် မြေနိမ့်ချိုက်ဝှမ်းဖြစ်သွားပြီ်း ပင်လယ်ရေမျက်နှာပြင်အောက်ပေ- ၄၀၀ ကျော်ထိ ရောက်ရှိနှိင်မည်ဖြစ်ပါသည်။ အဆိုပါအချက်သည် ချင်းတွင်းမြစ်အနောက်ဘက်ကမ်း၊ဒေသကြီးတခုလုံး၏ မြေအောက်ရေအရင်းအမြစ်အတွက် ကောင်းသောအလားအလာ မဟုတ်ပါ။

လက်ပန်တောင်းတောင်သတ္တုတွင်းလုပ်ငန်း အားလုံးအတွက် လိုအပ်သော ရေကို ချင်းတွင်းမြစ်၊ယမားချောင်း တို့မှရယူပါသည်။ သတ္တုတွင်းလုပ်ငန်းသည် ရေများစွာအသုံးပြုရသော လုပ်ငန်းဖြစ်ပါသည်။ ထိုသို့လုပ်ဆောင်ပါက အထက်တွင် ဖေါ်ပြခဲ့သော – သတ္တုထုပ်လုပ်သည့် လုပ်ငန်း လုပ်ကိုင်သူများ၏ အဓိကလုပ်ငန်းကြီး ၅ ရပ် နှင့်ချိန် ထိုး ကြည့်သင့်ပါသည်။ လက်ရှိဖြစ်ပျက်နေသော အခြေအနေ၊ သတင်းဆောင်းပါးများအရ သတ္တု တွင်းများကြောင့် ရေ ထုညစ်ညမ်းစေခြင်း၊ အမျိုးအ စား (၄)မျိုး  မှအနဲဆုံးတမျိုးမကဖြစ်နှိင်ပါသည်။ စာရေသူယူဆချက်အရ (၃)မျိုးခန့် ဖြစ်နေသည် ဟုယူဆရပါသည်။

            သို့ပါက သတ္တုတွင်းမှထွက်ရှိသော စွန့်ပြစ်သတ္တုများ ရောနောနေသော၊ အသုံးပြုအက်စစ်များ ပျော်ဝင်နေသော ရေဆိုးများသည် မိုးရေစီးချောင်း တလျောက်သော်လည်ကောင်း၊ ရေဆိုးထုတ်ပြွန်၊  မြောင်းများမှ သော်လည်ကောင်း ယမားချောင်း၊ချင်းတွင်းမြစ်စီသို့စီးဝင်မည်ဖြစ်သကဲသို့၊ မြေအောက် သို့လည်းစိမ့်ဝင်၍ မြေပေါ်မြေအောက် ရေအရင်းအမြစ်များကို ညစ်ညမ်းစေ၍ အဆိပ်အတောက်ဖြစ်စေပါသည်။ သတ္တုတွင်းပတ်ဝန်းကျင်

ယင်းမပင် ဒေသ တ၀ိုက်တွင်း ကျေးရွာလူထုသုံးနှင့်စိုက်ပျိုးရေသုံး စက်ရေတွင်း(အ၀ိစီတွင်း) များစွာရှိပါသည်။ ထိုအခါသဘာဝအလျောက်တည်ရှိနေသော၊လူတို့ သောက်သုံး၍ ရသည့် ရေသယံဇာတများသည် လူနှင့်ရေနေကုန်နေသတ္တ၀ါများတို့၏ ကျန်းမာရေး၊ ဆိုးကျိုးများစွာဖြစ်လာပေမည်။ ထိုသို့ညစ်ညမ်းသွားပြီးဖြစ်သည့် ရေကို ပြန်လည်ပြုပြင်ဘို့ အင်မတန်ခက်ခဲပါသည်။ လယ်ယာမြေဆုံးရှုံးးတာကို တခြားနေရာဒေသမှ မြေအစားထိုးပေးခြင်း၊လျော်ကြေးပေးခြင်း၊ ပြုလုပ်၍ ရကောင်းရပေမဲ့၊ ရေအရည်အသွေး ပျက်ယွင်းသွားသည်ကို လျော်ကြေးပေး၍မရပါ။ အထူးသဖြင့် မြေအောက်ရေပျက်ယွင်းခြင်းက ပိုမိုဆိုးရွားပါသည်။ ပြန်လည်ကောင်းမွန်ဘို့ ဆယ်စုနှစ်များစွာ စောင့်သော်လည်း နကိုယ်မူ့လအခြေအနေ ပြန်ဖြစ်ဘို့ခက်ခဲပါသည်။ ယ္ခုအခါ

ရာသီဥတုဖေါက်ပြန်မှု့များကြောင့် မိုးခေါင်ရေရှားဖြစ်နေသည့် ကာလဖြစ်သဖြင့် ပိုမိုဆိုးလာနှိင်ချေများပါသည်။ ထိုမှတဆင့်အထက်တွင်ဖေါ်ပြခဲ့သော – သတ္တုတွင်းများကြောင့် အဓိကပြောင်းလွဲမှု့ကြီး ၃ ခု၊[(၁) သဘာဝ မြေမျက်နှာသွင်ပြင်။ (၂) ဇလဘူမိဗေဆိုင်ရာ အခြေအနေများ နှင့်အတူ မြေပေါ်ရေနှင့် မြေအောက် ရေအပြင် ကျောက်လွှာများ၏ ဘူမိနည်းပညာဆိုင်ရာ အချေအနေများ ပြောင်းလွဲလာခြင်းး။ (၃) မတူကွဲပြားခြားနားသောဘူမိပတ်

ဝန်းကျင်းများ အပေါ်အကျိုးအပြစ်များပိုမိုလာခြင်း။] ဖြစ်ပျက်လာမည်မှာအမှန်ပင်ဖြစ်ပေမည်။

ဆွေးနွေးအကြံပြုတင်ပြခြင်း …

            လက်ပံတောင်းတောင်သတ္တုထုပ်လုပ်ခြင်း လုပ်ငန်းများကိုလည်း ယ္ခုလက်ရှိထုတ်လုပ်နေသည့်ပုံစံမျိုးဖြင့် လုပ်ကိုင်နေခြင်းထက် တိုးတက်နေသောနှိင်ငံများ(ဥပမာ၊ ၊ Australia, Canada, United State) တွင် ထုတ်လုပ်သည့် လူနှင့်သဘာဝပတ်ဝန်းကျင် မြေပေါ်မြေအောက်ရေအရင်းအမြစ်များကို မထိခိုက်စေသည့် နည်းစနစ်များကို အသုံးပြုခြင်းက ပိုမိုကောင်းမွန်မည်ဖြစ်ပါသည်။ သတ္တုတွင်းတခု၏ အဓိကအချက်မှာ သတ္တုထုတ်လုပ်ရာမှ ဖြစ်ပေါ်လာသည့် စွန့်ပြစ်ပစ္စည်းများကြောင့် လေထု၊ မြေပေါ်ရေ၊ မြေအောက်ရေ၊ သဘာဝပတ်ဝန်းကျင်၊ သစ်ပင်သီးနှံများ မပျက်စီး၊မယိုယွင်းစေဘို့၊ အနီးအနားနေပြည်သူများ ကျမ္မာရေးမထိခိုက်စေဘို့ အဓိကဖြစ်ပါသည်။

သို့ပါ၍ သတ္တုတွင်းလုပ်ငန်းတွင် ပါဝင်လုပ်ကိုင်နေသည့် ဇလဗေဒ၊ဇလဘူမိဗေဒနှင့်ဘူမိဗေဒပညာရှင်များနှင့် သတ္တုတွင်းအင်ဂျင်နီယာများ၊ ဓာတုအင်ဂျင်နီယာများ ကသော်လည်းကောင်း၊ သီးခြားအဖွဲ့အစည်း (ပညာရှင်များပါဝင်သော) ကသော်လည်းကောင်း လုပ်ငန်းခွင်တွင် လည်ပတ်သုံးစွဲနေသည့် မြေနှင့်ရေတို့တွင် မည်ရွှေမည်မျှ အဆိပ်တောက်ဖြစ်စေသည့် ဓါတုပစ္စည်းများ မည်ရွေ့မည်မျှ ပျော်ဝင်နေသည်ကို စစ်ဆေးသင့်ပါသည်။ သတ္တုတူးဖေါ်ထုတ်လုပ်နေသည့် ပတ်ဝန်းကျင်နှင့် အနီးနားနေ ပြည်သူတို့ သောက်သုံးနေသော ရေ (မြေပေါ်၊မြေအောက်) ကိုလည်း သတ္တုထုတ်လုပ်နေစဉ်နှင့် ထုတ်လုပ်ပြီး နောက်ပိုင်းကာလများစွာထိ မည်သည့်ဓါတ်သတ္တုများပျော်ဝင်နေကြောင်း သိရှိရန် ရေစမ်းသပ်ဓါတ်ခွဲသင့်ပါသည်။ တွေ့ရှိချက်အရ သောက်သုံးရန် မသင့်ပါက မသင့်တော်ကြောင်း သတိပေး အကြောင်းကြားပြီး တခြားသောသောက်သုံးရန်သင့်လျော်သည့် ရေအရင်းအမြစ်ကိုညွန်ပြရပါမည်။

သတ္တုတွင်းလုပ်ငန်းသုံးရေကို လည်ပတ်သုံးစွဲပြီးနောက် သန့်စင်၍ချင်းတွင်းမြစ်တွင်းသို့ ပြန်လည် စီးဆင်းစေမည်ဖြစ်ပါသည်။ ထိုသန့်စင်မှု့

အဆင့်သည် မည်မျှရှိမည်နည်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏လမ်းညွှန်ချက်၊ မြန်မာနှိင်ငံ ကျန်မာရေးဦးစီးဌာနနှင့် ရေအရင်းအမြစ်များ အသုံးချရေးဦးစီးဌာန (ယ္ခင်ကျေးရွာရေရရှိရေးဌာန)တို့ ပြုစုအတည်ြ့ပု ထားသော သတ်မှတ် ထားသည့် သောက်သုံးရန်သင့်လျော်သည့်ရေ (potable water) အဆင့်ရှိရန်လိုပါမည်။ အဘယ်ကြောင့်ဆိုသော် မြန်မာနှိင်ငံရှိ လူဦရေအများဆုံးသည် ချင်းတွင်းမြစ်ရိုးတလျှောက်၊ ဧရာဝတီမြစ်ရိုး၊မြစ်ကမ်းတလျှောက် နေထိုင်လုပ်ကိုင်စားသောက်ကြရာ ဧရာဝတီမြစ်ရေသည်လည်း ထိုသူတို့၏ သောက်သုံးရေအရင်းအမြစ်ဖြစ်ပါသည်။ အဆိုပါမြစ်ရေနှင့်ပတ်ဝန်းကျင် အစဉ်သန့်ရှင်းကြည်လင်ရန် လွန်စွာအရေးကြီးပေသည်။ မြစ်ကမ်းနားတလျှောက်ရှိ မြို့အများစုသည် မြစ်ရေကိုသောက်သုံးရေ အဖြစ်အသုံးပြုနေကြရပါသည်။ နေရာဒေသအများစုတွင် မြေပေါ်ရေကို သောက်သုံးရေအဖြစ် အများအပြားအသုံးပြုနေကြပါသည်။

သို့ပါ၍ လက်ပန်တောင်းတောင် အနီးအနားပတ်ဝန်ကျင်ရှိ မြေပေါ်မြေအောက်ရေများကို ရေနမူနာရယူ၍ မည်သည့်ဓါတ်ပစ္စည်းများ မည်မျှပျော်ဝင်နေကြောင်း သိရှိနှိင်ရန် ကျွမ်းကျင်ပညာရှင်များက ရေစမ်းသပ်ဓါတ်ခွဲ၍ မှတ်တမ်းများကို ပြည်သူသို့သိရှိစေသင့်ပါသည်။ ရေနမူနာရယူရာတွင်လည်း သတ္တုထုတ်လုပ်သည့်နေရာကို ဗဟိုထား၍ အနဲဆုံး(၁၀)မိုင်ဝန်းကျင်အထိ ပထမအဆင့် လုပ်ဆောင်သငိ့ပါသည်။ ချင်းတွင်းမြစ်ရေအထိ ရေနမူနာရများရယူ၊ ဓါတ်ခွဲစမ်းသပ်သင့်ပါသည်။ ဧရာဝတီမြစ် နှင့် ချင်းတွင်းမြစ်ဆုံအထိ ရေနမူနာ ရယူ စမ်းသပ်သင့်ပါသည်။

ရေကောင်းရေသန့်ဆိုသည်မှာ …

(၁) အရောင်အဆင်း အနယ်အနှစ် အနံအရသာတို့ကို ဖြစ်စေသောရုပ်ဝတ္တုများကင်းစင်စေခြင်း။

(၂) လူတို့၏စိတ်ရော ကိုယ်ပါ ကျန်းမာမှု့ကို ထိခိုက်စေသော ဓာတ်ပစ္စည်းများကင်းစင်စေခြင်း။

(၃) လူတို့အား ရောဂါရစေသော ပိုးမွှားများကင်းစင်စေခြင်း။ စသည့်အရည်အချင်းသုံးရပ်နှင့် ပြည်စုံသောရေကို ရေကောင်းရေသန့် ဟုခေါ်ပါသည်။

            ရေသည် ကမ္ဘာလောကသားအားလုံးအတွက် မရှိမဖြစ် အခြေခံအလိုအပ်ဆုံးသောအရာဖြစ်ပါသည်။ ထိုကြောင့် မြစ်ချောင်းအင်းအိုင်များကို အဆိပ်အတောက်၊ ရောဂါပိုးပွားများ ပျော်ဝင်ညစ်ညမ်းမှု့မရှိအောင် စဉ်ဆက်မပြတ် ဆက်လက် စောင့်ရှောက် ထိမ်းသိမ်းထားရမည်ဖြစ်ပါသည်။မြေပေါ်မြေအောက် ရေအရင်းအမြစ်မှာ သဘာဝအလျောက် ဖြစ်တည်နေသောအရာများဖြစ်ပေသည်။ သို့မှသာလူသားအားလုံးအတွက် အလိုအပ်ဆုံးသော သောက်သုံးရေကို အမြဲရယူသုံးစွဲနှိင်မည် ဖြစ်ပေသည်။

မြန်မာနှိင်ငံသူနှိင်ငံသားအားလုံး၊ လူမျိုးမရွေး၊ ဘာသာမရွေး၊  နှစ်သစ်မှာ သောက်သုံးရေကြောင့် ကျမ္မာရေး၊ဘေးဒုက္ခမရောက်ကြပါစေ – ဟုဆုတောင်းလျက်—-

ကျမ်းကိုး                      

www.safewater.org (SDWF);

 www.ivanhoe-mines.com/i/pdf/letpadaung-info.pdf ;

 www.mizzima.com

You +1’d this publicly. Undoလက်ပန်တောင်းတောင်ပြည်သု့အကျိုးစီးကာကွယ်ရေးကော်မတီ၊  သဘာဝပတ်ဝန်ကျင်ထိန်းသိန်းရေအစီရင်ခံစာ-၁

(www.yoma3.org/?p=2927 );

(www.miningwatch.ca/updir/amd.pdf );

Wikipedia Free Encyclopedia


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:မှတ်စုမှတ်တမ်း, သတင်းဆောင်းပါး, လောကဓာတ်ခန်း

2 Responses to သတ္တုတွင်း၊ရေအရင်းအမြစ်နှင့် လက်ပံတောင်းတောင် (Maung Kyay Yay)

  1. myo thu on January 6, 2013 at 12:02 pm

    ကျေးဇူးကိုကျေးရေ။နောက်ထပ်တွေ.ရင်လည်းရေးပါဗျာ။

  2. မောင်ပျာလောင် on January 7, 2013 at 4:33 am

    မောင်ကျေးရေ ရဲ့စာစောင်ဟာ လူထုပညာပေးအတွက်လုံလောက်ပါသည်။ Transparency ပရိယာယ်ကင်းမှု၊ ပွင့်လင်းမြင်သာမှု ဆိုတာ အဲဒါမျိုးကိုခေါ်တာပါဘဲ။ အစိုးရအနေနဲ့ ယခုလို လက်ပံတောင်းတောင် ကိစ္စကိုတင်ပြပါက၊
    ပြဿနာကြီးထွားလာစရာ အကြောင်းမရှိပါ။ လူထုမနစ်နာအောင် ကာကွယ်မှုများ၊ နစ်နာဆုံးရှုံးမှုများအတွက် ထိုက်သင့် သလိုလျှော်ကျေးများပေးပါက လူထုအနေနဲ့ လက်ခံနိုင်မည်လို့ ထင်ပါသည်။
    ကျနော်တို့  လှည်းတန်းဈေးရှေ့ လက်ဖက်ရည်ကြမ်း စကားဝိုင်းမှာ ဂျပန်ပြန် ပညာရှင်များပြောပြတာကတော့ – သြစတြေးလျတိုက် မှာရှိတဲ့ နီကယ်သတ္ထုရိုင်းများကို Open Cut Mine မှ ဒီအတိုင်း အစိမ်းသက်သက် ဂျပန်က၀ယ်ယူပြီး မိမိပြည်တွင်းမှာ သန့် စင်ယူတယ်။ စွန့် ပစ်ပစ္စည်းများကို Garbage Disposal Factory ကိုပို့ ပြီးအုတ်ခဲကြမ်းအဖြစ်ပြု့လုပ်
    တယ်၊ နောက်ပြီး အဆောက်အဦး၊ လမ်းများ၊ ပန်းခြံများ၏ အခြေခံအုတ်မြစ်များမှာသုံးပါသည်။ ရိုးရိုး အုတ်ထက် ထုပ်လုပ်မှု ၅% ပိုမိုကုန်ကြသော်လည်း နီကယ်အရောင်းစရိတ်မှာ ထည့်သွင်း ကောက်ခံနေတာကြောင့် Supply and Demand ပုံမှန်လယ်ပတ်နေပါသည်တဲ့။ အဲဒါကြောင့် သြစတြေးလျနိုင်ငံမှာ ဘေးထွက်ဆိုးကျိုးများမရှိသလောက်ပါဘဲ၊ ဌင်းအတွက် တောင်ကြီးများကွယ်ပြောက်သွားသော်လည်း၊ စိုက်ခင်းမြေအသစ်များထွက်ပေါ်လာပြီး ဒေသခံများအတွက် အကျိုးရှိအောင် ပြင်ဆင်ပေးပါက (လက်ပံတောင်းတောင်) လူထုကြီး ပျော်ရွှင်စွာလက်ခံနိုင်လိမ့်မည်ဟုထင်ပါသည်။
    ကျနော်တို့ ၏ စကားဝိုင်းမှာ သာမန်လူပြိန်းအသိများသာဖြစ်ပါသည်။ မောင်ကျေးရေ တို့ လိုကျွမ်ကျင်သူများ၏အသိနှင့် အစိုးရအာဏာပိုင်များ ပူးပေါင်းပြီး အကောင်အထည်ဖေါ်ရမှာသာဖြစ်ပါတယ်။
    ဘာတွေလုပ်ရမယ်လို့  ဆရာလုပ်နေခြင်းမဟုတ်ပါ။ အခုလို ထင်သာမြင်သာရှိမှု၊ လူထုလက်ခံနိုင်အောင် ညှီ့ နှိုင်းအဖြေရှာ မှုဖြင့်သာပြေလယ်နိုင်ပါမည်လို့  – – – မပြောဝန့်  ပေါင်၊ ပြောဝန့် ပေါင် ပါခင်ဗျား။

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ

By

 မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ (မိုးမခ) ဧပြီ ၂၊ ၂၀၁၇ ကမ္ဘာဟာအကြမ်းပညာနဲ့...

Read more »

မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ

By

  မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ (မတ် ၉ ၊ ၂၀၁၇)...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး ချမ်းမြ စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်