ရောင်းရန်မဟုတ်ပါ

January 7, 2013

မိုးမခ
ဇန်န၀ါရီ ၇၊ ၂၀၁၃ 
မိုးမခရဲ့ ပင်တိုင်ကာတွန်းဆရာတယောက်ဖြစ်တဲ့ .. ကာတွန်းလိုင်လုဏ်က သူရဲ့ Not for sale (ရောင်းရန်မဟုတ်) လို့အမည်ရတဲ့ တကိုယ်တော် ဒီဂျစ်တယ် ကာတွန်းအနုပညာပြပွဲတရပ်ကို ၂၀၁၃ ခုနှစ် ဇန်န၀ါရီ ၁၂ ရက်နေ့ကနေ ၁၄ ရက်နေ့ထိ ရန်ကုန်၊ မင်္ဂလာတောင်ညွှန့်မြို့နယ် နံပါတ် ၃၂/၁ အလှံပြဘုရားလမ်း Myanmar Ink Art Gallaery မှာ ပြုလုပ်ကျင်းပသွားမှာဖြစ်ပါတယ်။

ယနေ့ခေတ်ကာလအချိန်မှာ  ကိုယ်ကျိုးရှာစီးပွားရေးသမားများ လက်ချက်ဖြင့် ကျွန်းသစ်၊ ရေနံ၊ သဘာဝဓာတ်၊ ကျောက်မျက် စတဲ့ သဘာဝသံ ယံဇာတတွေဟာ ကုန်လုနီးနီးရှိနေပြီး နောက်ဆုံး လူပါအရောင်းစားခံနေရတဲ့ ဒီတိုင်းပြည်မှာ တိုင်းပြည်အုပ်ချုပ် မင်းလုပ်သူတွေနဲ့ နောင်လာမယ့်မျိုးဆက် လူငယ်တွေကြားမှာ အဆိုပါအခြေအနေတွေကို လေ့လာသတိပြုမိစေလိုတဲ့ ရည်ရွယ်ချက်နဲ့ အဆိုပါပြပွဲကို ကျင်းပရခြင်းဖြစ်တယ်လို့ ကာတွန်းဆရာက မိုးမခကို ဆိုပါတယ်။

ဒါ့အပြင် လက်ရှိတိုးတက်နေတဲ့ခေတ်ကာလကြီးမှာ စာရွက်ပေါ်မှာမဆွဲပဲ ခေတ်မှီ အိုင်တီနည်းပညာသုံး ပစ္စည်းကိရိယာတွေကို သုံးစွဲခြင်းအားဖြင့် ကမ္ဘာမှာ မြန်မာအနေနဲ့ နည်းပညာအဆက်မပြတ်ဘူးဆိုတာ သိစေလိုတဲ့ ရည်ရွယ်ချက်လေးလည်း တစိတ်တစွန်းပါဝင်ကြောင်း ပြောပြခဲ့ပါတယ်။

ကာတွန်းကားပေါင်း ၃၀ ကျော်ခန့်ပါဝင်တဲ့ အဆိုပါပြပွဲကို နံနက် ၁၀ နာရီကနေ ည ၈ နာရီထိ (၃) ရက် တိတိပြသသွားမှာဖြစ်ပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:သတင်းပဒေသာ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ မိုးမခစာအုပ်စင်၊...

Read more »

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ

By

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ (မိုးမခစာအုပ်စင်) ဇန်န၀ါရီ ၃၁၊ ၂၀၁၉...

Read more »

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ်

By

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ် (မိုးမခစာအုပ်စင်) ဒီဇင်ဘာ ၂၆၊ ၂၀၁၈...

Read more »

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)