KIA နှင့် အစိုးရတို့ အင်တာနက်ကနေ ပြောကြပြီ

January 12, 2013

မိုးမခအထောက်တော် အမှတ် ဝဝ၉ဇန်န၀ါရီ ၁၂၊ ၂၀၁၃

KIA နှင့် အစိုးရတို့ အင်တာနက်အွန်လိုင်းမှတဆင့် တင်ပြ ဆွေးနွေးကြသင့်ကြောင်း   ပြည်သူ့လွှတ်တော်က   တိုက်တွန်းအပြီး နောက်တစ်နေ့တွင် ဘက်နှစ်ဘက်၏ တင်ပြချက်များ အွန်လိုင်းတွင် ထွက်ပေါ်လာသည့် အနေအထားကို တွေ့ရှိရသည်။

အွန်လိုင်းတင်ကြသော အကြောင်းအရာမှာ ရဟတ်ယာဉ်တစ်စီးနှင့် ပတ်သက်နေသည်။

တိုက်ပွဲအရှိန်တက်နေသော သောကြာနေ့ နှောင်းပိုင်းတွင် ရဟတ်ယာဉ်တစ်စီးကို ပစ်ချလိုက်သည်ဟု ကချင်လက်နက်ကိုင်  KIA တို့ထံမှ  ထွက်လာသော အီးမေးတစ်စောင်တွင် ဖော်ပြထားကြောင်း AP သတင်းဌာန၏ သတင်းတစ်ပုဒ်တွင် ယနေ့ ရေးသားထားသည်။

သို့သော်လည်း မြန်မာသမ္မတ၏ အသစ်စက်စက် ပြောခွင့်ရ အရာရှိ ဦးရဲထွဋ်က ရဟတ်ယာဉ်ပျက်ကျရခြင်းအကြောင်းရင်းကို ၎င်း၏ facebook တွင် တင်ပြထားကြောင်း၊ အင်ဂျင် ချို့ယွင်းချက်ကြောင့် ရဟတ်ယာဉ် ပျက်ကျခြင်း ဖြစ်သည်ဟု ဦးရဲထွဋ်က ရေးကြောင်း အဆိုပါ AP သတင်းတွင် ရေးသားထားသည်။

အဆိုပါ AP သတင်းက ဆက်လက် ရေးသားရာတွင် တိုက်ပွဲနှင့် ပတ်သက်ပြီး ယခင်က အစိုးရနှင့်  KIA နှစ်ဘက်စလုံးက  အဓိပ္ပာယ်ကောက်ယူမှုလွဲချော်နိုင်သည့် ကြေညာချက်များ (misleading statements) ထုတ်ပြန်လေ့ရှိကြောင်း ရေးထားသည်။

မြန်မာအစိုးရတပ်၏ ပြည်နယ် လေကြောင်းစစ်ဆင်ရေး ကာလအတွင်း ဤသို့သော ဖြစ်ရပ်မှာ ပထမဆုံးအကြိမ် ပေါ်ပေါက်လာခြင်း ဖြစ်သည်။

ပျက်သွားသည့် ရဟတ်ယာဉ်မှာ Mi-35 အမျိုးအစား ဖြစ်ကြောင်း ထိပ်တန်း အရာရှိတစ်ဦးကို ကိုးကားပြီး အဆိုပါ AP သတင်းတွင် ရေးသားထားသည်။

စစ်တပ်၏ မြ၀တီသတင်းဌာနကလည်း ထိုဖြစ်ရပ်နှင့် ပတ်သက်ပြီး ယနေ့ သတင်းထုတ်ပြန်ထားသည်။
မြ၀တီသတင်း

နေပြည်တော် ဇန်န၀ါရီ ၁၂

၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၁၁ ရက်နေ့ ညနေ ပိုင်းတွင် မြစ်ကြီးနား လေတပ် စခန်းမှ နယ်မြေ လုံခြုံရေးနှင့် အုပ်ချုပ်မှု ကိစ္စ ဆောင်ရွက်ရန် အတွက် ပျံသန်းလာသော တပ်မတော် ရဟတ်ယာဉ် တစ်စင်းသည် မြစ်ကြီးနားမြို့ တောင်ဘက် မိုင် ၂၀ အကွာ သစ်တောအုပ် အတွင်း ရုတ်တရက် စက်ချို့ယွင်း သဖြင့် အရေးပေါ် ဆင်းသက် ခဲ့ရပါသည်။



အခင်း ဖြစ်ပွားရာသို့ တပ်ဖွဲ့များအား အခြား ရဟတ်ယာဉ် များနှင့် ချက်ချင်း ပို့ဆောင် ပေးခဲ့ပြီး ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက် ခဲ့သည်။



အဆိုပါ ရဟတ်ယာဉ်အား ယမန်နေ့ ည ၉ နာရီ ၁၅ မိနစ်၌ ကယ်ဆယ်ရေး အဖွဲ့များမှ ပြန်လည်ရှာဖွေ တွေ့ရှိခဲ့ပြီး ရဟတ်ယာဉ် အစိတ်အပိုင်း အချို့ ပျက်စီးသွား ခဲ့ကြောင်းနှင့် ရဟတ်ယာဉ် ပေါ်တွင် ပါရှိသည့် အရာရှိ လေသူရဲ နှစ်ဦးနှင့် ပျံသန်းရေး တပ်ကြပ်ကြီး တစ်ဦးတို့သည် နိုင်ငံတော် အတွက် အသက် စွန့်လွှတ် ခဲ့ရကြောင်း သတင်း ရရှိသည်။

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:မျက်မှောက်ရေးရာ, သတင်းပဒေသာ

3 Responses to KIA နှင့် အစိုးရတို့ အင်တာနက်ကနေ ပြောကြပြီ

  1. မောင်ပျာလောင် on January 13, 2013 at 12:39 am

    ဟုတ်တယ် – ဟုတ်တယ် အဲဒီ့သတင်း ကျနော်ဖတ်နေရင်း ဈေးရှေ့ က အရာကြီးက အာလူးကျော် အာလူးကျော် ဆိုပြီးအော်ရောင်းနေတယ်။ ဈေးထဲက ကိုကရင်ကြီးကလည်း မှန်ဘောင်၊ မှန်ဘောင် (မှန်ဘောင်) ပျက်ရင်ပြင်ပေးတယ် ဆိုပြီး အော်နေတယ်။ ဘယ်သူ့ ကိုရုံရမှာလည်း၊ သတင်းအမှန် မထုပ်ရင် အင်တာနက်လို့ မခေါ်ဘူး – အင်တာလိမ်- လို့ သာခေါ်ပါလား အမတ်မင်ကြီးတို့ ရယ် – – –

  2. minko on January 13, 2013 at 4:10 pm

    ရုတ်တရက် စက်ချွတ်ယွင်းလို့ ဆိုတော့ ရဟတ်ယာဉ်ဝယ်စဉ်က အာမခံ မရှိဘူးလား- အလျော်တောင်းပေါ့- ပြည်သူလူထု ယုံကြည်အောင် သတင်းကို အပြည့်အစုံ ဘာဖြစ်လို့ မတင်ပြတာလဲ- ဥပမာ- ဘယ်နိုင်ငံမှ ၀ယ်ယူထားတယ်။ အာမခံ ကာလ ဘယ်နှစ်နှစ်ရှိတယ်။ အမျိုးအစားက ဘာဖြစ်တယ်။ တန်ဘိုးက ဘယ်၍ ဘယ်မျှရှိတယ်- စသည်ဖြင့်ပေါ့ဗျာ- အခုဟာ တွင်း-၂ ဗိုတင်ဦး -ရဟတ်ယာဉ် ပျက်ကျသေဆုံးတုန်းကလိုဘဲ-
    ပြောမိ ပြောရာ ပြောချလိုက်တာဘဲ-( ရာသီ ဥတု မကောင်းလို့ ပျက်ကျတာပါတဲ့- ရာသီဥတု-မကောင်းဘူး-ကောင်းတယ်ဆိုတာ အဲဒီဒေသမှာ နေထိုင်တဲ့ လူတွေသိတာဘဲ- လိမ်ရင်လဲ ပိပိယိယိ လိမ်မှပေါ့)- ပြည်သူ လူထု ကို ငတုံး ငအ-တွေလို့  ထင်မှတ်နေသလားမသိဘူး- စစ်တပ်ထဲက အရာရှိတွေလောက်တော့ လူတိုင်းပြောတတ်တယ်။

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ် ထွက်ပြီ

By

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ်...

Read more »

မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊ အချိန်မီ ထွက်ပါပြီ

By

  မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊...

Read more »

ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ

By

  ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ  (မိုးမခစာအုပ်စင်) မေ ၃၊ ၂၀၁၈ ခေါင်းစဉ်...

Read more »

မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ

By

  မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်