ပြည်ထောင်စု ၀န်ကြီးနှစ်ဦး နှုတ်ထွက်ခွင့်ပြု

January 17, 2013

ပြည်ထောင်စု ၀န်ကြီးနှစ်ဦး နှုတ်ထွက်ခွင့်ပြု 

ဇန်န၀ါရီ ၁၆၊ ၂၀၁၃၊ YPI (facebook)


ဆက်သွယ်ရေး၊ သတင်းအချက်အလက်နည်းပညာ ၀န်ကြီးဋ္ဌာန ၀န်ကြီး နှင့် သာသနာရေး ၀န်ကြီးဋ္ဌာန ပြည်ထောင်စုဝန်ကြီး နှစ်ဦးအား နှုတ်ထွက်ခွင့်ပြုလိုက်ကြောင်း နိုင်ငံတော် သမ္မတရုံးမှ ယနေ့နေ့စွဲဖြင့် ကြေညာချက် ထုတ်ပြန်လိုက်သည်။

နှုတ်ထွက်ရသည့် အကြောင်းရင်းကို မသိရှိရသေးသော်လည်း ယခုလဆန်းပိုင်းတွင် ရောင်းချမည်ဟု ကြေညာထားသည့် မိုဘိုင်းဆင်းကတ်များ ဈေးနှုန်းသတ်မှတ်ရေးနှင့် ပတ်သက်၍

သမ္မတဦးသိန်းစိန်၏ ညွှန်ကြားချက်ကို ဆက်သွယ်ရေးဝန်ကြီး ဦးသိန်းထွန်း မဆောင်ရွက်နိုင်သည့်အချက်နှင့် ဆက်စပ်နေသည်ဟု သတင်းများ ထွက်ပေါ်လျှက်ရှိသည်။

ဆက်သွယ်ရေး ၀န်ကြီးဋ္ဌာနမှ ဆင်းကတ်များကို ကျပ် ၁ သိန်းဝန်းကျင်ဖြင့် ရောင်းချမည်ဆိုသည့် သတင်းများ ထွက်ပေါ်နေစဉ်တွင် သမ္မတဦးသိန်းစိန်က ယင်းဈေးနှုန်းထက် သိသာစွာလျော့ပြီး ရောင်းချရန် ညွှန်ကြားခဲ့သည်ဆိုသည့် သတင်းများလည်း ထွက်ပေါ်နေသည်။

ယခုကဲ့သို့ ပြည်ထောင်စု ၀န်ကြီးများအား နှုတ်ထွက်ခွင့်ပြုလိုက်ခြင်းမှာ အစိုးရသစ်တက်လာပြီးနောက် ဒုတိယအကြိမ်ဖြစ်သည်။ ပထမအကြိမ်မှာ ယခင်နှစ် သြဂုတ်လ ၂၈ ရက်နေ့က ဖြစ်ပြီး အမှတ်(၁) လျှပ်စစ်စွမ်းအား ၀န်ကြီး ဦးဇော်မင်းနှင့် ဆောက်လုပ်ရေး ၀န်ကြီး ဦးခင်မောင်မြင့်တို့ဖြစ်သည်။

ပြုပြင်ပြောင်းလဲရေးများ လုပ်ဆောင်ရာတွင် လိုက်ပါနိုင်ခြင်း မရှိသူများအား ချန်ထားခဲ့ရမည်ဟု သမ္မတဦးသိန်းစိန်က ယမန်နှစ်က ပြောကြားသည့် မိန့်ခွန်းတွင် ထုတ်ဖေါ်ပြောဆိုခဲ့ဖူးသည်။ ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:သတင်းပဒေသာ

3 Responses to ပြည်ထောင်စု ၀န်ကြီးနှစ်ဦး နှုတ်ထွက်ခွင့်ပြု

  1. မောင်ပျာလောင် on January 17, 2013 at 6:42 am

    မိုဘိုင်းဆင်းကတ်များ ဈေးနှုန်းသတ်မှတ်ရေးနှင့် ပတ်သက်ပြီးတော့ ဆက်သွယ်ရေးဝန်ကြီးရယ် နှုပ်ထွက်စာမတင်ပါနဲ့ ။ လုပ်ကွက်တွေအများကြီးပါ၊ ဆင်းကပ် ၁၀၀ လောက်ကို သမတကြီးပြောတဲ့ဈေးနဲ့ ရောင်းလိုက်ပြီး ကုန်ပြီလို့ ပြောလည်း ရတာဘဲ။ ကျန်တာတွေ ကိုယ်လုပ်ခြင်သလိုလုပ် ရတာဘဲ၊ ခလေးတောင် ကစားတပ်သေးတယ်။ စစ်ကျောရေးလာ စစ်လည်း ဆင်းကပ် တစ်ယောက်တစ်ခုအလကားပေးလိုက်ရင် ၀န်ကြီးသက်တော်ရာကျော် ရှည်ပါစေ နောက်လည်း ကျနော်တို့ လာရင်ဧည့်ခံပါဦးလို့ တောင် ဆုတောင်းပြီးကန်တော့သွားလိမ့်မယ်။ သင်္ကြန်မကျခင် လူကြီးကိုကန်တော့တာ ဘာဖြစ်လည်း ? ? ?

  2. 5000 ကျပ်ဖုန်းလိုချင်သူ on January 19, 2013 at 3:15 pm

    sim card အလကားပေးဆိုပြီးပြောလိုက်တာနဲ့ ဒုဝန်ကြီးဖြစ်လာတဲ့ ဦးသောင်းတင် ရှိတယ်လေ. ၂၀၁၃ April မှာ အနည်းဆုံး ၅၀၀၀ ကျပ်နှင့် ရောင်းအောင်လုပ်ပေးမှပေါ. တို့ကတော့ ဦးသောင်းတင်ရော၊ သမ္မတကြီးရော ကို ယုံကြည်တယ်.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

Junior Win ၏ My Life will go on (အင်္ဂလိပ်ဘာသာ၊ ရုပ်စုံ) စာအုပ် ထွက်ပါပြီ

By

  Junior Win ၏ My Life will go on...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ

By

  ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ (မိုးမခ) ဇူလိုင်...

Read more »

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ် ထွက်ပြီ

By

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်