ခေါင်းဆောင်မှုအကျပ်အတည်း ( Leadership Crisis) ကို ဒီလှိုင်းက ပြောပြနေသလား ..?

January 22, 2013

နေသွင်
ဇန်န၀ါရီ ၂၂၊ ၂၀၁၃
ဒီလှိုင်းစာစောင်တွေကို ကျနော် တလေးတစားဖတ်ပါတယ်၊ သိမ်းပါတယ်၊ (ကျနော် ပါတီဝင်မဟုတ်ပါ)၊ ဒီနေ့နောက်ဆုံးရောက်လာတာက တနှစ်ပြည့်တဲ့စာစောင်ပါ၊၊ အတွဲ (၂) အမှတ် ၂ တဲ့၊၊ အဘ ဦးဝင်းတင်ဆောင်းပါးအရဆို ၅၂ စောင်ရှိသွားပြီပေါ့၊၊

ဒီလှိုင်းနဲ့ ပတ်သက်လို့ ကျနော် မိတ်ဆွေတွေက “အဘိုးကြီး အဘွားကြီး စာစောင်ပါ” လို့ ငေါ့တော့တော့ ပြောတာ ကြာပြီး၊ ရှေ့ဖုံးမှာ ဒေါ်စု၊ နောက်ဖုံးမှာတော့ ဦးဝင်းတင်၊ ဦးတင်ဦးပေါ့၊ သူတို့က ဒါကို သရော်တာပါ။

ဒီလှိုင်းက ပါတီစာစောင်ဆိုတော့ ပါတီဝါဒဖြန့်ချီရေးပေါ့ဗျာ၊၊ ဒါက ရှင်းပါတယ်၊ ဘာပဲဖြစ်ဖြစ် အဘ ဦးဝင်းတင်ရဲ့ဆောင်းပါးနဲ့ ဒေါ်စုရဲ့ ဒီစ ကား ကဏ္ဍကိုတော့ အလေးထားဖတ်ပါတယ်၊ ထားတော့၊

တနှစ်ပြည့်သွားတော့ စာစောင်မှာတော့ ထုံးစံအတိုင်းအဖုံးမှာ ဒေါ်စုကို ပြုံးလျက်တွေ့ရတယ်၊ ဒေါ်စု ကျက်သရေရှိတယ်၊ အရွယ်နဲ့ မမျှအောင် အရွယ်တင်တယ်။ ကျန်းမာနေသေးတယ်၊ ဒါပေမယ့် ပြန်စဉ်းစားကြည့်တော့ အသက် ၆၇ နှစ်ရှိနေပြီဗျာ၊ ၇၀ ထဲရောက်နေပြီ၊၊

ဒီနေ့တော့ ကျနော့် မိတ်ဆွေတွေ ပြောတဲ့ “အဘိုးကြီး အဘွားကြီး စာစောင်”ဆိုတဲ့ကိစ္စကို ကျနော် အလေးအနက်စဉ်းစားဖြစ်တယ်။

တနှစ်အတွင်း ထုတ်ခဲ့တဲ့ ၅၂ နှစ်စောင်မှာ ဒေါ်စု မျက်နှာဖုံး မပါတဲ့ စာစောင် ဘယ်နှစ်စောင်ရှိမလဲ၊ ကျနော် သိမ်းထားတဲ့အထဲ ပြန်ရှတော့ တစောင်မှ မတွေ့ဘူးဗျာ၊၊ တချို့ ကျနော့်ဆီ မရောက်တဲ့ စာစောင်တွေမှာရော၊၊ ??? ကျနော် မသိ၊၊ ကျနော်တော့ သိပ်မထင်။။

ဒီကိစ္စက ပေါ့ပေါ့တန်တန် သဘောထားလို့ မဖြစ်ဘူးထင်တယ်၊ အန်အယ်ဒီမှာ Leadership Crisis ဖြစ်နေပြီဆိုတဲ့ အဓိပါယ်ပဲ၊ ဆိုလိုတာက ခေါင်းဆောင် ရှားပါးနေပြီ၊ ဒေါ်စု၊ ဦးတင်ဦး၊ ဦးဝင်းတင် အလွန်မှာ ပါတီကို ဘယ်သူတွေ ဦးဆောင်ကြမှာလဲ၊

အန်အယ်ဒီဆိုတာက သာမန် နိုင်ငံရေးပါတီမှ မဟုတ်ဘဲနဲ့၊ လူထုပါတီဖြစ်နေတယ်၊၊ အန်အယ်ဒီရဲ့ Leadership Crisis ဟာ တိုင်းပြည်ရဲ့ ခေါင်း ဆောင်မှုအကျပ်အတည်းဖြစ်နေတယ်။ တိုက်ပွဲတွေထဲက ခေါင်းဆောင်ထွက်လာမယ်ဆိုတဲ့ ယျေဘုယျ သဘောတရားကို ကျနော်တို့ ပုံသြထားသင့်သလား၊၊ ကျနော်တော့ သိပ်သဘောမကျလှ။

ကျနော် မှတ်သားဖူးတဲ့ ခေါင်းဆောင်နှစ်မျိုးရှိတယ်။ Nature နဲ့ Nurture၊၊ ပင်ကိုယ်ခေါင်းဆောင် အရည်အချင်းရှိတဲ့ ခေါင်းဆောင် နဲ့ ပြုစုပျိုးထောင်ရင်းနဲ့ ထွန်းပေါက်လာတဲ့ခေါင်းဆောင်၊

ကျနော်တို့ဆီမှာ ပေါ်သမျှ ခေါင်းဆောင်တိုင်းက Nature ခေါင်းဆောင်တွေများနေတယ်၊၊ တိုင်းပြည်ရှေ့ရေးအတွက် Nurture တွေလည်း စဉ်းစားကြဖို့ ခေါင်းဆောင်တွေကို မေတ္တာရပ်ချင်ပါရဲ့။။

ကြာလာရင် မျိုးဆက်ပြတ်လိမ့်မယ်။

ဒီလှိုင်းတနှစ်ပြည့်မှာ အမာခံ ပရိသတ်တယောက်အနေနဲ့ ဒါလေးတော့ အကြံပြုချင်ပါတယ်၊၊


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:သူတို့အာဘော်

One Response to ခေါင်းဆောင်မှုအကျပ်အတည်း ( Leadership Crisis) ကို ဒီလှိုင်းက ပြောပြနေသလား ..?

  1. Maung Maung Myint on January 23, 2013 at 1:21 am

    ဒီစာရေးသူရဲ.အဆိုကိုကျနော်အလေးအနက်ထောက်ခံတယ်ဗျာ။တကယ်လိုအပ်ချက်လေးကိုစာရေးသူထောက်ပြ
    သွါးတာပါ။အာဏာ နေရာဆိုယင် ပြောသူကော ကြားသူရော ထော်လော်ကန်.လန်.ကြီးဖြစ်နေတုန်းရှိနေကြသေး
    တယ်။အများကောင်းကျိုးအတွက်လုပ်ဖို.ဆိုယင်လက်ဆင်.ကမ်းလုပ်ဆောင်တဲ.နေရာမှာအရည်အချင်းရှိပြီးထူးချွန်
    ထက်မြက်တဲ.ခေါင်းဆောင်တွေများများပေါ်ထွက်လာဖို.ပြုစုပျိုးထောင်မှူ.တွေအဆက်မပြတ်လုပ်ပေးနေရမှာ။ခေါင်း
    ဆောင်အလားအလာရှိသူတွေကလည်းမပြတ်လေ.လာဆည်းပူးမှု.တွေနဲ.ပြည်.၀ကြောင်းလက်ရှိခေါင်းဆောင်ကြီးတွေ
    သိအောင်ပြသလုပ်ဆောင်ဖို.လိုနေသေးတယ်လို.ထင်မိတာပါပဲ။

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း စက်တင်ဘာ ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ

By

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ (မိုးမခစာအုပ်စင်) ဇွန် ၉၊ ၂၀၁၇...

Read more »

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်