တရုတ်-မြန်မာဓါတ်ငွေ့ပိုက်လိုင်းမှ လာမည့် မေလတွင် စတင်၍ ဓါတ်ငွေ့ပို့နိုင်မည် – China-Burma pipeline to open in May

January 23, 2013

မိုးမခအထောက်တော် အမှတ် ဝဝ၂
ဇန်န၀ါရီ ၂၂၊ ၂၀၁၃

မန္တလေး – ပြင်ဦးလွင် ကားလမ်းကို ဖြတ်မည့် ဓာတ်ငွေ့ပိုက်လိုင်း တည်ဆောက်မှု လုပ်ငန်းခွင်တစ်ခု (ဓာတ်ပုံများ – မိုးမခ)


တရုတ်-မြန်မာ ဓါတ်ငွေ့ပိုက်လိုင်းသည် လာမည့် မေလတွင် စတင် အသုံးပြုနိုင်တော့မည်ဟု ပိုက်လိုင်းတည်ဆောက်ရေးကုမဏီကို ကိုးကားပြီး Financial Times သတင်းစာ အင်တာနက် စာမျက်နှာတွင် ရေးသားထားသည်။

CNPC ကုမဏီက မေလ ၃၀ ရက်နေ့တွင် ဓာတ်ငွေပိုက်လိုင်း အရှည် ၇၃၉ ကီလိုမီတာ ပမာဏကို တပ်ဆင်မှု ပြီးစီးမည်၊ရေနံပိုက်လိုင်းမှာ လာမည့်နှစ်တွင် တပ်ဆင်ဆောက်လုပ်မှု အဆုံးသတ်မည်ဟု တနင်္လာနေ့တွင် ကြေညာထားသည်။

မြန်မာပြည်တွင်း မြို့အများအပြားကို ဖြတ်သွားမည့် ပိုက်လိုင်းကြီးသည် တရုတ်နိုင်ငံ နှင့် အိန္ဒိယ သမုဒ္ဒရာကို ဆက်သွယ်ပေးမည် ဖြစ်သည်။

တရုတ်နိုင်ငံအတွက် လိုအပ်နေသည့် စွမ်းအင်များကို မလက္ကာရေလက်ကြားကို ဖြတ်သန်းပြီး ဝေးလံစွာ သယ်ဆောင်နေရသည်။

ဤပိုက်လိုင်းကြီးကို အသုံးပြုခြင်းဖြင့် ရေနံသယ်ဆောင်ရေးလမ်းကြောင်း ပိုမို တိုတောင်းသွားမည်ဖြစ်သည်။

ဓါတ်ငွေ့မှာ ရခိုင်ကမ်းလွန်မှ ထွက်သော ဓါတ်ငွေ့ဖြစ်ပြီး တရုတ်နိုင်ငံက ၀ယ်ယူခြင်းဖြစ်သည်။

ရေနံဖြတ်သန်းခွင့်၊ ဓါတ်ငွေ့ရောင်းချမှုတို့အတွက် မြန်မာပြည်က တရုတ်အစိုးရထံမှ ငွေအမြောက်အများ ရရှိမည် ဖြစ်သည်။

သို့သော်လည်း ပိုက်လိုင်းစီမံကိန်းမှာ ယခင် စစ်အစိုးရလက်ထက်တွင် သဘောတူခဲ့ခြင်းဖြစ်ပြီး သဘာဝပတ်ဝန်းကျင် ပျက်စီးမှု၊ မြေယာ မတရား သိမ်းယူမှု အစရှိသည့် ထင်သာမြင်သာ အငြင်းပွားဖွယ်ကိစ္စရပ်များ ပေါ်ပေါက်ခဲ့သည်။

 

 

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:မျက်မှောက်ရေးရာ, သတင်းပဒေသာ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ မိုးမခစာအုပ်စင်၊...

Read more »

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ

By

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ (မိုးမခစာအုပ်စင်) ဇန်န၀ါရီ ၃၁၊ ၂၀၁၉...

Read more »

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ်

By

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ် (မိုးမခစာအုပ်စင်) ဒီဇင်ဘာ ၂၆၊ ၂၀၁၈...

Read more »

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)