အာဇာနည်ဗိမာန်မှာ နိုင်ငံခြားအထိမ်းအမှတ်တခုခု မဆောက်သင့်

February 6, 2013

အာဇာနည်ဗိမာန်မှာ နိုင်ငံခြားအထိမ်းအမှတ်တခုခု မဆောက်သင့်

မောင်စွမ်းရည်၊ ဖေဖော်ဝါရီ ၆၊ ၂၀၁၃

The Voice ဂျာနယ်ဟောင်းတစောင်ကို ၂၀၁၃ ဇန်န၀ါရီ ၃၀ မှာ ဖတ်ရပါတယ်။ ဂျာနယ်ရက်စွဲက ဇန်န၀ါရီ ၂၁ ရက် တနလာင်္နေ့ ထုတ်တာဖြစ်ပါတယ်။ ဒီတော့ သိပ်နောက်မကျလှသေးဘူးလို့ ယူဆပါတယ်။ ဂျာနယ်မျက်နှာဖုံးမှာ “အာဇာနည်ဗိမာန်တွင် တောင်ကိုရီးယားအထိမ်းအမှတ် အဆောက်အအုံဆောက်မည်” ဆိုတဲ့ ခေါင်းစီးစာတန်းနဲ့တကွ အာဇာနည်ဗိမာန်တပိုင်းတစပုံကို ဖော်ပြထားတာ တွေ့ရပါတယ်။ သံခမောက်ဆောင်း စစ်သားကြီးတယောက်က သေနတ်ကြီး အသင့်ချိန်ထားတဲ့ ပုံလည်း ပါရှိပါတယ်။ အာဇာနည်ဗိမာန်ဆိုတာ ဗမာလူမျိုးတွေအတွက် ဘုရားကျောင်းကန်ပြီးရင် ဒုတိယအလေးထားရမယ့်နေရာမျိုးပါ။ ဂါရ၀ပြုရမယ့်နေရာမှာ လက်နက်ကိုင်တွေ အစောင့်ချထားတာလည်း ကြည့်မကောင်းလှပါဘူး။ ဒါလဲ တောင်ကိုရီးယားဧည့်သည်ကို မြောက်ကိုရီးယားက လုပ်ကြံဖို့ ကြိုးစားရာက ဖြစ်လာတဲ့ ပြဿနာလို့ပဲ မှတ်သားမိပါတယ်။

ကျနော့်သဘောကို ပြောရရင် အာဇာနည်ကုန်းပေါ်မှာ အာဇာနည်ဗိမာန်ကလွဲပြီး ဘာမှ မရှိသင့်ပါဘူး။ ဘာသာရေးအဆောက်အအုံတခုခုလည်း မထားရှိသင့်ပါဘူး။ ဒီနေရာအထွဋ်အမြတ်ဟာ ဗမာ့အာဇာနည်ကြီးတွေရဲ့ အထိမ်းအမှတ်နေရာသာ ဖြစ်သင့်ပါတယ်။ ဒါကြောင့် နိုင်ငံခြားသားအထိမ်းအမှတ်တခုခု မဆိုထားနဲ့ အခြားခေါင်းဆောင်မဆို ဗမာပဲဖြစ်ဖြစ် ကမ္ဘာပဲဖြစ်ဖြစ် ဒီပရိဝဏ်အတွင်းမှာ မထားရှိသင့်ပါဘူး။ ဦးသန့်ဟာ နိုင်ငံတကာနဲ့အမျှ ကြီးကျယ်တဲ့ ပုဂ္ဂိုလ်ထူးတဦးပါပဲ။ ဒါပေမယ့် သူဟာ အာဇာနည်မဟုတ်လို့ သီးခြားမြင့်မြတ်တဲ့နေရာမှာ ထားသင့်ပါတယ်။ ထားလည်း ထားခဲ့ပါတာ အများအသိပါ။ ဆရာကြီးသခင်ကိုယ်တော်မှိုင်း၊ ဦးသန့်၊ ဒေါ်ခင်ကြည်၊ သီပေါမင်းရဲ့ မဟေသီမိဖုရားကြီးတို့ဟာ သူ့နေရာနဲ့သူ ထိုက်ထိုက်တန်တန် ရှိကြပါတယ်။ အာဇာနည်ဗိမာန်ရှိရာနေရာမှာ ရောမထားပါဘူး။

ခုထားရှိမှာက တောင်ကိုရီးယားခေါင်းဆောင်တဦးကို လုပ်ကြံဖို့ ကြံစည်အားထုတ်ခဲ့တဲ့နေရာပါ။ မပြောကောင်း မဆိုကောင်း ကိုရီးယားခေါင်းဆောင်ပဲဖြစ်ဖြစ်၊ ဘယ်နိုင်ငံခေါင်းဆောင်ပဲဖြစ်ဖြစ် မကျဆုံးခဲ့ဖူးပါ။ သူတို့ခေါင်းဆောင်ကို သူတို့သက်ဆိုင်ရာနိုင်ငံမှာပဲ အထိမ်းအမှတ် အဆောက်အအုံထားရှိသင့်ပါတယ်။ ကျနော်တို့နိုင်ငံမှာ ထားရှိစကောင်းတယ်လို့လဲ မထင်ပါ။ အစဉ်အလာလည်း မကြားဖူးပါ။

ဒါကြောင့် ဗမာပြည်ရဲ့ အာဇာနည်ဗိမာန်မှာ တခြားဘာမှ မရှိစေချင်ပါ။ ရှိသင့်တယ်လို့လည်း မထင်ပါ။ ဒီကိစ္စကို ဗမာတမျိုးလုံးကလည်း ကန့်ကွက်သင့်တယ် ထင်ပါတယ်။ အားလုံးက ကန့်ကွက်ကြပါလို့လည်း တိုက်တွန်းနှိုးဆော်လိုက်ပါတယ် ခင်ဗျား။

ဒီလိုကန့်ကွက်တဲ့အတွက် မယဉ်ကျေးရာကျတယ်လို့လည်း မယူဆပါဘူး။ ဘာဖြစ်လို့လည်း ဆိုတော့ ကျနော်တို့နိုင်ငံခေါင်းဆောင်တဦးဦရဲ့ အထိမ်းအမှတ်ကိုလည်း တခြားဘယ်နိုင်ငံမှာမှ မထားရှိ၊ မဆောက်လုပ်ခဲ့ဖူးပါ။ ဆောက်လုပ်စရာလည်း မလိုပါ။ လီနင်၊ စတာလင်၊ ဂန္ဒီ၊ နေရူး၊ မော်စီတုန်း၊ ဘယ်ခေါင်းဆောင်ကြီးတွေရဲ့ အထိမ်းအမှတ်မှ မရှိပါ။ သူတို့ကလည်း သူတို့နိုင်ငံလွတ်မြောက်ရေးအတွက် စွန့်စားဆောင်ရွက်ခဲ့သူတွေသာ ဖြစ်ပါတယ်။ ကျနော်တို့ နိုင်ငံရဲ့ အာဇာနည်တွေ မဟုတ်ပါ။ သူတို့ကို ဗမာတွေကလည်း လေးစားကြပါတယ်။ ဒါပေမယ့် သူတို့က သုတို့ နိုင်ငံအတွက်ပါ။

ဒါကြောင့် ကျနော်တို့နိုင်ငံက အာဇာနည်ဗိမာန်မှာ နိုင်ငံခြားအဆောက်အဦ လုံးဝမရှိစေချင်ပါ.။

၂၀၁၃ ဇန်န၀ါရီ ၃၀


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:မောင်စွမ်းရည်

5 Responses to အာဇာနည်ဗိမာန်မှာ နိုင်ငံခြားအထိမ်းအမှတ်တခုခု မဆောက်သင့်

  1. myochit on February 6, 2013 at 5:00 pm

    ဟုတ်ပါတယ် ဒီသတင်း ဖတ်ရတုန်းက အထက်မှာပြောတဲ့ အတိုင်း ခံစားရပါတယ် ပြောချင်ခဲ့ပါတယ်

  2. Maung Ba C on February 7, 2013 at 5:42 am

    agreeeeeeeeee. true.
    don’t get sucked up by Korea.
    It has been sucked up a lot already by / during than shwe era.
    and totally agree.
    R Zar Ni Kone is R Zar Ni Kone. it is solely for internal Myanmar great leaders.
    Mausoleum is Mausoleum. it is only for Myanmar, its own country.

  3. myo khaing on February 7, 2013 at 10:03 am

    absolutely true!!!no other ppl(myanmar or whoever) not in there…
    please respect our national hero soul..
    for korea,enough for space on TV screen..

  4. Patriot on February 7, 2013 at 7:56 pm

    I am totally agreed with Author. This is our historical and memorial place. Nothing to do with other country. Please protect this place for us and our new generation.

  5. Maung Pyaw Chin on February 7, 2013 at 10:38 pm

    ဦးသန်းေ၇ွှအစိုး၇ကဗိုလ်ချူပ်၇ဲ.၇ာဇဝင်၊ဗိုလ်ချူပ်၇ဲ.သမိုင်းကိုေ၇စုန်မျှော အောင်တမင်ကြိုးစားလုပ်ဆောင်ခဲ့ပေမယ့်မအောင်မြင်ခဲ့ဘူး။၇ိုးအေးပြီးနှစ်လို ဘွယ်၇ှိတဲ့ဥပဒိ၇ုပ်၇ှိတယ်လို.သတင်းထွက်တဲ့ဦးသိန်းစိန်အစိုး၇ကတော့ပြည်သူတွေမနှစ်သက်တာကိုမလုပ်လောက်ဘူးလို.ယုံကြည်မိပါတယ်။ဘာဘဲဖြစ် ဖြစ်ပြည်သူအများစုရဲ.ကန်.ကွက်အားမ၇ှိခဲ့၇င်အနာဂတ်အာဇာနည်ဗိမာန်ဟာ ၇င်လေးစ၇ာပါ။

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း

By

  မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း ထွက်တော့မယ် (မိုးမခ) စက်တင်ဘာ...

Read more »

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ

By

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ (မိုးမခ) သြဂုတ် ၂၄၊ ၂၀၁၈ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်...

Read more »

ဂီတအနုပညာရှင်ကြီး မာမာအေး စိန်ရတုမွေးနေ့ အမှတ်တရ မိုးမခစာအုပ်ထုတ်

By

ဂီတအနုပညာရှင်ကြီး မာမာအေး စိန်ရတုမွေးနေ့ အမှတ်တရ မိုးမခစာအုပ်ထုတ် (မိုးမခစာအုပ်စင်) သြဂုတ် ၁၇၊ ၂၀၁၈...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments