ရေးခဲ့မိသော မှတ်တမ်းများ (၁၅)

February 9, 2013

အုန်းနိုင်
ဖေဖော်ဝါရီ ၉၊ ၂၀၁၃
ဖုန်းမော်ကျဆုံးခဲ့ရတဲ့ နှစ်ပတ်လည်နေ့ကို   “ဗမာ့လူ့အခွင့်အရေးနေ့” အဖြစ်  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ဗဟို) က  သတ်မှတ်လိုက် ပါတယ်။ တက္ကသိုလ်ရိပ်သာလမ်းရုံးမှာ ဗမာ့လူ့အခွင့်အရေးနေ့အဖြစ်ကျင်းပခဲ့တဲ့ လူထုအစည်းအဝေးပွဲကို အခြားနိုင်ငံရေးပါတီများပါတက် ရောက်ပါတယ်။ ရန်ကုန်တက္ကသိုလ်မှာလည်း  ဖုန်းမော်နှစ်ပတ်လည်ပွဲကျင်းပလို့ ဒေါ်အောင်ဆန်းစုကြည်လည်းတက်ရောက်ပါတယ်။ ဒီ အစည်းအဝေးမှာပဲ မိုးသီးဇွန်ကသူ့ရဲ့ ကြေညာချက်ကိုထုတ်ပြန်ပါတယ်။ အဓိကအချက်ကတော့ စစ်အစိုးရဟာ နိုင်ငံရေးပါတီတွေကို ဘက် လိုက်ဆက်ဆံမှုတွေရှိနေလို့ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲကိုကျင်းပပေးနိုင်မှာမဟုတ်ဘူးလို့ ဆိုပါတယ်။ ဒါ့ကြောင့် လွတ်လပ် ပြီး တရားမျှတတဲ့  ရွေးကောက်ပွဲကျင်းပပေးနိုင်မယ့် ကြားဖြတ်အစိုးရတရပ်ဖွဲ့ပေးဖို့ တောင်းဆိုလိုက်ပါတယ်။

အဲဒီနေ့ အစည်းအဝေးနှစ်ခုစလုံးကို လက်နက်ကိုင်တပ်တွေက အသံချဲ့စက်တွေနဲ့ စစ်သီချင်းတွေ  ဆူဆူညံညံဖွင့်ပြီး နှောင့်ယှက်ပါတယ်။ အကြမ်းဖက်မှုတစုံတရာတော့   ဖြစ်ပွားတယ်မကြားပါ။ ဒါပေမယ့် ကျောင်းသားများက (၂/၈၈) ကို  ရုပ်သိမ်းပေးဖို့တောင်းဆိုနေတာဟာ  တက္ကသိုလ်တ၀ိုက်နဲ့ ကမာရွတ်တ၀ိုက်မှာ  နေ့စဉ်ရက်ဆက်ဖြစ်ပေါ်ခဲ့ပါတယ်။ ၂၀ ရက်နေ့မှာတော့ ကျောင်းသားခေါင်းဆောင်မင်းကိုနိုင် ၊ ကိုကိုကြီး၊ အောင်ဒင်နဲ့  အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်လူငယ် ကိုစိုးသိန်းတို့တွေဟာ  ရန်ကုန် ဒုတိယတိုင်းမှူး  ဗိုလ်မှူးကြီးကက်စိန်ကို   တိုက်ရိုက်တွေ့ပြီး ရင်ဆိုင်ဖြေရှင်းကြပါတယ်။အရင်နေ့တွေကဖမ်းထားတဲ့ ကျောင်းသားတွေကိုလွှတ်ပေးမယ်ဆိုတဲ့ကတိနဲ့ ကျောင်းသား များ က  လူစုခွဲပေးပါတယ်။

ဒါပေမယ့် စစ်အစိုးရဖက်ကဖမ်းထားတဲ့ကျောင်းသားတွေကို လွှတ်မပေးရုံမက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကျောင်းသားတွေကို   မြှောက်ပေးနေပါတယ်လို့ စွပ်စွဲပါတယ်။ ဒီကျောင်းသားတွေက ဘယ်သူမှမြှောက်ပေးလို့ လုပ်တာမဟုတ်ပါဘူး။ အခုပေါ်လာတဲ့ နိုင်ငံရေး  အဖွဲ့အစည်းတွေကသာ ကျောင်းသားတွေစခဲ့တဲ့  ရှစ်လေးလုံးအရေးတော်ပုံကျေးဇူးကြောင့် ဖွဲ့စည်းခွင့်ရခဲ့တာပါ။

ဒါကို  စစ်အစိုးရက  မှန်မှန်  မမြင်ဘူး။ မှန်မှန်မမြင်တာက မှန်မှန်မကြည့်တတ်လို့။ မကြည့်ချင်လို့ တဘက်က လူထုက တိုးတိုးပြီး  ထောက် ခံလာတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို မတရားစွပ်စွဲချင်လို့သာဖြစ်ပါတယ်။ ဒီပြဿနာနဲ့ပတ်သက်ပြီး  မင်းကိုနိုင်ကို ၂၃.၃.၈၉ နေ့မှာ  ကမ္ဘာအေးဘုရားလမ်းပေါ်က  လမ်းနီလေးမှတ်တိုင်မှာ  ဖမ်းဆီးလိုက်ပါတယ်။ ဒီလိုဖမ်းတော့ ကျောင်းသားတွေကလည်း  ဟိုနေရာဒီ နေ ရာတွေမှာ ဆန္ဒပြပွဲတွေ လုပ်ပါတယ်။ လုံထိန်းတွေနဲ့ တိုက်ခိုက်မှုတွေ ဖြစ်တယ်။ အဲဒီလို  လုံထိန်းတွေနဲ့  တွေ့ လို့  လူစုခွဲရတဲ့ အခါတွေမှာ  ဒေါ်အောင်ဆန်းစုကြည်ခြံနဲ့  တခြားသူတို့ကို  လုံခြုံမှုပေးနိုင်မဲ့ခြံတွေထဲကို ပြေးဝင်ခိုလှုံကြရတယ်။ ဒီလိုနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့  ဗမာ နိုင်ငံ လုံးဆိုင်ရာ ကျောင်းသားသမဂများအဖွဲ့ချုပ် (ABFSU)  ခေါင်းဆောင်များတွေ့ပြီး ကျောင်းသားများရင်ဆိုင်ထိပ်တိုက်တွေ့ ချင်းအားဖြင့် အန္တရာယ်ကြီးလို့ ရပ်ပေးဖို့ဆွေးနွေးကြတယ်။ ကျောင်းသားလှုပ်ရှားမှုများ နဲနဲကျဲသွားတယ်။ ဒီအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ကြား ဖြတ်အစိုးရနဲ့ပတ်သက်တဲ့သဘောထား ဘယ်လိုရှိတယ်ဆိုတာ သတင်းစာဆရာတွေက မေးကြတယ်။ ဒေါ်အောင်ဆန်းစုကြည်က  သူ့ရဲ့ တသမတ်တည်းရှိတဲ့သဘောထားကို  ပြောပြပါတယ်။

“ကျမအနေနဲ့ ကြားဖြတ်အစိုးရဖွဲ့ဖို့ရော ရွေးကောက်ပွဲဝင်ဖို့ရော မစဉ်းစားနိုင်သေးပါဘူး။ အခြေခံလူ့အခွင့်အရေးရဖို့က ပထမပါ။ ဒီအခွင့် အရေးထဲမှာ ဒီမိုကရေစီနည်းကျရွေးကောက်ပွဲဆိုတာ  အလိုလိုပါလာမှာပါဘဲ။ လွတ်လပ်ပြီး တရားမျှတတဲ့ရွေးကောက်ပွဲဖြစ်ဖို့ဆိုတာ အခု လို  နိုင်ငံရေးပါတီတွေကို ဖွဲ့ခွင့်သာပေးပြီး လွတ်လပ်တဲ့ စည်းရုံးခွင့်မရှိ။ ပုဒ်မ ၂/၈၈  အောက်မှာဘယ်လိုဖြစ်နိုင်မလဲ။ ဒါကြောင့် နိုင်ငံရေး ပါတီတွေနဲ့ န၀တ ဆွေးနွေးပါလို့ တောင်းဆိုနေရတာပါ”  လို့ပြောပါတယ်။

ဒီလိုကာလမှာ ဗိုလ်ချုပ်မှူးကြီးစောမောင်က တပ်မတော်နေ့မိန့်ခွန်းမှာ “နိုင်ငံရေးပါတီတွေက တွေ့ချင်တယ်ပြောတယ်။ သူတို့က အဖွဲ့  ၂၃၀ ကျော်။ ကိုယ်ကတယောက်တည်း။ ဘယ်ဖြစ်မလဲ”  လို့ ကြောင်တောင်တောင် ပြောပြန်ပါတယ်။ ဒီတော့ ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်မှူးကြီးစောမောင်တယောက်တည်းမို့ ကြောက်မနေပါနဲ့။ ဗိုလ်ချုပ်မှူးကြီး နောက်မှာစစ်တပ်ကြီး တတပ်လုံးရှိပါတယ်” လို့ ပြန်ပြော ပါတယ်။ ဗိုလ်ချုပ်မှူးကြီးစောမောင်က  သူပြောချင်တာရှိရင် တီဗွီကပြောတယ်။ သတင်းစာရှင်းလင်းပွဲတွေမှာပြောတယ်။ ဒေါ်အောင်ဆန်း စုကြည်ကလည်း နိုင်ငံခြားသတင်းထောက်တွေနဲ့   နိုင်ငံတကာမီဒီယာတွေကတဆင့်ပြောတယ်။ ဒေါ်အောင်ဆန်းစုကြည်က  တခါတော့ ညည်းညည်းငြူငြူ  ပြောပါတယ်။

ဒါတွေဟာ  နှစ်ဖက်မျက်နှာချင်းဆိုင်တွေ့ ပြီးပြောလိုက်ရင်အဖြေရမဲ့ဟာ  အခုတော့ သတင်းစာဆရာတွေကိုပဲ  ကြားထားပြောရတာ   အား တောင်နာလာပြီတဲ့။

● လူ့ဘောင်သစ် နှစ်ဖွဲ့
ဖုန်းမော်နေ့ပြီးကတည်းက ကျောင်းသားတွေကိုဖမ်းဆီးမှု များလာတယ်။ ကျောင်းသားနဲ့အတူ အဖွဲ့ချုပ်လူငယ်တွေ၊ လူ့ဘောင်သစ် အဖွဲ့ ၀င်လူငယ်တွေကို အဖမ်းအဆီးတွေ များလာပါတယ်။လူ့ဘောင်သစ်က  မိုးသီးဇွန်ကိုကြားဖြတ်အစိုးရဖွဲ့စည်းရေးကြေညာစာတမ်းကို ပြန် ရုပ်သိမ်းဖို့ န၀တကခေါ်ပြီး  သတိပေးတယ်။ ဒီတော့  မိုးသီးဇွန်က လူ့ဘောင်သစ်အဖွဲ့ဥက္ကဌကနေနှုတ်ထွက်ပြီး  နယ်စပ်က (ABSDF) ဗမာ နိုင်ငံ ဒီမိုကရက်တစ်ကျောင်းသားများတပ်ဦးနဲ့ သွားပူးပေါင်းလိုက်တယ်။ ကျန်တဲ့လူ့ဘောင်သစ်ကို  ပြန်ဖွဲ့ဖို့ပြင်ဆင်ရာမှာ  စိတ်ဝမ်းကွဲကြ တယ်။ အဖွဲ့နှစ်ဖွဲ့ကွဲကြတယ်။ နှစ်ဖွဲ့စလုံးက  ကော်မရှင်ကို  အသိအမှတ်ပြုဖို့ သီးခြားစီတင်ပြကြတယ်။ ဒီတော့ ကော်မရှင်က  အချင်းချင်း ညှိပြီး တစ်ဖွဲ့တည်းတင်မှ လက်ခံမယ်ဆိုတဲ့သဘောနဲ့ နှစ်ဖွဲ့စလုံးကို လက်မခံသေးဘဲထားတယ်။

ကျနော်တို့မြို့က  လူ့ဘောင်သစ်လည်း  ဘယ်အဖွဲ့ဘက်ကိုပါမယ်ဆိုတာ  ပြဿနာဖြစ်လာပါတယ်။ ပထမ  လူ့ဘောင်သစ်အဖွဲ့ အတွင်း ရေးမှူး မိုးဟိန်းနဲ့ကျနော့်တူဖြစ်သူ  အောင်မိုးမြင့်တို့က  အရင်ကထဲကရင်းနှီးတော့  သူ့ညီ၊ ညီမတွေနဲ့ သူ့ရဲဘော်တွေကို  မိုးဟိန်းဘက်ပါစေ ချင်တယ်။ တချို့ သူတွေက  သဲကုန်းမြို့ နယ်နဲ့ဆက်စပ်ပြီးတခြားတဖွဲ့ဘက်ကို  ပါချင်တယ်။ ကျနော်က သူတို့ကို အကြံတခုပေးပါတယ်။ အုပ်စုနှစ်စုကွဲတာ ညှိမရသေးခင်  ဘယ်အဖွဲ့ဘက်ကိုမှ  မပါဘဲနေလို့ရရင်နေ။ မရရင်တော့ နှုတ်ထွက်နေတာ ပိုကောင်းမယ်ထင်တယ်လို့ ပါ။

ဒီလို  ဗဟိုအဖွဲ့အစည်းရဲ့ စည်းရုံးမှုပျက်ပြားနေတာရယ်  မြို့ နယ်အဖွဲ့မှာလည်း ကသိကအောက်ကလေးတွေ ရှိနေတာရယ်ဆိုတော့ အ ဖက်က  အာဏာပိုင်က  အခွင့်ကောင်းယူပါတယ်။တညမှာ  ကျနော်  ထမင်းစားနေတုံး  စခန်းမှူးထွန်းထွန်းက   အိမ်ကိုဝင်အကြောင်းကြားပါတယ်။ လူ့ဘောင်သစ်  ပါတီရုံးက ဆိုင်းဘုတ်ကို ဖြုတ်မယ်။ ရှေ့ မှာ ချိတ်ထားတဲ့စာတမ်းက  အဓိကပေါ့။

လူ့ပြည်မှာ  ကြောက်တတ်တဲ့အမျိုးပေမို့
ဥပဒေ  နောက်ထပ် မတိုးလိုက်ပါနဲ့
သူ့အမေ………. ဆိုတဲ့ စာတမ်းကိုပေါ့။

ဒီတခါတော့ ကျနော့်ဆီ ၀င်အကြောင်းကြားဖို့သတိရလာတယ်။ အရင် ကျောင်းသားတွေသီချင်းဆိုတာကို  သေနတ်တွေ တဒိုင်းဒိုင်းနဲ့ ပစ် ဖမ်းတုံးက ကျနော်နဲ့သူတို့ အခြေအတင်စကားပြောရာမှာ သူတို့ဘက်ကလည်း မှားတယ်။ ကျနော့်ကိုလည်း  မခြေမငံပြောတယ်ဆိုပြီး ပေါင်းတည်သားစခန်းမှူးကို  မြို့မိမြို့ဖတွေနဲ့ သူ့အပေါင်းအသင်းတွေက ၀ိုင်းအပြစ်တင်ကြတယ်။ ကျနော်တို့အပေါ် မြို့လူထုရဲ့ ထောက်ခံ အားကိုလည်း  သိသွားတယ်။ သူကိုယ်တိုင်က  ကျနော့်တပည့်လည်းဖြစ်ခဲ့လေတော့  ဒီတခါတော့ ကျနော့်ဆီ ၀င်သတင်းပို့တယ်။  ကျနော် ကလည်း  “မင်းတို့ညွှန်ကြားချက်ရှိလို့လုပ်တယ်ဆိုလည်း  ဥပဒေနဲ့အညီလုပ်ပေါ့။ ကလေးတွေကိုတော့ မဖမ်းနဲ့။ အရေးယူရင်လည်းဥ ပဒေ အရပဲလုပ်။ လိုအပ်ရင် ကလေးတွေ  ဥပဒေနဲ့အညီရင်ဆိုင်ဖို့  ငါတာဝန်ယူတယ်” လို့ ပြန်ပြောလိုက်တယ်။ အိမ်ကသမီးတွေနဲ့ သူတို့ ရဲဘော် တွေကိုလည်း ဥပဒေအရ  ရင်ဆိုင်ကြတာပေါ့လို့ပြောလိုက်ပါတယ်။ ညီညွတ်မှုပျက်ပြားလို့ ခံလိုက်ရတဲ့သာဓကတခုပါ။ နောက်တနေ့မှာ တော့  လူ့ဘောင်သစ် မြို့နယ်စည်းရုံးရေးကော်မတီ (၁၉) ဦးကို တရားရုံးမှာ တရားစွဲပါတော့တယ်။

● အမျိုးသား ဒီမိုကရေစီပါတီ
အခြေအနေတွေက  တင်းမာလာပြန်ပါတယ်။အဲဒီလိုအခြေအနေမျိုးမှာပဲ ဗဟိုက ပြသနာတခုကျနော်တို့ဆီကို  ရိုက်ခတ်လာပြန်ပါတယ်။ ဒါကတော့ ဖေဖေါ်ဝါရီလကုန်လောက်မှာပေါ့။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့အရံအဖွဲ့အနေနဲ့ အမျိုးသားဒီမိုကရေစီပါတီကို ရွေးကောက် ပွဲကော်မရှင်မှာ  မှတ်ပုံတင်လိုက်တဲ့ကိစ္စပါ။ နာယယအဖြစ် ဦးတင်ဦးနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို တင်ပြီးဥက္ကဌက ဒေါက်တာစိန်ဝင်းပါ။

ဗိုလ်ချုပ်အောင်ဆန်းရဲ့အကိုကြီး အာဇာနည်ကြီး ဦးဘ၀င်းရဲ့သားဆိုတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ မောင်နှမ၀မ်းကွဲပေါ့။ အတွင်းရေးမှူး က ဦးမြင့်ဆွေဖြစ်ပြီး တခြားအမှုဆောင် အဖွဲ့ဝင်တွေကတော့ဗိုလ်ကြီးဟောင်း  ၀င်းထိန်တို့ ဒုတိယ ဗိုလ်မှူးကြီးဟောင်း အေးမြင့်တို့နဲ့ ဖွဲ့ စည်းလိုက်တာပါ။

မျိုးချစ်ရဲဘော်ဟောင်းရယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့အလံအောက်က  အရံအဖွဲ့  ဖွဲ့တုံးက   တတ်သိပညာရှင်များ အုပ်စုကလည်း   သီးသန့်အရံအဖွဲ့  ဖွဲ့မယ်ဆိုတော့  ညီညွတ်ရေးပျက်ပြားမှာစိုးလို့ဆိုပြီး  တားခဲ့လို့မဖွဲ့ဖြစ်ခဲ့ဘူး။ အခုတခါ  အရံ အဖွဲ့ ဖွဲ့ ပြန်တော့လည်းတတ်သိပညာရှင်များအုပ်စုက မဟုတ်ပြန်ဘူးဆိုတော့  တတ်သိအနွယ်တွေ နည်းနည်းလှုပ်လှုပ် ရွရွဖြစ်လာတာပေါ။ ဒါပေမယ့် အဲဒီအချိန်မှာ ဦးအောင်ကြီးရဲ့စွပ်စွဲချက်ကိုလိုက်နင်းပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အတွင်းက တတ်သိပညာရှင်အုပ်စုကို ကွန်မြူနစ်ဟောင်း၊ ကွန်မြူ နစ်လိုလားသူဟောင်းတွေလို့ န၀တဘက်ကစောင်းပါးရိပ်ခြည်တွေ ပြောနေပါတယ်။ ဒီအချိန်မှာပဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့ဧရာဝတီတိုင်း ကို ဒုတိယအကြိမ် စည်းရုံးရေးခရီးထွက်ရင်းဖြစ်ပေါ်လာတဲ့ ဓနုဖြူအရေးအခင်းလိုပြဿနာမျိုးက  ရှေ့ တန်းတက်လာပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:အခန်းဆက်များ, အုန်းနိုင်

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ

By

 မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ (မိုးမခ) ဧပြီ ၂၊ ၂၀၁၇ ကမ္ဘာဟာအကြမ်းပညာနဲ့...

Read more »

မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ

By

  မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ (မတ် ၉ ၊ ၂၀၁၇)...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး ချမ်းမြ စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်