LONG WALK TO PEACE
OUR JOURNEY IS NOT COMPLETE
ငြိ မ်းေ ရး ခ ရီး ရှ ည် ချီ တ က် ေ န သူ မ် ာ း သို ့ ( ၃ )
အောင်ဝေး၊ ဖေဖော်ဝါရီ ၁၂၊ ၂၀၁၃
ရဲဘော်တို့ -
ခြေထောက်တွေကို ရွက်လွှင့်
ဇော်ဝင်းထွဋ်လို ရွက်လွှင့်။
ကျည်ဆန်များအစား
ပန်းများပွင့်စေ။
သေနတ်သံဆိတ်
သူငယ်အိပ်စေ။
ငါတို့ ခေတ်မှာ
ငါတို့ ဟာ
အတိတ်သားကောင်တွေလား။
ငါတို့ ဟာ
ပစ္စုပ္ဖန်ဓားစာခံတွေလား။
ငါတို့ ဟာ
ငါတို့ ခေတ်မှာ
အနှစ်တစ်ရာ မြေဇာပင်ဖြစ်နေတာလား။
မိတ်ဆွေတို့ 
လက်သီးကိုဆုပ်
အလွမ်းဇာတ်ထုပ် သိမ်းမယ်။
အနာဂတ်
ဖြတ်သာသွားမယ်
မရပ်နား။
တစ်နေ့  တစ်လံ
ပုဂံ ဘယ်ပြေးမလဲ။
ဆက်လျှောက်
ဆက်လျှောက်။
လွတ်မြောက်တဲ့ကြယ်
အမှောင် မကြောက်။
လမ်းတစ်လျှောက်
ကြောက်ရမယ့်ရန်
ပဉ္စမံတပ်သားတွေ။
သတိထား
နွားကွဲရင်
ကျား ဆွဲလိမ့်မယ်။
ကိုယ့်လမ်း ကိုယ်လျှောက်
ပန်းတိုင် မပျောက်နဲ့ ။
ခံဝန်လက်မှတ်
တစ်ခါထိုးရတိုင်း
ဒီမင်း ဒီစိုး ဒီသူခိုးတွေကို
တစ်ခါနာကြည်းပါ။
သူ့ အရပ်
သူ့ ဇာတ်နဲ့ သင့်မြတ်စေ။
ရက်ဘတ်တလာ တွေနဲ့ 
မပေါင်းနဲ့ ။
ခရိုနီပေးတာ
မယူနဲ့ ။
ညစ်ပေတဲ့လက်တွေနဲ့ 
တို့ အိပ်မက်
အပျက်မခံနိုင်။
ရဲဘော်တို့  ဆက်လျှောက်။
တစ်နေ့ တစ်မိုင်
လိုင်ဇာ ဘယ်ပြေးမလဲ။
သွေးမကွဲနဲ့ 
သွေးကွဲရင်
ခွေး ဆွဲမယ်။
“ဝေး“ ပြောတာယုံ
ဘေးပြောတာ မယုံနဲ့ ။ ။
အောင်ဝေး
(ဗမာနိုင်ငံကဗျာဆရာ)
ဖေဖော်ဝါရီ ၁၁-၂၀၁၃။
No tags for this post.
Recent Comments