ကြွေးဟောင်းဆပ်ပေးတဲ့ ဂျပန်မာစတာကို ကျေးဇူးဆပ်လေသလား (ဗိုလ်) ဦးသိန်းစိန်

February 13, 2013

ကြွေးဟောင်းဆပ်ပေးတဲ့  ဂျပန်မာစတာကို ကျေးဇူးဆပ်လေသလား (ဗိုလ်) ဦးသိန်းစိန်

တူမောင်ညို၊ ဖေဖော်ဝါရီ ၁၃၊ ၂၀၁၃

သမ္မတ(ဗိုလ်) ဦးသိန်းစိန်တို့ လုပ်လိုက်ရင် ပက်ကျိလို အရာရာနဲ့အကြောင်းကြောင်းလို့ပြောရမှာပဲ။

          သမိုင်းဖြစ်ရပ်အမှန်အတိုင်း “ဖက်ဆစ်ဂျပန်” လို့ မရေးပဲ။ “ဖက်ဆစ်” လို့သာရေးသားထားပါတယ်။

ဒီလိုရေးရတာဟာ လောလောဆယ် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဘဏ် (JICB) ဆီကနေ (Bridge loan) “ပေါင်းကူးချေးငွေ” အမေရိကန်ဒေါ်လာ ၅၁၂ သန်းနဲ့ ကြွေးဟောင်းဆပ်ပေးလိုက်တဲ့ ဂျပန်မာစတာကျေးဇူးရှင်ကို လက်ငင်းကျေးဇူးဆပ် ပြတာပါ။

သမ္မတ(ဗိုလ်) ဦးသိန်းစိန်တို့ မှာ ကျေးဇူးရှင်တွေများလှတယ်။

(နဝတ-နအဖ)စစ်အစိုးရကို “နိုင်ငံတကာ”က“ကြဉ်”ထားစဉ် ကူညီစောင်မပေးတဲ့“ပေါက်ဖော်ကျေးဇူးရှင်”၊အစိုးရအဆက်ဆက် တင်ရှိခဲ့တဲ့အကြွေးတွေကူဆပ်ပေးတဲ့ “ဂျပန်မာစကာကျေးဇူးရှင်”၊ “ဗိုက်ကင်းကျေးဇူးရှင်”၊ စိုင်ရှင်ရုပ်သိမ်းပေးတဲ့ “အန်ကယ်ဆမ်ကျေးဇူး ရှင်” ဆိုပြီး နောင်မှာ ရေးသားဆိုပြောလာလိမ့်မယ်လို့ထင်ပါတယ်။

         

(၆၆) နှစ်မြောက် “ပြည်ထောင်စုနေ့သဝဏ်လွှာ” ဆိုတာမှာ “ဖက်ဆစ်” ဆိုတဲ့စကားလုံး ၃ လုံးပါတယ်။ “ဗိုလ်ချုပ် အောင်ဆန်း ခေါင်းဆောင်သည့် ပညာတတ်မျိုးချစ်လူငယ်တို့က ခေါင်းဆောင်ကာ မြန်မာ့တပ်မတော်ကိုဖွဲ့စည်းပြီး ဖက်ဆစ် အကူအညီ ရယူ၍ မြန်မာ့မြေပေါ်မှ ကိုလိုနီနယ်ချဲ့တို့ကို မောင်းထုတ်နိုင်ခဲ့ပါသည်” တဲ့။

(ဖဆပလ) အစိုးရလက်ထက်မှာ ဂျပန်စစ်လျော်ကြေးရဖို့အရေးနဲ့ဆက်နွှယ်ပြီး နောက်ပိုင်းမှာ “ဖက်ဆစ်ဂျပန်တော်လှန်ရေး နေ့” အစား “တပ်မတော်နေ့” အဖြစ်ပြောင်းလဲပြီး “မာစတာ”တွေအလိုကျသမိုင်းကို ပြောင်းလဲပေးခဲ့ကြတယ်။ လိမ်ညာဖုံးကွယ်ပေးခဲ့ကြ ရတယ်။ ဒါ့အပြင် တစ်ချက်ခုတ် နှစ်ချက်ပြတ်ဆိုသလို “ဖက်ဆစ်ဂျပန်တော်လှန်ရေး”မှာ အဓိကဦးဆောင်ခဲ့ကြတဲ့ ဗမာပြည်ကွန်မြူနစ် ပါတီ (ဗကပ)နဲ့ ပြည်သူ့အရေးတော်ပုံပါတီရဲ့အခန်းကို ဖုံးကွယ်ပြီး စစ်တပ်အခန်းကို ဇောင်းပေးလိုတာကြောင့်လည်းဖြစ်ပါတယ်။

အခုလည်း (ဗိုလ်)ဦးသိန်းစိန် ကြံ့ဖွံ့အစိုးရက “ဖက်ဆစ်ဂျပန်”ဆိုတဲ့စကားစုထဲက “ဂျပန်” ဆိုတာ ဖြုတ်လိုက်ပြန်ပြီ။

 ဗမာ့လွတ်လပ်ရေးတပ်မတော် (BIA)ကို ဂျပန်ပြည်မှာ စစ်ပညာသင်ကြားခဲ့တဲ့ ရဲဘော်သုံးကျိပ်နဲ့ဘန်ကောက်မှာ ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။ “မြန်မာ့တပ်မတော်” ဖွဲ့စည်းပြီးမှ “ဖက်ဆစ်” အကူအညီကိုရယူခဲ့တာမဟုတ်ပါဘူး။ သမိုင်းဖြစ်ရပ်ကိုလည်း တလွဲဇောက်ထိုး ရေးထားပါတယ်။ ကြည့်ရတာ “ဗမာ့လွတ်လပ်ရေးတပ်မတော်” (BIA) ဆိုတဲ့ အမည်ထဲက (ဗမာနဲ့ Burma)ကို ရှောင်လွှဲချင်ပုံလည်းရပါ တယ်။

တိုင်းပြည်၏ သမိုင်းစဉ်တွင် ဖက်ဆစ်ဂျပန်ခေတ် ၃ နှစ် (၁၉၄၂ – ၁၉၄၅)တာကို  ရေးကြပြောကြမည် ဆိုလျှင်/ရည်ညွန်းမည် ဆိုလျှင်  “ဖက်ဆစ်ဂျပန်ခေတ်” ဟူ၍သာ တိတိကျကျသုံးစွဲရပါမယ်။ “ဖက်ဆစ်ဂျပန်တော်လှန်ရေး” ဟု သမိုင်းဖြစ်ရပ်အမှန် အတိုင်းရေး သားရပါမယ်။ ဖော့၍သော်လည်း၊ လျှော့၍သော်လည်း ရေးသားခြင်း၊ ပြောဆိုခြင်း၊ ရည်ညွန်းခြင်းမပြုလုပ်သင့်ပါ။

“ဖက်ဆစ်ဂျပန်”ဟု ရေးသားသုံးစွဲရသည်မှာဂျပန်ပြည်သူများကိုသော်လည်းကောင်း၊လက်ရှိဂျပန်အစိုးရကိုသော်လည်းကောင်း ထိခိုက်နစ်နာစေလို၍၊ မလိုမုန်းထား၍မဟုတ်ပါ။

 ဖက်ဆစ်စစ်ဝါဒစနစ်၏ ရိုင်းစိုင်းရက်စက်မှု၊ ဆိုးသွမ်းမှုကို မျိုးဆက်သစ်များနားလည်း သိရှိနိုင်ရန်၊  အနာဂတ်တွင် ပြည်တွင်း/ ပြည်ပ၌ ဖက်ဆစ်စစ်ဝါဒစနစ်ကဲ့သို့သော စနစ်ဆိုး၊ စနစ်ယုတ်များမထွက်ပေါ်စေရန်၊ ထိုသို့ဆိုး ယုတ် ရိုင်းစိုင်းသောဖက်ဆစ်စစ်ဝါဒစနစ် ဆိုးကိုမိဘဘိုးဘွားပြည်သူများ တသွေးတည်းတစ်သားတည်း စည်းလုံးညီညွတ်ကာတော်လှန်တိုက်ခိုက်အနိုင်ယူခဲ့ကြပုံကို မျိုးဆက်သစ် လူငယ်များ  လေ့လာသိရှိကြစေရန် ဟူသော ရည်ရွယ်ချက်ကောင်းများပါရှိပါတယ်။

ထို့အပြင် မိမိတို့တိုင်းပြည်နှင့်မိမိတို့ဘိုးဘွားပြည်သူများ အသက်သွေးချွေးဘဝတွေ ရင်းနှီးပေးဆက်ကာ ဖြတ်သန်းခဲ့ရသော သမိုင်းဖြစ်ရပ်မှန်ကို မတိမ်မြုပ်စေလို၍ဖြစ်ပါတယ်။ မပျောက်ပျက်စေလို၍ဖြစ်ပါတယ်။ ပကတိသမိုင်းဖြစ်ရပ်မှန် အတိုင်းတည်ရှိစေလို၍ ဖြစ်ပါတယ်။ 

ဤသို့သော သမိုင်းဖြစ်ရပ်မှန်ကို လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၊ ပါတီအဖွဲ့အစည်းတစ်ခု၊ အစိုးရတစ်ရပ်မှနေ၍ မိမိစိတ်ကြိုက် သဘောထားနှင့်မိမိအလိုရှိသလို၊ အကျိုးအမြတ်တစ်ခုခုကို ထောက်ထားမျှော်ကိုး၍ ပြောင်းလဲခေါ်ဝေါ်သုံးခြင်းလုံးဝမပြုလုပ်သင့်ပါ။

ယင်းသို့ မိမိစိတ်ကြိုက်လိုသလို ပြောင်းလဲသုံးစွဲခြင်း၊ ပြောဆို၊ ရေးသားဖေါ်ခြင်းသည် သမိုင်းဖြစ်ရပ်မှန်ကို ဖုံးကွယ်လိမ်ညာ ခြင်းဖြစ်ပါတယ်။ တိုင်းပြည်နှင့်မိဘဘိုးဘွားပြည်သူများရဲ့သမိုင်းကို သစ္စာဖောက်ခြင်းတစ်မျိုးသာလျှင်ဖြစ်ပါတယ်။

ညွန်း

– သမ္မတဦးသိန်းစိန်၏ (၆၆) နှစ်မြောက်၊ ပြည်ထောင်စုနေ့သဝဏ်လွှာ၊ မြန်မာ့အလင်းသတင်းစာ (၁၂ – ၂ – ၂၀၁၃ )


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:တူမောင်ညို, သူတို့အာဘော်

2 Responses to ကြွေးဟောင်းဆပ်ပေးတဲ့ ဂျပန်မာစတာကို ကျေးဇူးဆပ်လေသလား (ဗိုလ်) ဦးသိန်းစိန်

  1. Ko Latt on February 13, 2013 at 3:36 pm

    The whole World and we know that Myanmar military regime had done very bad things on their own people in the past. They destroy their own Country and the future of so many generations. President U Thein Sein is part of those sins & crimes. He will have to hold accountability and responsibilities. Whether those military dictators like it or not, they will have to face consequence sooner or later in this life as well as next lives.
    The main purpose of writing this comment is not to support military government, but to reveal the true character and loose moral of Tu Maung Nyo. I am not writing this comment to judge right or wrong for what he written against military dictator in this article. It will be judged by History, not me. You can write or talk all good things with powerful words, absolute truth or the words that people would like to read or hear.
    However the most important thing is “Do as you do, and not necessarily what you say “
    I would say that you and military regime are the similar creature. You write and talk very loudly for Justice, Democracy, Human Rights and so many good words like: Doe Ah Yale thon bar. But all are lies and just an empty shell.
    For the people who don’t know you, they will think that you are fighting for justice and they may worship you as hero for what you wrote.
    The real fact is that you seduced married women of your close friends, colleague from same party and break up their families. You may not believe or may not know how serious the sin of “Du Tha Na Thaw “.
    You say one thing and do another thing. You committed so many bad things like military dictators. You will have to take responsibilities and face the consequence of sins you committed whether you like it or not. You will have to reap what you sow. You will have to payback one way or another for Your Own Karma sooner or later in this life as well as next lives similar to Myanmar military regime.

  2. traveller on February 13, 2013 at 8:52 pm

    အကြွေး
    ပလာတာ ကို ဟိုဖက်ဒီဖက် လှည့် ပြနေတာလား

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ မိုးမခစာအုပ်စင်၊...

Read more »

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ

By

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ (မိုးမခစာအုပ်စင်) ဇန်န၀ါရီ ၃၁၊ ၂၀၁၉...

Read more »

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ်

By

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ် (မိုးမခစာအုပ်စင်) ဒီဇင်ဘာ ၂၆၊ ၂၀၁၈...

Read more »

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)