ထောင်စာပေသမိုင်း (Maung Swan Yi)

February 14, 2013

ထောင်စာပေသမိုင်း

မောင်စွမ်းရည်၊ ဖေဖော်ဝါရီ ၁၄၊ ၂၀၁၃

          မျက်မှောက်တေ် ဗမာစာပေလောကမှာ ထွန်းကားပေါ်လွင်တဲ့ စာအုပ်စာပေအမျိုးအစားကို ပြောပါဆိုရင် “ထောင်စာပေ” လို့ ပြောမလား စဉ်းစားနေမိပါတယ်။ စေ့စေ့တွေးတော့ ရေးရေးပေါ် ဆိုသလို ဗမာစာပေအစ ထောင်စာပေကလို့ ပြောရမလားလို့လဲ အောက်မေ့မိပါတယ်။ ကျနော်တို့ငယ်စဉ် ကျောင်းသားဘ၀က ဗမာစာပေ၊ ဗမာကဗျာသင်လို့ရှိရင် အနန္တသူရိယရဲ့ မျက်ဖြေလင်္ကာဆိုတာက စ သင်ရပါတယ်။

          “သူတည်းတယောက် ကောင်းဖို့ရောက်မှု၊ သူတယောက်မှာ ပျက်လင့်ကာသာ ဓမ္မတာတည်း။ ရွှေအိမ်နန်းနှင့် ကြငှာန်းလည်း စံ၊ မတ်ပေါင်းရံလျက်၊ ပျော်စံရိပ်ငြိမ်၊ စည်းစိမ်မကွာ၊ မင်းချမ်းသာကား၊ သမုဒ္ဓရာရေထက် ခဏတက်သည့် ရေပွက်ပမာ တသက်လျာတည်း …” စသည်ဖြင့် ရေးဖွဲ့ထားတဲ့ကဗျာပါ။ ရှင်ဘုရာက အမျက်ထွက်ပြီး ဖမ်းဆီးထောင်ချရုံမက တောင်စွယ်နေကွယ်လျင် သတ်စေလို့ အမိန့်တော်မြတ် ချမှတ်ခံရတဲ့အခါ အသတ်ခံရခါနီး ရေးတဲ့ကဗျာလို့ ဆိုစမှတ်ရှိပါတယ်။ ခုခေတ် စာပေသုတေသီတချို့ကတော့ ပုဂံခေတ်က မသုံးနှုန်းတဲ့ စကားလုံးတွေနဲ့ ရေးဖွဲ့တာဖြစ်လို့ ဒီကဗျာ ပုဂံခေတ်က အနန္တသူရိယ ရေးဖွဲ့တာ ဟုတ်ဟန်မတူဘူးလို့ ကြောကြတာလဲ ရှိပါတယ်။ ဒါပေမယ့် ကျနော်တို့ စိတ်ထဲမှာ စွဲနေခဲ့တာကတော့ ဗမာစာပေခေတ်ဦးကတည်းကပဲ ကဗျာဆရာ စာရေးဆရာများကို အုပ်စိုးသူများက ဖမ်းဆီးထောင်ချ ခဲ့ကြ၊ နှိပ်စက်သတ်ဖြတ်ခဲ့ကြတာပါကလား လို့ ဖြစ်ပါတယ်။ သြော် … နှိပ်စက်သတ်ဖြတ်သူကိုလည်း စာဆိုတွေက ခွင့်လွှတ်ခဲ့ရမြဲပါတကားလို့။

          ဒါကြောင့် ဆိုပါစို့ “ဗမာစာပေအစ ထောင်စာပေက” လို ဒီကဗျာကို ပုဂံခေတ်ကလို့ပဲ ထားလိုက်ပါတော့။ တကယ်လည်း ခေတ်တိုင်းမှာ မင်းမျက်သင့်ခံရတဲ့ စာဆိုတွေ အများကြီး ရှိမယ် ထင်ပါတယ်။ မျက်ဖြေလင်္ကာဆိုတာလည်း အများကြီးရှိမှာပါပဲ။ ဘာဖြစ်လို့လဲ ဆိုတော့ ပညာရှိက၀ိစာဆိုများဟာ နေရာတကာမှာ မင်းလိုလိုက်၊ မင်းကြိုက်ဆောင်ရတာမျိုး ကို နှစ်သက်ဟန်မတူပေဘူး။ ကိုယ့်မင်းကိုယ့်ချင်းဆိုတဲ့ ခေတ်ရောက်တော့ မင်းမျက်သင့်စာဆိုတွေက ပိုများလာဟန်ရှိပါတယ်။ အင်္ဂလိပ်ခေတ်ကထက်တောင် ပိုဆိုးလာတယ်နဲ့ တူပါတယ်။

          လူထုဦးလှ၊ လူထုဒေါ်အမာ၊စတဲ့ လူထုမိသားစု၊ ဗန်းမော်တင်အောင်၊ သခင်မြသန်း၊ မြသန်းတင့်၊ မောင်နေ၀င်း မှစလို့ အများကြီးပါပဲ။ စစ်အစိုးရခေတ်ရောက်တော့ ရေတွက်ရတာ တောင် ခပ်ခက်ခက် ဖြစ်လာတယ်။ ထောင်မကျဖူးတဲ့လူ ဆိုတာ ခပ်ရှားရှားကိုး။ ထောင်ကျခံ၊ နှိပ်စက်ခံ၊ ကျွန်းပို့ခံ ပြည်သူတွေထဲမှာ စာရေးဆရာတွေကလည်း အများကြီးပါ။ တနိုင်ငံလုံးထောင်ချထားတဲ့ ခေတ်လို့ အဆိုရှိတော့ ဗမာပြည်သားတွေ အားလုံးဟာ အကျဉ်းသားတွေချည်းပါပဲ။ ထောင်စာပေတွေကလည်း ဖတ်လို့ကို မဆုံးနိုင်တော့ပါဘူး။

          ထောင်ချခံ၊ နှိပ်စက်ခံရသူတွေထဲမှာ ဘုန်းတော်ကြီးတွေလည်း မနည်းလှပါဘူး။ ဘုန်းတော်ကြီးများကတော့ ထောင်အကြောင်းကို မရေးချင်လောက်အောက် နာကျည်းခဲ့ကြဟန် တူပါတယ်။ ထောင်ဆိုတာ ဦးဥတ္တမ၊ ဦးဝိစာရတို့က စခဲ့ကြတာပါ။ ဆရာတော်ကြီးတွေကိုတောင် သင်္ကန်းချွတ်ပြီး ဆဲဆို ကန်ကျောက် ရိုက်နှက်လုပ်ကြသေးတာဆိုတော့ တချို့က ကိုယ့်အကြောင်း ရေးရမှာတောင် ဗုဒ္ဓဘာသာ စာဖတ်ပရိသတ်ကိုလည်း အားနာ၊ နိုင်ငံတကာကိုလည်း ပြောရမှာ ရှက်ကြဟန် တူပါတယ်။ ဒါပေမယ့် သမိုင်းဆိုတာ မော်ကွန်းထိုးရမှာ မဟုတ်လား။ အမေရိကန်ပြည်ထောင်စုမှာ ရောက်ရှိသီတင်းသုံး နေထိုင်တဲ့ အရှင်ပညာနန္ဒကတော့ သမိုင်းပေးတာဝန်ကို ဖြစ်တဲ့နည်းနဲ့ ထမ်းဆောင်လိုက်တယ် ဆိုရပါမယ်။ အကျဉ်းခံသံဃာတွေ တဦးချင်းကို လိုက်မေးပြီး မှတ်တမ်းတင်ပါတယ်။ စာအုပ် ၂ အုပ်တောင် ထွက်ပြီး သွားပါပြီ။ ဒါတောင် အကျဉ်းချုပ်ကလေးတွေပါ။ တချီု့သံဃာတော်တွေဆိုရင် သင်္ကန်းချွတ်ပြီး ရဲဘက်စခန်းတွေမှာ ကျောက်ထု ကျောက်ခွဲ လမ်းပြင် စသည်ဖြင့် ခိုင်းပါသတဲ့။ ခိုင်းရင်လည်း လက်ထိတ် ခြေထိတ် မချွတ်ဘဲ နေပူကျဲကျဲမှာ ရိုက်နှက်ဆဲဆို ကန်ကျောက်ပါသေးသတဲ့။ အဲဒီအကျဉ်းသားသံဃာတော်တွေအကြောင်း ရေးထားတဲ့ စာအုပ် ၂ အုပ်ကို သမ္မတအကြံပေးအဖွဲ့ နယူးယောက်လာတုန်းက လက်ဆောင်ပေးလိုက်ပါတယ်။

          ပြည်ပရောက်မှ ကျနော်ဖတ်ဖူးတဲ့ ထောင်စာအုပ်တွေ တော်တော်များနေပြီ။ ဦးဝင်းတင်ရဲ့ “ဘာလဲဟဲ့ လူ့ငရဲ ” ၊ ၀င်းတင့်ထွန်းရဲ့ ” ခြောက်တိုက်မှာ လောက်ကိုင်ခံဖူးသလား”၊ မြကြေးမုံရဲ့ “နိုင်ငံတခုသို့ တမ်းချင်း”၊ မသီတာ (စမ်းချောင်း)ရဲ့ “စမ်းချောင်း၊ အင်းစိန်၊ ဟားဗတ်” စတဲ့ ထောင်စာအုပ်တွေတောင် လက်တကမ်းမှာပဲ ရှိနေပါတယ်။ လူထုဦးလှရဲ့ “ထောင်နဲ့လူသား” စာအုပ်ဟာ ခုခေတ်ထောင်စာအုပ်တွေနဲ့စာရင် အတော်ခေတ်နောက်ကျသွားပြီလို့ ဆိုရပါမယ်။ ခုခေတ်ထောင်စာအုပ်တွေမှာက ကမ္ဘာကျော်ယုတ်မာရက်စက်တဲ့ နှိပ်စက်နည်းတွေ မယုံနိုင်စရာ ဆိုလောက်အောင် သွေးတွေ ဗွက်ပေါက်နေပါတယ်။ နှိပ်စက်ခံသူ မဆိုထားနဲ့ စာဖတ်ရသူတွေတောင် နာကျည်း နာကျင်စရာ ကောင်းလှပါတယ်။ လူခွဲပြီး အခန်းပိတ်ထားတယ်၊ ရိုက်တယ်၊ နှက်တယ်၊ လုတယ်၊ ယက်တယ်။ ခိုးတယ်၊ ၀ှက်တယ်။ အယုတ္တ၊ အနတ္တတွေ ဆိုဆဲတယ်။ သက်ကြီးရွယ်အို၊ ဘုန်းကြီး၊ လူကြီး လူကောင်း၊ ပညာရှိ၊ စာရေးဆရာ၊ ကျောင်းဆရာ၊ ကျောင်းသား စသည့် အတန်းအစား၊ အရွယ်မရွေးဘဲ ရိုင်းရိုင်းစိုင်းစိုင်း ဆဲဆို ဆက်ဆံတယ် ဆိုတာများ မယုံနိုင်စရာချည်းပါပဲ။ နှိပ်စက်ပုံများကလည်း နာဇီထက်ရော၊ ဖက်ဆစ်တွေထက်ရော သာလွန်လှပါတယ်။

          လူထုဦးလှတို့လက်ထက်တုန်းက နိုင်ငံရေးသမားတွေအတွက် ဘီကလပ်ဆိုတာ ရှိခဲ့တယ်။ နယ်ချဲ့အမွေ၊ နယ်ချဲ့စနစ်က စစ်အစိုးရခေတ်တွေထက် “ကောင်းတယ်” လို့ ဆိုရပါမယ်။ ခုခေတ်က လူမဆန်လောက်အောင် ရိုင်းစိုင်း ယုတ်မာနေပါပြီ။ လူတွေကို တိရစ္ဆာန်တွေအောက် အသူတရာလောက် နှိမ့်ချပြီး ဆဲဆို နှိပ်စက်ကြတာဟာ မယုံနိုင်စရာချည်းပါပဲ။ ဗမာပြည်အကျဉ်းထောင်တွေက စားဝတ်နေရေး ဆက်ဆံရေးနဲ့  ဆဲဆိုရိုက်နှက်ခန်းများကို သုတေသနပြုပြီး ကမ္ဘာကို တင်ပြ တိုင်တည်ဖို့ ကောင်းလှပါတယ်။ ဘာသာပြန်ကြရမှာပါ။

          ပြောရင်းဆိုရင်း သတိရလာတာက ဒီစာအုပ်တွေ အများအပြားက ပြည်ပမှာ ပုံနှိပ်ထုတ်ဝေခဲ့တာပါလား ဆိုတဲ့အချက်ပါ။ ဥပမာ ဦးဝင်းတင်ရဲ့ “ဘာလဲဟဲ့ လူ့ငရဲ” ၊ မြကြေးမုံရဲ့ “နိုင်ငံတခုသို့ တမ်းချင်း” ။ ဒီဘက်ခေတ်မှာ ထောင်အတွေ့အကြုံကို ပြည်တွင်းမှာ ပုံနှိပ်ထုတ်ဝေခွင့်ရတာ ဆိုရင် မသီတာ (စမ်းချောင်း) ရဲ့ စာအုပ်တအုပ်ပဲ ရှိပါသေးတယ်။ ထိုင်း-ဗမာ နယ်စပ်မှာ ထုတ်ခဲ့ကြတဲ့ စာနယ်ဇင်းတွေ၊ စာအုပ်တွေဟာ အများကြီးပါပဲ။ နယ်စပ်ကို ရောက်သွားကြတာ ကျောင်းသား ကျောင်းသူတွေ အများစုပါ။ သူတို့ရဲ့ ဘ၀အတွေ့အကြုံတွေဟာ အရွယ်နဲ့ မမျှအောင် စုံလင်ထွေပြားပြီး ခက်ခဲကြမ်းတမ်းလှပါတယ်။ ထောင်ကျပြီးမှ ရောက်လာသူတွေလည်း အများအပြားပါဝင်ပါတယ်။ ဒီကြားထဲ ပျက်စီးမသွားအောင် နိုင်ငံချစ်စိတ်နဲ့ နိုင်ငံရေးယုံကြည်ချက်က သူတို့ကို ထိန်းမတ်ပေးနိုင်ခဲ့ပါတယ်။ အချင်းချင်းကလည်း နိုင်ငံရေးယုံကြည်ချက်နဲ့ ထိန်းသိမ်းစောင့်ရှောက်လာခဲ့ကြပါတယ်။ ဒီကြားထဲက သူတို့ရဲ့အတွေ့အကြုံတွေကို သူတို့တတ်စွမ်းသမျှ ရေးသားမှတ်တမ်းတင်ခဲ့ကြပါတယ်။ တချို့က စာပေ၀ါသနာပါတော့ အကြောင်းအရာသာမက အရေးအသားကပါ ထူးခြားပေါ်လွင်တာတွေ တွေ့ရပါတယ်။ ဥပမာပြရရင် မြကြေးမုံရေးတဲ့ ထောင်နောက်ခံ အကြောင်းအရာတွေကို ဆိုလိုပါတယ်။

          ကဲ … ထောင်စာအုပ်တွေ ပြန်ထုတ်မယ်၊ ထပ်ထုတ်မယ် ဆိုပါတော့၊ ဘာအကျိုးရှိသလဲ။ ပထမဆုံး ပြောချင်တာကတော့ စာပေရှုထောင့်ပါပဲ။ စကတည်းက “ဗမာသမိုင်းအစ ထောင်စာပေက” လို့ ခြေဆင်းရေးခဲ့တာ ဆိုတော့ စာပေရှုထောင့်ကပဲ စ ပြောရပါမယ်။ ထောင်စာအုပ်တွေဟာ မှတ်တမ်းသာမကဘဲ ၀ီရရသ၊ ၀ိဘစ္ဆရသ၊ တဗ္ဗုတရသ စသည်ဖြင့် ရသစုံမြောက်တဲ့ အရေးအသားတွေ ဖြစ်နေလို့ စာပေဂုဏ်မြောက်တယ်လို့ ဆိုချင်ပါတယ်။  မြကြေးမုံတို့ မသီတာ(စမ်းချောင်း)တို့ ရေးထားတဲ့ စာအုပ်မျိုးတွေဆိုရင် စာပေဆုတွေတောင် ချီးမြှင့်ထိုက်ပါတယ်။ ဆုပေးအဖွဲ့က ရိုးသားရင်၊ သတ္တိရှိရင်ပေါ့လေ။ ဒါကြောင့် စာပေရှုထောင့်က ပြောရရင် အဖိုးတန်တဲ့ စာပေမှတ်တိုင်တွေလို့ ဆိုလိုက်ပါရစေ။

          ဒီလို ထောင်စာအုပ်တွေကို ပြည်သူလူထုက ဘာသာပြန်ထုတ်ရင် ပြည်သူတွေရော ကမ္ဘာကပါ ဗမာစစ်အစိုးရ အဆက်ဆက်ရဲ့ ရက်စက်ပုံတွေကို ပိုမိုသိရှိသွားကြပါလိမ့်မယ်။ နှိပ်စက်ခဲ့၊ ယုတ်မာရိုင်းစိုင်းခဲ့သူတွေ၊ ငရဲသားတွေလို လူတွေကို လူသားအပေါင်းက ၀ိုင်းဝန်းရှုတ်ချကြပေလိမ့်မယ်။ အဖိနှိပ်ခံပြည်သူလူထုကိုလည်း ပိုမိုစာနာ ထောက်ခံအားပေးကြပေလိမ့်မယ်။

          နောက်တချက်ကတော့ ထောင်စာအုပ်တွေကို ဖတ်ရတဲ့အတွက် ထောင်ပြုပြင်ရေးတွေကို နောက်တက်တဲ့ အစိုးရတွေက ပြုပြင်လုပ်ဆောင်သွားနိုင်ကြပါလိမ့်မယ်။ ပြည်သူတွေကလည်း ပြုပြင်ဖို့ တောင်းဆိုသွားနိုင်ကြပါလိမ့်မယ်။ ကမ္ဘာမှာ ထောင်ဝတ္ထုတွေထွက်မှ အစိုးရတွေက ထောင်ထဲက အဖြစ်မှန်တွေကို သိရှိရပြီး ထောင်ပြုပြင်ရေးတွေ လုပ်ဖြစ်ကြတယ်လို့ ဆိုပါတယ်။ ထောင်စာအုပ်တွေ ဖတ်မှ ထောင်အကြောင်း သိရတာလား။ ဒါမှမဟုတ် ထောင်စာအုပ်တွေ ဖတ်ပြီးမှ အစိုးရ မသိယောင်ဆောင်ခဲ့တာတွေ (သူတို့လုပ်ခိုင်းခဲ့တာတွေ) လူသိကုန်ပြီလို့ ဆိုရမလား၊ စဉ်းစားစရာပါပဲ။ ဘာပဲဖြစ်ဖြစ် ထောင်ပြုပြင်ရေးလုပ်ဖြစ်တယ်တော့ ကောင်းတာပေါ့။

          လူထုဦးလှရဲ့ “လှောင်ချိုင့်တွင်းမှ ငှက်ငယ်များ” စာအုပ်ကို ကမ္ဘာကုလသမဂ္ဂရဲ့ ယူနက်စကိုအဖွဲ့ကြီးက ဆုပေးခဲ့ဖူးတယ်လို့ ကျနော် မှတ်သားမိဖူးပါတယ်။ ခုတခါ စစ်အစိုးရလက်ထက်မှာ တွေ့ကြုံခဲ့ကြရတဲ့ ထောင်စာအုပ်တွေလည်း ဆုခြီးမြှင့်ခံထိုက်ပါပေတယ်။ အသိအမှတ်ပြု ထိုက်၊ ဂုဏ်ပြုထိုက်ပါပေတယ်လို့ ဆိုလိုခြင်းပါ။ ယူနက်စကိုနဲ့ “နိုင်ငံတော်” က မပေးဖြစ်တောင် “ထောင်စာပေဆု” ဆိုပြီး တီထွင်ကြတာပေါ့။ ဥပမာ လူထုဦးလှမိသားစု၊ မြသန်းတင့်မိသားစု၊ ဗန်းမော်တင်အောင်မိသားစု၊ ဦးဝင်းတင် (သူ့မှာ အတူနေ မိသားစု ရှိမှာပါ) ကိုမိုးသူ၊ ကိုသာဘန်း မိသားစု၊ စသည်ဖြင့်ပေါ့ဗျာ။ စုပေါင်းပြီး တီထွင်ကြပေါ့။ ဒါပေမယ့် နောင်တခေတ်မှာ ထောင်စာပေတွေ က ရှိချင်မှ ရှိတော့မှာ၊ စာရေးဆရာတွေကို ထောင်မချရင်ပေါ့။

          အခု အရပ်သားအစိုးရက ဘောင်းဘီချွတ်ရုံပဲလား။ သူတို့ရဲ့ “ရုဒ်မက်” ခြေ ၇ လှမ်း ပြည့်အောင် ဆက်လုပ်မယ်ဆိုတော့ သိပ်ပြောင်းပုံမရဘူး ထင်ပါတယ်။ ပြည်ပမှာ ထုတ်တဲ့ ထောင်စာအုပ်တွေတော့ သမ္မတအကြံပေးအဖွဲ့ကို ပေးလိုက်တာပဲ။ အကြံပေးအဖွဲ့က သမ္မတကြီးကို သို့မဟုတ် လွှတ်တော်ကို အကြံပေးပြီးပြီလား မသိ။ ဗမာပြည်ထောင်ထဲမှာ ယုတ်မာ ညစ်ပတ်စွာ ဆဲရေး ရိုက်နှက်၊ ခိုးဝှက်၊ လုယက် နှိပ်စက် စတဲ့ လူထက်နိမ့်တဲ့ ယုတ်မာမှုတွေကို ပြုပြင်ဖို့ အကြံပေးသင့်ကြောင်းကို အကြံပေးအဖွဲ့များအတွက် အကြံပေးလိုက်ရပါတယ် ခင်ဗျား။

          ကျနော် မောင်စွမ်းရည်ပါ။

          (ဗီအိုအေ အသံလွှင့်ဆောင်းပါးကို ချဲ့ထွင်ရေးသားပါတယ်။)

၂၀၁၃ ဇန်န၀ါရီလ ၂၅၊ နယူးယောက် (ခေတ္တ)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:စာအုပ်စင်, ဝေဖန်ရေးရာ, မောင်စွမ်းရည်

2 Responses to ထောင်စာပေသမိုင်း (Maung Swan Yi)

  1. Dr Maung maung Nyo on February 14, 2013 at 6:26 pm

    Dear Moemakha and Maung swan Yi,
    Thank you very much for an exciting article. Saya Swan mentions only the politiclly motivated literature of the prison. There is another type, that of the writings by the apolitical prisoners or the prison uards like Min-Thu-Yein, short stories.( One collection was awarded the National Literary Prize.) Myaungmya Maung Ko wrote about prison experiences as a prison officer. He described the life of Lanmadaw Pho Toke in Myanug Mya Prison. Pho Toke was appointed a Deputy Commissioner (Ah Ye paing) of the West Rangoon during the Japanese Occupation. Then Pakokku U Ohn Pe wrote about his autobiography including his prison experiences. He donated Kyats 77 Lakhs to the SPDC and a literary Prize was named after him as “The Pakokku U Ohn Pe Literary Prize”. Yanaung Maung Mnuang alsow rote about the prison officers’s experiences. He also won the government literary prize in the early days of the BSPP era. We should not foregt that prison produces political declaraion also like the Insein Communique of the political leaders like Thakhin Soe and Thakhin Than Tun during the Japanese Occupation and just before it. Thein Pe myint also wrote about his prison experiences as short stories like “All Are Good and Other Short Stories”. Thank you. I enjoyed reading Maung Swan Yi’s article.

  2. Dr Maung maung Nyo on February 14, 2013 at 6:34 pm

    Please correct the typos as follows:
    Maung swan Yi as Maung Swan Yi; Prison uards = Prison Guards; Yanaung Maung Muang = Yanaung Maung Maung; Thein Pe myint = Thein Pe Myint; All Are Good and Other Short Stories = Ar Lone Kaung Barthi Khinbyar Hnit Achar Wuttu To Myar
    Thank you.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း သြဂတ်စ် ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ

By

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ (မိုးမခစာအုပ်စင်) ဇွန် ၉၊ ၂၀၁၇...

Read more »

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်