အရိပ်

ဂေါ်ရှယ်
ဖေဖော်ဝါရီ ၂၄၊ ၂၀၁၃
“အကို .. ငါပြန်လာနေမယ် စိတ်ကူးတာဘဲ
ဘာလုပ်မယ် …
ညာလုပ်မယ် … ဆိုတဲ့ စိတ်ကူးယဉ်အိပ်မက်တွေနဲ့  …စသည်ဖြင့်ပေါ့”…..
အကိုနဲ့မတွေ့ဖြစ်တာကြာပြီမို့ တော်တော်ကြာကြာ စကားပြောနေတဲ့အချိန်မှာ
အကို့နားမှာထိုင်နေတဲ့ အမေ အားလုံးကြားချင်ကြားမှာ
ဒါမှမဟုတ် တချို့တ၀က်တော့ ကြားချင်ကြားမှာပေါ့
အကိုနဲ့ပြောခဲ့တဲ့စကားတွေအားလုံး အမေ့နားထဲကြားခဲ့ပေမယ့်
အမေ့နှလုံးသားထဲဝင်သွားတာတော့ သားပြန်လာနေမယ်ဆိုတဲ့ စကားလုံးပါပဲ
“သားပြန်လာနေမယ်ဆို အမေသားနဲ့ နေမယ်နော” တဲ့ အမေက …
ကြည့်ပါဦး … သားသမီးကို ဘယ်လောက်များ ငတ်မွတ်လိုက်တဲ့ အမေရဲ့အသံလဲ….
မိဘတွေကကတော့ … ကိုယ့်သွေးကနေဖြစ်တည် ရင်နှင့်လွယ် အသက်နဲ့ရင်းပြီးမွေး
ပိုးမွှားလေးတကောင်းတတောင် အကိုက်မခံရက်ပဲ အရိပ်တကြည့်ကြည့်နဲ့
ကြည့်လာခဲတဲ့သားမသီးတွေ ဘယ်အရွယ်ကိုပဲ ရောက်ရောက်
ချစ်လိုက်တာ …အမြဲရင်ထဲထွေးပွေ့ထားချင်တယ်
မေတ္တာတွေနဲ့ အုပ်မိုးလို့သာ ကာကွယ်ထားလိုက်ချင်တယ်
ကလေးလေးတွေပါပဲ ..တကယ့်ကလေးတွေပါပဲ …
သားသမီးတွေ… အသန်မာဆုံးသော အတောင်ပံကိုခတ်ရင်း လေစုန် လေဆန်ပျံသန်းနေပါ
ဘဝရဲ့ပင်ပန်းခက်ခဲမှုတွေ… ဘယ်အရာမဆို ရင်ကော့ ခေါင်းမော့လို့ ရင်ဆိုင်လိုက်ရပါစေ
မိဘရဲ့ရင်ခွင်ထဲမှာတော့ ကြောင်သားလေးတစ်ကောင်လို
ခေါင်းဝှက်ပြီးတိုးဝင်လိုက်ချင်တာပါဘဲ ..
၅ နှစ်
၁၀ နှစ် နှစ်၂၀  ၂၅ နှစ် …
မိဘနဲ့ သားသမီး ကွဲကွာနေရမှုတွေ ခွဲခွာနေရတာတွေ
မိဘတွေရင်ထဲ မြတ်နိုးမှုတွေ စွန့်ပစ်လိုက်ရသလိုပါဘဲ … သားသမီးကို မျှော်လင့်လို့နေကြတယ်
သားသမီးတွေကလည်း အတောင်ညောင်းပြီး ခိုနားရာမဲ့လာသလို….
မိဘရဲ့ အေးရိပ်ကို တောင့်တနေရပြီ
ရွှေပြည်တော် … မျှော် …

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ကဗျာ

One Response to အရိပ်

  1. ko lwin on February 25, 2013 at 3:35 am

    very good

MOney Transfer to Burma with Western Union

Sponsored Ads

မိုးမခမှာ ကြော်ငြာပါ

မိုးမခနေ့စဉ် အီးမေးသတင်းလွှာ ရယူပါ

Subscribing to Moemakadaily
Your email address:

Your name (optional):

You may enter a privacy password below.
Create your PASSWORD here

Reenter password to confirm:


မိုးမခမှာ အသစ်တင်တိုင်း သင့်အီးမေးထဲကို အရောက်ပို့မယ်။

Join 531 other subscribers

မိုးမခမာတိကာစဉ်

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

စာဖတ်သူတွေ ကူတာ၊ လှူတာနဲ့ မိုးမခ ရပ်တည်ပါတယ်



$

Twitter: moemaka