ပိုး

February 25, 2013

ကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်)
ဖေဖော်ဝါရီ ၂၆၊ ၂၀၁၃
 

“ပိုး” ဆိုသည့် အမည်နာမသည် အင်မတန် နူးညံ့လှပ ချစ်စဖွယ် ခေါ်ယူထိုက်သော အမည်နာမ ဟု ထင်ပေလိမ့်မည်။ သို့သော် ယင်းထင်မြင်ချက်သည် တက်တက်စင်အောင် လွဲမှားပေလိမ့်မည်။ အကြောင်းကား တစ်နေ့သောအခါက ကျွန်တော့်ထံသို့ ရေးလက်စ စာပိုဒ်လေးတစ်ခု ရောက်ရှိလာသည်။ ယင်း စာပိုဒ်မှာ ပုဂံညောင်ဦး ရေရှားပါးမှုပြဿနာများအား ဖြေရှင်းကူညီ ဖေးမမှုများ ပြုလုပ်ရန်အတွက် နာရေး ကူညီမှုအသင်း(ရန်ကုန်)မှ ဖေဖော်ဝါရီလအတွင်း ပုဂံညောင်ဦး၊ ကျောက်ပန်းတောင်း၊ ပုပ္ပါး နယ်မြေများသို့ ကွင်းဆင်းလေ့လာမှုများ ပြုခဲ့သော ကျွန်တော်အပါအဝင် လူမှုရေးအဖွဲ့သားများထဲမှ ကိုထွန်းထွန်းဝင်း (ခ) ပန်းသီးမှ ရေးသားထားခဲ့သော စာပိုဒ်ကလေးပင်ဖြစ်သည်။ ထိုစာပိုဒ်လေးအား ယနေ့ နေပြည်တော်သို့ နာရေးကူညီမှုအသင်း(ရန်ကုန်)အတွက် တင်သွင်းထားသော အရေးပေါ်လူနာ တင်ယာဉ် ထုတ်ယူရေးကိစ္စရပ်အတွက် မသွားရောက်မီ ကိုပန်းသီးမှ ကျွန်တော့်အား ပေးထားခဲ့သော ရေးလက်စစာပိုဒ်ကလေးပင် ဖြစ်တော့သည်။

ယင်းစာပိုဒ်မှာ – ‘မြန်မာနိုင်ငံအလယ်ပိုင်း မိုးနည်းရေရှားပါးသောဒေသများတွင် နှစ်စဉ် မြွေကိုက်ခံ ရသော လူနာအရေအတွက်မှာ လျော့နည်းသွားခြင်းမရှိပေ။ တောင်သူလယ်သမား အများစုနေထိုင်ရာ ဒေသဖြစ်ပြီး သီးနှံရိတ်သိမ်းချိန်ကာလများတွင် မြွေကိုက်ခံရမှုနှုန်း သိသိသာသာ မြင့်မားလေ့ရှိသည်။ ခေတ်အဆက်ဆက် လျစ်လျူရှုခြင်းခံရသော ပြည်တွင်းဗဟိုဆီအိုးကြီးဟု တင်စားနေရသော အဆိုပါဒေသ တွင် မြွေဆိပ်ဖြေဆေး လုံလောက်စွာ မရှိခြင်းကို အံ့သြဖွယ်၊ ဝမ်းနည်းဖွယ်ကြားသိရပါသည်။ ပြည့်စုံသော ပညာပေးမှုမရှိခြင်း၊ ဆေးဝါးရရှိရန် ခက်ခဲခြင်း၊ ဈေးနှုန်းကြီးမြင့်ခြင်းများ၏ အကျိုးဆက်အဖြစ် လူ့အသက် များ ဆုံးရှုံးနေကြရသည်။ မြွေကိုက်ခံရသော လူနာအများစုသည် အခြေခံလူတန်းစား (လက်လုပ်/စား) တောင်သူများပင်ဖြစ်သည်။ နေ့တဓူဝ မိမိတို့ဝမ်းတထွာအတွက် ရုန်းကန်နေကြသူများဖြစ်၍ ပညာဗဟု သုတနည်းပါးပြီး မြွေအန္တရာယ်နှင့် အမြဲရင်ဆိုင်နေကြရသည်။ အကယ်၍ မြွေကိုက်ခံရသော်လည်း သက်ဆိုင်ရာဆေးရုံ၊ ဆေးခန်းများတွင် မြွေဆိပ်ဖြေဆေးမရှိခြင်း၊ မလုံလောက်ခြင်းတို့ကြောင့် အဖိုးတန် သော လူ့ဘဝမှ အလွယ်တကူ ထွက်ခွာသွားရသူမှာ ဒုနဲ့ဒေးဖြစ်နေသည်။ လွန်ခဲ့သော လအနည်းငယ်က တိုင်းအဆင့် ဆေးရုံကြီးတစ်ခုတွင် ပြည့်စုံသော အသိပညာပေးလုပ်ငန်း တစိတ်တပိုင်းအဖြစ် ကြေငြာချက် တစ်ခုကပ်ထားသည်ကို ဖတ်ရှုခဲ့ရသော မိတ်ဆွေတစ်ဦးမှ ဖောက်သည်ချခြင်းဖြစ်ပါသည်။ ၄င်းမှာ “မြွေဆိပ်ဖြေဆေးမရှိပါ။” “မြွေမကိုက်အောင်နေပါ။” ဝမ်းရေးအတွက် ယာတော၊ ကိုင်းတော၊ လယ်တော များကို ဖက်တွယ်ကာ နွားနှင့်ယှဉ်ရုန်းနေရသော ဆင်းရဲသား တောင်သူများအတွက် ရင်နာဖွယ်ပင်ဖြစ် သည်။ ငွေကြေးတတ်နိုင်ပင် တတ်နိုင်ငြားသော်လည်း ရရှိရန်ခက်ခဲခြင်းမှာလည်း ဖြေရှင်းရမည့် စိန်ခေါ်မှု တစ်ရပ်ဖြစ်သည်။ မိမိတို့အသင်းသို့ အကူအညီတောင်းခံထားသော မြွေဆိပ်ဖြေဆေး ကူညီမှုပေးသော အဖွဲ့အစည်းတစ်ခု၏ စာရင်းအရ ထိုဒေသတွင် မြွေကိုက်ခံရသော လူနာဦးရေ (၃ဝဝ) ကျော်ရှိပြီး အများစု သည် ဆေးဝါးလုံလောက်မှုမရှိပါ။ အဆိုပါ အဖွဲ့အစည်းမှ လူနာ (၈ဝ) ဦးအား မြွေဆိပ်ဖြေဆေး ကူညီမှုပေး နိုင်ခဲ့ပါသည်။ လူနာအများစုသည် ဆေးဝါး၊ အကူအညီ ကင်းမဲ့နေဆဲ ဖြစ်ပါသည်။ မြွေကိုက်မှုနှုန်း မြင့်မား သော ဒေသများရှိ ဆေးရုံ၊ ဆေးခန်းများတွင်လည်း မြွေဆိပ်ဖြေဆေး ရရှိမှုမှာလည်း လုံလောက်မှုမရှိပေ။ သေပျောက်မှုနှုန်း မြင့်မားသော အန္တရာယ်တစ်ခု (ပြဿနာ) တစ်ခုဖြစ်သော်လည်း အသိပညာပေးမှု၊ အရေးယူဆောင်ရွက်မှုများမှာ နှေးကွေးလေးလံလွန်းလှသည်။ မိမိနိုင်ငံမှ နည်းပညာပိုင်း၊ ငွေကြေးပိုင်း မလုံလောက်၍ ဆေးဝါးအလုံအလောက် မထုတ်လုပ်နိုင်ခဲ့သော် ပြည်ပမှဆေးဝါးတင်သွင်းသော ကုပ္မဏီ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ အရေးတယူဖြေရှင်းရမည့် ပြဿနာတစ်ရပ်ဖြစ်သည်။ ယခင်က မြွေကိုက် ခံရသော လူနာတစ်ဝက်နှုန်းမှာ အသက်ဆုံးရှုံးနေရသော်လည်း ယခုအခါ ထိုနှုန်းအတိုင်း မပြောင်းလဲ၍ ဒုက္ခပေးနေဆဲဖြစ်သည်။ (ကြိုးကြီးကား နီနေဆဲပင်ဖြစ်သည်။)

 
အဓိက ကိုက်သောမြွေအမျိုးအစားမှာ မြွေပွေးဖြစ်ပြီး ပင်ကိုယ်သဘာဝအရ အဆိပ်ပြင်းသော တွား သွားသတ္တဝါ အမျိုးအစားဖြစ်သည်။ အပူပိုင်းဇုန်ဒေသများနှင့် မုတ်သုံတောများတွင် နေထိုင်ကျက်စား မျိုးပွားသော မြွေမျိုးဖြစ်သည်။ ရေမြေသဘာဝ အရောင်အသွေးအတိုင်း အပေါ်ယံအရေခွံ အရောင်ပြောင်း လဲသွားသော သတ္တဝါဖြစ်သည်။ အစာရှာချိန်မှလွဲ၍ ပင်ကိုယ်သဘာဝအတိုင်း ရစ်ခွေနေတတ်သည်။ မြွေ ပွေးမတစ်ကောင်မှ သားလောင်းအကောင်ရေ အမြောက်အမြား မွေးဖွားနိုင်သည်။ ပူအိုက်သော အချိန်များ တွင် ခိုအောင်းရာနေရာမှ အပြင်သို့ထွက်ကာ စိုစွတ်သောနေရာများ၊ အေးမြသောနေရာများတွင် ခိုအောင်း နေတတ်သည်။ အဆိပ်မှာပြင်းထန်ပြီး သွေးအတွင်း ပျံ့နှံ့ချိန်မှာ ပျှမ်းမျှအားဖြင့် (၄) နာရီနီးပါး အချိန်ယူရ သည်။ အသက်ရှုလမ်းကြောင်းစနစ်၊ နှလုံးစနစ်၊ ကျောက်ကပ်စနစ်များအား ဖျက်ဆီးနိုင်ပါသည်။ ၄င်းတို့၏ အဓိကအစာအာဟာရမှာ ကြွက်များဖြစ်သည်။ အပူချိန်ပြင်းသော အချိန်တွင် ခိုအောင်းနေတတ်ပြီး အေးမြ သောအချိန်တွင် အပြင်သို့ထွက်လေ့ရှိသည်။ အရွယ်အစားမရွေး အဆိပ်ရှိပါသည်။ ဆေးထုတ်လုပ်မှု အချိုး သည် လူဦးရေ သန်းခြောက်ဆယ်တွင် လူနာနှစ်ထောင်သာ ပေးနိုင်သည်။” ဟူ၍ အဆုံးမသတ်ရသေး သော စာပိုဒ်ပင်ဖြစ်တော့သည်။
ထို့ကြောင့် ယင်းစာပိုဒ်အား ကျွန်တော့်အနေဖြင့် အဆုံးသတ်ရသော် “မြွေဆိပ်ဖြေဆေးမရှိပါ” “မြွေ မကိုက်အောင်နေပါ” “ကြိုးကြီးကား နီနေဆဲပင်ဖြစ်သည်။” ဟူသော စာသားများအရ မြန်မာ့ကျေးလက် ဒေသ တောင်သူဦးကြီးများအား မြွေမကိုက်အောင်ကာကွယ်နည်းဖြစ်သော ကြက်ပေါင်ရှည်ဖိနပ် (Rubber Boots) များစီးကြရန်၎င်း၊ လက်အိတ်များ ဝတ်ဆင်ကြရန်၎င်း ပညာပေးကြသော်ငြားလည်း ရှေးရိုးထုံး တမ်း အစဉ်အလာအတိုင်း ဖိနပ်မစီးခြင်း၊ လက်အိတ်မဝတ်ခြင်းနှင့် လယ်ယာမြေများထဲတွင် အလုပ်လုပ် ကိုင်ခြင်းကိုသာ အားရခဲ့၍ ပညာပေးကဏ္ဍရပ်များ မအောင်မြင်ခဲ့။ သို့ရာတွင် နောင်မျိုးဆက်သစ် လူငယ် လူရွယ် တောင်သူလယ်သမားများအတွက် ဖိဖိစီးစီး ပညာပေးကဏ္ဍများကို ထိရောက်စွာ သက်သေဓါတ်ပုံ များဖြင့်ပြသကာ အန္တရာယ်ကင်းရှင်းရေးအတွက် ပညာပေးကဏ္ဍများအား လုပ်ဆောင်ကြရမည်ဖြစ်သည်။ ယခုလောလောဆယ် အချိန်ကာလတွင် ပြည်တွင်းရှိ မြွေဆိပ်ဖြေဆေး ထုတ်လုပ်မှုသည်လည်း အလွန် နည်းပါးနေ၍ မြွေကိုက်ခံရခြင်း (ပိုးထိခြင်း)ကြောင့် အသက်မဆုံးရှုံးသင့်ဘဲ ဆုံးရှုံးနေရသော ကျွန်တော်တို့ အားလုံး၏ ကျေးဇူးရှင် တောင်သူလယ်သမား ဦးကြီးများသည် နှစ်စဉ်သေဆုံးမှု တိုးမြင့်နေသည်ကို ဝမ်း နည်းစွာ တွေ့မြင်ကြားသိခဲ့ရသည်။ ထို့ပြင် ကျန်းမာရေးအသိပညာနည်းပါးနေကြသော ကျေးလက်ဒေသ အချို့တွင် မြွေကိုက်ခံရခြင်း (ပိုးထိခြင်း) ဖြစ်ပေါ်လာပါက ယင်းမြွေဆိပ်သည် ခန္ဓာကိုယ်ထဲသို့ မပြန့်နှံ့သွား နိုင်ရန်အတွက် မိမိ၏ ခြေထောက်အား မိမိကိုယ်တိုင် ကိုင်းခုတ်ဓါးဖြင့် ခုတ်ပစ်ခြင်းများကိုလည်း ပြုလုပ် နေကြကြောင်း သိရှိခဲ့ရသည်။ ထို့ကြောင့် မြွေဆိပ်သည် ခန္ဓာကိုယ်အတွင်းသို့ ပြန့်နှံ့ဆဲ ပြန့်နှံ့ကာ ထိုလူနာ သည်လည်း ခြေထောက်ပိုင်းဖြတ်လိုက်မှုကြောင့် သွေးလွန်၍ အသက်မဆုံးရှုံးသင့်ဘဲ ဆုံးရှုံးခဲ့ရပြန်သည်။ ထိုကဲ့သို့ မိမိခြေထောက်အား မိမိ၏ဓါးဖြင့် မိမိကိုယ်တိုင် ပိုင်းဖြတ်ခဲ့သူတို့မှာ အမျိုးသမီးများပင် ပြုလုပ်ကြ ကြောင်း ကျွန်တော်တို့ ထိုကျေးလက်ဒေသများသို့ သွားရောက်သည့်အခါ သိရှိခဲ့ရသည်။
ထို့ကြောင့် မြန်မာနိုင်ငံသူ/သားများ၏ ကျေးဇူးရှင်၊ ထမင်းရှင်ဟု ခေါ်ဆိုကြရသော တောင်သူ ဦးကြီးများ၏ အသက်ကို ကယ်တင်နိုင်ရန်အတွက် မြွေဆိပ်ဖြေဆေးများ အထူးလိုအပ်လျှက်ရှိပါသည်။ ထိုသို့သော် မြွေဆိပ်ဖြေဆေးများသည် မြန်မာနိုင်ငံအတွက် အသုံးဝင်သော အမျိုးအစားမှာ အာရှနိုင်ငံ အိမ်နီးချင်းနိုင်ငံဖြစ်သော အိန္ဒိယနိုင်ငံတွင် ထုတ်လုပ်သော မြွေဆိပ်ဖြေဆေးဖြင့်သာ ကုသမှုကို ပြုလုပ်နိုင် ကြောင်းလည်း သိရှိရသည်။ အနောက်နိုင်ငံများမှ မြွေအမျိုးအစားနှင့် အာရှနိုင်ငံရှိ မြွေအမျိုးအစားများ ကွဲပြားမှုကြောင့် ယင်းမြွေဆိပ်ဖြေဆေးသည်လည်း ကွဲပြားမှု၊ ကုသမှုများ မတူညီနိုင်ချေ။ ထို့ကြောင့် ကျွန်တော့်အနေဖြင့် မြန်မာပြည်တွင်းရှိ မြွေကိုက်ခံရသော ဝေဒနာရှင်လူနာများအတွက် အိမ်နီးချင်း အိန္ဒိယနိုင်ငံရောက် မြန်မာမိသားစုများမှ တတ်နိုင်သမျှ မေတ္တာ၊ စေတနာ၊ ကရုဏာ ထားရှိကာ လူသား ချင်းစာနာစိတ်များဖြင့် မြွေဆိပ်ဖြေဆေးများအား လှူဒါန်းမှုပြုကြရန်နှင့် ကျွန်တော်တို့၏ နာရေးကူညီမှု အသင်း(ရန်ကုန်)မှလည်း ယင်းမြွေဆိပ်ဖြေဆေးများအား ဝယ်ယူ၊ မှာယူနိုင်ရန်အတွက် အိန္ဒိယနိုင်ငံရှိ ဆေးဝါးထုတ်လုပ်မှု ကုမ္ပဏီများနှင့် ချိတ်ဆက်မှု ပြုလုပ်နိုင်ရန်အတွက် ကူညီပံ့ပိုးပေးကြပါရန် နှိုးဆော် လိုက်ရပါတော့သည်။
နာရေးကူညီမှုအသင်း(ရန်ကုန်)
အမှတ် (၁၃/က)၊ ဗိုလ်မှူးဗထူးလမ်း၊ (၄၂) ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
တယ်လီဖုန်း – ၅၈ဝ၁၃၃၊ ၅၈၃၅၁၄
အီးမေးလ် – info@ffssyangon.org

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ကျော်သူ နဲ့ နာရေးကူညီမှုအသင်း

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်