SF Burmese Community Organizers & Friends – အခမဲ့ သွားနဲ့ ခံတွင်းကျန်းမာရေး စစ်ဆေးပေး

February 26, 2013

SF Burmese Community Organizers & Friends – အခမဲ့ သွားနဲ့ ခံတွင်းကျန်းမာရေး စစ်ဆေးပေး

SFBC Organizers & Friends, မိုးမခဓာတ်ပုံသတင်း၊ ဖေဖော်ဝါရီ ၂၅၊ ၂၀၁၃

ဖေဖော်ဝါရီ ၂၄က ဆန်ဖရန်ဘေးဧရိယာ အရှေ့ဘက်ကမ်း၊ Dixon Landing Family Dental ဆေးခန်းတွင် စေတနာရှင်သွားဆရာဝန် ၂ ဦးဖြစ်သော ဒေါက်တာမောင်မောင်သော်နှင့် ဒေါက်တာလှမြိုင်တို့က သွားကျန်းမာရေးအကူအညီလိုအပ်နေသူ မြန်မာလူနာ ၁၉ ဦးအား အခမဲ့ သွားကျန်းမာရေး စစ်ဆေးပေးပြီး ခံတွင်းသန့်ရှင်းရေးကုသမှုများ ပေးအပ်ခဲ့ကြသည်။ အဆိုပါ စေတနာ့ဝန်ထမ်း ကျန်းမာရေးလှုပ်ရှားမှုကို ဆန်ဖရန်ဘေးဧရိယာရှိ မြန်မာစေတနာရှင်လုပ်အားပေးများနှင့် ဖွဲ့စည်းထားသော San Francisco Burmese Community Organizers နှင့် မိတ်ဆွေများက ၀ိုင်းဝန်းဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။

အဓိကအားဖြင့် အကူအညီလိုအပ်နေသူများမှာ ကျောင်းသားလူငယ်များ၊ အသက်အရွယ်ကြီးသည့် လူကြီးများ ဖြစ်သည်ဟု ဆိုသည်။ ကျန်းမာရေးအာမခံစာရိတ်ကြီးမားသော ဒေသများတွင် နေထိုင်သူများအတွက် သွားကျန်းမာရေးအာမခံကို ၀ယ်ယူရန် အခက်အခဲရှိသူများ၊ စောင့်ရှောက်မှု လိုအပ်နေသူများ၊ ဘာသာစကားအခက်အခဲရှိသူများအတွက် ယခုလို မြန်မာဆရာဝန်များက မြန်မာအသိုင်းအ၀ိုင်းအတွင်းရှိ လူကြီး၊ လူငယ်များအတွက် စေတနာဝန်ထမ်း ဆေးကုသမှု ဒါနပြုသည့်အတွက် လူနာများနှင့် မိသားစုဝင်များက ၀မ်းမြောက်ဝမ်းသာ သာဓုခေါ်ကြသည်ကို တွေ့ရသည်။

“သာမန်အားဖြင့် ကိုယ်ခန္တာပိုင်းဆိုင်ရာ ကျန်းမာရေးအာမခံ ရှိကြတယ်၊ မရှိတဲ့သူတွေလည်း ရှိတယ်။ သွားတို့ မျက်စိတို့ကတော့ ယေဘူယျ health insurance ရဲ့အပြင် သီးသန့် ၀ယ်ယူရတာမျိးဖြစ်တယ်။ ယေဘူယျကျန်းမာရေးအာမခံက တနှစ်တခါ ကျန်းမာရေး စစ်ဆေးတာတွေ လုပ်ပေးတယ်။ နေမကောင်းရင် ဆေးရုံ၊ ဆေးခန်းပြနိုင်တယ်။ ဆေးဝါး ကုသမှုတွေ ရယူနိုင်တယ်။ သွားကျတော့လည်း ၁ နှစ် တခါ၊ ၂ခါ လောက် စစ်ဆေးတာ၊ ခံတွင်းသန့်ရှင်းရေးလုပ်တာ၊ ကုသမှု ခံယူတာတွေ လုပ်ရတယ်။ မျက်စိလည်း သူ့အတွက် အာမခံဝယ်ထားရင် ဆရာဝန်ဆီမှာ ပုံမှန်စစ်ဆေးတာ၊ သင့်တော်တဲ့ကုသမှု ခံယူတာ လုပ်နိုင်တယ်။ ဒါပေမယ့် သွားကျန်းမာရေးကတော့ သာမန်အားဖြင့် မပြမဖြစ် အရမ်းဆိုးမှပဲ ဆရာဝန်ဆီ ရောက်တာများတယ်။ အဲသည်တော့ ကာကွယ်တဲ့အဆင့်ကိုကျော်ပြီး ကုသရတဲ့အဆင့်ဆိုတော့ လူနာတွေအတွက် မသက်သာဘူးပေါ့”

ဟု စေတနာဝန်ထမ်း လုပ်အားပေးသူတဦးက ၎င်း၏ အမြင်ကို ပြောပြပါသည်။

      ယခုကဲ့သို့ သွားကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် ကုသမှုပေးရာတွင် သွားနှင့် သွားဖုံးများအား ဓာတ်မှန်ရိုက်ခြင်း၊ သွားနှင့် သွားဖုံး သန့်ရှင်းရေးပြုလုပ်ခြင်း၊ လိုအပ်ပါက သွားနှုတ်ပေးခြင်းတို့ အားလုံးကို အခမဲ့ ဆောင်ရွက်ပေးခြင်း ဖြစ်သည်။ ချို့ယွင်းနေသော သွားများ ဖာထေးခြင်း၊ သွားစိုက်ခြင်းနှင့် အရေးကြီးသည့် ကုသမှုတို့ကိုမူ လက်ရှိအခြေအနေတွင် ဆောင်ရွက်ပေးနိုင်ခြင်း မရှိကြောင်း၊ သို့သော်လည်း အဆိုပါအခြေအနေများကို လူနာများအား ရှင်းပြခြင်း၊ ကုန်ကျစာရိတ်များကို ခန့်မှန်းပေးခြင်းတို့ကို ပြုလုပ်ပေးနိုင်ခဲ့ကြောင်း သိရှိရသည်။

“အနည်းဆုံးတော့ ကိုယ့်သွားတွေ အခြေအနေကို အမှန်အတိုင်းသိသွားရတယ်။ နောက်ဆက်ပြီး လုပ်ဆောင်ရမှာတွေကိုလည်း နားလည်သွားတယ်။ ချင့်ချိန်လို့လည်း ရတယ်။ ဆရာတွေနဲ့ ကျွမ်းကျင်သူတွေက ရှင်းပြတော့ ကိုယ်မတတ်နိုင်ရင်တောင်မှ ပြင်ဆင်ဖို့အချိန်ရတယ်။ သည်နိုင်ငံမှာ မလုပ်ဖြစ်လည်း မြန်မာပြည်ပြန်ပြီး လုပ်ချင်လည်း လုပ်ရမှာပေါ့”

ဟု လူနာတဦးက ၎င်းအမြင်ကို ရှင်းပြသည်။

        လုပ်အားပေးများက ဆရာဝန်များ ညွှန်ကြားသည့် ဝေယျာဝစ္စအလုပ်များလုပ်ကိုင်ပေးခြင်း၊ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းတို့ ပြုလုပ်ကြသည်ကို တွေ့ရသည်။ လူနာများ မိသားစုများနှင့် စကားလက်ဆုံ ပြောဆိုနိုင်ကြသဖြင့် ကွန်မြူနီတီအတွင်း အချင်းချင်း ရင်းနှီးမှု၊ နားလည်မှုများကိုပါ တည်ဆောက်နိုင်သည်ကို တွေ့ရသည်။

” မြန်မာဆရာဝန်တွေ အများအပြားကလည်း ကုသိုယ်ဖြစ် စောင့်ရှောက်မှု ပေးချင်တယ်။ မြန်မာမိသားစုတွေထဲမှာ လိုအပ်နေသူတွေလည်း ရှိတယ်။ အခုလိုမျိး တယောက်တလက် တပိုင်တနိုင် ကူညီကြရင် သည်နေရာမှာမှမဟုတ်ဘူး၊ အခြားနေရာတွေ၊ ဆေးခန်းတွေမှာလည်း အခုလို ဆောင်ရွက်နိုင်တယ်ဆိုတာမျိုး ပြနိုင်တာပေါ့။ နောက်ပြီး နောက်ထပ်စာရင်းပေးလာတဲ့ လူနာတွေ၊ ဆရာဝန်တွေနဲ့လည်း ကျနော်တို့က ဆက်စပ်မှုပေးပြီး အကူအညီတွေ လက်ဆင့်ကမ်းလို့ရမယ်လို့ မျှော်လင့်တယ်”

ဟု လုပ်အားပေးတာဝန်ခံတဦးက သဘောထားကို ပြောပြသည်။

နံနက် ၉ နာရီမှ စတင်ပြီး ဆေးကုသမှုဆောင်ရွက်ခဲ့ရာ ညနေ ၆ နာရီတွင် အားလုံး အောင်မြင်စွာ ကုသမှုပေးနိုင်ခဲ့ကြောင်း သိရပါသည်။ ကယ်လီဖိုးနီးယားပြည်နယ်နှင့် သွားဆရာဝန်ဆိုင်ရာ အဖွဲ့အစည်းများက လာမည့်မေလတွင် ဆန်ဟိုးဇေးမြို့၊ မြို့တော်ပြခန်းဆောင်တွင် အခမဲ့သွားကျန်းမာရေးကုသမှုကို ဒေသခံအားလုံးသို့ စေတနာဝန်ထမ်းဆောင်ရွက်ပေးမည့် အစီအစဉ်ရှိကြောင်း၊ မြန်မာဆရာဝန်များလည်း သွားရောက် လုပ်အားပေးကြမည် ဖြစ်ကြောင်း၊ မြန်မာမိသားစုများလည်း သွားရောက် ကုသမှုခံယူနိုင်ကြောင်း၊ အဆိုပါသတင်းကို ဆက်လက်ပြီး ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း သိရှိရပါသည်။

(ဓာတ်ပုံ – SFBC – health drive, free dental checkup မြင်ကွင်း)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ဓာတ်ပုံသတင်း, သတင်းဆောင်းပါး

One Response to SF Burmese Community Organizers & Friends – အခမဲ့ သွားနဲ့ ခံတွင်းကျန်းမာရေး စစ်ဆေးပေး

  1. koko on February 26, 2013 at 10:03 am

    it was very thought full and good news. sayar Dr MAUNGMAUNG THAW and Dr HLA MYAING all member of dental family group did great job for the community. those care receivers are very lucky because i myself have teeth problems cant effort to meet dentist. kaung gyo loyar sanda pyae wa kya parsay. may you be healthy, may you be wealthy, be happy. sadhu sadhu sadhu.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …


MoeMaKa Monthly August 2016 ထွက်ပြန်ဘီ တဲ့..

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

မိုးမခမာတိကာစဉ်

%d bloggers like this:

မိုးမခကို အားပေးကြပါစို့ …

ဖြန့်ချိရေး တာဝန်ခံ

PO Box 320-207, San Francisco, CA 94132-0207, USA
– editors @ moemaka.net ((510) 854-6501)။
HOME, ၅၈/၆၀ ဗိုလ်အောင်ကျော်အောက်လမ်း၊ ရန်ကုန်၊
စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။
(ဖုံး – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈)

အခြားရနိုင်သော စာအုပ်ဆိုင်များ

ဝ။ မြသရဖူစတိုး၊ (၃ရ၉) အောက်ပုဇွန်တောင်လမ်းမကြီး

၁။ စာပေလောက (၂၊၅၊၆)(ပန်းဆိုးတန်း၊လှည်းတန်း၊ရန်ကင်း)

၂။အမေ့အိမ်(ပန်းဆိုးတန်း)

၃၊အာရုဏ်သစ်စာပေ(ဗိုလ်ချုပ်လမ်း)

၎။ အင်းဝစာအုပ်တိုက် (လှည်းတန်း၊ပန်းဆိုးတန်း)

၅။ဝါမိုးအောင်စာပေ(ကုန်သည်လမ်း)

၆။သာလွန်စာအုပ်တိုက်(ကုန်သည်လမ်း)

၇။တူဒေးစာအုပ်တိုက်(ကုန်သည်လမ်း)

၈။ရာပြည့်စာအုပ်တိုက်(ပန်းဆိုးတန်း)

၉။ရန်အောင်စာပေ(ရန်ကင်းလမ်းမကြီး၊၁၂လုံးတန်း)

၁၀။ဖိုးတုတ်စာပေ (၃၁ လမ်း)

၁၁။ မီဒီယာကော်နာ (အနော်ရထာလမ်း မီးပွိုင့်ထောင့်)

၁၂။နန်းဦးစာပေ (မဟာဗန္ဓုလလမ်း)

၁၃။ ကိုလတ် စာပေ---၃၁လမ်း

၁၄။ ပစ်တိုင်းထောင်စာပေ-- ဗိုလ်ချုပ်လမ်း

၁၅။ ပါရမီ စာပေ-- ၂၉ လမ်း

၁၆။ စာပေဟင်းလေးအိုးကြီး-- လမ်း၃၀

၁၇။ ကျော်သိန်းစာပေ--၃၂ လမ်း

၁၈။ စောဦးစာပေ-- ၃၁ လမ်း

၁၉ ။ ရာပြည့် စာပေ-- ပန်းဆိုးတန်း အထက်လမ်း

၂၀။ စာပေလောက (၅)--ပန်းဆိုးတန်း အလယ်လမ်းတို့တွင်

ဝယ်ယူရရှိနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။

မန္တလေး - နဂါးစာပေ၊ ထွန်းဦးစာပေ၊ ရာပြည့်စာပေ

အောင်ပန်း - လမင်းတရာ

မိုးမခနဲ့ ပတ်သက်သမျှ

စက်တင်ဘာ လမကုန်ခင်မှာ မိုးမခမဂ္ဂဇင်း (စက်တင်ဘာ) မှာယူနိုင်ပါပြီ

By

  စက်တင်ဘာ လမကုန်ခင်မှာ မိုးမခမဂ္ဂဇင်း (စက်တင်ဘာ) မှာယူနိုင်ပါပြီ (မိုးမခ) စက်တင်ဘာ ၂၅၊...

Read more »

လူငယ်သတင်းသမားတွေအနေနဲ့ သတင်းအချက်အလက်နည်းပညာတွေကို အသုံးချပြီး သတင်းရေးသားနိုင်ဖို့ ဆွေးနွေး

By

လူငယ်သတင်းသမားတွေအနေနဲ့ သတင်းအချက်အလက်နည်းပညာတွေကို အသုံးချပြီး သတင်းရေးသားနိုင်ဖို့ ဆွေးနွေး (MCN News) မိုးမခ ပြန်လည်ကူးယူဖော်ပြ၊...

Read more »

အိုင်တီနည်းနဲ့ စာနယ်ဇင်းအတတ် ဆွေးနွေးပွဲ မိုးမခနဲ့ ဖန်တီးရာတို့ ကျင်းပ

By

အိုင်တီနည်းနဲ့ စာနယ်ဇင်းအတတ် ဆွေးနွေးပွဲ မိုးမခနဲ့ ဖန်တီးရာတို့ ကျင်းပ (ဌေးအောင်) မိုးမခ၊ သြဂုတ် ၂၈၊...

Read more »

မိုးမခ မဂ္ဂဇင်း သြဂုတ်လထုတ် ထွက်ပြီ

By

  မိုးမခ မဂ္ဂဇင်း သြဂုတ်လထုတ် ထွက်ပြီ (မိုးမခ) သြဂုတ် ၁၁၊ ၂၀၁၆မိုးမခ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကာတွန်း Joker ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေလူ ကိုခေတ် ခက်ဦး ခင်လေး စံပယ်ဖြူ ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည မင်းကိုနိုင် မင်းကောင်းချစ် မာမာအေး မိုးသွင် လင်းခါး လင်းသက်ငြိမ် လင်းအေးထင် လှိုင်မျိုး သင်းလဲ့ဝင်း (Myanmar Now) သွန်းခ အင်တာဗျူး အရှင်ကုသလသာမိ (အတည်မဲ့) အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ကျောက်ကျောက် ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) လောကပါလ သောင်းပြောင်းထွေလာ ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်