အမေရိကန် အာ – ဟား

March 8, 2013

ဒေါက်တာမြင့်ဦး (ဂျီပီ)
မတ်လ ၈၊ ၂၀၁၃
ဆေးပညာညွှန်ချုပ်နှင့် အိုင်အေပီပီအဖွဲ့ အမှတ်တရ
အမေရိကန်နိုင်ငံလုံးဆိုင်ရာ ပညာရေးဦးဆောင်အဖွဲ့ကြီး (အိုင်အိုင်အီး – Institute of International Education) ရဲ့ မြန်မာ-အမေရိကန် တက္ကသိုလ်မိတ်ဖက်အစီအစဉ် (အိုင်အေပီပီ- International Academic Partnership Program) အကြောင်း တစေ့တစောင်းကို လင်းယုန် ငှက်နဲ့ဒေါင်းကကြိုးအမည်နဲ့ ဂျာနယ်တချို့မှာ ဆောင်းပါးရေးသားခဲ့ပြီးပါပြီ။ ဒီအစီအစဉ်အရ အမေရိကန်နိုင်ရဲ့ အထင်ကရတက္ကသိုလ်ကြီး ၁ဝ ခုက ပါမောက္ခတွေဟာ မြန်မာနိုင်ငံက တက္ကသိုလ် ၉ ခုကိုရောက်ရှိလာပြီး မြန်မာပါမောက္ခတွေနဲ့ တွေ့ဆုံညှိနှိုင်းမိတ်ဖွဲ့သွားခဲ့ပါတယ်။ ဒါ့အပြင် နေပြည်တော်ကိုသွားရောက်ပြီး သက်ဆိုင်ရာဝန်ကြီးဌာနအသီးသီးက တာဝန်ရှိသူတွေနဲ့လည်း ဆွေးနွေးပွဲတွေပြုလုပ်သွားခဲ့ပါ သေးတယ်။ မတ်လ ၁ ရက်နေ့ မိတ်ဖက်ခရီးစဉ်အဆုံးမှာတော့ စာနယ်ဇင်းရှင်းလင်းပွဲတစ်ရပ်ပြုလုပ်ပြီး မြန်မာတက္ကသိုလ်နဲ့ အမေ ရိကန် တက္ကသိုလ်တွေ လတ်တလောပူးပေါင်းဆောင်ရွက်မယ့်အစီအစဉ်တွေကို အမေရိကန် ဒုလက်ထောက် နိုင်ငံခြားရေးဝန်ကြီးက ထုတ်ဖေါ် ကြေညာသွားခဲ့ပါတယ်။
မန်းတက္ကသိုလ်ရဲ့ ဆွေးနွေးပွဲ
● အာ-ဟား မို့မင့် (Aha Moment)
သမိုင်းတွင်ရစ်တဲ့ ခရီးစဉ်အပြီးမှာ၊ အမေရိကန်ပညာရှင်တွေရဲ့ ထုံးစံအတိုင်း၊ အိုင်အိုင်အီး ကိုယ်စားလှယ်အဖွဲ့ထဲမှာပါဝင်တဲ့သူ တစ်ဦးချင်း စီက  အာဟားမို့မင့်လို့ခေါ်တဲ့ ကိုယ်တိုင်ကြုံခဲ့ရတဲ့ အံ့အားသင့်စရာအဖြစ်အပျက်ကလေးတွေကို တစ်ဦးလျင်၂ မိနစ်ကျစီပြောဆိုပြီး ခရီးစဉ် ရဲ့အောင်မြင်မှုတွေကို ပြန်လည်သုံးသပ်ကြရပါတယ်။ ကိုယ်စားလှယ် ၂၈ ယောက်ဖြစ်တဲ့အတွက် အာဟားမို့မင့်တွေက အများကြီးရှိနေပြီး၊ စာဖတ်ပရိသတ် စိတ်ဝင်စားမယ့် အာ-ဟားမို့မင့်လေးတွေကို ပြန်လည်ဖေါက်သယ်ချပေးလိုက်ပါတယ်။
● ဝိုင်တီယူးက အာ-ဟား
ပထမနေ့မှာ အိုင်အေပီပီကိုယ်စားလှယ်အဖွဲ့ဟာ ၂ ဖွဲ့ခွဲပြီး ဒဂုံတက္ကသိုလ်နဲ့ ဝိုင်တီယူးလို့ခေါ်တဲ့ ရန်ကုန်စက်မှုတက္ကသိုလ်ကို သွားရောက်ကြ ပါတယ်။ ဝိုင်တီယူးကို လိုက်ပါသွားတဲ့အဖွဲ့ဝင်တစ်ယောက်အနေနဲ့ ဝိုင်တီယူးရဲ့ အာဟားမို့မင့်တစ်ခုကိုတင်ပြပေးချင်ပါတယ်။ ပါမောက္ခချုပ် ဆရာမကြီးနှင့် ဌာနမှုးတွေ၊ ပါမောက္ခတွေ၊ ကထိကတွေနဲ့ အမေရိကန်ကိုယ်စားလှယ်တွေ အစည်းအဝေးခမ်းမထဲမှာ ဆွေးနွေး ပြောဆိုနေ တဲ့အချိန်မှာ၊ ဒေါက်တာဂျီပီရဲ့ လင်းယုန်ငှက်နဲ့ဒေါင်းကကြိုးဆောင်းပါးပါရှိတဲ့ မိုးမခဂျာနယ်ကို ဆရာမအချို့ကို ဝေငှပေးလိုက်ပါတယ်။ ဆောင်းပါးထဲမှာ မြန်မာတက္ကသိုလ်တွေရဲ့ကမ္ဘာ့အဆင့်အတန်းကိုဖေါ်ပြထားတဲ့အတွက်  တက္ကသိုလ်ဆရာမတွေ အာ-ဟားဖြစ်ကုန်ကြရပါ တယ်။ ဆွေးနွေးပွဲအပြီး တက္ကသိုလ်ပရဝုဏ်ကိုလှည့်ပတ်ကြည့်ရှုကြတဲ့အခါမှာ၊ မြန်မာနိုင်ငံရဲ့ အကြီးမားဆုံး နည်းပညာတက္ကသိုလ်ကြီးထဲမှာ ဟောင်းနွမ်းနေတဲ့ မော်ဒယ်နိမ့် (ဒက်စတော့) ကွန်ပြူတာ ၈ လုံးလောက်ကို (အိုင်တီဌာနပိုင်ပစ္စည်းအနေနဲ့) ပြသထားတာကိုတွေ့ရှိရပါတယ်။ မြန်မာကထိကဆရာတစ်ဦးက အမေရိကန်ပါမောက္ခဆရာကြီးတစ်ဦးရဲ့အနားကိုကပ်ပြီး အနှစ် ၂ဝ ကျော်ကြာအောင် စွန့်ပစ်ထားခဲ့တဲ့ ကွန်ပြူတာအဟောင်းတွေကို အခုမှ ပြန်လည်အသုံးချဖို့ ပြုပြင်ထားတာပါလို့ ဝန်ခံပြောဆိုလိုက်တဲ့အခါမှာတော့ အမေရိကန်ပါမောက္ခတွေ အာ-ဟားဖြစ်ကုန်ကြပါတော့တယ်။
● မြကျွန်းသာမှ အာ-ဟား
ညနေပိုင်းမှာ ၂ ဖွဲ့ပေါင်းပြီး ရန်ကုန်တက္ကသိုလ်မှာ ပြန်ဆုံကြရပါတယ်။ ပါမောက္ခချုပ်က မြကျွန်းညိုညို တက္ကသိုလ်အကြာင်းကို ရှင်းပြပါတယ်။ ရန်ကုန်တက္ကသိုလ်ကြီးကို (အော်တိုနော်မီ) လွတ်လပ်တဲ့အဖွဲ့အစည်းဖြစ်လာတဲ့အထိ စောင့်ဆိုင်းမနေပဲ လက်ရှိဆရာဆရာမတွေရဲ့ အရည်အချင်းကိုမြင့်တင်ပေးဖို့ပြော ဆိုဆွေးနွေးသွားခဲ့ပါတယ်။ အဖွဲ့ဝင်အားလုံး အာ-ဟားဖြစ်သွားခဲ့ရတာကတော့ ဘွဲ့နှင်းသဘင်ခန်းမကြီး ထဲမှာ စာသင်ခန်းငါးခန်းဖွဲ့ပြီး  အမေရိကန်ပါမောက္ခတွေက လက်ချာပေးဖို့စီစဉ်ထားတာပဲဖြစ်ပါတယ်။ ဘွဲနှင်းသဘင်အနောက်ဖက် ဆင် ဝင်အပေါက်ဝမှာ လက်ချာပေးမယ့်အခန်းနေရာတွေကို မြေပုံနဲ့တကွ စနစ်တကျဖေါ်ပြထားတဲ့အတွက် အဖွဲ့ဝင်အချို့ဟာ အာဟားဖြစ်ပြီး ဓါတ်ပုံရိုက်ယူနေကြပါတယ်။ သမ္မတအိုဘာမားမိန့်ခွန်းပြောကြားသွားခဲ့တဲ့ စင်မြင့်ပေါ်ကိုတက်ပြီး ဓါတ်ပုံအရိုက်ခံနေကြတဲ့အမေရိကန်ပါ မောက္ခတွေကိုလည်းတွေ့မြင်ခဲ့ရပါတယ်။ ဘွဲ့နှင်းသဘင်မှာတီးခတ်တဲ့ မြန်မာ့ဆိုင်းဝိုင်းကြီးကိုကြည့်ပြီး အားလုံးက အာ- ဟားဖြစ်ကြရပြန် ပါတယ်။ ကံကော်တောမှာ အထူးခြားဆုံးအာဟားကတော့ အမေရိကန်ပါမောက္ခတွေရဲ့လက်ချာကို ဒေါင်းတက္ကသိုလ် ဆရာဆရာမ ၅၅ဝ ကျော် တက်ရောက်ခဲ့ခြင်းပဲဖြစ်ပါတယ်။ အမေရိကန်ပါမောက္ခတစ်ဦးက သူနောက်တစ်ကြိမ်ပြန်လာပြီး ဒေါင်းတက္က္ကသိုလ်မှာ လက်ချာ ပေး တဲ့အခါ၊ သူ့အတွက် ခေတ္တနေထိုင်စရာဖြစ်နိုင်ချေရှိတဲ့ တက္ကသိုလ်ဆရာ ဆရာမအဆောင်တွေကို လိုက်လံပြသခိုင်းနေပြန်ပါတယ်။  သစ် ပုတ်ပင်ကြီးကိုကြည့်ပြီး အာ-ဟားဖြစ်ကြသူတွေရှိသလို၊ အင်းလျားကန်စောင်းဖက်ကို လိုက်လံပြသတဲ့အခါမှာတော့။ အာ- ဟား အာ-ဟား နဲ့ အသံထွက်နေကြပါတော့တယ်။
မန်းဆေးတက္ကသိုလ်ပါမောက္ခချုပ်နှင့် အိုင်အိုင်အီးဥက္ကဌ မိတ်ဖွဲ့နေစဉ်
● ဆေးမန်းရဲ့ အာ-ဟား
မန္တလေးဆေးတက္ကသိုလ်ကို အိုင်အိုင်အီးအဖွဲ့ရောက်ရှိလာမယ့်အကြောင်း ပါမောက္ခချုပ်သိရှိအောင် အရင်ဆုံးတယ်လီဖုံးနဲ့ သတင်းပေးပို့ရ ပါတယ်။ ပါချုပ်ဆီကို အထက်အာဏာပိုင်တွေဆီက တရားဝင်သတင်းရောက်ရှိမလာသေးတဲ့အတွက် “မင်းကငါ့ကို Dictate (ဟိုဟာ လုပ် ဒီဟာလုပ်ခိုင်း) နေတာလား” ဆိုတဲ့ တုန့်ပြန်ချက်ကိုရ ရှိလိုက်ပါတော့တယ်။ (သတင်းဦးပို့ချင်တဲ့သူ၊ ဒီလောက်တော့ခံရမှာပေါ့)။ နောက် နေ့မှ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ခွင့်ပြုတဲ့စာကို အီးမေးလ်နဲ့ ပါချုပ်ဆီကို ပေးပို့လိုက်ပါတယ်။ အမေရိကန်အဖွဲ့ ဆေးမန်းကို ရောက်ရှိလာတဲ့အခါမှာတော့ ပါချုပ်ကြီးကိုယ်တိုင် ထွက်ကြိုဆိုနေပါတယ်။ အာ-ဟား။ အမေရိကန်တွေနဲ့ တွေ့ဆုံဆွေးနွေးကြတဲ့အခါ၊ ပါချုပ်ကြီးက ဆေးမန်းရာဇဝင်ကို ဓါတ်ပုံတွေနဲ့ ဝေဝေဆာဆာပြောပြရင်း၊ သူ့ရဲ့ကိုယ်ပိုင်ဖေ့စ်ဘွတ်ကတဆင့် ကျောင်းသားတွေနဲ့ ဆက် သွယ်နေတဲ့အကြောင်း ဖွင့်ပြောပြလိုက်ပါတယ်။ ပါချုပ်ရဲ့ဖေ့စ်ဘွတ်ကြောင့် အမေရိကန်ပါမောက္ခတွေအားလုံး အာဟားဖြစ်ကုန်ကြရပြန်ပါ တယ်။ ဝမ်းနည်းစရာ အာ-ဟားတစ်ခုကတော့ ရက်ပိုင်းအတွင်း မှာပဲ ပါချုပ်ကြီးအငြိမ်းစားယူတော့မယ်ဆိုတဲ့သတင်းပါဘဲ။ ကိစ္စမရှိပါဘူးတဲ့။ နောက်ပါချုပ်နဲ့ ပါတနာရှစ်အစီအစဉ်တွေကို ဆက်လက်လုပ်ဆောင်ပါလိမ့်မယ်တဲ့။ အာ-ဟား။
● နေပြည်တော်က အာဟား
ရတနာပုံတက္ကသိုလ်မှာလည်း အာ-ဟားမျိုးစုံကြုံတွေ့ခဲ့ကြပါတယ်။ ညနေပိုင်းမှာတော့ မန်းတက္ကသိုလ်မှာ အားလုံးပြန်ဆုံကြရပါတယ်။ ရွှေ မန်းဆရာတွေကတော့ ဒေါက်တာဂျီပီရဲ့ဆောင်းပါးကို ဘတ်ပြီးနေကြပါပြီ။ တီဗွီမှာလည်းမြင်ဖူးတယ်လို့ ဆိုပါတယ်။ အာ-ဟား။ နောက်နေ့မှာ အဖွဲ့ဝင်အားလုံး နေပြည်တော်ကိုသွားရောက်ပြီး ညွှန်ချုပ်တွေနဲ့ စကားဝိုင်းဖွဲ့ကြရပါတယ်။  နောက်နေ့မနက် ဆေးပညာညွှန်ချုပ်နဲ့ တွေ့ဆုံ တဲ့အဖွဲ့မှာလိုက်ပါရင်း အမေရိကန်ဖက်က ဆေးတက္ကသိုလ်အချင်းချင်း ဆရာလဲလှယ်ဖို့နဲ့၊ ဘွဲ့လွန်ဆေးကျောင်းသားတွေကို အမေရိကန် ဆေးပညာကွန်ဖရင့်တွေတက်ရောက်ဖို့ကမ်းလှမ်းလိုက်တဲ့အခါမှာ ညွှန်ချုပ်က မို့စ်ဝဲလ်ကမ်းလို့တုန့်ပြန်ပြောကြားလိုက်တဲ့အတွက် အားလုံး ဝမ်းပန်းတသာ အာ- ဟားဖြစ်ကြရပြန်ပါတယ်။
အိုင်အိုင်အီးအဖွဲ့ဟာ ရန်ကင်းဆရာအတတ်သင်ကောလိပ်၊ နိုင်ငံခြားဘာသာတက္ကသိုလ်နဲ့ အင်းစိန်က မြန်မာခရာဇ်ယန်အသင်းတော်ဓမ္မတက္ကသိုလ် (အမ်အိုင်တီ) နဲ့လည်း မိတ်ဖွဲ့ခဲ့ပါတယ်။ မြန်မာတက္ကသိုလ်တွေဟာ အမေရိကန်ပါမောက္ခတွေအတွက် အာ-ဟားမို့မင့်တွေ ဖြစ်ပေါ်စေနိုင်တဲ့အတွက် နောက်ထပ် အမေရိကန်တက္ကသိုလ်တွေ ထပ်မံမိတ်ဖွဲ့ ဝင်ရောက်လာဖို့ရှိနေပါတယ်။ မြန်မာကျောင်းသားတွေကို အမေရိကန်တက္ကသိုလ်ကနေ အွန်လိုင်းစနစ်နဲ့ မာစတာဘွဲ့တွေအပ်နှင်းနိုင်ဖို့လည်း စီစဉ်နေပါတယ်။ အိုင်အေပီပီတက္ကသိုလ် မိတ်ဖွဲ့အစီ အစဉ်ဟာ မြန်မာ့ပညာရေးအတွက် အမေရိကန်လူမျိုးတစ်ယောက်လို ဟစ်ကြွေးပြရမယ်ဆိုရင်ဖြင့် အာ-ဟားမို့မင့်တစ်ခုပါဘဲလို့ဆိုလိုက်ပါရစေခင်ဗျာ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ

By

  ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ  (မိုးမခစာအုပ်စင်) မေ ၃၊ ၂၀၁၈ ခေါင်းစဉ်...

Read more »

မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ

By

  မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ...

Read more »

ဂျူနီယာဝင်းရဲ့ မြန်မာနေ့ရက်များနှင့် ပန်းများ စာအုပ် ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မြန်မာနေ့ရက်များနှင့် ပန်းများ စာအုပ် ထွက်ပြီ (မိုးမခ) မတ် ၂၄၊ ၂၀၁၈...

Read more »

ဇော်အောင်(မုံရွာ) ၏ ပြည်မြန်မာ မီးထိန်ထိန်သာဖို့အရေး မိုးမခဆောင်းပါးများ (ထွက်ပြီ)

By

ဇော်အောင်(မုံရွာ) ၏ ပြည်မြန်မာ မီးထိန်ထိန်သာဖို့အရေး မိုးမခဆောင်းပါးများ (ထွက်ပြီ) မိုးမခစာအုပ်စင်၊ ဖေဖော်ဝါရီ ၂၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်