သူ … သိစေချင်ပါသည် … (Ashin Dhamma Piya)

March 12, 2013

သူ … သိစေချင်ပါသည် …

ဒေါက်တာဓမ္မပိယ (ITBMU)။ မတ် ၁၁၊ ၂၀၁၃

မိတ်ဆက်

            မြန်မာပြည်မှာ တစ်နှစ်ကျော်ကျော် နေလာခဲ့ပြီး အမေရိကကို ပြန်လာခဲ့စဉ် … ။ လေယာဉ်ပေါ်မှာ ဟိုတွေး ဒီတွေး တွေးရင်း …။ အတွေးတွေ အတော်စုံသွားတယ်။ အတွေးတွေကို ကောက်ချက်ချကြည့်တော့ မိမိလျှောက်လှမ်းလာခဲ့တဲ့ ဘ၀ခရီးလမ်းဟာ ခရီးက အတော်ကြီးကို ရှည်လျားသွားခဲ့ပြီဆိုတာ စိတ်ထဲမှာ ထင်မြင်လာတယ်။ လူတစ်ယောက်ရဲ့ ဘ၀အစကို နေထွက်ချိန်နှင့် ပမာပြုပြီး နှိုင်းခိုင်းပြောဆိုလို့ ရမယ်ဆိုရင် ထိုလူတစ်ယောက်ရဲ့ ဘ၀နေ၀င်ချိန်ဟာ ဘယ်လောက်များ ဝေးနိုင်တော့မလဲဆိုတဲ့ သတိတရားတစ်ခုဟာ စိတ် ထဲမှာ လင်းလက်ပြီး ထင်မြင်လာခြင်းပါ။    

            သတိတရားနဲ့နေပြီး အသိတရားနဲ့သေနိုင်တဲ့ပုဂ္ဂိုလ်မျိုးကို ဘုရားရှင်က ချီးမွမ်းတော်မူတယ်လို့ စာတွေ ပေတွေထဲမှာတော့ ဖတ်ဖူးပါတယ်။ လက်တွေ့ကျင့်သုံးမှုအပိုင်းမှာတော့ သူသူကိုယ်ကိုယ် အမြဲတမ်း သတိ တရားနှင့်နေဖို့ဆိုတာ လွယ်တဲ့ကိစ္စမျိုးမှ မဟုတ်တာ။ သတိမဲ့တဲ့သူဟာ အရာရာတိုင်းကို အရှုံးနှင့်ချည်း ရင်ဆိုင်ရတတ်တယ်ဆိုတဲ့ အဆိုကလည်း ရှိထားပြန်သေးတယ်။ ဒါပေမဲ့ လူအများကျင့်သုံးနေတဲ့ အတွေးအမြင် နဲ့တော့ တစ်မျိုးစီ ဖြစ်နေပြန်တယ်။ လူတွေရဲ့စိတ်တွေထဲမှာ အရာအရာကို “ငါ”ဆိုတဲ့ မာန်မာနကို ရှေ့တန်းတင်ပြီး “ငါ”ကချည်း အနိုင်ယူချင်နေကြတာ။ ကိုယ်စိတ်ထဲမှာ မထင်ရင် မထင်သလိုပြောမယ်။ မခင်ရင် မခင်သလို နှိပ်ကွပ်မယ်။ မကြိုက်ရင် မကြိုက်သလို ဖိုက်မယ်။ ကိုယ်နှင့် သဘောထားမတူရင် မတူသလို အပြစ်မြင်မယ်၊ ဒီနောက် အပြစ်တင်မယ်၊ အဲဒီနောက်မှာတော့ ရန်သူလို သဘောထားပြီး အုပ်စုဖွဲ့၍ တိုက်ခိုက် မယ်။ လူ့တို့ရဲ့သဘာဝဟာ ဒီဘောင်၊ ဒီစည်းကို မကျော်လွန်နိုင်အောင်ပဲ ရှိနေတယ်။ ဒီသဘောသဘာဝတွေ ဘာကြောင့် ဒီလိုဖြစ်နေရသလဲဆိုတာကို ကောက်ချက်ချကြည့်တော့ သတိတရားနည်းပါးလို့ ဖြစ်ရတယ်ဆိုတာ ထင်ရှားပေါ်လွင်နေတယ်။

            စာရေးသူဟာ ၂၀၁၂-ခုနှစ်နှင့် ၂၀၁၃-ခုနှစ်တွေထဲမှာ မြန်မာပြည်မှာပဲ အနေများခဲ့တယ်။ မြန်မာ ပြည်မှာ ပြန်ရောက်နေခိုက်မှာ မြန်မာပြည်မှာရှိတဲ့ သာသနာရေးဆိုင်ရာ အလုပ်တွေထဲမှာပဲ စိတ်ကိုနှစ်မြှုပ်ပြီး ကိုယ့်အလုပ်ကိုပဲ ကိုယ်လုပ်နေခဲ့တာဆိုတော့ ကာလီဖိုးနီးယားပြည်နယ်၊ ဖရီးမောင့်မြို့မှာရှိတဲ့ မေတ္တာနန္ဒနှင့် ပတ်သက်ပြီး ဘာမှ ထွေထွေထူးထူး မစဉ်းစားမိခဲ့ပါ။ ဟုတ်တယ်လေ။ ဟိုရောက်နေခိုက် ဒီကအကြောင်း တွေကို တွေးပူနေရင်၊ ဒီရောက်နေခိုက် ဟိုကအကြောင်းတွေကို တွေးပူနေခဲ့ရင် စာရေးသူအတွက် အသက်ရှည်နိုင်စရာအကြောင်းတွေ ပျောက်ဆုံးသွားနိုင်လို့ပါ။ ဒီတော့လဲ ဘယ်မှာပဲနေနေ Don’t worry, Be happy ဆိုတဲ့ အနေအထားမျိုးနဲ့ပဲ နေခဲ့တယ်။ 

သင်္ခါရဓမ္မာရုံ …

            အမေရိကမှာ (March 8, 2013-ခု)ပြန်ရောက်လာတော့ (အနေကြာသွားလို့ထင်ပါရဲ)့ ပတ်ဝင်ကျင်ရဲ့ အနေအထားလေးတွေ ပြောင်းလွဲနေတာကို တွေ့ရတယ်။ သက်ရှိလူတွေထဲမှာဆိုရင်လဲ တချို့မိမိသိထားသူတွေ သေပင် သေသွားကြပြီ။ ၀မ်းနည်းစွာဖြင့် နှုတ်ဆက်ပါ၏။ သက်မဲ့ ၀တ္ထုတွေထဲမှာဆိုရင်လဲ သင်္ခါရသဘောအရ တချို့ အဆောက်အဦးတွေလဲ အနိစ္စသဘောအရ မြေပေါ်မှ ပျောက်ကွယ်သွားကြပြီ။ ဒီအခြေအနေတွေကို တွေ့လာရပြန်တော့ ကိုယ့်ဘ၀ကို တရားသဘောနှင့် မ၀ံ့မရဲ ချိန်ထိုးကြည့်မိတယ်။ မိမိဘ၀ရဲ့ နေ၀င်ချိန်ဟာ ဘယ်တော့ရောက်လာမလဲ။ သိခွင့်ရမယ်ဆိုရင် သိလိုက်စမ်းချင်ပါဘိ။

            သင်္ခါရသဘောကို မလွန်ဆန်နိုင်လို့ ပျက်စီးသွားခဲ့တဲ အဆောက်အဦတွေထဲမှာ ဖရီးမောင့်မြို့က မေတ္တာနန္ဒကျောင်းပရ၀ုန်အတွင်းမှာရှိတဲ ဓမ္မာရုံငယ်လေးတစ်လုံးပါ ပါဝင်သွားခဲ့ခြင်းပါ။ ကရုဏာသက်စရာ အဲဒီဓမ္မာရုံလေးနေရာမှာ မြေကွက်လပ်လေးတစ်ခုကိုပဲ တွေ့ရတော့တယ်။ ပျက်စီးခြင်းအထိမ်းအမှတ်အနေနဲ့ အင်္ဂတေခင်းပြားလေးတွေကတော့ သမိုင်းတစ်ခုကို ကိုယ်စားပြုပြီး သမိုင်းဖြစ်စဉ်ကို ပြန်လည်ပြောချင်ဟန် တူပါရဲ့။  ဖျက်ဆီးခံလိုက်ရတဲ့ ဓမ္မာရုံလေးအတွက် စိတ်မကောင်းဖြစ်မိတာတော့ အမှန်ပါ။ ဓမ္မာရုံလေးကို လွမ်းမိတယ်လို့ ပြောပြန်ရင်လည်း အလွမ်းဓာတ်ခံရှိလို့ ဖြစ်မှာပါလို့ ဆိုလာဦးမယ်။ ဘာပဲဖြစ်ဖြစ် ဘ၀တစ်ခုမှာ အမှတ်တရ အလွမ်းမျိုးဆိုတာ ဒါမျိုးပဲ ဖြစ်လေမလားလို့ တွေးထင်လိုက်မိပါရဲ့။  

            မေတ္တာနန္ဒကျောင်းရဲ့ ဖွားဖက်တော်လေးလို ဖြစ်ခဲ့တဲ့ ဒီဓမ္မာရုံလေးဟာ လွမ်းမယ်ဆိုလဲ လွမ်းလောက် စရာပါ။ ရုပ်ဝတ္ထုတန်ဖိုးတစ်ခုအနေနဲ့ကြည့်မယ်ဆိုရင်တော့ ဒီဓမ္မာရုံလေးဟာ တန်ဖိုးလည်းမကြီး၊ ခမ်းနား ထည်ဝါမှုလည်းမရှိတဲ့ အဆောက်အဦးငယ်လေး တစ်လုံးမျှသာဖြစ်တယ်။ သို့သော် ထိုဓမ္မာရုံလေးနှင့် စပ်လျဉ်းပြီး စိတ်ပိုင်းဆိုင်ရာ ခမ်းနားထယ်ဝါမှုအပိုင်းမှာတော့ စာဖွဲ့ပြ၍ပင် ကုန်နိုင်မည်မထင်ပါ။ ဘာကြောင့်လဲ ဆိုရင် ဒီဓမ္မာရုံလေးအတွင်းမှာ တရားအားထုတ်သွားကြတဲ့ ယောဂီပုဂ္ဂိုလ်တွေရဲ့သန္တာန်မှာ ရရှိသွားကြတဲ့ ထူးခြားတဲ့ တရားအသိဉာဏ်တွေ၊ တရားသင်တန်းများကို တက်ရောက်ပြီး တန်ဖိုးကြီးလှတဲ့ တရားဓမ္မတွေကို ခံယူသွားကြတဲ့ သင်တန်းသူ၊ သင်တန်းသားတွေရဲ့ အသိတရားတွေ၊ ဗုဒ္ဓယဉ်ကျေးမှုသင်တန်းများကို တက်ရောက် သွားကြတဲ့ ကျောင်းသူ၊ ကျောင်းသားများအား သင်တန်းမှ ပို့ချပေးလိုက်တဲ့ ဗုဒ္ဓယဉ်ကျေးမှု အမွေအနှစ်တွေနှင့် ဘာသာရေး အသိတရားတွေဆိုတာ ဘယ်အရာမျိုးနဲ့မှ နှိုင်ခိုင်းပြလို့ မရနိုင်တဲ့ အနေ အထားမျိုးမှာ ရှိနေခြင်းပါ။ ဒါကြောင့် ဘယ်သူတွေ ဘာပြောပြော ဒီဓမ္မာရုံလေးကိုတော့ လွမ်းမောတမ်းတ နေမိခြင်းပါ။

            ဒီလိုအလွမ်းတွေကို ဖြေနိုင်ဖို့ ဒီနေရာမှာ သင့်တော်လျှောက်ပတ်တဲ့ အဆောက်အဦးတစ်ခုကို မြို့ပြ စီးတီးမှာ လျှောက်ထားပြီး ဆောက်နိုင်အောင်တော့ ကြိုးစားရမှာပဲလို့ ဆန္ဒတွေ ဖြစ်ရှိနေခြင်းပါ။ သို့သော် အမေရိကနိုင်ငံမှာ ကြာကြာနေပေးဖို့ အခြေအနေမပေးသေးတော့ ဒီအကြံအစည်တွေကို အကောင်အထည် ဖေါ်နိုင်ဖို့ဆိုတာ အချိန်အခါတစ်ခုအထိတော့ စောင့်စိုင်းပေးရဦးမယ်ဆိုတာ နားလည်သဘောပေါက်ထားတယ်။ ဘာပဲဖြစ်ဖြစ်လေ ဒီမှာရှိနေကြတဲ့ ပုဂ္ဂိုလ်တွေကိုပဲ ဆောက်ဖြစ်အောင် တိုက်တွန်းရတော့မှာပဲလို့ စိတ်ထားမှာတော့ ဖြစ်နေမိပါရဲ့။ သာသနာတော်ရဲ့ကံ ရှိမယ်ဆိုရင် သာသနာအလုပ်တွေကို ချမ်းချမ်းသာသာ လုပ်နိုင်ဖို့ မေတ္တာနန္ဒဓမ္မရိပ်သာမှာ သင့်တင့်လျှောက်ပတ်တဲ့ အဆောက်အဦးမျိုး လွယ်လွယ်ကူကူနှင့် ဖြစ်လာ နိုင်ပါစေရယ်လို့ တောင်းဆုတွေကိုလဲ အခါခါ ချွေနေမိပါရဲ့။   

မပြီးသေးသည့် တာဝန်များ …

            ဘ၀ဆိုတာ အကွေ့ အကောက်၊ အချိုး အဆစ်၊ အပြောင်း အလဲတွေ များလွန်းလှတာမို့ နောက်ဆုံး ဘာဖြစ်လာမယ်ဆိုတာကိုတော့ ဘယ်သူမှ တိတိကျကျ ပြောပြနိုင်မည်မဟုတ်ပါ။ စာရေးသူရဲ့ဘ၀မှာ အမေရိက မှာ အကြာကြီးနေဖို့ အခွင့်အရေးရှိပေမဲ့ ကြာကြာနေပေးဖို့ အခွင့်အလန်းတွေက တစ်နေ့တခြား နည်းပါးလာ နေတယ်။ နေလိုတဲ့ဆန္ဒရှိပေမဲ့ နေဖို့အကြောင်းက မတိုက်ဆိုင်နိုင်အောင်ပဲ ဖြစ်နေတယ်။ မြန်မာပြည်မှာ ကျောင်း(၅)ကျောင်းကို ဦးဆောင်မှု ပေးနေရတဲ့အချိန်အခါမို့ အမေရိကမှာ ကြာကြာနေပေးဖို့ အကြောင်းက မဖြစ်နိုင်သေးတဲ့ အနေအထားမျိုးမှာ ရှိနေခြင်းပါ။ ဒါကို နားလည်ပေးကြတဲ့ ရဟန်းသံဃာတွေကိုရော၊ ဒကာ၊ ဒကာမများကိုပါ တိတ်တခိုးလေး ကျေးဇူးတင်နေမိခြင်းပါ။  

            တာဝန်တစ်ခုကို ယူထားပြီးပြီဆိုရင် ထိုတာဝန်ကို ပြီးဆုံးသည်အထိ ဆောင်ရွက်တတ်ခြင်းဟာ စာရေးသူရဲ့ အလေ့အထတစ်ခုပါ။ စာရေးသူ မြန်မာပြည်မှာ ဘာတွေလုပ်နေတယ်ဆိုတာကိုတော့ စာရေးသူနှင့် နှင့်နီးစပ်သူတွေပဲ သိနိုင်တဲ့အခြေအနေမျိုးပါ။ တမင်တကာ လျှိ့ဝှက်ထားခြင်းမျိုးလည်းမဟုတ်ပါ။ သို့သော် လျှိ့ဝှက်ထားသလို ဖြစ်နေခဲ့မယ်ဆိုရင် တောင်းပန်စကားဆိုဖို့ ၀န်လေးသူမဟုတ်ပါ။ စာရေးသူ မြန်မာပြည်မှာ အောက်ဖေါ်ပြပါ ပရိုဂျက်တွေကို စွမ်းနိုင်သမျှ ဆောင်ရွက်နေပါတယ်။

            (၁) သင်္ကန်းကျွန်းမြို့နယ်မှာရှိတဲ့ ငါးကျမ်းပြန်ကျောင်းတိုက်မှာ နိဂြောဓသာမဏေစီမံကိန်းသို့ တက်ရောက် သင်ကြားနေတဲ့ ရှင်သာမဏေ အပါးတစ်ရာကို လောကီ၊ လောကုတ္တရာ နှစ်ဖြာသောပညာရေးကို (ဘုန်းကြီးစာ၊ အတန်းစာ၊ ဘုန်းကြီးစာမှာ အကြီးတန်းအောင်မြင်ပြီး သာမဏေများရှိလာပြီး၊ အတန်းစာမှာလဲ တက္ကသိုလ်​ စာပေးစာယူဖြင့် ဒုတိယနှစ်သို့ (ဥပဒေ၊ စီးပွါးရေး၊ ဆိုကိုလိုဂျီ၊ ဖီလိုဆိုဖီ ပညာရပ်များပါဝင်သည်) တက်ရောက်နေကြသော သာမဏေများအထိရှိနေခြင်းကြောင့် ကြာကြာကြီးပစ်ထားလို့ မရနိုင်သေးတာက တစ်ကြောင်း၊  ဆယ်ကျော်သက်အရွယ် ငယ်ရွယ်သူတွေ ဖြစ်နေတာကတစ်ကြောင်း၊

(၂) အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒဗုဒ္ဓ သာသနာပြုတက္ကသိုလ်မှာလည်း (အချိန်ပြည့်) ပါမောက္ခ (မဟာဌာနမှူး)တာဝန်ကို ယူထားပြီး၊ ဒီတက္ကသိုလ်မှာ အချိန်ပြည့်တာဝန်ကို ထမ်းဆောင်နေရတော့ တက္ကသိုလ်နှင့်စပ်တဲ့ ပြည်တွင်း၊ ပြည်ပ ဆီမီနာတွေ၊ ကွန်းဖရင့်တွေကို အခါအားလျော်စွာ တက်ရောက်ပေးနေရတဲ့ တာဝန်တွေကလည်း ရှိနေတာကတစ်ကြောင်း၊

(၃) မင်္ဂလာဒုံမြို့နယ်မှာရှိတဲ့ မေတ္တာနန္ဒ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းနှင့် မိဘမဲ့ဂေဟာအတွက် လိုအပ်တဲ့ ငွေကြေး အထောက်အပံ့တွေ၊ ပညာရေး၊ ကျန်မားရေးနှင့် စားဝတ်နေရေးတွေ၊ ဒီလိုအရေးမျိုးတွေကို တတ်နိုင်သမျှ အကူအညီများ ပေးနေရတာကတစ်ကြောင်း၊

            (၄) မန္တလေးမြို့၊ မြောက်စလင်းတိုက်ထဲမှာရှိတဲ့ မေတ္တာနန္ဒဓမ္မဒူတကျောင်းမှာ မရှိဆင်းရဲတဲ့ (ကိုးတန်း ဆယ်တန်း) ကျောင်းသူ၊ ကျောင်းသားများအား အခမဲ့ကျူရှင် ဖွင့်ပေးနိုင်ရန်နှင့် ရဟန်းသံဃာတော်များ၊  (အင်္ဂလိပ်စာ)သင်တန်းများကို မတက်နိုင်ကြရှာတဲ့ စက်ရုံ အလုပ်ရုံများတွင် အလုပ်လုပ်နေသူများနှင့် ကျောင်းသူ၊ ကျောင်းသားများအား အင်္ဂလိပ်စာ သင်ကြားပို့ချနိုင်ရန် ဆောက်လုပ်နေဆဲဖြစ်တဲ့ သုံးထပ် ကျောင်းဆောင် ပညာပါရမီကျောင်းဆောင်တော်ကြီးကို အပြီးသတ်နိုင်အောင် ကျိုးစားပေးနေရတာက တစ်ကြောင်း၊

(၅) ရှမ်းပြည်နယ်၊ ကျိုင်းတုံးမြို့ပေါ်မှာရှိတဲ့ ဇေတ၀န်ပရိယတ္တိကမ္မဋ္ဌာန်းကျောင်းတိုက်ကို သာသနာ တော်အကျိုးငှာ လက်ခံပြီး၊ တိုင်းရင်းသူ၊ တိုင်းရင်းသားများရဲ့ ပညာရေးအတွက် အလယ်တန်းအထိ သင်ကြားပေးနေတဲ့ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းနှင့် ထိုကျောင်းတိုက်မှာပင် တိုင်းရင်းသား ကိုရင်များ အတွက် နိဂြောဓသာမဏေစီမံကိန်းကို စတင်နိုင်ရန် နောက်ထပ် တိုးချဲ့သင်ကြားပေးမည့် ရှင်သာမဏေ အပါးတစ်ရာအတွက် ချမ်းချမ်းသာသာ နေထိုင်နိုင်ရန် အဆောက်အဦးများ မွမ်းမံပြင်ဆင်ခြင်း၊ အသစ် ဆောက်ခြင်းတာဝန်များကို ယူပေးနေရတာကတစ်ကြောင်း၊ ဒီအကြောင်းကြောင်းတွေကြောင့် အမေရိကမှာ ကြာကြာမနေနိုင်အောင် ဖြစ်နေရခြင်းပါ။ အကျိုးတစ်ခု ဖြစ်ထွန်းနိုင်ဖို့အတွက် အကျိုးတစ်ခုကို စွန့်လွတ်ရ ခြင်းဟာ လောကဓမ္မတာပင်မဟုတ်ပါလား။

လမ်းဖောက်ရင်း လမ်းပေါ်ရောက်နေတဲ့ အရှင် …

            အထက်ပါ တာဝန်တွေအပြင် အခါအားလျှော်စွာ တရားဟောထွက်ရခြင်း၊ စာစောင်များ၊ သတင်း စာများ၌ (တိုင်းပြည်အသွင် ကူးပြောင်းဆဲကာလမို့ စာရေးသူ စွမ်းနိုင်သမျှ) သတင်းဆောင်းပါးများကို ရေးသား ပေးနေခြင်း၊ (ရံဖန်ရံခါ) ဗုဒ္ဓယဉ်ကျေးမှု သင်တန်းများကို ပို့ချပေးရခြင်း၊ နိုင်ငံတော်မှ အသွင်ကူးပြောင်းရေး လုပ်ငန်းများကို အားသွန်ခွန်စိုက် ဆောင်ရွက်နေချိန်တွင် နိုင်ငံတော်အတွက် အရေးကြီးလှသော လုပ်ငန်း တစ်ခုဖြစ်တဲ့ ပညာရေးဆွေးနွေးပွဲများ၊ ပညာရေးဆီမီနာများကို အားတက်သရော တက်ရောက်ဆွေးနွေး ပေးခြင်း-စတဲ့ တာဝန်တွေကလည်း ရှိနေသေးတာမို့ စာရေးသူအတွက် အချိန်ဆိုတာ ပိုတယ်ဟူ၍ မရှိလှကြောင်း စာရှုသူတို့အား သိစေခြင်းပါ။ ဤကဲ့သို့ စာဖတ်သူတို့အား ဤဆောင်းပါးကို ရေးသားခြင်းဟာ တာဝန်တွေများလွန်းလို့  ညည်းညူပြနေခြင်းမျိုးမဟုတ်ပါ။ စာရှုသူတို့အား စာရေးသူ မြန်မာပြည်မှာ ဘာတွေ လုပ်နေတယ်ဆိုတာကို သိစေချင်တဲ့သဘောမျှဖြင့် ရေးသားခြင်းသာဖြစ်တယ်။ ဒီထက်ပို၍ ဘာကိုမှ မျှော်လင့်ချက်ထားပြီး ရေသားနေခြင်းမျိုးမဟုတ်ကြောင်း နားလည်သဘောပေါက်နိုင်ကြဖို့ပါ။   

ထူးခြားတဲ့ တရုတ်ပြည်က ၈ နှစ်သား ကိုရင်လေး …

            နောက်တစ်ခု ထူးခြားတာက စာရေးသူ တရုတ်ပြည်ကို သွားရောက်ခဲ့တဲ့ခရီးမှာ (“နှင်းမှုံတွေကြားက တရုတ်ပြည်ကြီး” ဆိုတဲ့ ခေါင်းစဉ်နှင့် အပိုင်း (၁) (၂) ခွဲပြီး မိုးမခမှာရော၊ ကြေးမှုံသတင်းစာမှာရော ဖေါ်ပြပြီး ဖြစ်သည်) ရှစ်နှစ်သား မဟာယာန ကိုရင်လေးတစ်ပါး စာရေးသူထံ သူ့ဆရာများနှင့်အတူ မမျှော်လင့်ဘဲ တွေ့ဆုံခဲ့ရတယ်။ စာရေးသူ ပီးကင်းမြို့မှာ တရားပြနေစဉ် အဲဒီ ကိုရင်လေးဟာ သူ့ဆရာနှင့်အတူ စာရေးသူထံရောက်လာခြင်းပါ။ သူတို့ရောက်လာတော့ စကားပြန်ဖြင့် အလ္လာပ၊ သလ္လာပစကား ပြောကြရင်း ကိုရင်လေးကို မြန်မာပြည်ကို လိုက်ပြီး ဘုရားစာတွေကို သင်မလားလို့ ရုတ်တရက် မေးလိုက်မိတယ်။ အဲဒီကိုရင်လေးဟာ အိမ်ကို ပြန်ရောက်တယ်ဆိုရင်ပဲ မိဘနှစ်ပါးကို သူမြန်မာပြည်ကိုလိုက်ပြီး ဘုရားစာတွေကို သင်လိုတဲ့အကြောင်း၊ ဆရာတော်တစ်ပါးက သူကို မြန်မာပြည်ကို ခေါ်မယ်လို့ ပြောတဲ့အကြောင်း မိဘများအား ပြန်ပြောပြတယ်။ နောက်နေ့မှာ ကိုရင်လေးဟာ မိဘများနှင့်အတူ စာရေးသူထံ ရောက်ရှိလာပြီး အခြေအနေကို လာရောက်စုံစမ်းကြတယ်။ မိဘများက သူတို့သားလေးကို ဆရာတော် ခေါ်မယ်ဆိုရင် မြန်မာပြည်ကို ထည့်မည်ဖြစ်ကြောင်း လျှောက်ထားခဲ့ကြတယ်။ သူတို့သားလေးကို ထည့်ခဲ့မယ်ဆိုရင် ဘာတွေလုပ်ပေးရမယ် ဆိုတာကို မေးမြန်းကြတယ်။

            သူတို့သားလေးဟာ (၃)နှစ် (၄)နှစ်သား အရွယ်လေးတည်းက အိပ်ရာဝင်ရင် ပုတီးလေးကို ကိုင်ပြီး အိပ်လေ့ရှိကြောင်း၊ ဘုရားစာတွေကို သင်ယူရတာ သူနှစ်သက်ပုံရကြောင်း သူတို့သားလေးရဲ့ အခြေအနေ များကို လျှောက်ထားပြကြတယ်။ ဘယ်လိုပဲပြောပြော ကလေးက ငယ်နေသေးတာကြောင့် မိဘ များမှ ထည့်နိုင်စရာအကြောင်းမရှိဘူးလို့ တွေးထင်မိတဲ့အတွက်ကြောင့် မေ့မေ့ပျောက်ပျောက်ပဲ နေလိုက်တယ်။ ဒါပေမဲ့ နောက်သုံးလေး ရက်လောက်အကြာမှာတော့ အဲဒီမဟာယာနကိုရင်လေးထံမှ (မိဘများအကူ အညီဖြင့်ရေးထားတဲ့) စာလေးတစ်ဆောင်ကို ကိုရင်လေးဟာ မိဘများနှင့်အတူ ကိုယ်တိုင်လာရောက် ပေးအပ်ခဲ့တယ်။ စာနှင့်အတူ ဓာတ်ပုံလေး သုံးပုံလည်းပါလာတယ်။

            “ဆရာတော်ဘုရား မြန်မာပြည်ကို ပြန်ရောက်သွားရင် တပည့်တော်ကို မေ့သွားမှာစိုးလို့ ဓာတ်ပုံ(၃)ပုံနှင့်အတူ ပုတီးလေးကိုပါ ဆရာတော်အား ပေးအပ်ပါတယ်။ ဘုရားစာတွေကို သင်ချင်လို့ တပည့်တော်ကို မြန်မာပြည်ကို ခေါ်ဖို့သတိရတော်မူပါ”တဲ့။ အကြောင်းအကျိုးတွေ တိုက်ဆိုင်လာခဲ့ပြီဆိုရမှာပါ။ အဲဒီ မဟာယာနကိုရင်လေးဟာ (၂၀၁၃-ခု၊ မတ်လ ၆ ရက်နေ့က) မြန်မာပြည်ကို ရောက်လာခဲ့တယ်။ စာရေးသူအတွက်တော့ သူကို စောင့်ရှောက်ရမဲ့ တာဝန်ဝတ္တရား တွေ ပိုလာပြီလို့ပဲ ဆိုရတော့မှာပေါ့။ ဘာပဲဖြစ်ဖြစ်လေ သန်းပေါင်းတစ်ထောင်သုံးရာရှိတဲ့ တရုတ်ပြည်ကြီး အတွက် အဲဒီကိုရင်လေးကို စာတတ်ပေတတ် ရဟန်းတစ်ပါးဖြစ်လာပြီး၊ ကမ္မဋ္ဌာန်းဆရာတစ်ပါးဖြစ်လာအောင် စွမ်းနိုင်သမျှ စောင့်ရှောက်ပေးရမှာပဲ။       

သံသရာခရီးသွား …

             ဒီလိုတာဝန်တွေရှိနေတာကြောင့် ဒီတစ်ခေါက် စာရေးသူ အမေရိကမှာ တစ်လလောက်ပဲ နေနိုင်မယ်။ အမေရိကမှာ အနေနည်းလို့ ၀မ်းမနည်းဘူးလားလို့ မေးလာသူလဲ ရှိလာတယ်ပေါ့။ ၀မ်းတော့နည်းတယ်။ ဒါပေမဲ့ လွမ်းဘွဲ့တွေကို မဖွဲ့တတ်လေတော့ လွမ်းချင်းဆိုတာ စာရေးသူရဲ့ ရင်ထဲမှာ ဘယ်သောခါမှ ပေါက်ဖွားလာမှာ မဟုတ်ဘူးလို့ ဟာသလေးနှောပြီး ဖြေလိုက်ရတယ်။ ဘာပဲဖြစ်ဖြစ်လေ အမုန်းခံဘ၀နဲ့ သံသရာမှာ ကျင်လည်ရတာမျိုးနဲ့ နှိုင်းစာရင်တော့ အလွမ်းသည်ဘ၀နှင့် သံသရာမှာ ကျင်လည်ရတာမျိုးက ဖြေသာနေသာ ရှိလိမ့်မယ်လို့တော့ တွေးထင်မိပါရဲ့။

            ဧပြီလ (၅)ရက်နေ့မှာတော့ စာရေးသူ မြန်မာပြည်ကို ပြန်ရလိမ့်မယ်။ အလုပ်များတဲ့စာရေးသူဟာ မြန်မာပြည်ကို ပြန်ရောက်ခဲ့ရင် ပြည်တွင်းမှာလဲ ရှိချင်ရှိမယ်။ ကွန့်ဖရင့်များ၊ တရားစခမ်းများသို့ တက်ရောက်နေရတဲ့ အခါမျိုးတွေမှာတော့ ပြည်ပနိုင်ငံများသို့လည်း ရောက်ကောင်းရောက်နေနိုင်တယ်။ ပြည်တွင်းမှာရှိနေတဲ့ အခါမျိုးတွေမှာလည်း ရန်ကုန်မြို့က (ငါးကျမ်းပြန်)၊ သို့မဟုတ် မင်္ဂလာဒုံက (မေတ္တာနန္ဒဘုန်းတော်ကြီးသင် ပညာရေး ကျောင်းနှင့် မိဘမဲ့ဂေဟာ)၊ သို့မဟုတ် မရမ်းကုန်းမြို့နယ်မှာရှိတဲ့ (အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒ ဗုဒ္ဓသာသနာပြု တက္ကသိုလ်)၊ သို့မဟုတ် မန္တလေးမြို့က (မေတ္တာနန္ဒ ဓမ္မဒူတကျောင်း)၊ သို့မဟုတ် ကျိုင်းတုံမြို့က (ဇေတ၀န် ပရိယတ္တိကမ္မဋ္ဌာန်းကျောင်းတိုက်) သို့မဟုတ် မြန်မာပြည် တစ်နေရာရာမှာ ရှိနေမှာပါလို့သာ ပြောကြားလိုခြင်းပါ။ ဘယ်အချိန်၊ ဘယ်နေရာမှာ ရှိနိုင်တယ်ဆိုတာကို အတိအကျ သိလိုတယ်ဆိုရင်တော့ ဆက်သွယ်မေးမြန်းနိုင်ရန် မြန်မာပြည် ဖုံးနံပတ်ကို ပေးခဲ့မယ်။ ဖုံးနံပတ်က ၀၉၅၁၀၈၉၅၃။      

            တန်ဖိုးရှိတဲ့ဘ၀တစ်ခုအတွက် တန်းဖိုးမြင့်တဲ့ကုသိုလ်မျိုးကို ဖြည်းဆည်းလိုတယ်ဆိုရင် ဘ၀နှင့်တန်ဖိုး ညီတဲ့ အလုပ်မျိုးကို ကြိုးစားပြီး လုပ်နိုင်ကြဖို့ပါ။ ဘ၀တစ်ခုမှာ ကိုယ်တိုင်လုပ်မှ ရနိုင်တဲ့ ကုသိုလ်မျိုးရှိသလို၊ ကိုယ်တိုင်မလုပ်ဘဲ ရနိုင်တဲ့ ကုသိုလ်မျိုးတွေလဲ ရှိနေခြင်းပါ။ ကုသိုလ်တရားတွေကို များများမလုပ်နိုင် သေးတောင် ကုသိုလ်တရားတွေကို များများရနိုင်တဲ့ နည်းလမ်းကတော့ သူများလုပ်တဲ့ကုသိုလ်ကို ငြူစူ ၀န်တိုခြင်းမရှိပဲ စိတ်စေတနာ ဖြူဖြူသန့်သန့်လေးဖြင့် ၀မ်းမြောက်ဝမ်းသာ သာဓုခေါ်နိုင်ကြဖို့ပါ။ ဒီအခါမှာ အေးမြတဲ့မေတ္တာတရားတွေ သာဓုခေါ်နိုင်သူရဲ့ ရင်ထဲမှာ စမ်းရေပမာ တသွင်သွင် စီးဆင်းနေမယ်ဆိုတာ စာရေးသူ ယုံကြည်ထားမိလို့ပါ။

ချမ်းသာစွာ အိပ်စက်နိုင်ကြပါစေ။

ဒေါက်တာဓမ္မပိယ (ITBMU)

       


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ, ခေတ်ပြိုင်အတွေ့အကြုံ, ဒေါက်တာဓမ္မပီယ

One Response to သူ … သိစေချင်ပါသည် … (Ashin Dhamma Piya)

  1. OHN MAR MYINT on March 14, 2013 at 12:19 am

    ” Thar Du Thar Du Thar Du ” I was rally glad and appreciated what you have done and what you are doing right now for people and Buddha Thardanar.. I always wish that i may help and support to our country and people like you with heart and soul. I also hope and wish may you live long and healthy.
    Regards,
    Ohn Mar Myint

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

MoeMaKa Monthly July 2017 ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ

By

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ (မိုးမခစာအုပ်စင်) ဇွန် ၉၊ ၂၀၁၇...

Read more »

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ

By

 မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ (မိုးမခ) ဧပြီ ၂၊ ၂၀၁၇ ကမ္ဘာဟာအကြမ်းပညာနဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်