စီးပွားရေးအမြင်နှင့် ရိုးရာအစဉ်အလာအမြင် (Junior Win)

March 13, 2013

စီးပွားရေးအမြင်နှင့် ရိုးရာအစဉ်အလာအမြင်

Article – Economic View and Traditional View – Junior Win

ဂျူနီယာဝင်း၊ မတ် ၁၃၊ ၂၀၁၃

ကျွန်မအဘွားကပြောပါသည်။

“ဘယ်နေ့ဘယ်ရက်မှာ မွေးတာလဲဆိုတာ မသိတဲ့ ဗမာလူမျိုးအဖြစ် ရပ်တည်ဖို့ဆိုတာ မဖြစ်နိုင်” … တဲ့။

ဒါကို သိမထားရင် ဘယ်ရက်က ဆံပင်ညှပ်ရမည်၊ ခေါင်းလျော်ရမည်ဆိုတာတောင် သိမှာမဟုတ်၊ မေမေကြီးက စာရေးဆရာ“ရွှေရိုး“၏ “မွေးနေ့သောကြာ၊  တနင်္လာ၊ ဆံညှပ်ကေသာ မပြုရ“ ဟူသော ရေးသားချက်ကိုပါ ဆွဲယူရှင်းပြခဲ့ပါသည်။ မြန်မာလူမျိုးများ၏ အယူအဆမှာ “မွေးနေ့ဆိုတာ ရက်သတ္တပတ်၏ ကိုယ်မွေးဖွားသောနေ့ကို ဆိုလိုပါသည်။

ကျွန်မတို့ အမွာမောင်နှမ (မောင်ရစ်နဲ့ ကျွန်မ) တို့က တနေ့တည်းဖွား ကြာသပတေးမွေးသူတွေ ဖြစ်သည်။ သည်တော့ ကြာသာပတေး၊ သောကြာနှင့် တနင်္လာနေ့တွေသည် ခေါင်းလျော်ဖို့ ဆံပင်ညှပ်ဖို့ ကံမကောင်းသော နေ့ရက်များဖြစ်ပါသည်။ ယင်းသည် ရှေးရိုးရာအစဉ်အလာအားဖြင့် ယုံကြည်လာသော ဗမာ့အလေ့အထတစ်ခု ဖြစ်ပါသည်။ ဒါကိုလိုက်နာလာတာ ကျွန်မတို့ကလေးဘ၀ကတည်းက ဖြစ်ပါသည်။ ကျွန်မ သတိထားမိခဲ့သည်မှာ တချို့သောဆံပင်ညှပ်ဆိုင်များသည် တနင်္လာနေ့နှင့် သောကြာနေ့များတွင် ဆိုင်များ ပိတ်ပါသည်။ လူအများစုသည် ထိုမိရိုးဖလာအစဉ်အလာများကို ဂရုတစိုက် လိုက်နာလိုကြပါသည်။

ယနေ့ခေတ်

တစ်နေ့မှာ ကျွန်မဆံပင်ညှပ်ဖို့ စိတ်ကူးရပါသည်။ ကျွန်မ၏ညီမတစ်ယောက်က တနင်္လာနေ့ သို့မဟုတ် သောကြာနေ့ကို ရွေးကာ ဆံပင်ညှပ်ခြင်းဖြင့် ပိုက်ဆံချွေတာရာရောက်သည်ဟု အကြံပေးပါသည်။ ကျွန်မ  အစသူပြောတာ နားမလည်ပါ။  ကျွန်မတို့ ကာလကြာရှည်စွာ ယုံကြည်လာခဲ့တာက ထိုနေ့တွေသည် မြန်မာ့ရိုးရာအစဉ်အလာအရ ဆံပင်မညှပ်သင့်သော နေ့ရက်များ ဖြစ်ပါသည်။ သူကဆက်ပြောသည်မှာ ဆံပင်ညှပ်ဆိုင်အချို့သည် ထိုနေ့တွေမှာ ဆံပင်လာညှပ်သူများအား ဈေးလျော့ပေးကြောင်း၊ အကြောင်းမှာ ထိုနေ့တွေမှာ ဆံပင်ညှပ်ဆိုင်လာသူ နည်းနေသောကြောင့်ဟု  ဆိုပါသည်။ သည်တော့ သူတို့က တနင်္လာနေ့နှင့် သောကြာနေ့တွေမှာ ဆံပင်ညှပ်ခ လျော့သည်ပေါ့။ ထို့ကြောင့် ထိုနေ့တွေမှာ အထူးသဖြင့် လာသူပိုများလာမည်။ ဒါဈေးလျော့ပေးလို့ပေါ့။ အံ့သြစရာပဲ။

“နိဂုံး“

ယခု ကျွန်မ သဘောပေါက်သွားသည်မှာ တခါတရံ တနင်္လာနေ့နှင့် သောကြာနေ့တွေမှာ ဆံပင်ညှပ်ဆိုင် တစ်ချို့ ကြိတ်ကြိတ်တိုးနေတာကို တွေ့ရခြင်း အကြောင်းရင်းဖြစ်ပါသည်။ သည်တော့ ပိုက်ဆံချွေတာသောအားဖြင့် ကျွန်မတို့၏ ဗမာ့ရိုးရာအစဉ်အလာတစ်ခုက ပျောက်ကွယ်သွားတော့မည်ဟု ခံစားမိပါသည်။ တစ်ချို့လူငယ်လူရွယ်များသည် တနင်္လာနေ့နှင့် သောကြာနေ့များကို ဆံပင်ညှပ်ခလျော့ယူသော ဆိုင်များရှိသောအသိကြောင့် စီးပွားရေးရူထောင့်က ကြည့်ပါက ကံကောင်းသောနေ့များအဖြစ် မှတ်ယူထားကြတာကို တွေ့မြင်လိုက်ရပါသည်။ အထူးသဖြင့် ထိုနေ့တွေမှာ ဆံပင်ညှပ်ဆိုင်တွေကတော့ ဆံပင်လာညှပ်သူတွေ ကောင်းကောင်းရလိုက်တာပဲပေါ့။ သို့သော် ရှေးရိုးအစဉ်အလာ ရူထောင့်အမြင်ကကြည့်ရင်တော့ ကျွန်မတို့၏ရိုးရာအစဉ်အလာ ယုံကြည်မူကား တဖြည်းဖြည်း မှေးမှိန်လာပြီ ဖြစ်ပါတော့သည်။

(Junior Win ရေးသားသော Economic View and Traditional View ပို့စ်ကို Walking Through The Wonderland ဒစ်ဂျစ်တယ်စာအုပ်တွင် ဖော်ပြခဲ့သည်ကို ယခုကိုယ်တိုင်ဘာသာပြန်ဆိုထားသည်။ ယခုအခါ အတွေးအမြင် အမှတ်၂၅၂တွင် အင်္ဂလိပ်ဗမာ နှစ်ဘာသာဖြင့် ဖော်ပြခဲ့ပါသည်။)

(မှတ်ချက်။ ကိုယ်တိုင်ဆံပင်သွားညှပ်တုန်းက ဆံပင်ညှပ်ဆရာက မနက်ဖြန်ကျလာခဲ့ပါ။ ဆံပင်ကောက်မယ်၊ ဆံပင်ကို ကိုယ်ကြိုက်တဲ့အရောင် ဆိုးမယ်ဆိုရင် ၂၀ ရာခိုင်နှူန်း ဒစ်စ်ကောင့် ရှိသတဲ့။ ဘာလို့လဲ မေးမိတော့ တနင်္လနေ့ဖြစ်လို့ လို့ဆိုတာ သိရတယ်။ ကိုယ်တိုင်လက်တွေ့ကြုံခဲ့တုန်းက ရေးဖြစ်ခဲ့တာပါ။ သည်ဆောင်းပါးထဲက မရေးဖြစ်တဲ့အကြောင်းအရာများ ကျန်ခဲ့တယ်။ တနင်္လာဆိုတာ မြတ်စွာဘုရား တောထွက်တဲ့နေ့၊ ဆံတော်ချတဲ့နေ့၊ သောကြာဆိုတာ မြတ်စွာဘုရား ဖွားမြင်တော်မူတဲ့ နေ့များဖြစ်ပါတယ်လို့ ကိုယ့်အဘိုးအဘွား၊ မိဘများက အမေးရှိလို့ အဖြေကြားနာဖူးပါတယ်။ ဒီနေ့သည်ရက်များကို ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးများက အလေးအနက်ထားပြီး ဆံပင်မညှပ်၊ ခေါင်းမရိတ်တဲ့နေ့များအဖြစ် သတ်မှတ်ခဲ့ခြင်း ဖြစ်ပါတယ်ဆိုတဲ့အကြောင်း ဖြည့်ရေးလိုက်ပါတယ်။)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ဂျုနီယာဝင်း, အတွေးအမြင်

One Response to စီးပွားရေးအမြင်နှင့် ရိုးရာအစဉ်အလာအမြင် (Junior Win)

  1. မောင်ပျာလောင် on March 13, 2013 at 1:24 pm

    မမကြီး ဂျူနီယာဝင်း ရယ်၊ မြန်မာစကားပုံကို အရန်းမကိုင်လိုက်ပါနဲ့ ၊ တခါတရံ ပြောင်းပြန်စကားပုံတွေ ရှိတယ်ဆိုတာ အကိုကြီးမောင်ရစ် သိပါတယ်၊ သူအမြဲတန်းပြောင်းပြန်တွေ တွေးပြီးနေတယ်ဆိုတာ ကျနော်တလောက ထောက်ခံစာကလေး ရေးလိုက်ပါသေးတယ်။ ဥပမာ မြန်မာစကားပုံတွေထဲက ” တရွာမပြောင်း သူကောင်း မဖြစ် ” ဆိုပြီးပြောပေမဲ့ ” သုံးခါပြောင်းရင် စလောင်းဖုံးတောင် မကျန် ” ဆိုတဲ့ စကားပုံလည်း ရှိတာကြောင့်၊ ကျနော်တို့  ပြောင်းပြန်တွေးသမားတွေကတော့ ” ကရင်သားမွေး ခေါင်းမဆေးနှင့်၊ အိုးစည်တီး ပြီးအောင်ဆေး” ၊ စသည်ဖြင့်၊ ” အောင်စည်တီးခေါ် နေ့ သုံးဖေါ် လျှောင်္လေ ဦးခေါင်းသာ၊ ကလားမသား နေ့ လေးပါး၊ ခေါင်းကား မလျှော်ရား ” စသည်ဖြင့်၊ ပြောင်းပြန်တွေးသော သူများအတွက်၊ – မြန်မာ့ဆိုရိုးစကား – မြန်မာစာအဖွဲ့ ဦးစီးဌာန ကထုပ်ဝေသော စာအုပ်မှာ ကျနော်တို့ အတွက်တန်ဘိုးရှိလှပါသည်။ ခေတ်အခါအရ၊ စီးပွားရေး ကိန်းဂဏန်း အရ စကားပုံတွေ ပြောင်းနေပေမဲ့၊ ကျနော်တို့ လို အရိုင်းစပယ် – ရာ လေးတွေကတော့ ပြောင်းပြန်တွေ တွေးနေမြဲပါဘဲ – – –

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ မိုးမခစာအုပ်စင်၊...

Read more »

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ

By

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ (မိုးမခစာအုပ်စင်) ဇန်န၀ါရီ ၃၁၊ ၂၀၁၉...

Read more »

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ်

By

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ် (မိုးမခစာအုပ်စင်) ဒီဇင်ဘာ ၂၆၊ ၂၀၁၈...

Read more »

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)