ကမ္ဘာရေနေ့၊ ရေအရေးပူးပေါင်းဆောင်ရွက်ပေး၊ အပြည်ပြည်ဆိုင်ရာနှစ် – ၂၀၁၃ ခုနှစ် နှင့် မြန်မာနှိင်ငံ (Maung Kyay Yay)

March 14, 2013

ကမ္ဘာရေနေ့၊ ရေအရေးပူးပေါင်းဆောင်ရွက်ပေး၊ အပြည်ပြည်ဆိုင်ရာနှစ် – ၂၀၁၃  ခုနှစ် နှင့် မြန်မာနှိင်ငံ  
မောင်ကျေးရေ  မတ်လ ၁၄  ၂၀၁၃။
(World Water Day, 2013 International Year of Water Cooperation and Myanmar)   
ကမ္ဘာ့ရေနေ့
မတ်လ ၂၂ နေ့ကိုကမ္ဘာ့ရေနေ့ (World Water Day) အဖြစ်ကုလသမဂ္ဂအဖွဲ့ကြီး၏ အထွေထွေညီလာခံက သတ်မှတ်ထားပြီး အပြည်ပြည်ဆိုင်ရာကမ္ဘာ့ရေနေ့ကို နှစ်စဉ်နှစ်တိုင်းမတ်လ  (၂၂)ရက်နေ့၌ ကမ္ဘာ္ဘတ၀ှမ်း၊ နှိင်ငံအနှံအပြားတွင် ကျင်းပကြပြီး ရေရရှိရေး လုပ်ငန်းများကိုပူးပေါင်းပါ ၀င်လုပ်ကိုင်ခဲ့ကြပါသည်။
ရည်ရွယ်ချက်မှာ သန့်ရှင်းသောသောက်သုံးရေ၏ အရေးကြီးပုံကို ကမ္ဘာသူ ကမ္ဘာသားများ၊ နှိင်ငံသားတိုင်း စဉ်ဆက်မပြတ် ဂရုစိုက်လာစေရန်နှင့် သန့်ရှင်းသောရေအရင်းအမြစ် များကို စနစ်တကျ ဆက်လက်ထိန်းထားနှိင်သော စီမံခန့်ခွဲမှု့များ စဉ်ဆက်မပြတ် လုပ်ဆောင်သွားကြရန်ဖြစ်ပါသည်။
၁၉၉၃ ခုနှစ် မတ်လ (၂၂) ရက်နေ့ကို ပဌမဦးဆုံး ကမ္ဘာ့ ရေနေ့အဖြစ် ကုလသမဂ္ဂအဖွဲ့ကြီး၏ အထွေထွေညီလာခံက သတ်မှတ်ထားပြီး ထိုနေ့မှစ၍ နှစ်စဉ်နှစ်တိုင်း ကျင်းပလာခဲ့သည်မှာ ယခုနှစ်သည် (၂၁)နှစ် မြောက် နှစ်ဖြစ်ပါသည်။
ရေအရေး ပူးပေါင်းဆောင်ရွက်ပေး – အပြည်ပြည်ဆိုင်ရာနှစ်။
            ယ္ခုနှစ် (၂၀၁၃)ကို တကမ္ဘာလုံးအတွက် ရေအရေး ပိုမိုအရေးကြီးလာပြီးဖြစ်သောကြောင့် လူသားအားလုံး ပါဝင်ပူးပေါင်းဆောင်ရွက်လာစေရန် ရည်ရွယ်၍ ရေအရေး ပူးပေါင်းဆောင်ရွက်သည့် အပြည်ပြည်ဆိုင်ရာနှစ် (International Year of Water Cooperation) အဖြစ် အထူးပြုသတ်မှတ်ထားပါသည်။ (UN- Water)က ယူနက်စကိုအဖွဲ့ (UNESCO) ကိုဦးဆောင် ၍ ကမ္ဘာ့ရေနေ့နှင့် အတူ အပြည်ပြည်ဆိုင်ရာရေနှစ်၊ ရေအရေးပူးပေါင်းဆောင်ရွက်ရန်အတွက် တာဝန်ပေးအပ်ခြင်းဖြစ်ပါသည်။
၂၀၁၃ – ခုနှစ်ကို ရေအရေး ပူးပေါင်းဆောင်ရွက်ရေးနှစ်အဖြစ် သတ်မှတ်ရန် ၂၀၁၀ – ခုနှစ်၊ ကုလသမဂ္ဂညီလာခံတွင် ကာဂျီစတန်နှိင်ငံက ဦးဆောင်အဆိုပြု  တင်ပြခဲ့ ခြင်းဖြစ်ပါသည်။
            ကုလသမဂ္ဂကိုယ်စားပြု၊ ရေအရေးပူပေါင်းဆောင်ရွက်ရေးနှစ်နှင့် ကမ္ဘာ့ရေနေ့၊ အခမ်းအနားကိုနယ်သာလင်နှိင်ငံတွင် ၂၀၁၃-ခုနှစ်၊မတ်လ (၂၂)ရက်နေ့၌ ကျင်းပမည်ဖြစ်ပါသည်။ အမေရိကန်နှိင်ငံ နယူးရောက်မြို့၌လည်း ကျင်းပမည်ဖြစ်ပါသည်။
အနှစ်သာရနှင့်ဦးတည်ချက်များ
ရေအရေးပူးပေါင်းဆောင်ရွက်ရေးနှစ်၏ အနှစ်သာရနှင့် ဦးတည်ချက်များမှာ
(၁) ငြိမ်းချမ်းရေးကိုတည်ဆောက်ရေး၊
(၂) လူမှု့စီပွားဖွံဖြိုးရေး၊ ဆင်းရဲမွဲတေမှု့ လျော့နည်း ဖယ်ရှားရေး၊ ယောင်္ကျာံး မိန်းမ မရွေး တန်းတူခံစားခွင့်ရရေး၊ သဘာဝပတ်ဝန်းကျင်ကို ထိမ်းသိန်းရေး၊
(၃) မျက်မြင်ကိုယ်တွေ့ စီးပွားရေးအကျိုးကျေးဇူး များကို ဖြစ်ပေါ်စေရေး၊
(၄) ရေအရင်းအမြစ်များ အစဉ်သန့်ရှင်းနေအောင် ထိမ်းသိမ်းကာကွယ် စောင့်ရှောက်ရေးနှင့် သဘာဝပတ်ဝန်းကျင် အမြဲစိမ်းလမ်းစေရေး …
တို့ဖြစ်ပါသည်။
၂၀၁၃-ခုနှစ်၊ ကမာ့္ဘရေနေ့နှင့် ရေအရေး ပူးပေါင်းဆောင်ရွက်သည့် အပြည်ပြည်ဆိုင်ရာနှစ်၏ ရည်မှန်းချက်များမှာ
            ရေအရေး ပူးပေါင်းဆောင်ရွက်လာရန် အားပေးတိုက်တွန်းခြင်းနှင့် ပြုစုပျိုးထောင်ပေးခြင်းများ ပြုလုပ်ရန်တို့ဖြစ်ပါသည်။
ထိုသို့ဖြင့် သောက်သုံးရေ၏ အရေးကြီးပုံ၊ သောက်သုံးရေကြောင့် စစ်မက်ဖြစ်ပွားလာနှိင်ပုံနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၏ အကျိုးကျေးဇူးများကို နားလည်သဘောပေါက်လာစေရန်။
ပညာဗဟုသုတနှင့် လုပ်ဆောင်မှု စွမ်းရည် တိုးမြင်လာစေရန်။
လုပ်ငန်းများကို လက်တွေ့လုပ်ပါဝင်လုပ်ဆောင်ခြင်းနှင့် တီတွင်ဆန်းသစ် လုပ်ကိုင်လာစေရန်။
သက္ကရာဇ် ၂၀၁၃ – ခုနှစ်နှင့် နောက်ပိုင်းကာလများတွင် ရေ သည် အဓိကဖြစ်ကြောင်း၊ ဆွေးနွေးပွဲများ၊ စုပေါင်းလုပ်ရှားမှုများ ပြုလုပ်ကြရန်။
ရေအသုံးပြုသူများ၊ လူမှု့ရေးစီးပွားရေး အဖွဲ့အစည်းများ၊ နည်းပညာအဖွဲ့အစည်းများ၊ အချင်းချင်းအားပေးရန်နှင့် ပိုမိုပူပေါင်းဆောင်ရွက်လာစေရန် …
 တို့ဖြစ်ပါသည်။
ရေအရေး ပူးပေါင်းဆောင်ရွက်ခြင်းသည် နှိင်ငံအသီးသီး၏ ဖွံဖြိုးရေး၊ တည်တန့်ခိုင်မြဲရေးအတွက် အခြေခံ အုတ်မြစ်ဖြစ်ပါသည်။
ရေအရေးပူးပေါင်းဆောင်ရွက်မှု့များတွင် …
နယ်စီးမခြားသော စီမံခန့်ခွဲမှု့များ၊
မြေပေါ်မြေအောက် ရေအရင်းအမြစ်များကို လူမျိုး ဘာသာ၊ အသက်အရွယ်၊ လူတန်းစားမရွေး၊ မျှဝေသုံးစွဲရေး၊ စီမံခန့်ခွဲမှု့များ၊
ရေနှင့်သက်ဆိုင်သော သတင်းအချက်အလက်များ ဖလှယ်ရေး၊
ငွေကြေးနှင့် နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး
စသည်တို့ ပါဝင်ပါသည်။
ဤုသို့ဖြင့် အနာဂတ်တွင် လူသားအားလုံးအတွက် သုံးစွဲနှိင်သော ရေအရင်းအမြစ်များအဖြစ် အစဉ် ဖြစ်တည်နေမည်ဖြစ်ပါသည်။ ထိုအကျိုးကျေးဇူးများကို ရည်ရွယ်၍ (၂၀၁၃ ခုနှစ် မတ်လ ၂၂) ရက်နေ့၌ ရေအရေး ပူးပေါင်းဆောင်ရွက်ရေး အပြည်ပြည်ဆိုင် ရာ နှစ် (International Year of Water Cooperation) နှင့် ကမ္ဘာ့ရေနေ့ (World Water Day) ကို ပူးတွဲကျင်းပ၍ လုပ်ငန်းများကို ဆောင်ရွက်သွားရန် သတ်မှတ်ခြင်းဖြစ်ပါသည်။
ယနေ့ကမ္ဘာ၊
ရေသည် သတ္တလောက၊ လူသားအားလုံးနှင့် သန့်ရှင်းသောပတ်ဝန်ကျင်အတွက် အရေးအကြီးဆုံးသော အခြေခံလိုအပ်ချက်ဖြစ်ပါသည်။ ယနေ့ကမ္ဘာကြီးတွင် လူသတ္တ၀ါအားလုံးအတွက် သန်ရှင်းသော သောက်သုံးရေပမာဏသည် တစ်ကမ္ဘာလုံးရှိရေပမာဏ၏ တစ်ရာခိုင်နှန်းအောက်တွင် သာရှိပါသည်။ တိုးတက်များပြားလာနှိင်စရာ အကြောင်းမရှိပါ။
(သောက်သုံးရေရှာပါးမှု့ပြဿနာမှာ ရေလိုအပ်ချက်ပမာဏနှင့် ရေပေးဝေနှိင်မှု့ပမာဏ အချက်(၂)ချက် ပေါ် မူတည်ပါသည်။)
 သို့သော် ရာသီဥတု၊ မိုးလေ၀သဖေါက်ပြန်မှု့များ၊ လူဦးရေတိုးတက်များပြားလာမှု့၊ စီးပွားရေးတိုးတက်လာမှု့၊ လူ
နေမှု့စနစ်နှင့် လူမှု့ပတ်ဝန်းကျင်ပြောင်းလွဲလာမှု့များက သောက်သုံးရေကို အကြောင်းပြု၍ တဦးနှင့်တဦး၊ အဖွဲ့အစည်းတခုနှင့်တခု၊ တနေရာနှင့်တနေရာ၊ တဒေသနှင့် တဒေသ၊ တစ်နှိင်ငံနှင့် တစ်နှိင်ငံတို့သည် ကိုယ့်အကျိုးစီးပွားအတွက် ထိပ်တိုက်ရင်ဆိုင်မှု့များ၊ အငြင်းပွားမှု့များ၊ စစ်မက်အရေးအခင်း ဖြစ်ပွားလိုမှု့များကိုသာ ဦးတည်လာနှိင်စရာ အကြောင်းများသာရှိနေပါသည်။
ယနေ့ကမ္ဘာတ၀ှမ်းတွင် လူ(၈)ယောက်မှာ (၁)ယောက်သည် သန်ရှင်း
သော သောက်သုံးရေ မရရှိကြပါ။ လူ(၅)ယောက်မှာ (၂)ယောက်သည် ပတ်ဝန်ကျင်သန့်ရှင်းမှု့နည်းသောနေရာများတွင် နေထိုင်ကြပြီး၊ ကျမ္မာရေးနှင့် ညီညွတ်သော အညစ်အကျေးစွန့်ပြစ်မှု့စနစ်၊ မိလ္လာစနစ်များ မရှိကြပါ။
လူဦးရေ (၁.၈)သန်းသည် နှစ်စဥ်ရေမသန့်ရှင်းမှု့ကြောင့်ဖြစ်သော ၀မ်းရောဂါဖြင့် သေဆုံးနေရဆဲ ဖြစ်နေပါသေးသည်။ ထို့အပြင် အာဖရိကနှင့် အာရှရှိ ဝေးလံခေါင်သီသော ကျေးလက်ဒေသနေ အမျိုးသ္မီးများသည် ယနေ့အထိ ရေအိုး ခေါင်းပေါ်တင်၍ ရေသယ်နေဆဲ ဖြစ်နေပါသေးသည်။ အထူးသဖြင့် အာဖရိကနှင့် အိန္ဒိယတိုက်တွင် အများဆုံးဖြစ်နေပါသေးသည်။
လွန်ခဲ့သောနှစ်ပေါင်း (၆၀)က၊ ကမ္ဘာပေါ်တွင် ရေသိုလှောင်မှု့ပမာဏများသော ဆည်ကြီးများ (၅၀၀)ခန့်သာ ရှိခဲ့ပါသည်။ ယ္ခုနှစ် (၂၀၁၃) ခု နှစ်တွင် ဆည်ကြီးပေါင်း (၄၅၀၀၀) ရှိလာပါမည်။ သို့ပေမယ့် တကမ္ဘာလုံး၏ ရေချိုသုံးစွဲမှု့ပမာဏမှာ နှစ်စဉ်ရေ ကုဗကီလိုမီိတာ (Cubic Kilo-meter)  ပေါင်း (၃၈၀၀) ကျော် ဖြစ်သော်လည်း (၁၀) ရာခိုင်နှန်းသည်သာလျင် လူတို့၏ သောက်သုံးရေဖြစ်ပါသည်။
ထိုပြင် စက်ရုံအလုပ်ရုံများနှင့် စိုက်ပျိုးရေးလုပ်ငန်းများမှ စွန့်ပစ် ပစ္စည်းတန်ပေါင်း (၂) သန်းကျော်ကို နှစ်စဉ်နှစ်တိုင်း ကမ္ဘာပေါ်ရှိမြစ်၊ ချောင်း၊ အင်း၊အိုင်များသို့ စွန့်ပစ်လျက် ရှိနေပါသေးသဖြင့် သောက်သုံး၍ ရသော မြစ်ချောင်းအင်းအိုင်းအချို့သည် ရေထုညစ်ညမ်းပြီး သောက်သုံး၍မရနှိင်သော အခြေနေသို့ ရောက်စေပါသည်။ ထိုအပြင် ရေကို စည်းကမ်းမရှိ စနစ်တကျ မသုံးစွဲခြင်း၊ လူဦးရေ ၆ သန်းမှ ၁၀ သန်းအထက် ရှိ မြို့ကြီးများ Mega City ၏ ရေသုံးစွဲမှု့များပြားလာခြင်း၊ ရေသွယ်ယူရေး၊ ရေပေးဝေရေး ဆိုင်ရာ လုပ်ငန်းသုံးပစ္စည်းများ၊ ပျက်စီးယိုယွမ်းမှု့ကြောင့် ရေအလေအလွင့်များပြားခြင်း၊ ရေချို ရေငံ အတက်အကျရှိသော ပင်လယ်၊မြစ်၊ချောင်းစသည်တို့အနီးအနားရှိ မြို့ကြီးများရှိ စက်ရေတွင်းရေ ထုတ်ယူမှု့ များပြားလာသောကြောင့် မြေအောက်ရေအောင်းလွာ ပျက်စီးယိုယွင်းလာခြင်း၊ (Salt Water intrusion and contamination ) ရေငံတိုးဝင်လာခြင်းဖြင့် ရေကောင်းရေသန့်များ လျော့ပါးလာပေသည်။
သို့ပါ၍ကမ္ဘာကုလသမဂ္ဂ၏ ခန့်မှန်းထားချက်အရ သက္ကရာဇ်-၂၀၃၀ တွင်ကမ္ဘာတ၀န်းရေလိုအပ်ချက်၏(၄၀%) သာ ပေးဝေနှိင်မည်ဖြစ်ကြောင်း ခန့်မှန်းပြောဆိုထားပါသည်၊ ကမ္ဘာ့လူဦးရေ၏ ၄၇% သည် သောက်သုံးရေ အခက်အခဲရှိနေသည့် နေရာများတွင် ရှိနေကြဦးမည်ဖြစ်ကြောင်းလည်း ပြောဆိုထားပါသည်။
            ရေအရေးပူးပေါင်းဆောင်ရွက်ခြင်းသည် ရေလိုအပ်နေသော လူအများ၊ အသင်းအဖွဲ့အစည်းများ၊ စက်ရုံ၊ အလုပ်ရုံများအတွက် အချင်းချင်းအငြင်းပွားမှု့များကို မဖြစ်စေဘဲ ကောင်းမွန်ပြည့်စုံသော စီမံခန့်ခွဲ့မှု့ကိုရစေပါသည်။ ထိုကြောင့် နယ်မြေဒေသ၊ အဖွဲ့အစည်းများအတွင်း ငြိမ်းချမ်းမှု့ကို ဖြစ်ပေါ် တိုးတက်စေပါသည်။
ဥပမာ – ဂျော်ဒန်နှင့် အစ္စရေးတို့သည် စစ်မက်ဖြစ်ပွားနေသော်လည်း ဂျော်ဒန်မြစ်ရေ ခွဲဝေသုံးစွဲရေးအတွက် လျှိုဝှက်ဆွေးနွေး နေကြပါသည်။ ထို့အတူ၊ Cambodia, Laos, Thailand and Vietnam နှိင်ငံတို့သည်လည်း မဲခေါင်မြစ်ရေ ခွဲဝေသုံးစွဲရေး အမြဲညှိနှိင်း ဆွေးနွေးနေကြပါသည်။
ယ္ခုအခါ ကမ္ဘာပေါ်တွင် ရေအရေးနှင့်သက်ဆိုင်သော နှိင်ငံတကာအဖွဲ့အစည်များ၊ များစွာရှိပါသည်။ (UN Organizations) နှင့် တွဲဖက်၍ အကျိုးအမြတ်မရှာသော၊ သီးခြားအဖွဲ့အစည်း (Non-profit Organizations) များအဖြစ် ထူတောင်ထားသော အဖွဲ့အစည်းများလည်း၊ များစွာ ရှိပါသည်။  
ယ္ခုလည်း နယ်စည်းမခြားထားသော ဇလဘူမိဗေဒပညာရှင်များ (Hydro-geologists without border) အဖွဲ့ကို ကနေဒါနှိင်ငံအခြေစိုက် ဖွဲ့စည်းထားပြီး ရေအရေးနှင့် သက်ဆိုင်သောနည်းပညာ အကူအညီပေးရေလုပ်ငန်းများ ကို ဖွံဖြိုးဆဲနှိင်ငံများတွင် လုပ်ကိုင်လျက်ရှိပါသည်။
အထက်ပါအဖွဲ့အစည်းများ ပြုစုထုတ်ဝေထားသော ရေရရှိရေး၊ ရေပေးဝေရေး၊ ရေကို စနစ်တကျ ထိမ်းသိမ်းစီမံခန့်ခွဲရေး ဆိုင်ရာနည်းပညာ၊ အတတ်ပညာနှင့် သက်ဆိုင်သော စာအုပ်စာတမ်းများစွာ ရှိပါသည်။ လက်တွေ့ လိုက်လုပ်ဆောင်ကြရန်သာ လိုအပ်ပါသည်။ ရေပြဿနာကြုံတွေလာပါက ဖြေရှင်းရန် နည်းလမ်းများ ရရှိမည်ဖြစ်ပါသည်။ စီမံခန့်ခွဲ့ရေး၊ အုပ်ချုပ်ရေး ၀န်ထမ်းများက ထိုစာအုပ်စာတန်းများကို ဖတ်ရှုသိရှိထားရန် လိုအပ်ပါသည်။
 
မြန်မာနှိင်ငံနှင့် ရေအရေးပူးပေါင်းဆောင်ရွက်ပေး၊အပြည်ပြည်ဆိုင်ရာနှစ
ရေအသက် တမနက်၊ ထမင်းအသက် (၇)ရက် ဟု မြန်မာစကားဆိုရိုး ရှိပါသည်။ သို့ပါ၍ နှိင်ငံသူ နှိင်ငံသား အားလုံးအတွက် သန့်ရှင်းသော သောက်သုံးရေရရှိရေးသည် အဓိကပင်ဖြစ်ပါသည်။ လူသတ္တ၀ါတို့သည် ရေမသောက်
ဘဲ တနေ့နေ၍ မရကြောင်း၊ ရေမရှိလျှင် သက်ရှိလောကလည်း မတည်ရှိနှိင်ပေ။ မြန်မာနှိင်ငံတွင် ရေအရင်းအမြစ် (မြေပေါ်၊မြေအောက်) ပေါင်းများစွာ ရှိပါသည်။ ဆည်မြောင်း တာတမံကြီး ငယ်ပေါင်း (၃၅၀) ကျော်လည်း တည်ဆောက်ထားပြီး၊ တည်ဆောက်ဆဲများလည်း ရှိနေပါသေးသည်။
            ရေတို့၏ ဂေဟစနစ်သည် စားသောက်ကုန် ထုတ်လုပ်ရေး၊ လူ့အသုံးအဆောင် စက်ပစ္စည်း၊ ယာဉ်ရထား ထုတ်လုပ်ရေး၊ ရေကောင်းရေသန့်ရရှိရေး၊ ရောဂါအများထိမ်းချုပ်ရေး၊ စိုက်ပျိုးရေးနှင့် သယ်ယူပို့ဆောင်ရေး ၀န်ဆောင်မှု့လုပ်ငန်းများအတွက် အကျိုးပြုလျက်ရှိပါသည်။ ဂေဟစနစ် တစ်ခု ရေရှည်ကောင်းမွန်ပါမှ တိုင်းပြည်နယ် ဒေသအသီးသီးတို့၏ လူမှူစီးပွားရေးနှင့် သဘာဝပတ်ဝန်းကျင် အစဉ်ရှင်သန် ကောင်းမွန်နေမည်ဖြစ်ပါသည်။
            မြန်မာနှိင်ငံသူ၊ နှိင်ငံသားများသည် မိမိတို့် နေစဉ်လိုအပ်နေသော သောက်သုံးရေကို နေရာဒေသအလိုက် မိမိတို့အစီအစဉ်ဖြင့် သော်လည်းကောင်း၊ အာဏာပိုင်၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများ၏ အစီအစဉ်ဖြင့်သော်လည်းကောင်း မြေပေါ်ရေ (မြစ်၊ ကန်၊ ချောင်း၊ အင်း၊ အိုင်) သို့မဟုတ် မြေအောက်ရေမှ ရယူနေကြရပါသည်။
            ဧရာဝတီ၊ ချင်းတွင်း၊ သံလွင်၊ စစ်တောင်း၊ အတ္တရံ၊ ဂျိုင်း၊ လေးမျိုမြစ်နှင့် မြစ်သာမြစ်တို့သည် သောက်ရေ၊ သုံးရေ၊ စိုက်ပျိုးရေ၊ လုပ်ငန်းသုံးရေနှင့် သယ်ယူပို့ဆောင်ရေးတို့အတွက် နယ်မြေဒေသခံ ပြည်သူပြည်သားများ၏ ရာသက်ပန် အားထားရာ မြေပေါ် ရေအရင်းအမြစ်များ ဖြစ်ကြပါသည်။
အဆိုပါမြစ်များထဲသို့ သတ္တုတွင်းလုပ်ငန်းစွန့်ပစ်ရေ၊ ဓါတ်မြေသြဇာများ ပျော်ဝင်နေသော စိုက်ပျိုးရေးလုပ်ငန်းမှ စွန့်ပစ်ရေ၊ စက်ရုံအလုပ်ရုံများမှ စွန့်ပစ်ရေ၊ စသည့် စွန့်ပစ်ရေဆိုးများ မစီးဝင်အောင် ကာကွယ်စောင့်ရှောက်ရမည်ဖြစ်ပါသည်။( ဧရာဝတီမြစ်ရေကို မြို့နယ်ပေါင်း(၁၄) မြို့နယ်က သောက်ရေအဖြစ် အသုံးပြုလျက်ရှိကြောင်း သတင်းဆောင်းပါးများအရ သိရပါသည်။ အတ္တရံနှင့် ဂျိုင်းမြစ်ရေကို မွန်ပြည်နယ်ရှိ မြို့နယ်(၄)မြို့နယ်က ရေတက်ရေကျ အလိုက် သောက်သုံးရေအဖြစ် အသုံးပြုလက်ရှိပါသည်။ လေးမျိုမြစ်သည် ရခိုင်ပြည်နယ်အတွက် ရေချိုမြစ်တမြစ် ဖြစ်ပါသည်။)
            ယ္ခုအခါ ဧရာဝတီ၊ ချင်းတွင်း၊ လေမြို စသည့်မြစ်ရိုးတလျောက်တွင် သတ္တုတွင်း၊ စက်ရုံအလုပ်ရုံများက စွန့်ပစ်ရေဆိုးများသည် ချောင်း၊ မြောင်းများ မှတဆင့် မြစ်အတွင်း စီးဝင်ခြင်းကြောင့် မြစ်ရေကိုသောက်သုံးရေအဖြစ် အသုံးပြုနေကြရသော မြစ်ကမ်းနား၊ မြို့ရွာများနေ ပြည်သူများ သန့်ရှင်းသော သောက်သုံးရေအတွက် အခက်အခဲများ ဖြစ်နေကြရပါသည်။

 
မြန်မာနှင့် ရေအခြေအနေ၊ အလားအလာ
            မြန်မာနှိင်ငံတွင် နှစ်စဉ်သုံးစွဲနှိင်သော မြပေါ်ရေ အရင်းအမြစ် ကုဗကီလိုမီတာပေါင်း (၁၀၈၂) နှင့် မြေအောက်ရေ အရင်းအမြစ် ကုဗ ကီလိုမီတာပေါင်း (၄၉၅) ရှိပါသည်။ မြေပေါ်မြေအောက် စုစုပေါင်းရေအရင်းအမြစ်ပမာဏ (၁၅၇၇) ကုဗကီလိုမီတာရှိပါသည်။ စိုက်ပျိုးရေးအတွက် ရေအသုံး ပြုမှုမှာ(၃၀) ကုဗကီလိုမီတာခန့်နှင့် စက်ရုံအလုပ်ရုံနှင့် အများပြည်သူတို့၏ သောက်သုံးရေမှာ (၃) ကုဗကီလိုမီတာခန့်ရှိသဖြင့် မြေပေါ်ရေသုံးစွဲနှိင်မှု့ ပမာဏ ၏ (၁၀) ရာခိုင်နှန်းအောက်တွင်သာ ရှိပ်ါသည်။ မြေအောက်ရေ၏ (၁၀) ရာခိုင်နှန်းခန့်သာ အိမ်သုံး၊ သောက်သုံးရေအဖြစ် အသုံးပြုကြပြီး စိုက်ပျိုးရေအတွက် (၅) ရာခိုင်နှန်းသာ အသုံးပြုကြောင်း ၊အက်ဖ်အေအိုမှတ်တမ်းများက ညွန်းဆိုထားပါသည်။ ထိုကြောင့်သောက်သုံး၍ရသော ရေအရင်းအမြစ် (မြေပေါ်၊မြေအောက်) များစွာရှိနေပါသေးသည်။
            မြန်မာနှိင်ငံသည်၁၉၈၀ – ခုနှစ်ကစ၍ ကုလသမဂ္ဂက လေးများရန်ပုံငွေအဖွဲ့၏ အထောက်အပံဖြစ် မြန်မာပြည်အလယ်ပိုင်း၊ အပူပိုင်းဒေသ၊ မြို့နယ်၊ ကျေးရွာများ၌် ရေပေးဝေရေးလုပ်ငန်းများ၊ ပြည်သူ့ကျန်မာရေးနှင့် ပတ်ဝန်ကျင်သန့်ရှင်းရေးလုပ်ငန်းများဖြင် စတင်ကာ ရေအရေး ပူးပေါင်း ဆောင်ရွက်ခြင်းလုပ်ငန်းများကို စတင်ခဲ့ရာ (၇၅) ရာခိုင်နှန်းသော အိမ်ယာ၊ ရပ်ကွက်၊ ကျေးရွာနှင့် မြို့များနေ ပြည်သူများသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတ်မှတ်ထားသည့် တိုးတက်ကောင်းမွန်သော ရေပေးဝေရေး၊ ရေရရှိရေးစနစ်နှင့် မိလ္လာရေဆိုးထုတ်စနစ်များ ဖြစ်သည့် – အိမ်တိုင်ရာရောက် စည်ပင်သာယာရေး၊ ရေသွယ်ပိုက်လိုင်းရှိခြင်း၊ ရပ်ကွက်(သို့) လမ်းထိပ်တွင် အများသုံးရေဘုံဘိုင်များ ထားရှိ အသုံးပြုခြင်း၊ စနစ်တကျ တူးဖေါ်ထားရှိသော စက်ရေတွင်းရေ အသုံးပြုခြင်း။ စနစ်တကျ အကာအရံများရှိသော လက်တူးတွင်းများ အသုံးပြုခြင်း။ သန့်စင်သောချောင်းရေ၊ စိမ့်ရေ၊ စမ်းရေ၊ မြစ်ရေများကို သွယ်တန်း အသုံးပြုခြင်းနှင့် စည်ပင်သာယာ မိလ္လာရေဆိုးထုတ်စနစ်ကို အသုံးပြုခြင်း၊ အများသုံးမိလ္လာစနစ် (စုပေါင်းတိုက်ခမ်းများ) အသုံးပြုခြင်း။ ရေဆွဲအိမ်သာ / ရေလောင်းအိမ်သာ အသုံးပြုခြင်း၊ လေ၀င်လေထွက်ကောင်းသည့် အနံအသက်ကင်းသော ကျင်းအိမ်သာ အသုံးပြုခြင်း။ စသည့်အချက် များနှင့်ကိုက်ညီကြောင်း၊ WHO /UNICEF စစ်တမ်းများက ဖေါ်ပြထားပြီးရှိုပါသည်။
အထက်ပါအချက်များနှင့် ပြည့်စုံစေခြင်းတို့သည် ပြည်သူ့ကျန်းမာရေးအတွက် ရေအရင်းအမြစ်ကို ကာကွယ်ရာရောက်ပြီး ရေအရေး ပူးပေါင်းဆောင်းရွက်ပေး ဆောင်ပုဒ်နှင့် ကိုက်ညီသော လုပ်ငန်းများကို ကာလကြာမြင့်စွာကပင် လုပ်ဆောင်ခဲ့သည့် နှိင်ငံတနှိင်ငံဖြစ်သည်ဟု မှတ်ယူ၍ ရနှိင်ပါသည်။
            ယ္ခုအခါ မြန်မာနှိင်ငံ၊ အမျိုးသား ဘက်စုံဖွံဖြိုးရေး တိုးတက်မှု့စီမံကိန်း အစီအစဉ်တွင် ရေရှားပါးသောဒေသများရှိ ကျေးလက်နေပြည်သူများ ရေခက်ခဲမှုပြေလည်စေရန်နှင့် သန့်ရှင်းသော သောက်သုံးရေရရှိရေး လုပ်ငန်းပေါင်း (၃၆၀၇) ခု ကို နှိင်ငံတကာအဖွဲ့အစည်းများ၏ အကူအညီဖြင့် ဆောင်ရွက်ရန် လျာထားပြီးဖြစ်သည်ဟု ဖေဖော်ဝါရီလ (၁၄) ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ၌ ဖတ်လိုက်ရပါသည်။ ကောင်းမွန်သော လုပ်ငန်းဖြစ်ပါသည်။
ရေအရေး လှုပ်ရှားစရာ လုပ်ငန်းဆောင်တာများ
မြန်မာနှိင်ငံတွင် အန်ဂျီအို၊ (အကျိုးအမြတ်မရှာသော အဖွဲ့အစည်း Non-governemnt organization / non-profit organization များ) အဖွဲ့ပေါင်း (၂၀၀၀) ကျော်တွင် ပြည်ပမှလာရောက်လုပ်ဆောင်နေသော အဖွဲပေါင်း (၆၀) ကျော်ရှိပါ သည်။ထိုအဖွဲ့များအားလုံးသည် ရေနှင့် မကင်းနှိင် သောအဖွဲ့များ ဖြစ်ကြပါသည်။ ရေလိုအပ်နေသော မြန်မာနှိင်ငံသူ နှိင်ငံသာများအတွက် ပါဝင်လုပ်ရှားနေကြသူများ ဖြစ်ကြပါသည်။ နာရေးကူညီမူနှင့် လူမူ့ရေးကူညီမူ့အသင်းများ၊ များစွာ ပါဝင်ပါသည်။
ထိုအသင်းအဖွဲ့များနှင့် ပြည်သူပြည်သားများ ပါဝင်ပြီး လက်ရှိ ရေအရင်းအမြစ် မြောက်များစွာကို အကျိုးရှိစွာ အသုံးပြုစေရေး၊ သန်ရှင်းကောင်းမွန်နေသောရေကို ကိုယ်ကျိုးစီးပွားကြောင့် မညစ်နွမ်းစေရေး၊ အစဉ်သောက်သုံး၍ရအောင် လူတို့၏ ကျမ္မာရေးကို ဆိုးဆိုးဝါးဝါးဖြစ်စေမည့် အဆိပ်အတောက်များ မပျော်ဝင်စေရေး၊ ရေအရေး ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ရရှိလာသည့် အကျိုးအမြတ်များကို နားလည်သဘောပေါက်လာစေရေး၊ ရေကို တန်ဘိုးထားတတ်လာစေရေး၊ ရေနှင့်သက်ဆိုင်သော ပညာဗဟုသုတများကို မျှဝေပေးရေး၊ တိုးမြင့်နေစေရေး၊ ရေအလှူရှင်များ၊ ကမကထပြုသူများ တိုးတက်များပြားလာစေရေး၊ ရေအရေး ပူးပေါင်းဆောင်ရွက်ကြသူများ အချင်းချင်း ညှိနှိင်းဆွေးနွေးရေး၊ ရေအရင်းအ
မြစ်များကို ထိမ်းသိမ်းစောင်ရှောက်ရေး၊ စသည်တို့ကို တိုက်တွန်း လုပ်ဆောင်သွားကြရန် ဖြစ်ပါသည်။
            ထိုအပြင်၂၀၁၃ ခုနှစ် မတ်လ (၂၂) ရက်နေ့၌ ကမ္ဘာတ၀ှမ်း၊ နှိင်ငံအသီးသီးတွင် ကမ္ဘာ့ရေရရှိရေးနှစ် နေ့ကို ရေအရေး ပူးပေါင်းဆောင်ရွက်ပေး ဦးတည်ချက်ဖြင့် တခမ်းတနားကျင်ပရာတွင် ကျောင်းသူကျောင်းသားများအား ပညာပေးဟောပြောပွဲများ၊ ပုံဆွဲပြိုင်ပွဲများ၊ ပန်ချီရေးဆွဲပွဲများ ပြုလုပ်ပေးခြင်း။ ညစ်ညမ်းနေသော ရေဆိုးရေမြောင်းများ၊ မြစ်ကမ်းများကို စုပေါင်းလုပ်အားပေးသန့်ရှင်းစေခြင်း၊ နှိင်ငံအကြီးအကဲများ၊ ရပ်ကွက်လူကြီးများ၊ မိမိတို့နှိင်ငံရှိ ကုလသမဂ္ဂအဖွဲ့အစည်းများကို ဖိတ်ခေါ်၊ ပါဝင်စေခြင်း၊ စကားရည်လုပွဲများ၊ ဖျော်ဖြေပွဲ၊ ပျော်ပွဲရွင်ပွဲများ ကျင်းပပေးခြင်း၊ ကျောင်းသား လူငယ်များကို ရေတန်ဘိုး နားလည်လာစေရန် ရေ (၆) လီတာခန့် ရေပုံးကို မဖိတ်အောင် သယ်ယူပြေးပွဲများ ကျင်းပပေးခြင်း၊ ဆုပေးခြင်း၊ ပညာပေးရုပ်ရှင်၊ ဗီဒီယိုဇာတ်လမ်းများရိုက်ကူးပြသခြင်း ၊ကြော်ငြာဆိုင်းဘုတ်များဖြင့် စည်ရုံးလုံ့ဆော်ခြင်း၊ စသည့်လုပ်ရှားမူ့များကို ဆောင်ရွက်ကြမည်ဖြစ်ရာ၊ မြန်မာနှိင်ငံတွင်လည်း ထိုကဲ့သို့ လုပ်ဆောင်နှိင်ပါက ပိုမိုကောင်းမွန်ပြည့်စှုံနှိင်ပါသည်။
 
ရေအရေး လူထုလှုပ်ရှားမှုအသွင် ဖော်ထုတ်ရန်
            မြန်မာနှိင်ငံသည် ဗုဒ္ဓဘာသာကို လူအများ ကိုးကွယ်သော နှိင်ငံဖြစ်သည်နှင့်အညီ ရေအကျိုးဆယ်ပါး၊ ဦးထိပ်ထား၍ ရေရှားပါးသော ဒေသများတွင် ရေရရှိအောင် ဖြစ်နှိင်သည့်နည်းများဖြင့် ဆောင်ရွက်ပေးခြင်း။ ရေကြီးရေလျံသည့် ဒေသများတွင် ရေဘေးကယ်ဆယ်ရေးနှင့် သောက်သုံးရေဖြန့်ဝေပေးခြင်း။ စက်ရေတွင်းတူးရန်နေရာ ရွေးချယ်ရာတွင်လည်း မိလ္လာစွန့်ပစ်ကန်၊ ရေဆိုးမြောင်းများနှင့် မနီးစေရေး၊ ပညာပေးပြောပြခြင်း။ ရေကို စနစ်တကျ ချိုးခြံခြွေတာ သုံးစွဲခြင်း၊ ရေဆိုးစွန့်ပစ်မြောင်းများကိုလည်း စနစ်တကျေ ဆာက်လုပ်၊ စွန့်ပစ်စေခြင်း။ စွန့်ပစ်ရေဆိုးများကိုလည်း ရေပင်ရင်း (သောက်သုံးရေ /  စက်ရေတွင်း၊ရေကန်၊) များဆီသို့ မစီးဝင်စေရေး၊ ပညာပေး ဟောပြောခြင်း။ စက်ရုံအလုပ်ရုံနှင့် သတ္တုတွင်းများမှ စွန့်ပစ်ရေဆိုးများ၊ အဆိပ်သင့်စေသော ဓာတုပစ္စည်းများကို လူအများအသုံးပြုနေသည့် မြစ်ချောင်းအင်းအိုင်းများသို့ သွန်ချစွန့်ပစ်ခြင်း မပြုလုပ်ရေး၊ ပညာပေးဟောပြောခြင်း၊ တားဆီးခြင် ပြုလုပ်ခဲ့ပါက တင်းကြပ်သောဥပဒေဖြင့် အရေးယူနှိင်ခြင်း၊ ရေငံ၊ ရေချို ဆက်စပ်နေသည့် ရေတက်ရေကျရှိ မြစ်ချောင်းများအနီး ပတ်ဝန်းကျင်တွင် စက်ရေတွင်းတူးဖေါ်ရာတွင်လည်း ရေချို ရေအောင်းလွာထဲသို့ ရေငံမ၀င်ရောက်နှိင်သည့် ရေထုတ်ယူနှိင်သော နည်းပညာများကို ပြည်သူလူထုသို့ ပြောပြပေးခြင်း၊ စသည့်ရေအရင်းအမြစ်များ အစဉ်သန့်စင်နေစေရေး၊ စိမံခန့်ခွဲမှု့အစီအစဉ်တရပ်အနေနှင့် ပြုလုပ်သင့်ပါသည်။ အဆိုပါလုပ်ငန်းများမှာ ပြည်သူလူထု ပြုလုပ်၍ရသည့် ရေအရေး ဆိုင်ရာလုပ်ငန်းများ ဖြစ်ပါသည်။
            နှိင်ငံအတွင်း၊ လက်ရှိစီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နေသည့် အခြေအနေများအရ အဓိကဦးစားပေးလုပ်ဆောင်ရမည့် လုပ်ငန်းမှာ ရေအရင်းအမြစ်များ (မြေပေါ်၊မြေအောက်) အစဉ်သန့်စင်နေရန် ကာကွယ်မှုမြင့်တင်ပေးသည့် လုပ်ငန်းများ တိုးမြင့်လုပ်ကိုင်ရေး၊ စနစ်တကျ စွန့်နည်းများ ကို ပညာပေး၊ လုပ်ဆောင်စေခြင်းတို့ ပါဝင်ပါသည်။ အဘယ်ကြောင့်ဆိုသော် ဧရာဝတီ၊ ချင်းတွင်း စသည့် မြစ်ချောင်းများထဲသို့် စက်ရုံ အလုပ်ရုံ၊ သတ္တု တွင်းများက စွန့်ပစ်ရေနှင့် စိုက်ပျိုးရေးသုံး ဓါတ်မြေသြဇာပျော်ဝင်နေသော စွန့်ပစ်ရေများ လူတို့အသုံးပြုလျက်ရှိသော မြစ်ချောင်း အင်းအိုင်များထဲသို့ စီး
ဝင်ခြင်းကြောင့် သောက်သုံးရေများ၊ အဆိပ်အတောက်ဖြစ်ခြင်း၊ ညစ်ညမ်းစေခြင်းနှင့် မဟာရန်ကုန်နှင့် မြန်မာပြည်အောက်ပိုင်းဒေသများ၊ ပင်လယ်ရေနှင့် ဆက်စပ်နေသည့် ရေတက်ရေကျရှိသော မြစ်ချောင်းများ အနီးအနားရှိ မြို့ရွာများတွင် စက်ရေတွင်းမှရေများ (စနစ်တကျ၊ ဇလဘူမိဗေဒဆိုင်ရာ မြေအောက်ရေ စူးစမ်းလေ့လာမှု့ မပြုလုပ်ခြင်း) သောက်သုံး၍မရခြင်း၊ စသည့် အခြေအနေများ ကြုံတွေ့နေရကြောင်း သတင်းစာဂျာနယ်များတွင် ဖတ်ရှုနေ
ရသောကြောင့် ဖြစ်ပါသည်။
ရေနဲ့ မြန်မာပြည် အနာဂတ်
            မြန်မာနှိင်ငံတွင် ယနေ့လူဦးရေမှာ (၅၅)သန်း ကျော်၊ သန်း(၆၀) နီးပါးခန့် ရှိနေပါသည်။ လူဦးရေတိုးနှန်းမှာ (၂.၁) ရာခိုင်နှန်းဟုဆိုပါသည်။ ၂၀၁၅ – ခုနှစ်တွင် လူဦးရေ (၆၅) သန်းဖြစ်လာနှိင်မည်ဟု ခန့်မှန်းကြပါသည်။ သောက်သုံးရေအတွက်မူ သက္ကရာဇ် (၂၀၃၀) ထိ လုံလုံလောက်လောက် ရှိနေပါမည်။ အဓိကအချက်မှာ အထက်တွင်ဖေါ်ပြခဲ့သည့်အတိုင်း အစဉ်အမြဲသန့်စင်နေသောရေ (Safe Water) ဖြစ်နေစေရန် အရေးကြီးပါသည်။
လူဦးရေ အဆမတန်တိုးပွားလာခြင်း၊ ရာသီဥတုဖေါက်ပြန်ြုခင်းကြောင့် မိုးခေါင်ရေရှားဖြစ်ခြင်း။ အပူချိန်မြင့်တက်ခြင်းကြောင့် မြေပေါ်ရေများ ရေငွေ့ပျံနှန်း မြင့်မားလာခြင်း။ မြေပေါ်မြေအောက်ရေ ပြန်လည်ဖြည့်တင်းမှု့ လျော့နဲလာခြင်း။ ကမ္ဘာ့ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာခြင်းကြောင့် ပင်လယ်ကမ်းစပ်အနီးရှိ ဒေသ၊ မြို့၊ရွာများရှိ သောက်သုံးရေများထဲသို့ ပင်လယ်ရေငံ ၀င်ရောက်ခြင်း၊ ရေအရင်းအမြစ်များ ယိုယွင်းပျက်စီးလာခြင်း၊ စသည့်အချက်များသည်သာ နောင်အနာဂတ်အတွက် အလွန်အရေးကြီးသည့် ပြဿနာတစ်ရပ်ဖြစ်ကြောင်းကို လူတို့ သိထားနားလည်ထားခြင်းဖြင့် ကြိုတင်စီစဉ်ဆောင်ရွက်၍ ရနှိင်ပါသည်။ လူတို့ ပြန်လည်ပြုပြင်၍ မရနှိင်သောအရာများ ဖြစ်ပါသည်။
မြန်မာနှိင်ငံသည် အခြားသောနှိင်ငံများနှင့် နှိင်းယှဉ်ပါက သန့်ရှင်းသော သောက်သုံးရေ အရင်းအမြစ်များစွာ ရှိနေသဖြင့် ရေကြောင့် စိုးရိမ်ကြောင့်ကြမှု့များစွာ မရှိစေသော်လည်း သတိလက်လွတ် မနေသင့်ပေ။ ထိုပြင် အိမ်နားနီးချင်းနှိင်ငံများ၏ လူဦးရေတိုးနှန်းမှာ မြန်မာနှိင်ငံ၏ လူဦးရေတိုးနှူန်းထက် (၁၀) ဆ မက ရှိနေပါသည်။
သို့ပါ၍ ကမ္ဘာတစ်ဝန်း၊ နှိင်ငံအသီးသီးသည် ငြိမ်းချမ်းသာယာရေးအတွက် လူတန်းစားအလွာ ပေါင်းစုံ ပူးပေါင်းပါဝင်ပြီး အကျိုးသက်ရောက်သည့် အခြေခံအုတ်မြစ်ဖြစ်သော ရေအရေး ပူးပေါင်းဆောင်ရွက်ခြင်း လုပ်ငန်းများကို လုပ်ကိုင်ကြရန် ဤဆောင်ပုဒ် – ကမ္ဘာ့ရေနေ့၊ ရေအရေးပူး ပေါင်းဆောင်ရွက်ပေး၊ အပြည်ပြည်ဆိုင်ရာနှစ်၊ ၂၀၁၃- ခုနှစ် (World Water Day, 2013 International Year of Water Cooperation) ကို ရေးသား တိုက်တွန်းခြင်း ဖြစ်ပါသည်။ မြန်မာနှိင်ငံတွင်လည်း တနှိင်ငံလုံး အတိုင်းအတာဖြင့် ပိုမိုပူပေါင်းပါဝင်ဆောင်ရွက်ကြရန်နှင့် ရေနှင့် သက်ဆိုင်သော ဌာနဆိုင်ရာများရှိ ပညာရှင်ဝန်ထမ်းများနှင့် အတွေ့အကြုံများစွာရှိခဲ့သော ပညာရှင်များ ပူပေါင်းပါဝင်သည့် ရေရရှိရေးနှင့် အသုံးချရေးနည်းပညာ ဆိုင်ရာ သုတေသနစာတမ်းဖတ်ပွဲများကို နှစ်စဉ်ဆက်လက်ဆောင်ရွက်ပေးခြင်း၊ ပြည်သူအများကို နည်းပညာထပ်ဆင့်ဖြန့်ဝေပေးခြင်း ဖြင့် ရေအရေး ပူးပေါင်းဆောင်ရွက်ရာတွင် ပိုမိုပြည့်စုံသော နှိင်ငံတခုအနေနှင့် ကမ္ဘာအလယ်တွင် တင့်တယ်နေပေမည်။
သန့်ရှင်းကောင်းမွှန်သော သောက်ရေသည် လူသားအားလုံး၏ ကျန်မာရေးနှင့် သန့်ရှင်းသောပတ်ဝန်းကျင်အတွက် အရေးကြီးသော၊ တန်ဘိုးရှိသော လာဘ်တပါး ဖြစ်ပါသည်။ စိတ်ချစွာ သောက်သုံးနှိင်သော ရေနှင့် သန့်စင်သော လေရရှိရေးသည် လူသားအားလုံးအတွက် မွေးရာပါရပိုင်ခွင့် ဖြစ်ပါသည်။
(ဤဆောင်းပါးကို အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့ရေနေ့ဆိုင်ရာ သတင်းအချက်အလက်များ ထုတ်ပြန်ရေးအဖွဲ့နှင့် (၂၀၁၃) ခုနှစ်၊ ရေအရေး ပူးပေါင်းဆောင်ရွက်ပေး အပြည်ပြည်ဆိုင်ရာနှစ်၊ အဖွဲ့များမှ ထုတ်ပြန်ထားသော အင်တာနက် သတင်းအချက်အလက်များကို ကိုးကား၍ ကြိုဆိုဂုဏ်ပြုရေးသားပါသည်) 
(Photo Credits to all sources from internet, intent to share for public domain)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:Maung Kyay Yay, အခန်းဆက်များ, လောကဓာတ်ခန်း

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း သြဂတ်စ် ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ

By

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ (မိုးမခစာအုပ်စင်) ဇွန် ၉၊ ၂၀၁၇...

Read more »

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်