သာသနာ့ နေမင်း ကွယ်လေပြီ – မစိုးရိမ်ဆရာတော် အရှင် ဘဒ္ဒန္တရာဇဓမ္မာဘိဝံသ ဘ၀နတ်ထံ ပျံလွန်တော်မူ

March 14, 2013

သာသနာ့ နေမင်း ကွယ်လေပြီ
ဓမ္မ၀ိဟာရအရှင်၏ ဖေ့စ်ဘွတ်ကနေ ကူးယူတင်ဆက်ပါတယ်၊ မတ် ၁၄၊ ၂၀၁၃

မန္တလေးမြို့၊မဟာအောင်အောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်များ၏ မဟာနာယကချုပ် မစိုးရိမ်ဆရာတော် ဘဒ္ဒန္တရာဇဓမ္မာဘိဝံသ (အဂ္ဂမဟာပဏ္ဍိတ)မထောရ်မြတ်ကြီးသည်၊ ယနေ့ ည ၁၁း ၄၀ခန့် မှာ မစိုးရိမ်းတိုက်သစ်ဆရာတော်ဘုရားကြီး ဘ၀နတ်ထံ ပြန်လွန်တော်မူသွားပါသည်။ ဆရာတော်ကြီးသည်ကား မြန်မာနိုင်ငံ၏ ပရိယတ္တိစာသင်တိုက်များ၏ မီးရှုးတန်ဆောင်ဖြစ်သည်။ ဆရာတော်၏ မစိုးရိမ်တိုက်သည် မြန်မာနိုင်ငံတော်တွင် စာသင်သားသံဃာတော် (၃၀၀၀ )ကျော်စာသင်၊စာချ သာသနာပြုရာ စာသင်သံဃာအများဆုံးစာသင်တိုက်ကြီးဖြစ်ပြီး၊ မြန်မာပြည်မက ကမ္ဘာအထိတိုင်အောင် ဆရာတော်ဘုရားကြီးနှင့် မစိုးရိမ်တိုက်၏ ဂုဏ်သတင်းကားမွေးပြန့်လှချေသည်။
ယခုသော်ကား ပရိယတ္တိ ဦးသျှောင် နေမင်းကြီးသည်ကား ကွယ်တော်မူလေပြီး၊ မြန်မာနှင့် သာသနာအတွက် ပြောမပြနိုင်လောက်သော ဆုံးရှုံးမှုကြီးပဲ ဖြစ်ချေတော့၏။
(ဆရာတော်၏ ထေရုပ္ပတ္တိအား ကြည်ညိုပူဇော်ကြရန် အကျဉ်းမှ တင်ပြပေးလိုက်ပါသည်)

 
 http://www.facebook.com/dhammavira.ashin

မစိုးရိမ်ဆရာတော် ဦးရာဇဓမ္မာဘိဝံသ-၏ ထေရုပ္ပတ္ထိအကျဉ်း
မန္တလေးမြို့ မစိုးရိမ်တိုက်သစ် ကျောင်းတိုက်ကြီး (၃)တိုက်တို့၏ အဓိပတိ မဟာနာယက
ဆရာတော် အရှင်ရာဇဓမ္မာဘိဝံသ-၏ ဘဝပုံရိပ်

ဆရာတော်သည် မြန်မာသက္ကရာဇ် ၁၂၉၅-ခု၊ ၀ါဆိုလပြည့်ကျော် ၁၃-ရက်၊ ခရစ်နှစ် ၁၉၃၃-ခု၊ ဇူလိုင် ၁၉ -ရက်နေ့၌ ဖွားမြင်တော်မူသည်။ ညီအကိုမောင်နှမ ငါးယောက်အနက် တတိယမြောက် သားရတနာဖြစ်သည်။ ၁၃၀၈-ခုနှစ်၊ နှောင်းတန်ခူးလတွင် သာမဏေအဖြစ်သို့ ရောက်ရှိသည်။

၁၃၁၅ ခုနှစ်၊ ပထမ၀ါဆိုလဆန်း ၅-ရက်နေ့တွင် ရဟန်းအဖြစ်သို့ ရောက်ရှိသည်။ ဥပဇ္ဈာယ်မှာ ဆရာတော် ဦးကိတ္တိဖြစ်သည်။ အင်တိုင်းရွာ တောင်ကျောင်း ဆရာတော် ဦးရ၀ိန္ဒ၊ ဆရာတော် ဦးကောဝိဒ တို့အထံတွင် သင်ပုန်းကြီးမှ စ၍ စတင်ပညာသင်ခဲ့သည်။

၁၃၁၂-ခုနှစ်၊ နယုန်လမှ စ၍ မုံရွာမြို့ မဟာဇောတိကာရာမ စာသင်တိုက်သို့ ရောက်ရှိခဲ့သည်။ ယင်းတိုက်မှ ပထမငယ် ပထမလတ်တန်းများ အောင်မြင်ခဲ့သည်။ ၁၃၁၄-ခုနှစ်၊ နှောင်းတန်ခူးလဆန်း ၁၂-ရက်နေ့တွင် မန္တလေးမြို့၊ တောင်သမန်တိုက် ပုသိမ်ကျောင်းသို့ ရောက်ရှိပြီး ပညာသင်ယူခဲ့သည်။ ၁၃၁၅-ခုနှစ်၊ နတ်တော်လတွင် မစိုးရိမ်တိုက်ကြီးသို့ ပြောင်းရွှေ့၍ ပညာသင်ခဲ့သည်။

မစိုးရိမ်တိုက်ကြီးမှ ပထမကြီးတန်း၊ စာသင်တန်း၊ အစိုးရစာချတန်း၊ သကျသီဟ စာချတန်းများကို အောင်မြင်သဖြင့် မစိုးရိမ် တိုက်ကြီး၌ ကျောင်းထိုင်နာယက စာချ အဖြစ်သို့ ရောက်ရှိခဲ့သည်။ မစိုးရိမ်တိုက်ကြီး၌ ခြောက်နှစ် တိတိ စာချပြီး ၁၃၂၉-ခု၊ တပို့တွဲလ၌ စိန်းပန်း မစိုးရိမ်တိုက်သစ်သို့ မစိုးရိမ်ဆရာတော်ကြီး၏ အမိန့်အရ ပြောင်းရွှေ့နေထိုင်၍ စာချခဲ့သည်။

ထိုအချိန်က မစိုးရိမ်တိုက်သစ် တတိုက်လုံး စာသင်သား သံဃာ-၆၃ ပါးမျှ သာရှိသည်။ တဖြေးဖြေး သံဃာ တိုးပွါးလာရာ ၁၃၅၀-ခုနှစ်၌ သံဃာတစ်ထောင်ကျော်အထိ တိုးတက်လာသည်။ ယခု အချိန်၌မူ နှစ်စဉ် သံဃာ ၂၅၀၀-၃၀၀၀ ခန့်အထိ တိုးတက်လာသည်။ စိန်းပန်း မစိုးရိမ်တိုက်သစ်၌ သံဃာများလွန်းသဖြင့် ပြည်ကြီးတံခွန် မြို့နယ်၌ မစိုးရိမ်တိုက်သစ် တတိုက် တည်ထောင်ခဲ့ သည်။

ပြည်ကြီးတံခွန် မစိုးရိမ်တိုက်သစ်၌ သံဃာ ၃၀၀-ကျာ်ခန့်အထိ နေထိုင်သီတင်းသုံးလျှက်ရှိသည်။ ယင်းတိုက်သစ်၌် စာသင်သားသံဃာများ တဖြေးဖြေး တိုးတက်လာသော်လည်း သောက်သုံးရေမှာ အဆင်မပြေလှချေ အဆင့်မမှီသည့် ရေကိုပင် လျှပ်စစ်စွမ်းအား နည်းပါးသဖြင့် စာသင်သား သံဃာများ သုံးစွဲလောက်အောင် တင်မပေးနိုင်ပေ။ ထိုကြောင့် ဒေးဝန်းမြို့တော်ဝန် ဦးပေစိဘုရား အနောက်ဖက်၌ မစိုးရိမ်တိုက်သစ် အမှတ် ( ၃) ကို တည်ထောင်ပေးခဲ့သည်။

ယင်းတိုက်၌ စာသင်သားသံဃာ ၁၀၀-ကျော်မျှ သီတင်းသုံး နေထိုင်လျှက်ရှိသည်။ ပြည်ကြီးတံခွန် မစိုးရိမ် တိုက်သစ်၌ ဆရာတော်ဦးရာဇဓမ္မကိုယ်တိုင် နေ့စဉ် စာပေပို့ချ သာသနာပြုလျှက်ရှိသည်။ ဗမာပြည်ပြန်မရောက်မီ သေချင်လျှင်လည်း
သေပါလိမ့်မည်။ မသေခင် သံဝေဂဉာဏ်ပွါးများ၍ တကာ-တကာမများကိုလည်း သံဝေဂဖြစ်အောင် သံဝေဂ တရားသာ ဟောကြားလေ့ရှိသည်။ ဘွဲ့များ ရရှိသော်လည်း ယင်းဘွဲ့များကို အသုံးပြုလေ့မရှိပါ။ ဘွဲ့ရခြင်းကြောင့် ဆက်ကပ်ထားသည့် ဖရီးပတ်စ် လက်မှတ်များကိုလည်း တကြိမ်တခါမျှ အသုံးမပြုခဲ့

ဆရာတော်ဘုရားကြီးသည် ယခင်စစ်အစိုးရလက်ထက်တွင် ၀ိနယ ကိုလေးစားသည့်အလျှောက် ဆရာတော်ဘုရားမှ စစ်အစိုးရအား တရားသဖြင့် ဆိုဆုံးမသည်ကို လက်မခံပဲ ဆရာတော်ဘုရားကြီးအား ထောင်တွင်းအကျဉ်ချခဲ့ကြလေ၏..။

(ဆရာတော်၏ သြ၀ါဒများအား ဖတ်လိုလျှင်)
http://www.facebook.com/masoeyeintaik?fref=ts

မိုးမခစာဖတ်သူများကို ပေးအပ်ခဲ့သော သြ၀ါဒ –

http://moemaka.wordpress.com/2011/06/30/sayadawgyi-u-yaza-dhamma-urged-unity-of-burmese-community-in-and-outside-of-burma/#more-25165


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:လူများ၊ ရုပ်ပုံလွှာများ, သတင်းပဒေသာ, ဖြစ်ရပ်များ၊ အမှတ်တရများ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

MoeMaKa Monthly July 2017 ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ

By

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ (မိုးမခစာအုပ်စင်) ဇွန် ၉၊ ၂၀၁၇...

Read more »

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ

By

 မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ (မိုးမခ) ဧပြီ ၂၊ ၂၀၁၇ ကမ္ဘာဟာအကြမ်းပညာနဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်