လက်ပံတောင်းတောင်ကို ကျော်၍ … (ဖြတ်ကျော်စရာများ) ကို ဖြတ်မည် – Zaw Aung (Mon Ywa)

March 16, 2013

လက်ပံတောင်းတောင်ကို ကျော်၍ … (ဖြတ်ကျော်စရာများ) ကို ဖြတ်မည်

ဇော်အောင် (မုံရွာ)၊ မတ် ၁၆၊ ၂၀၁၃

မုံရွာကြေးစင်တောင်ဒေသမှာ ကြီးပြင်းလာသူ ဒေါက်တာကျော်တင့် ကြေးနီစီမံကိန်း မုံရွာကြေးနီသိုက်များကို သိပ္ပံနည်းကျလေ့လာခြင်း စာတန်း ၁၃ဇန္န၀ါရီ၂၀၁၃ ထွက်လာပါတယ်။ စာမျက်နှာ၃၄ ရှိပါတယ်။ တောင်ကြီး၂ခု ကြေးစင်တောင်နဲ့စပယ်တောင်တို့ ဖြိုဖျက်ပြီး၊ ယူဂိုဆလားဗီးယားနိုင်ငံက အိုင်ဗင်ဟိုးကုမ္မဏီက အကုန်ထုတ်သွားပါပြီ။ ကြေးနီအကြောင်း ပညာရှင်တစ်ဦးအနေနဲ့ ကြေးနီဖြစ်ပေါ်လာပုံ၊ ကြေးနီအသုံးဝင်ပုံ၊ အခုခေတ် အီလက်ထရွန်းနစ် အိုင်စီများ၊ ၀ါယာကြိုးများ၊ လက်နက်ကျည်ဆံများမှာ ကြေးနီအသုံးပြုပုံ၊ ၂၀၀၆ နောက်ပိုင်း ဈေးနှုန်း ၂ဆ၊ ၃ဆ (1 metric ton = US$3000 to US$8000)  ဈေးတက်လာပြီး အခု တရုပ်ဝမ်ပေါင်မှ ကြေးနီစက်ရုံကို ဆက်လက်ထုတ်လုပ်နေခြင်းများ၊  စပယ်တောင်၊ ကြေးစင်တောင်နဲ့ လက်ရှိ လက်ပံတောင်းတောင် ကြေးနီပါဝင်မှုများကို ဇယားနဲ့ဖေါ်ပြထားပါတယ်။ ၀.၄% လောက်ပဲ ရှိပါတယ်။

 ကမ္ဘာ့ဈေးကွက်၊ ကမ္ဘာ့ကြေးနီသိုက်များနဲ့ ယှဉ်ပြပါတယ်။ လက်ပံတောင်းတောင် ကြေးနီပါဝင်မှုဟာ ၀.၄၃ ရာနှုန်းလောက်သာ ရှိတဲ့အတွက် ကမ္ဘာ့ကြေးနီထုတ်လုပ်မှု ၁ ရာနှုန်းလောက်ရှိမှာ စီးပွားဖြစ် ထုတ်လုပ်လေ့ရှိကြောင်းကို ဖေါ်ပြထားပါတယ်။ ကြေးနီသန့်စင်ရုံဟာ ဒေါ်လာ ၁၅၀သန်း လောက်တန်ဖိုးရှိပြီး ဂျပန် မာရုဘဲနီ နဲ့ နစ်ရှိုးအီဝအီ (ယခု ဆိုးဂျစ်ဆု) နာမည်ကြီးပွဲစားကုမ္မဏီများက တည်ဆောက်ပေးခဲ့ပြီး၊ ယခုတိုင် အသုံးပြုနေတဲ့ စက်ရုံဖြစ်ပါတယ်။

နှစ်စဉ် ထုတ်လုပ်ခဲ့တဲ့ ကြေးနီတန်ချိန်ပေါင်း များစွာဟာ အရင်းကြေ၊ အမြက်ထွက်ပေမဲ့ အိုင်ဗင်ဟိုးကုမ္မဏီဟာ သမရိုးကျမဟုတ်တဲ့ အက်စစ်များသုံးစွဲမှုကြောင့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် တရားစွဲဆိုခံခဲ့ရပါတယ်။ အခု တရုပ်များက ဆက်လက်ထုတ်နေရာမှာ အမြက်အစွန်းများစွာ ရနေတယ်ဆိုတာ သေချာပါတယ်။

ကမ္ဘာက မသုံးတဲ့နည်းလမ်းကို ဆက်လက်သုံးစွဲခြင်းကတစ်ချက်၊ တကယ်လဲ စီးပွားဖြစ်ထုတ်နိုင်တဲ့ ရာနှုန်းက ၅၅% နဲ့ အထက်ဖြစ်ကြောင်း အမေရိကား၊ သြစတြေးလျား နဲ့ တရုပ်အပါဝင် ပျှမ်းမျှ ကြေနီသတ္တုတွင်းများကို ဖေါ်ပြထားပါတယ်။ မြန်မာ့ လက်ပတောင်းတောင် ကြေးနီပါဝင်မှု ၀.၄၃% ကလည်း နည်းတော့ စက်အားနဲ့ထုတ်ရင် အမြက်မရှိနိုင်ကြောင်း၊ ရပ်ဆိုင်းသင့်ကြောင်း ဖေါ်ပြထားပါတယ်။

သို့သော် …လူလုပ်အားခ ဈေးချိုလှတဲ့ မြန်မာပြည်မှာ သမရိုးကျနည်းလမ်းမဟုတ်တဲ့ နည်းပညာကြောင့် တရုပ်စက်ရုံဟာ အမြက်အစွန်းများစွာထွက်မှာသေချာပါတယ်။ မြန်မာအစိုးရ ဘယ်လောက်ရမယ် ဆိုတာလည်း မသိနိုင်၊ ပတ်ဝန်းကျင်ပျက်စီးမှုဆိုတာတော့ (ကျွန်တော် မုံရွာကို ဇန္န၀ါရီ ၂၀၁၃ ရောက်သွားချိန်) မျက်ဝါးထင်ထင် မြင်ခဲ့ရပါတယ်။  ဆက်လုပ်မလုပ်ဆိုတာလည်း လက်ရှိအစိုးရက ဆုံးဖြတ်ရမှာဖြစ်ပေမဲ့ နောင်လာမဲ့ စီမံကိန်းများအတွက် ဒေါက်တာကျော်တင့်ရဲ့ သုတေသန စာတန်းလေးဟာ စံနမူနာဖြစ်ကြောင်း ရေးလိုက်ပါတယ်။

ဇော်အောင်(မုံရွာ)

Ref:

(ဒေါက်တာကျော်တင့်၏ ကြေးနီတောင် စာတမ်း)
http://mingalaronline.biz/ebooks/copper.mine.monywa.pdf
 
(ဒေါ်စုကော်မရှင်၏ လက်ပံတောင်းတောင် အစီရင်ခံစာ)
http://www.scribd.com/doc/130173797/%E1%80%9C%E1%80%80%E1%80%B9%E1%80%95%E1%80%B6%E1%80%B1%E1%80%90%E1%80%AC%E1%80%84%E1%80%B9%E1%80%B8%E1%80%B1%E1%80%90%E1%80%AC%E1%80%84%E1%80%B9-%E1%80%B1%E1%80%80%E1%80%AC%E1%80%B9%E1%80%99%E1%80%9B%E1%80%BD%E1%80%84%E1%80%B9-%E1%80%A1%E1%80%85%E1%80%AD%E1%80%9B%E1%80%84%E1%80%B9%E1%80%81%E1%80%B6%E1%80%85%E1%80%AC  

နောက်တိုး –

ဝမ်ပေါင်ကုမ္မဏီ၏ သဘောထား ထုတ်ပြန်ချက်
ဦးပိုင်ကုမ္မဏီ၏ သဘောထား ထုတ်ပြန်ချက်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:သူတို့အာဘော်, ဇော်အောင် (မုံရွာ)

2 Responses to လက်ပံတောင်းတောင်ကို ကျော်၍ … (ဖြတ်ကျော်စရာများ) ကို ဖြတ်မည် – Zaw Aung (Mon Ywa)

  1. hantint on March 17, 2013 at 1:07 am

    ဒေါက်တာကျော်တင့်ကိုအထူးလေးစားပါတယ်ခင်ဗျာ။ ဆ၇ာ၇ဲ.စာတမ်းကိုဒေါ်စုဖတ်မိပါစေလို.ဆုတောင်းပါတယ်။ကျွန်တော် လက်ပံတောင်း ၂ ခါေ၇ာက်ဖူးတယ်။mining ကျောင်းသားပေါ.။1985 1986 ပါ။ဒေသခံ နဲ့ထပ်တူခံစား၇ပါတယ်။

  2. Myint Thein on March 17, 2013 at 2:33 am

    အိုင်ဗဟိုးက ကနေဒါ က ပါ။ယ္ခုဆို အိုင်ဗင်ဟိုး ဆိုထဲနာမည်ပြောင်းသွားပါပြီ။၂၀၁၂ ဇွန်လကပြောင်းသွားတာ

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း စက်တင်ဘာ ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်