အာဏာရူးစနစ်ကို ကျင့်သုံးသောအာဏာရှင်များနှင့် ဒီမိုကရေစီဆိုသူများ

December 25, 2013

နေလင်းညီ
ဒီဇင်ဘာ ၂၅၊ ၂၀၁၃
အာဏာရူးစနစ်ကို အာဏာရှင်များကသာ ကျင့်သုံးကြသည်မဟုတ်။ ဒီမိုကရေစီဘက်တော်သားဟု ဆိုသူတို့ကလည်း ကျင့်သုံးခဲ့ကြသည် သာဖြစ်၏။
အာဏာ ရရှိရေး၊အာဏာတည်မြဲရေး အတွက် တိုင်းပြည်၊ လူမျိုးနှင့် သာသနာကို မထောက်ထား၊ဘာမဆို လုပ်ရဲသူတို့ကိုအာဏာရူးစနစ် ကျင့်သုံးသူများဟု ဆိုလိုပါသည်။ သူတို့သည် အာဏာတည်မြဲရေး အတွက်သာဆိုလျှင် ပြည်ပနိုင်ငံကြီးတစ်ခုခု ခြေဖဝါးအောက်သို့ တိုးဝင် အညံ့ခံပြီးလျှင် အရှက်မရှိ ရပ်တည်ရဲကြသည်။ သို့သော် ဆန့်ကျင်ဖက်တို့က အခြားသောနိုင်ငံများနှင့်ဆက်သွယ်ကြပါမူ၊ ဆန့်ကျင်ဖက်တို့ကို ပြည်ပအားကိုး ပုဆိန်ရိုးဟုအော်ဟစ်လေ့ ရှိခဲ့ကြသည်။ အမှန်အားဖြင့်ကား အာဏာရူးတို့ ကိုယ်တိုင်ပင် ပုဆိန်ရိုး အဖြစ်ဖြင့် တိုင်းပြည်၊လူမျိုး နှင့်သာသနာတော်၏ အကျိုးစီးပွားကို အမြစ်မှ လှဲဖြိုဖျက်ဆီးခဲ့ကြောင်း၊ သမိုင်းသက်သေ အထင်အရှားရှိခဲ့ပေ၏။
သူတို့သည် အာဏာသည်သာ အမိ၊ အာဏာသည်သာ အဖဟု ခံယူပြီးလျှင် အာဏာ သရဏံ ဂစ်ဆာမိဟု အခါမလပ် ရွတ်ဖတ် သရဈယ်လေ့ ရှိခဲ့ကြသည်။ ခွေးတို့သည် မစင်ကို အာသာငမ်းငမ်း တမ်းတသကဲ့သို့ ၊ အာဏာရူးတို့သည် အာဏာကိုသာ အာသာငမ်းငမ်း မက်မော တမ်းတလေ့ရှိခဲ့ကြပေသည်။
အာဏာတည်မြဲရေးအတွက်သာဆိုလျှင် နှစ်ပေါင်းထောင်ချီ တည်တံ့လာခဲ့သော ၊မြတ်ဗုဒ်ဓသာသနာကိုပင်မငဲ့ညှာခဲ့။ ရတနာသုံးပါးကိုလည်းစော်ကားခဲ့ကြသည်ဟု ရဟန်းပညာရှိတို့က မှတ်တမ်းတင်ခဲ့ကြသည်။မှတ်သားဖွယ်ပင် ဖြစ်ပါသည်။
အာဏာရူးတို့၏ ခြစားမှု၊ ဘက်လိုက်မှု၊တရားလက်လွတ်ဖြစ်မှုကြောင့်အလွန်အမင်း ဆင်းရဲလာသော ပြည်သူလူထုသည် နစ်နာဆုံးရှုံးမှု များစွာ ဖြစ်လာကြသည်။ ပြည့်တန်ဆာ (ဖါသယ်မ) များ အဆမတန် တိုးပွားလာပြီးလျှင် HIV, AIDS ဝေဒနာရှင်များကို မရပ်မနား မွေးထုတ် ပေးသည်။ အိမ်နီးချင်းနိုင်ငံများသို့ပင် ပြည့်တန်ဆာများ တင်ပို့မစဲတသဲသဲ ဖြစ်ကြရ၏။ ကလေးမွေးပေးရန် လိုအပ်သော တိုင်းပြည်ကြီးသို့လည်း၊လူမျိုး၏ ဂုဏ်ကျက်သရေကို အမှေးမှိန်ခံပြီး ရောက်နေကြရ၏။
မိဘ ဖိုးဖွါး အစဉ်အဆက်က ရတနာသုံးပါးကိုကိုးကွယ်လာခဲ့ကြသော လူမျိုးဖြစ်ပါလျှက် ဆင်းရဲလွန်းခြင်းကို သည်းမခံနိုင်သဖြင့် ဘာသာ ခြား အချို့က ပေးကမ်းကျွေးမွေး စောင့်ရှောက်ခြင်းကို၊ ခံယူကြရှာသောသူအချို့မှာ ဘာသာခြားဖြစ်သွားကြရှာ၏။ ဗုဒ္ဓဘာသာ မဟုတ်သော တိုင်းရင်းသားများ ဘာသာခြားဖြစ်သည်မှာ မထူးဆန်းပေ။ ဗုဒ္ဓဘာသာဝင် အချို့ဘာသာခြား ဖြစ်သည်မှာ မျက်နှာသုတ်ပုဝါက မစင်ပေခြင်း
ဖြစ်၏။ နှမြောဖွယ်ပါပေ။ (ခြေသုတ်ဝတ်က မစင်ပေလျှင် နှမြောဖွယ် မရှိ။) အာဏာရူးတို့က ပြည်သူတရပ်လုံးကို ဆင်းရဲတွင်းနက်စေခြင်း၏ ဆိုးကျိုးရလဒ်တစ်ခု ဖြစ်၏။
ကျန်မာရေး၊ပညာရေးတို့မှာ အဆိုးဆုံးအခြေအနေ ဖြစ်၏။ပြည်ပသို့ ပုံစံမျိုးစုံဖြင့်ထွက်ခွာကာ စားဝတ်နေရေးကို ဖြေရှင်းနေကြရ၏။ ပြည်ပ အခြေချ မိမိနိုင်ငံသားများမှာလည်း ဒုတိယမျိုးဆက်တွင် လူမျိုးပျောက်၊ စကားပျောက်၊ စာပေပျောက်၊ သာသနာပျောက် ထိုအန္တရာယ်များ က အသင့်စောင့်ကြိုနေလေသည်။
အာဏာရူးစနစ်ကို များသောအားဖြင့် အာဏာရှင်တို့က ကိုင်တွယ်ကျင့်သုံးကြသဖြင့်
အာဏာရူးစနစ်နှင့် အာဏာရှင်စနစ်တို့ကို အတူတူဟုပင် ထင်မြင်ယူဆလေ့ ရှိကြပေသည်။ မတူပါပေ။
အာဏာရှင်တိုင်းသည် အာဏာရူး မဟုတ်သကဲ့သို့၊ အာဏာရူးတိုင်းသည်လည်း အာဏာရှင်မဟုတ်ပေ။
နိုင်ငံတကာသမိုင်း ဖြစ်ရပ်ကိုကြည်.လျှင် အချို့သော (အနည်းငယ်မျှသာ အရေအတွက်ရှိသော) အာဏာရှင်တို့သည် တိုင်းပြည်နှင့်လူမျိုး၏ကောင်းကျိုးကို အတိုင်းအတာတစ်ခုအထိ ဆောင်ကျဉ်းပေးနိုင်ခဲ့ကြောင်း တွေ့ရသည်။ ထို့ကြောင့် သူတို့ကို အာဏာရူးဟု မဆိုထိုက်ပေ။ (ထိုအကြောင်းကို သီးသန့်ရေးသားရမည် ဖြစ်၏)
ဥပမာ တစ်ခုမှာ၊ယခုအခါ တောင်ကိုးရီးယားနိုင်ငံတွင် ပထမဦးဆုံး အမျိုးသမီးသမတအဖြစ် အုပ်ချုပ်လျှက်ရှိသော၊ ပတ်ဂွင်ဟေး၏ ဖခင် ပတ်ချုံဟီး ဖြစ်သည်။ သူသည် အာဏာရှင် ဗိုလ်ချုပ်ကြီးဖြစ်သော်လည်း၊ အမြော်အမြင်ကြီး၏။ တိုင်းပြည်နှင့်လူမျိုးကို စေတနာထား၏။ အမေရိကန်နိုင်ငံမှ ငွေကြေးအကူအညီနှင့် နည်းပညာအကူအညီများကို ရယူပြီး တစ်နိုင်ငံလုံးအနှံ့ လျှပ်စစ်ဓါတ်အား ရရှိရန်နှင့် တယ်လီဖုန်း ဆက်သွယ်ရေးရရှိရန် ဆောင်ရွက်ခဲ့၏။ သူ အလုပ်ကြံခံရပြီးနောက် လျှပ်စစ်နှင့် ဖုန်း အဆင်ပြေသဖြင့် စက်မှုစီးပွားမှာ တဟုန်ထိုး တိုးတက် ဖွံ့ဖြိုး၏။ တိုင်းပြည် စီးပွားရေး အထူးကောင်းမွန်လာ၏။
ဖခင်သည် အာဏာရှင်အဖြစ် ရက်စက်နှိပ်ကွပ်မှုများရှိသဖြင့် တောင်းပန်ပါကြောင်း၊ သို့သော် ဖခင်၏ အမြော်အမြင်နှင့် ဆောင်ရွက်ချက် ကိုလည်း အသိအမှတ် ပြုကြစေလိုကြောင်း ဟောပြောကာ ပတ်ဂွင်ဟေးက မဲဆွယ်ခဲ့ရသည်။
အာဏာရူးတို့မှာမူ တိုင်းပြည်၏အရင်းအမြစ်မှန်သမျှ ကိုယ်ကျိုးစီးပွားအတွက် အသုံးပြုခဲ့ကြကြောင်း သိသူတို့က ဖော်ထုတ်နေကြ၏။ မ တန်တဆ ဈေးနှိမ်ခံကာ ပြည်ပနိုင်ငံကြီးထံ ရောင်းခဲ့ကြသည်ဟုဆိုသည်။ စီမံကိန်းကြီးများမှာလည်း၊ ငွေကြေးမြောက်မြားစွာ ကျခံတည် ဆောက်ခဲ့ပါသော်လည်း၊ နေရာဖယ်ပေးရသောပြည်သူတို့သာ ဒုက္ခရောက်၏။ ရမည်ဟူသော အကျိုးကျေးဇူး (ဥပမာ ဓာတ်အား) မှာ ပြော ခဲ့တာ၏ ထက်ဝက်မျှပင် မထွက်ပေ။
အာဏာရူးတို့ ရစရာမရှိအောင် ညံ့ဖျင်းခဲ့ကြ၊ မှားယွင်းခဲ့ကြသော်လည်း သူရဲဘောကြောင်သူများပီပီ အမှားကိုဝန်ခံဖို့ လားလားမျှ စိတ် ကူးကြဟန်မတူဟု လေ့လာသူတစ်ဦးကဆို၏။
အာဏာရှင်တို့ကျင့်သုံးသော  အာဏာရူးစနစ်ကို အများပြည်သူတို့ကိုယ်တိုင် ခါးသီးစွာ တွေ.ကြုံခဲ့ကြပြီးဖြစ်ရာ ၊ဆက်ကာ မရေးလိုတော့ပေ။
ဒီမိုကရေစီဆိုသူများ ကျင့်သုံးသော အာဏာရူးစနစ် အကြောင်းကို ရေးလိုပါသေး၏။
ဒီမိုကရေစီစနစ်ကို အများဆန္ဒအရ အုပ်ချုပ်ခြင်းဟုဆိုကြ၏။ အများ၏ဆန္ဒဟူသည်မှာလည်း အများ၏ အမြော်အမြင်ပေါ်တွင်သာ မူတည် နေပါသည်။ အများ၏ဆန္ဒရယူရာတွင် မဲရလျှင်ပြီးရော၊ အာဏာရလျှင် ပြီးရောဟု ခံယူပြီး ကလိန်ကကျစ် နည်းလမ်းမျိုးစုံကို ကျင့်သုံးခြင်း သည် အာဏာရူးစနစ်ကို ကျင့်သုံးခြင်းပင် ဖြစ်သည်။
(၁) မဲခိုး ၊မဲလိမ်ပြီးလျှင်အများစုက ထောက်ခံတင်မြှောက်သည်ဟု ဗြောင်လိမ်ဗြောင်စားလုပ်သော အာဏာရူးများ ရှိခဲ့သည်။ (ထောက်ခံမဲ မပေးလျှင် ဒုက္ခရောက်သွားမည်ဟု ခြိမ်းခြောက်ခြင်းမျိုးလည်း ပါဝင်သည်။) ပြည်သူအများ ကြုံခဲ့ဖူးပြီဖြစ်လို့ အကျယ်မရေးတော့ပါ။
(၂) မဲ မခိုးစေကာမူ၊ မဲဆန္ဒတို့၏ လတ်တလော မက်မောမှု၊ ခက်ခဲမှုကိုအခွင့်ကောင်းယူပြီးလျှင် မဲဝယ်သောအာဏာရူးများ ရှိခဲ့သည်။
၁၉၉၉ တွင် စာရေးသူသည် မြို.နယ်တစ်ခု၏ စာပေအဖွဲ့ဝင် ဖြစ်ခဲ့၏။ရွေးကောက်ပွဲ၌ A  နှင့် B တို့ ဥက္ကဌလုပ်လိုကြ၏။ A သည် သက်ကြီးဝါကြီး ၊အတွေ့အကြုံရင့် စာပေသက်ရင့်သူ ဖြစ်၏။ သို့သော် သူလည်း ခြောက်ပစ်ကင်းသူတော့ မဟုတ်ပါ။ တပည့်မွေးကာ၊ ကိုယ့်လူမှ ကောင်း သူဟု ပြောတတ်၏။ B ကတော့ အသက်ငယ်၊ စာပေအတွေ့အကြုံလည်း နု၏။ (ယခုတော့ ရင့်ကျက်လာပါပြီ။)
စာရေးသူ ဥာဏ်မီသမျှ စဉ်းစားကြည့်ရာ၊ A သာ ဥက္ကဌ ဖြစ်ထိုက်သူဟုထင်၏။ သို့သော် B က မဲအနည်းငယ်အသာဖြင့် ဥက္ကဌ ဖြစ်သွား သည်။ ဖြစ်ပေမပေါ့ဗျာ။ B က ဆင်းရဲသူကို ဈေဖိုးသွားပေးသည်။
မိန်းမလိုက်စားသူကို ပြည့်တန်ဆာခေါ်ပေးသည်ဟု ဆိုကြ၏။ အရက်စွဲနေသူကို အရက်ကောင်းကောင်း တိုက်၏။ မဲဆန္ဒရှင်တို့၏ လတ်တ လော မက်မောမှု၊ ခက်ခဲမှုကို အခွင့်ကောင်းယူပြီး မဲဝယ်လိုက်ခြင်းမှာ အာဏာရူးတို့၏ ကျင့်ထုံးတစ်ခုပင်ဖြစ်သည်။
(၃) မဲဆန်ဒရှင်တို့ကို အမြော်အမြင် ရှိလာအောင်၊ မျက်စိဖွင့် နားဖွင့် ပေးရမည့်အစား၊ မျက်စိပိတ် နားပိတ်လုပ်ကာ ဘာသာရေးမှိုင်း၊ လူမျိုး ရေးမှိုင်းတို့တိုက်လျှက် အများက စိတ်လှုပ်ရှားသွေးကြွစွာ မဲပေးအောင်လုပ်သော အာဏာရူးများ ရှိခဲ့သည်။
ဥပမာ ဂျာမနီမှ ဟစ်တလာသည် ရွေးကောက်ပွဲမှတဆင့် မဲအပြတ်အသတ်ဖြင့် အနိုင်ရအောင် ထိုနည်းကို သုံးခဲ့ဖူး၏။
(၄) အများက အားကိုးလောက်သောအရည်အချင်း အစွမ်းအစ မရှိပါပဲလျှက်၊ ရှိသယောင် သရုပ်ဆောင် ဇာတ်တိုက်ကာ အများက မဲပေး အောင် လုပ်သောအာဏာရူးများ ရှိခဲ့သည်။
စာရေးဆရာမန်းတင်က မြို့ပိုင် မောင်ပြုံးချိုဇာတ်လမ်းများကို ရေးခဲ့၏။ ကိုလိုနီခေတ်က ရွေးကောက်ပွဲတစ်ခုအကြောင်းဖြစ်သည်။ မြို့ တစ်မြို့တွင် အမတ်ရွေးကြရာ ကျေင်းဆရာကြီးဟောင်းတစ်ဦးနှင့်ငွေရှိသော ကုန်သည်တစ်ဦးတို့ ပြိုင်ကြသည်။ ဆရာကြီးက ပညာတတ် သည်။ လူမှုရေးသိသည်။ အကျင့်စာရိတ်တ ကောင်းသည်။ တပည့်တပန်းနှင့် မိတ်ဆွေပေါများသည်။ မြို့ခံများကလည်း ဆရာကြီးကို သာမဲပေးဖို့ စိတ်ကူးထားကြသည်။ ဆရာကြီးပဲ နိုင်မည်ဟုယူဆကြသည်။ ကြည့်လေ…..။ ဆရာကြီး၏ပြိုင်ဖက် ကုန်သည်မှာ ငွေရှိတာကလွဲ လျှင်အခြားသော (ဆရာကြီးမှာရှိသည့် အားသာချက်များ) ဘာတစ်ခုမျှ မရှိပေ။ သို့သော် ရွေးကောက်ပွဲ၌ ထိုကုန်သည် ကိုသာ မဲပေး ကြသဖြင့် မဲနိုင်သွားသည်။
အကြာင်းရင်းကား ဒီလိုပါ။ လူစည်ကားသော စားသောက်ဆိုင်တန်း၌ရွေးကောက်ပွဲ နီးလာချိန်တွင် မြို့ခံ လူမိုက်တစ်ဦး ရမ်းကားနေသည်။ လက်ရဲ ဇက်ရဲ ရှိသဖြင်.မည်သူကမျှ မပြောရဲ။ ပုလိပ်တွေကလည်း ထိုလူမိုက်နှင့် ပေါင်းစားနေကျမို့ မသိချင်ယောင် ဆောင်နေရ၏။ ထိုအခိုက်ရွေးကောက်ပွဲဝင်မည့် ကုန်သည်မှာ၊ ထိုဆိုင်တန်းသို့ ရုတ်တရက် ရောက်လာ၏။ လူမိုက်ကို ဇက်ပိုးအုပ်လိုက်သည်။
“မြို့လူထုကို ဒီလိုအနိုင်ကျင့်ရင် ငါသည်းခံမယ် မှတ်သလား”… ဟုလည်း ကြိမ်းလိုက်သည်။ လူမိုက်မှာ လဲကျရာမှ ကြောက်ရွံ့စွာနောက်ဆုတ် ပြေးသွားလေတော့၏။ မြို့ခံလူထုက ထိုလူမိုက်ကို လွန်စွာစက်ဆုတ်ရွံရှာသဖြင့် ထိုလူမိုက်ကို နှိမ်နင်းပေးနိုင်သောကုန်သည်အား စုပြုံမဲ ထည့်လိုက်ကြခြင်းဖြစ်သည်။
တကယ့်အဖြစ်မှန်မှာ ကုန်သည်သည်လူမိုက်ထံသွားပြီး ခြေသလုံးဖက် တောင်းပန်ခဲ့၏။ ထိုသို့သရုပ်ဆောင်ပေးရန် ငွေပေးစည်းရုံးခဲ့၏။ ကုန်သည်က သူအမတ်ဖြစ်လျှင် လူမိုက်ကို ဘယ်လိုလုပ်ပိုင်ခွင်.တွေ ပေးမည်ဟုလည်း ကတိပေး၏။ လူမိုက်ကလည်း ဦးနှေက်ပြေးသူ ဖြစ် ၏။ ဆရာကြီးသာ အမတ်ဖြစ်လျှင် အစွမ်းထက်သဖြင့် သူ့ကိုဖမ်းကာ၊ ထောင်ထဲပို့နိုင်သည်။ အပေးအယူ အကြံအဖန် လုပ်မည်.သူမဟုတ်။ ကုန်သည်ကတော့ ကလိန်ကကျစ်သမားဖြစ်သဖြင့် မိမိနှင့် ပုလင်းတူ ဗူးဆို့လုပ်လို့ရသည်။ ထို့ကြောင့် သူက ဝင်ပြီး သရုပ်ဆောင်ပေးခြင်း ဖြစ်၏။ ကုန်သည်မှာ အမတ်တော့ ဖြစ်သွားသည်။
“ငါ သရုပ်ဆောင်ပေးလို. အမတ်ဖြစ်သွားတာပါ”ဟု လူမိုက်က အရက်ဆိုင်၊ ထန်းရေဆိုင်များ၌ မကြာခဏ ပြောဆိုတာ ခံနေရ၏။ နံပါတ်(၄) အမျိုးအစား အာဏာရူး ဖြစ်ပါသည်။
(၅) အခြားသော ကလိန်ကကျစ်နည်းများဖြင့်မဲရအောင်လုပ်သော အာဏာရူးများ ရှိနေသည်။ အမျိုးသားရေးကို လုံးလုံးပစ်ပယ်ကာ၊ လူ့ အခွင့်အရေးကိုသာ အသံကောင်းဟစ်သူများလည်း  ပါဝင်၏။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:သူတို့အာဘော်, ဝေဖန်ရေးရာ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း သြဂတ်စ် ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ

By

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ (မိုးမခစာအုပ်စင်) ဇွန် ၉၊ ၂၀၁၇...

Read more »

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်