fbpx

ပွင့်ပွင့်လင်းလင်း ပြောလာတဲ့ ဒေါ်အောင်ဆန်းစုကြည် (2013 in review)

December 27, 2013

ပွင့်ပွင့်လင်းလင်း ပြောလာတဲ့ ဒေါ်အောင်ဆန်းစုကြည်

နန်းခင်ထွေးမြင့်  ။ ဒီဇင်ဘာ ၂၇၊ ၂၀၁၃


 

(ဒေါ်နန်းခင်ထွေးမြင့်သည် NLD ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်တဦးဖြစ်သည်။)

၂၀၁၃ ထဲမှာ အကဲဆတ်တဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်ကြတာ ရှိတယ်။ နှစ်ပေါင်းများစွာ ကျမတို့က လူ့အခွင့်အရေးအတွက်   တိုက်ခဲ့ကြတာပါ၊ အခု ဒေါ်အောင်ဆန်းစုကြည်က လူ့အခွင့်အရေးနဲ့ပတ်သက်ပြီး ပြောတဲ့အခါကျတော့ ဒီလို ပြောရကောင်းလားဆိုပြီး သူ့အပေါ် အမြင်တွေ မကြည်လင်ကြဘူး။ ဒါပေမယ့်   ကျမတို့ခေါင်းဆောင်ရဲ့ ဦးဆောင်မှုက မှန်ကန်တယ်လို့ ယုံကြည်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို  ကြားဖြတ် ရွေးကောက်ပွဲဝင်တဲ့ကာလတုန်းကဆိုရင် အတော်များများက ဘယ်လိုမြင်လာကြလဲဆိုရင် ဒီစစ်အစိုးရနဲ အရမ်းပြေလည်အောင်ပေါင်းတယ်၊ ပူးပေါင်းသွားပြီပေါ့နော်၊ ဒါ အပြင်ကပြောတာကို ကျမက တဆင့်ပြန်ပြောတာ၊ ခံစားပြီးပြောတာ။ အတူတူပေါင်းစည်းလုပ်နေကြတယ်လို့ မြင်ကြတယ်၊   ပြေလည်နေကြပြန်တော့လည်း သူတို့တွေ ပြေလည်နေကြပြန်ပြီလို့ မြင်ကြတယ်။ အများအမြင်က မှန်ပါတယ်၊  ကျမတို့က သဘောဆန္ဒတူတဲ့ဟာတွေကို နဂိုကတည်းက အတူတူ ပေါင်းစည်းပြီး လုပ်မယ်လို့  ပြောထားပြီးသား။    ကျမတို့က ဒီလိုရင်ကြားစေ့ဖို့  နှစ်ပေါင်းများစွာ ကြိုးစားခဲ့ကြတာလေ။

အတိုက်ခံပါတီတစ်ခုအနေနဲ့ ကျမတို့ရပ်တည်ချက်အကြောင်း ပြောရရင်   ဘယ်လောက်ပဲရင်ကြားစေ့စေ့ အခုတော့ပြောသင့်တဲ့အချိန်ရောက်လာပြီလေ။    တပ်မတော်ရဲ့ အခန်းကဏ္ဍကို လျှော့သင့်တာတွေ၊ တပ်မတော်ရဲ့ကိစ္စတွေကို သူ ပွင့်ပွင့်လင်းလင်းပြောလာပြီ။ အဲဒီလို လုပ်တာကို  ပူပင်နေကြတာတွေ၊ ဝေဖန်နေကြတာတွေ အမျိုးမျိုး ရှိပါတယ်။ ကျမတို့က ကျမတို့ခေါင်းဆောင်ကို ယုံလည်း ယုံကြည်တယ်၊ စိတ်လည်းစိတ်ချတယ်၊ သူဟာ   မှန်မှန်ကန်ကန် ဦးဆောင်မှုကို ပေးနိုင်သူပါ။   ၂၀၁၃ မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုပ်ဆောင်ချက်တွေဟာ အောင်မြင်တယ်လို့ပဲ ပြောရပါမယ်။

========================================

၂၀၁၃ နဲ့ ပုဂ္ဂိုလ်တချို့၊ ဖြစ်ရပ်တချို့

နှစ်ကုန်ချိန်မှာ ၂ဝ၁၃ အတွင်း အရေးကြီးဖြစ်ရပ်၊ အထင်ကရဖြစ်ခဲ့သူ၊ မေ့လျော့ခံနေရသူတွေထဲက တချို့အကြောင်း ပြောပြဖို့ မိုးမခမီဒီယာက ရွေးချယ်ထားပါတယ်။

တနှစ်တာအတွင်း လှုပ်ရှားဖြတ်သန်းခဲ့တာတွေကို သုံးသပ်ခြင်း၊ ပြန်လည်သတိရခြင်း၊ မိတ်ဆက်ပေးခြင်းတွေ ပါဝင်မှာဖြစ်ပါတယ်။ 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:2013 in Review, အင်တာဗျူး

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ

By

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၈ မိုးမခစာပေက ထုတ်ဝေပြီး...

Read more »

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)