ကြူဝတ်ကျေးရွာ၊ လူ့အခွင့်အရေးအလုပ်ရုံဆွေးနွေးပွဲ

January 3, 2014

ချမ်းမြ (မိုးမခအထောက်တော်)
ဇန်န၀ါရီ ၃၊ ၂၀၁၄
(၃၀-၁၂-၂၀၁၃) ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်၊ ကြူဝတ်ကျေးရွာ ဘုန်းကြီးကျောင်းတွင် လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့(HRDP)က လူ့အခွင့်အရေးအလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ပါသည်။ ကျေးရွာသူကျေးရွာသား (၇၀)ကျော် တက်ရောက်ပါသည်။ ကျေးရွာသူကျေးရွာသားများက အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာစာတမ်းကို ယခုမှ တွေ့မြင်ရကြောင်းပြောကြားခဲ့သည်။ လူ့အခွင့်အရေးဘာလဲ အမည်ဖြင့် အလုပ်ရုံဆွေးနွေးခဲ့ပါသည်။
အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာစာတမ်းကို ၁၉၄၈ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်တွင် ပြင်သစ်နိုင်ငံ ပါရီမြို့၌ ကျင်းပသော တတိယအကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၌ အတည်ပြုကြေညာခဲ့သည်။ အတည်ပြုချမှတ်ကြေညာရန် မဲခွဲဆုံးဖြန်ချိန်တွင် ကုလသမဂ္ဂအဖွဲ့ဝင် မြန်မာနိုင်ငံသည် လူ့အခွင့်အရေး ကာကွယ်ရေးနှင့် မြှင့်တင်ရေးကို အလေးထားသည့် အနေဖြင့် ထောက်ခံမဲပေးခဲ့သော နိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။

“သက်တမ်း (၆၅)နှစ်ပြည့်တဲ့ ဒီအပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာစာတမ်းကို ကျေးရွာသူ၊ ကျေးရွာသားတွေအနေနဲ့ ယခုမှတွေ့မြင်ရတာဟာ လူ့အခွင့်အရေးကို မြှင့်တင်မှု၊ ကာကွယ်မှုတွေ မရှိနေတာကိုဖော်ပြတာဘဲ” ဟု ဦးဆောင်ဆွေးနွေးသူ (HRDP)ရဲ့ ဘုတ်အဖွဲ့ဝင် ဦးဇော်ထွန်းကပြောသည်။ ထိုသို့ဆွေးနွေးမှုကို အရမ်းကျေးဇူးတင်ကြောင်း ဒေသခံ ကျေးရွာသူ၊ ကျေးရွားသားများက ကျေးဇူးတင်စကားပြောကြားပါသည်။ 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ချမ်းမြ (မိုးမခအထောက်တော်), သတင်းပဒေသာ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ

By

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ (မိုးမခ) သြဂုတ် ၂၄၊ ၂၀၁၈ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်...

Read more »

ဂီတအနုပညာရှင်ကြီး မာမာအေး စိန်ရတုမွေးနေ့ အမှတ်တရ မိုးမခစာအုပ်ထုတ်

By

ဂီတအနုပညာရှင်ကြီး မာမာအေး စိန်ရတုမွေးနေ့ အမှတ်တရ မိုးမခစာအုပ်ထုတ် (မိုးမခစာအုပ်စင်) သြဂုတ် ၁၇၊ ၂၀၁၈...

Read more »

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ

By

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ (မိုးမခ)...

Read more »

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်