fbpx

ဒေါ်မာမာအေး ဖို့ဝိန်းနေအိမ်တွင် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သင်ကန်းလှူ၊ အမျှဝေမည်

January 4, 2014

ဒေါ်မာမာအေး ဖို့ဝိန်းနေအိမ်တွင် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သင်ကန်းလှူ၊ အမျှဝေမည်

မိုးမခအထောက်တော် ၀၀၂၊ ဇန်န၀ါရီ ၃၊ ၂၀၁၄

လာမည် နက်ဖြန်၊ ဇန်န၀ါရီ ၄၊ မြန်မာပြည်၏ ၆၆ နှစ်မြောက် လွတ်လပ်ရေးနေ့ နှစ်လည်တွင် ဂီတပညာရှင် ဒေါ်မာမာအေးက သူ၏ ဖို့ဝိန်းနေအိမ်တွင် သင်္ကန်းကပ်လှူ အမျှပေးဝေမည်ဟု သိရသည်။

နှစ်စဉ် လွတ်လပ်ရေးနေ့နှင့် ထူးခြားသောအထိမ်းအမှတ်နေ့များတွင် ဒေါ်မာမာအေးသည် ရောက်ရာဒေသနေရာတွင် ဆွမ်းကပ်ခြင်း၊ ကောင်းမှုကုသိုလ်ပြုခြင်းတို့ကို ပြုလုပ်လေ့ရှိသည်။ ယခုတခါတွင်လည်း ဆီးပန်းနီက အစ ဦးဝိစာရဆရာတော်ကြီးများအကြောင်း ဖတ်ရှုမိရင်း “လွတ်လပ်ရေးဝေဒနာ” ရပြီး ဆောက်တည်ရာမရလွန်းလို့ အခုလို ကောင်းမှုကုသိုလ်လုပ်ရန် စဉ်းစားကြောင်း ဒေါ်မာမာအေးက မိုးမခကို ပြောကြားသည်။

မြန်မာပြည်သို့ ခေတ္တခဏ ပြန်ရောက် လည်ပတ်နေသော်လည်း သူ၏ ဒုတိယအိမ်ဖြစ်သည့် အမေရိကန်ပြည်တွင် ဆက်လက် မှီတင်းနေထိုင်နေရဆဲ ဖြစ်သည့် ဒေါ်မာမာအေးအနေဖြင့် အိမ်လွမ်းသည့် ဝေဒနာမှာ ပိုမိုပြင်းထန်ပုံရသည်။ မြန်မာပြည်၏ အဝေးရောက် မိသားစုများမှာ ယခုထိတိုင် နေရပ်သို့ လွတ်လပ်စွာ ပြန်လည်သွားရောက်နိုင်ခြင်း မရှိသူ အများအပြားရှိနေဆဲဖြစ်သည်။ သမိုင်းမှတ်တမ်းအရ လွတ်လပ်ရေးသက်တမ်း ၆၆ နှစ် ရှိပြီ ဖြစ်သော်လည်း မြန်မာပြည်သူများမှာ စစ်အာဏာရှင်များ၊ အာဏာရှင် အသိုင်းအ၀ိုင်း၏ လက်အောက်မှ လွတ်မြောက်ခြင်း မရှိသေးပေ။

မြန်မာပြည်ကို များမကြာမီ သွားရောက်ရန် စီစဉ်နေသည်ဟု ဒေါ်မာမာအေးက မိုးမခကို ပြောသည်။ မကြာမီ ထုတ်ဝေဖြန့်ချိတော့မည် မိုးမခလစဉ်မဂ္ဂဇင်းစာစောင် အဖွဲ့သားများ၏ ရန်ကုန်မြို့ရှိအလုပ်စခန်းသို့ သွားရောက်တွေ့ဆုံဦးမည်ဟု မိုးမခ၏ ဂုဏ်ထူးဆောင် နာယကအဖြစ် ရပ်တည်ပေးနေသူ ဒေါ်မာမာအေးက သူ့ဆန္ဒကို ထုတ်ဖော်ပြောကြားသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:မာမာအေး, နိုင်ငံတကာရေးရာ

One Response to ဒေါ်မာမာအေး ဖို့ဝိန်းနေအိမ်တွင် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သင်ကန်းလှူ၊ အမျှဝေမည်

  1. aye mg than on January 5, 2014 at 2:26 pm

    ဒေါ် မာမာ အေးရဲ့ကုသိုလ် ကို သာဓု ခေါ်ပါတယ် ကျမ်းမာစေရန်လည်း ဆုတောင်ပါတယ် သီချင်းတွေလည်းမျာများဆိုပါဦးလို့ စာတွေလည်းေ၇းပါလို့ ။ရှင်ပြု အလှု တွေ သီဆို ပြီးတဲ့ သီချင်းတွေကို စုပြီး “အလှု လုပ်ဖို့ ကြိုတင် ပြင်ဆင်တဲ့ အချိန်ကစပြီး ရှင်လောင်လှည့် ၊
    ကွန်းတောင်ကိုင် နှင့် သာချို တို့ အကြောင်း နောက်ဆုံး ပီတိ မျက်ရည် ကျတဲ့ အဖိုးတွေ အဖွား တွေ အထိ ” ဇတ်လမ်းက လေးလို စီကာ ပါတ်ကုံး ထုပ်စေချင်ပါတယ် အလုပ်လည်းရှပ်မှာပါ ။ကျေူဇူးတင်ပါတယ်။

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ

By

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၈ မိုးမခစာပေက ထုတ်ဝေပြီး...

Read more »

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)