ဆယ်လ်မွန်သင်းကွဲ (Thit Kaung Eain)

January 5, 2014

ဆယ်လ်မွန်သင်းကွဲ

သစ်ကောင်းအိမ်

မိကျောင်းပေါတဲ့

နွံတောကြီးတွေကို ဖြတ်ပြီးမှ

အိမ်ပြန်ရောက်မယ်။

 

မီးသတ်ကားဥသြကို

တယောနဲ့ဆွဲတဲ့

မြို့ကြီးပြကြီးတွေကို

တွားသွားခုတ်မောင်းပြီးမှပဲ

အိမ်ပြန်ရောက်မယ်။

 

ဘီလူးဂမုန်းကို

သွေးနဲ့လောင်းပြီး

ပေါင်းသင်စိုက်ပျိုးထားတဲ့

သွေးရဲရဲသံရဲရဲ ပန်းခင်းကြီးတွေကို

လွန်မြောက်တော့မှပဲ

အိမ်ပြန်ရောက်မယ်။

 

သိန်းငှက်တွေ ဝဲနေတဲ့

တရွေ့ရွေ့ကုလားအုပ်တန်းကြီးရဲ့

ခွာရာတွေအောက်က

မိုးမဆုံးမြေမဆုံး ကန္တာရကြီးကို

ကူးခတ်ကျော်လွန်ပြီးတော့မှပဲ

အိမ်ပြန်ရောက်မယ်။

 

ကမ်းပါးထိပ်မှာ

အကုသိုလ်ဆံပင်ဖားလျားနဲ့

လက်မရွံ့ပါးကွက်သားတွေက

ဟားတိုက်ရယ်မောနေတဲ့

ရေတံခွန်ကြီးတွေရဲ့

တဝုန်းဝုန်း ကျိန်ဆဲသံတွေကို

ကောက်ရိုးတမျှင်လို တွယ်တက်ရင်း

ချောက်ထဲရေသွန်မေတ္တာတရားနဲ့

အိမ်ပြန်ရောက်မယ်။ ။

 

၂၉၊ ဒီဇင်ဘာ၊ ၂၀၁၃

 

(ဒေါက်တာလွဏ်းဆွေအတွက် ကဗျာဆရာ သစ်ကောင်းအိမ် ရေးပို့တဲ့ မွေးနေ့လက်ဆောင်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ကဗျာ, သစ်ကောင်းအိမ်

One Response to ဆယ်လ်မွန်သင်းကွဲ (Thit Kaung Eain)

  1. khantnyarmg007 on January 10, 2014 at 10:36 am

    အဖေါ်မဲ့
    သင်းကွဲငှက်တေလေတစ်ကောင်ရဲ့
    တောင်ပံ့ခတ်သံတွေဟာ
    ပင်လယ်လေဟုန်စီးနေတယ်ထင်မလား
    အနီးဆုံးနားခိုရာ
    ကျွန်းတွေ့ နိုင်မလားရယ်လို့
    ဒီလှိုင်းတွေဆီက
    မြေပုံညွန်းဖတ်နေတာပါဆို
    ယုံခြင်စမ်းရဲ့—–

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

 ဦးခင်မောင်လတ်(MA) နဲ့ ဒေါ်ခင်မျိုးချစ် – အင်္ဂလိပ်စာတတ်လိုသော် စာအုပ် ထွက်ပြီ

By

ဦးခင်မောင်လတ်(MA) နဲ့ ဒေါ်ခင်မျိုးချစ် – အင်္ဂလိပ်စာတတ်လိုသော် စာအုပ် ထွက်ပြီ (မိုးမခ) ဖေဖော်ဝါရီ ၅၊...

Read more »

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ 

By

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ  မိုးမခစာပေက ထွက်ပါပြီ။...

Read more »

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်