နှင်းမုန်တိုင်းထဲက အသက်ရှုသံများ

January 6, 2014

ဆောင်းယွန်းလ
ဇန်န၀ါရီ ၆၊ ၂၀၁၄

 

ကြောက်စိတ်တွေက

မုန်တိုင်းထက် ထုံထိုင်းနေမိတော့

ကြောက်မက်စရာတွေက

ငါ့ကို ပြန်ကြောက်တတ်နေခဲ့ကြပြီ…

 

သူလိုကိုယ်လို ရာသီဥတုထဲမှာ

သူလိုကိုယ်လို နှင်းတွေ ဖွေးဖွေးလှုပ်နေခဲ့တာ

ထူးခြားသလား

သူလိုကိုယ်လို ရေတွေ အခဲလိုက် ခဲနေခဲ့တာ

ဆန်းပြားသလား……

 

နေ့တွေရှိနေသရွေ့ ကျော်လွှားခဲ့ရဦးမှာပဲ

လမ်းတွေရှိနေသရွေ့ ဖြတ်သန်းခဲ့ရဦးမှာပဲ…

 

အချိန်ကာလ တောင်းဆိုမှုအရ

ဒီကနေ့..သူလိုကိုယ်လို နှင်းတောင်ကိုကျော်ပြီး

သူလိုကိုယ်လို ရေခဲပင်လယ်ကိုဖြတ်ခဲ့တယ်

မိုးလေ၀သခွင့်ပြုချက်ကိုယူပြီး

မနက်ဖြန်ကျရင်

သူလိုကိုယ်လို သွေးခဲအောင် အေးရဦးမယ်….

 

အတိတ်ကို သတိရစိတ်က

မုန်တိုင်းထက် ထုံထိုင်းနေမိတော့

သတိရစရာတွေက

ငါ့ကို သတိပြန်ရနေကြတယ်လို့ ပြောတာပဲ….

 

သူလိုကိုယ်လို ဌာနေလွမ်းစိတ်နဲ့

သူလိုကိုယ်လို နာရီသံပတ်ပေးမိုးလင်းရတာကော

ဆန်းလို့လား…..

 

သူလိုကိုယ်လို အိမ်တခေါက်မပြန်နိုင်ခြင်းကြောင့်

အခေါက်ခေါက် မှုတ်ထုတ်လိုက်မိတဲ့

နှင်းမုန်တိုင်းထဲက သက်ပြင်းနဲ့အသက်ရှုသံတွေက

င၀န်မြစ်ထဲ လျှံကျသွားမယ်ဆိုရင်ကော….ဆန်းသလား။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ကဗျာ, ဆောင်းယွန်းလ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ မိုးမခစာအုပ်စင်၊...

Read more »

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ

By

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ (မိုးမခစာအုပ်စင်) ဇန်န၀ါရီ ၃၁၊ ၂၀၁၉...

Read more »

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ်

By

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ် (မိုးမခစာအုပ်စင်) ဒီဇင်ဘာ ၂၆၊ ၂၀၁၈...

Read more »

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)